Author: Baby Yit Lone

  • မန်ယူအသင်း ဘာကြောင့် “(RED)” အမှတ်တံဆိပ် ဂျာစီအင်္ကျီ ပြောင်းလဲဝတ်ဆင်ကစားခဲ့တာလဲ

    မန်ယူအသင်း ဘာကြောင့် “(RED)” အမှတ်တံဆိပ် ဂျာစီအင်္ကျီ ပြောင်းလဲဝတ်ဆင်ကစားခဲ့တာလဲ

    မန်ယူအသင်း ဘာကြောင့် “(RED)” အမှတ်တံဆိပ် ဂျာစီအင်္ကျီ ပြောင်းလဲဝတ်ဆင်ကစားခဲ့တာလဲ မန်ယူနိုက်တက်အသင်းဟာ ဒီမနက်အစောပိုင်းက ဘရန့်ဖို့ဒ်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီမီးယားလိဂ်ပွဲစဉ်မှာ ကစားသမားတွေရဲ့ ဂျာစီအင်္ကျီကို ပုံမှန်စပွန်ဆာဖြစ်တဲ့ “Snapdragon” အမှတ်တံဆိပ်နေရာမှာ အထူးထုတ်လုပ်ထားတဲ့ “(RED)” အမှတ်တံဆိပ်ပါ ဂျာစီနဲ့ အစားထိုး ဝတ်ဆင်ကစားသွားပါတယ်။ ဒီအပြောင်းအလဲဟာ ကမ္ဘာတဝန်းက HIV/AIDS တိုက်ဖျက်ရေးလှုပ်ရှားမှုကို ကူညီပံ့ပိုးဖို့နဲ့ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးဆိုင်ရာ အစီအစဉ်တွေအတွက် ရန်ပုံငွေရှာဖွေဖို့ ရည်ရွယ် လုပ်ဆောင်တာ ဖြစ်ပါတယ်။ ဒီပူးပေါင်းဆောင်ရွက်မှုဟာ အားကစားရဲ့စွမ်းအားကို လက်တွေ့ကမ္ဘာအတွက် အကျိုးသက်ရောက်မှုအဖြစ် ပြောင်းလဲနိုင်ကြောင်း ပြသလိုက်တာလို့ (RED) အဖွဲ့ ရဲ့ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ကိတ်ချားလ်စ်က ပြောပါတယ်။ Match Worn Shirt ရဲ့ ပူးတွဲတည်ထောင်သူ တီမန်ဇွန်ဒါဝစ်ခ်ကလည်း “ဒီအင်္ကျီတွေဟာ ကွင်းထဲက အကောင်းဆုံး…

  • ပိုက်ဆံရရင်ပြီးရောလား?

    ပိုက်ဆံရရင်ပြီးရောလား?

    ပိုက်ဆံရရင်ပြီးရောလား? မိသားစုကျန်းမာရေးအတွက် ဝယ်သောက်နေတဲ့ ၂၀ လီတာ ရေသန့်ဗုံးထဲက ကြောက်စရာ အနည်အဖတ်များ” ⚠️ နွေရာသီ အပူရှိန်ပြင်းပြင်းမှာ လူကြီးရော ကလေးပါ ရေကို အဓိကထား သောက်သုံးနေကြရတာပါ။ ဒါပေမယ့် မိသားစုကျန်းမာရေးအတွက် ဝယ်ယူအားကိုးနေရတဲ့ ၂၀ လီတာ ရေသန့်ဗုံးကြီးတွေထဲမှာ မမျှော်လင့်ဘဲ အနည်တွေ၊ အဖတ်တွေ ပါဝင်နေတာကို တွေ့ရှိခဲ့ရပါတယ်။ 😱 ဒီဖြစ်စဉ်ကို “သိမ့် Vintage Fashion Shop” ပိုင်ရှင် မသိမ့် က သူမရဲ့ Page မှာ ကိုယ်တိုင်တွေ့ရှိခဲ့တာကို အများပြည်သူ သတိထားမိစေဖို့အတွက် စေတနာရှေ့ထားပြီး မျှဝေပေးထားတာဖြစ်ပါတယ်။ “ပိုက်ဆံရရင်ပြီးရော ဆိုပြီး လူတွေရဲ့ ကျန်းမာရေးကို ငဲ့ညှာမှုမရှိဘဲ လုပ်ဆောင်နေကြတဲ့ တချို့သော စီးပွားရေးသမားတွေရဲ့ လုပ်ရပ်က တကယ်ကို စိတ်မကောင်းစရာပါပဲ။”…

  • ဒေါ်မိမိအောင် သို့မဟုတ် Starlink ဂြိုလ်တုအင်တာနက်ရဲ့ ပြိုင်ဘက်

    ဒေါ်မိမိအောင် သို့မဟုတ် Starlink ဂြိုလ်တုအင်တာနက်ရဲ့ ပြိုင်ဘက်

    ဒေါ်မိမိအောင် သို့မဟုတ် Starlink ဂြိုလ်တုအင်တာနက်ရဲ့ ပြိုင်ဘက်ဖြစ်လာမယ့် Amazon ရဲ့ Project Kuiper ကို ဦးဆောင်နေသူ… ဒေါ်မိမိအောင်ဆိုတဲ့ နာမည်ကို မြန်မာလူမျိုးတိုင်း ကြားဖူးကြမှာပါ။ မြန်မာလူမျိုးတင်မဟုတ်ဘဲ Time မဂ္ဂဇင်းရဲ့ ၂၀၂၁ ခုနှစ် ကမ္ဘာ့ဩဇာအာဏာအရှိဆုံး အယောက် ၁၀၀ မှာဖော်ပြခံခဲ့ရတဲ့ မြန်မာပြည်အတွက် ဂုဏ်ယူခဲ့ရတဲ့ ပညာရှင်အမျိုးသမီးပါ။ ၂၀၂၁ ခုနှစ်မှာ တစ်ကမ္ဘာလုံးက အံ့ဩတုန်လှုပ်သွားရတဲ့ သတင်းကတော့ အင်္ဂါဂြိုဟ်ရဲ့ ပါးလွှာလှတဲ့ လေထုထဲမှာ ကမ္ဘာဦး ပထမဆုံး စက်တပ်ရဟတ်ယာဉ်ကို ပျံသန်းနိုင်ခဲ့ခြင်းပါပဲ။ ဒီစီမံကိန်းကို Project Manager အနေနဲ့ အစအဆုံး ဦးဆောင်ခဲ့သူက ဒေါ်မိမိအောင်ပါ။ အင်္ဂါဂြိုဟ်ရဲ့ လေထုဟာ ကမ္ဘာထက် ၁၀၀ ဆ ပိုပါးလွှာပါတယ်။ အဲဒီမှာ ပျံသန်းဖို့ဆိုတာ ကမ္ဘာပေါ်မှာဆိုရင်…

  • ပုသိမ်ညဘက် ရေပေါ်ဈေးတွင် အလှူခံသူများအား စစ်ဆေးအရေးယူ

    ပုသိမ်ညဘက် ရေပေါ်ဈေးတွင် အလှူခံသူများအား စစ်ဆေးအရေးယူ

    ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ ညဘက် ရေပေါ်ဈေးတွင် အလှူခံနေသည့် ပုဂ္ဂိုလ်များအား သာသနာသန့်ရှင်းရေး အစီအစဉ်အဖြစ် သက်ဆိုင်ရာအဖွဲ့များက စစ်ဆေးအရေးယူခဲ့ကြောင်း သိရသည်။ သတင်းရင်းမြစ်များအရ အဆိုပါ အလှူခံသူများအနက် တချို့မှာ နေ့ဘက်တွင် ရဟန်းအဖြစ် အလှူခံစားသောက်နေပြီး ညဘက်တွင် လူဝတ်လဲ၍ အရက်သေစာသောက်စားနေကြောင်း တွေ့ရှိရသည်။ ထိုကြောင့် ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့နှင့် သာသနာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ရဟန်းသံဃာများ ပူးပေါင်းကာ စစ်ဆေးဖမ်းဆီးခဲ့ပြီး သက်ဆိုင်သူများကို လူဝတ်လဲစေကာ အရေးယူဆောင်ရွက်နိုင်ရန် ရဲတပ်ဖွဲ့ထံ လွှဲပြောင်းအပ်နှံခဲ့သည်။ တာဝန်ရှိသူများက သာသနာ၏ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သည့် အပြုအမူများအား ဆက်လက်တားဆီးအရေးယူသွားမည်ဟု ပြောကြားထားသည်။

  • “ပညာတတ်အောက်တန်းစား”

    “ပညာတတ်အောက်တန်းစား”

    ဆရာကြီး ဦးတင်ညွန့်ရေးတဲ့ “ပညာတတ် အောက်တန်းစား” ဆောင်းပါးကို ပြန်လည် ဖော်ပြလိုက်ပါတယ်။ မှန်လွန်းလို့ တချို့လူတွေ စပ်ကုန်ကြပါပြီ။ “ပညာတတ်အောက်တန်းစား” ရာသီဥတုက အလွန်ပူလာသည်။ ကျွန်တော်က ကွန်ပျူတာနှင့် စာရေးနေသည်။ လက်တွေမှာ ချွေးတွေ စီးကျ လာသည်အထိ ပူပြင်းလှသည်။ ရေထသောက်ပြီးနောက် ပက်လက်ကုလားထိုင်တွင် ခေတ္တနားရန် ထိုင်လိုက် သည်။ မောင်ကျော်စွာက “ဆရာ မန်ကျည်းဖျော်ရည်လေးသောက်မလား” “အေးကောင်းသားပဲ … သွားထည့်ကွာ။ မင်းလည်းသောက်လေ” မောင်ကျော်စွာက မန်ကျည်းဖျော်ရည်နှစ်ခွက်ထည့်လာပြီး ကျွန်တော့်ကို တစ်ခွက်ပေးသည်။ “အား … ကောင်းလိုက်တာကွာ” “ဆရာ ညကတည်းက စိမ်ထားတာလား” “အေးကွ … ဒီရာသီနဲ့ အလွန်လိုက်ဖက်တဲ့ဖျော်ရည်ပဲကွ။ ဒါနဲ့ မင်းဘာတွေ ဖတ်နေတာလဲ” “ကျွန်တော်က လူတစ်ယောက်ကိုကြည့်ပြီး စိတ်မကောင်းလို့ပါဆရာ” “ဘယ်သူများလဲကွ” မောင်ကျော်စွာက…