Author: Baby Yit Lone

  • ပုသိမ်–ငွေဆောင်လမ်းပေါ်ရှိ ဘုန်းကြီးများနှင့် မယ်သီလများ မဖွယ်ရာ ရုပ်သံ ပျံ့နှံ့၊ စစ်ဆေးအရေးယူရန် တောင်းဆိုမှုများတိုးပွား

    ပုသိမ်–ငွေဆောင်လမ်းပေါ်ရှိ ဘုန်းကြီးများနှင့် မယ်သီလများ မဖွယ်ရာ ရုပ်သံ ပျံ့နှံ့၊ စစ်ဆေးအရေးယူရန် တောင်းဆိုမှုများတိုးပွား

    ပုသိမ်–ငွေဆောင်လမ်းပေါ်ရှိ ဘုန်းကြီးများနှင့် မယ်သီလများ မဖွယ်ရာ ရုပ်သံ ပျံ့နှံ့၊ စစ်ဆေးအရေးယူရန် တောင်းဆိုမှုများတိုးပွား ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်–ငွေဆောင်ကားလမ်းပေါ်တွင် ဘုန်းကြီးအချို့နှင့် မယ်သီလအချို့ ပါဝင်နေသည်ဟု ဆိုသည့် မသင့်လျော်သော အပြုအမူများပါဝင်သည့် ရုပ်သံတစ်ခု လူမှုကွန်ရက်များတွင် ပျံ့နှံ့လာပြီးနောက် အများပြည်သူအတွင်း ဝေဖန်မှုများနှင့် စိုးရိမ်ပူပန်မှုများ မြင့်တက်နေကြသည်။ ရုပ်သံတွင် သာသနာဝင်ပုဂ္ဂိုလ်များအဖြစ် ခန့်မှန်းထားသည့် လူအချို့သည် သာသနာနှင့် မညီညွတ်သော အပြုအမူများ ပြုလုပ်နေသည်ဟု မြင်တွေ့ရကြောင်း သုံးသပ်ချက်များ ထွက်ပေါ်နေပြီး၊ ယင်းကိစ္စသည် ဗုဒ္ဓဘာသာအပေါ် ယုံကြည်မှုနှင့် ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်ကြောင်း ပြောဆိုနေကြသည်။ ဗုဒ္ဓဘာသာဝင်များအနက် တချို့က အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ သက်ဆိုင်ရာ သံဃာ့အဖွဲ့အစည်းများနှင့် တာဝန်ရှိသူများမှ စိစစ်စစ်ဆေးကာ မှန်ကန်မှုရှိပါက စည်းမျဉ်းဥပဒေအရ အရေးယူဆောင်ရွက်ရန် တောင်းဆိုထားကြသည်။ တချို့ကလည်း သံဃာဝင်အဖြစ် သတ်မှတ်ခြင်းနှင့် ပတ်သက်၍…

  • မန္တလေးမြို့တွင် အပူချိန် ၄၃ ဒီဂရီဆဲလ်စီးယပ်ထိမြင့်တက်ပြီး အပူကြောင့်သေဆုံးသူရှိလာ

    မန္တလေးမြို့တွင် အပူချိန် ၄၃ ဒီဂရီဆဲလ်စီးယပ်ထိမြင့်တက်ပြီး အပူကြောင့်သေဆုံးသူရှိလာ

    ယခုရက်ပိုင်းအတွင်း နိုင်ငံတဝန်းနေ့အပူချိန်များမြင့်တက်နေရာတွင် မန္တလေးမြို့၌ အပူချိန် ၄၃ ဒီကရီဆဲလ်စီးယပ်အထိမြင့်တက်နေပြီး အပူဒဏ်ကြောင့်သေဆုံးသူများရှိနေကြောင်းသတင်းရရှိသည်။ ၂၀၂၅ ခုနှစ် ဧပြီလ ယခုချိန်တွင် မန္တလေးမြို့အပူချိန်သည် ၄၂ ဒီကရီဆဲလ်စီးယပ်ရှိသဖြင့် တစ်နှစ်ကျော်ကာလအတွင်း အပူချိန် ၁ ဒီကရီဆဲလ်စီးယပ်ရှိလာကာ အပူချိန်မြင့်တက်ခြင်းဖြစ်သည်။ မန္တလေးမြို့တွင်အပူချိန်မြင့်တက်မှုကြောင့် မူးလဲသတိလစ်သူအပူလျှပ်သူများပြားနေပြီး ဆရာဝန်တစ်ဦးသေဆုံးသွားကြောင်း မြို့ခံတစ်ဦးက ပြောကြားသည်။ ပြီးခဲ့သည့်ရက်ပိုင်းတွင် မန္တလေး နန်းရှေ့၊ ၁၉ လမ်းရှိ ဘောလုံးကွင်းရှေ့၌ အမျိုးသားတစ်ဦး ကားအတွင်းရုတ်တရက်သေဆုံးခြင်း၊ အမျိုးသမီးတစ်ဦး မူးလဲသတိလစ်သွားခြင်းကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။ “မန္တလေးအရမ်းပူတယ်။ အပြင်မထွက်နိုင်ဘူး။ နေ့လယ်ဘက် ကိစ္စရှိလို့ကားနဲ့ အပြင်ထွက်မယ်ဆိုရင်တောင် ကားထဲဦးထုပ်ဆောင်းထားရတယ်။ အပေါ်က အပူက ကားအမိုးရှိ တာတောင်မခံနိုင်ဘူး။ တအားပူတယ်။ အခုပိုပူလာပြီ မနေနိုင်ဘူး “ ဟု မန္တလေးမြို့ခံ ကုမ္ပဏီဝန်ထမ်းအမျိုးသမီးတစ်ဦးက ပြောသည်။ ထိုသို့အပူချိန်မြင့်တက်နေသည့်အပြင်…

  • နေကအရမ်းပူ မီးက ပြတ်နဲ့ အပူရှပ်တာကြောင့် ဆရာဝန်ကိုယ်တိုင်

    နေကအရမ်းပူ မီးက ပြတ်နဲ့ အပူရှပ်တာကြောင့် ဆရာဝန်ကိုယ်တိုင်

    “ဒါရိုက်တာ ဇင်ယော်မောင်မောင်ရဲ့တူ ဆရာဝန်တစ်ဦးပါ Heat Stroke နဲ့ အသက်ဆုံးရှုံးခဲ့ရ… အပူဒဏ်ကြောက်စရာကောင်းပုံ” လက်ရှိ မန္တလေးရဲ့ အပူချိန်ဟာ 42°C ကနေ 43°C အထိ ရှိနေပြီး အလွန်အမင်း ပြင်းထန်နေပါတယ်။ ဒီကနေ့မှာတော့ ဒါရိုက်တာ ဇင်ယော်မောင်မောင်ရဲ့တူဖြစ်သူ Dr. ညီညီချစ် တစ်ယောက် အပူဒဏ်ကြောင့်ဖြစ်တဲ့ Heat Stroke နဲ့ ရုတ်တရက် ကွယ်လွန်သွားခဲ့ရတယ်ဆိုတဲ့ ဝမ်းနည်းစရာ သတင်းကို ကြားသိရပါတယ်။ ဒီဖြစ်ရပ်ဟာ ကျွန်တော်တို့အားလုံးအတွက် ကြီးမားတဲ့ သတိပေးခေါင်းလောင်းသံတစ်ခုပါပဲ။ ခန္ဓာကိုယ်က အပူဒဏ်ကို မခံနိုင်တဲ့အခါ အသက်အန္တရာယ်အထိ ဖြစ်စေနိုင်တာမို့ မိဘပြည်သူများအားလုံး အောက်ပါအချက်တွေကို အထူးဂရုစိုက်ကြဖို့ တိုက်တွန်းလိုပါတယ်။ ရေများများသောက်ပါ: ရေငတ်သည်ဖြစ်စေ၊ မငတ်သည်ဖြစ်စေ ရေကို ခဏခဏ သောက်ပေးပါ။ နေပူထဲထွက်ခြင်းရှောင်ပါ: အထူးသဖြင့် မွန်းတည့်…

  • ရန်ကုန်မြို့က ရွှေလိပ်ပြာဟိုတယ်မှာ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်​နေ

    ရန်ကုန်မြို့က ရွှေလိပ်ပြာဟိုတယ်မှာ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်​နေ

    ရန်ကုန်မြို့​နေရာ အနှံမှာ ကျားဖြန့်လုပ်ငန်း​တွေရှိ​နေဟု လုပ်ကိုင်ခဲ့သူအချို့​ပြော ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်က တရုတ်နိုင်ငံသားပိုင် ​ရွှေလိပ်ပြာဟိုတယ်မှာ အွန်လိုင်းက​နေငွေ​ကြေးလိမ်လည်တဲ့ ကျားဖြန့်လုပ်ငန်း​ကို ပေါ်​ပေါ်တင်တင်လုပ်ကိုင်​နေတယ်လို့ သိရှိတဲ့ စစ်တပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်​တွေက​ ပြောပါတယ်။ “အဲဒီဟိုတယ်ကို ​ပြောရရင်မှတ်မှတ်ရရ ပြီးခဲ့တဲ့နှစ်လယ်ကထိဖွင့်တာ​တွေ့တယ်။ ဒါ​ပေမယ့်တည်းတဲ့သူမရှိဘူး။ ဗိုလ်ချုပ်ကြီးယွက်ဆစ်က​တော့ ခဏခဏလာတယ်။ အခုက​တော့ ကျားဖြန့် လုပ်​နေတာ တစ်ကယ့်စစ်တပ်ကအကြီးပိုင်းက လူ​တွေ​တောင်လာတယ်။ ဟိုတယ်က လုံးဝအလုံပိတ်လုပ်လိုက်တယ်။ ဟိုတယ်ဆိုင်းဘုတ်​တွေ​တောင်ဖြုတ်လိုက်တယ်။ ကျားဖြန့်ကို ပေါ်​ပေါ်တင်တင်လုပ်​နေတာ”လို့ စစ်တပ်နဲ့နီးစပ်သူတစ်ဦးက​ပြောပါတယ်။ ဗဟန်းမြို့နယ်မှာရှိတဲ့ ရွှေလိပ်ပြာဟိုတယ်မှာကျားဖြန့်ဝန်ထမ်း ​အများအပြားရှိပြီး သူတို့သတ်မှတ်ထားတဲ့ ဝန်ထမ်း​နေရာမှာသာ ​​နေရပြီး ဖုန်းသုံးခွင့်ကိုလည်းပိတ်ထားတယ်လို့ လုပ်ကိုင်ခဲ့ဖူးသူတဦးက​လည်းပြောပါတယ်။ “အလုပ်အကိုင်ရှာ​ဖွေ​ရေး​အေဂျင်စီမှာ​ အလုပ်​ခေါ်ထားတာ​တွေ့လို့ သွား​လျှောက်တာ။ အင်တာဗျူး​ခေါ်​တော့ လိပ်စာမ​ပေးဘူး။ သူတို့လာ​ခေါ်မယ်​ပြောတယ်။ သူတို့ချိန်းတဲ့ နေရာကိုသွားပြီးမှ သူတို့​ခေါ်တဲ့ ​​နေရာကို လိုက်ရတာ။ ကားအမည်းနဲ့ လာ​ခေါ်တာ။ တရုတ်လူမျိုးက​မေးတာ အင်တာဗျူးကို။ အင်္ဂလိပ်လိုတတ်လား​မေးတယ်။…

  • စစ်တပ်၏ ဘိုဒါးစခန်းကို တိုက်ခိုက်သိမ်းပိုက်

    စစ်တပ်၏ ဘိုဒါးစခန်းကို တိုက်ခိုက်သိမ်းပိုက်

    ဘုတ်ပြင်းမြို့နယ်၊ KNU တပ်မဟာ ၄ နယ်မြေရှိ စစ်တပ်၏ ဘိုဒါးစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး မြ၀တီမြို့နယ်၊ ဝေါ်လေဗျူဟာကုန်းတိုက်ပွဲမှာလည်း အလွန်ပြင်းထန်နေ တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ KNU တပ်မဟာ ၄ နယ်မြေရှိ စစ်တပ်၏ ဘိုဒါးစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း ရှိ ဝေါ်လေဗျူဟာကုန်းတိုက်ပွဲမှာလည်း အလွန်ပြင်းထန်နေကြောင်း KNU ၏ သတင်းထုတ်ပြန်ချက်နှင့် KNU စစ်ရေး သတင်းရင်းမြစ်၏ ပြောဆိုချက်အရ သိရှိရသည်။ ဧပြီလ ၂၀ ရက်နေ့မှစတင်၍ KNU ကော်သူလေး အုပ်ချုပ်ရေးနယ်မြေ၊ မြိတ်-ထားဝယ်ခရိုင်၊ လယ်ကဆောမြို့နယ်၊ ဘုတ်ပြင်းမြို့နှင့်ပြည်ကြီးမဏ္ဍိုင်မြို့ အကြား ပြည်ထောင်စုလမ်းမပေါ်ရှိ ဘိုဒါးကျေးရွာအတွင်းတွင် စစ်တပ်က ၂ နှစ်ကျော်အကြာ တပ်စွဲထားသော ဘိုဒါးစခန်းကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ကြောင်း၊ ယမန်နေ့…