Author: Baby Yit Lone

  • မိခင်ဖြစ်သူ ရုတ်တရက် ကွယ်လွန်သွားမှုကို ဘာမှမသိဘဲ အနားမှာ ရှိနေခဲ့သည့် ကလေးငယ်

    မိခင်ဖြစ်သူ ရုတ်တရက် ကွယ်လွန်သွားမှုကို ဘာမှမသိဘဲ အနားမှာ ရှိနေခဲ့သည့် ကလေးငယ်

    မိခင်ဖြစ်သူ ရုတ်တရက် ကွယ်လွန်သွားမှုကို ဘာမှမသိဘဲ အနားမှာ ရှိနေခဲ့သည့် ကလေးငယ် 😭😭 ​ထိုင်းနိုင်ငံမှာ ရောက်ရှိနေထိုင်နေတဲ့ ပအိုဝ်းတိုင်းရင်းသူလေး နန်းအေးသိန်း (အသက် ၂၇ နှစ်) ဟာ မနေ့က သူမငှားရမ်းနေထိုင်တဲ့ အခန်းအတွင်းမှာပဲ ရောဂါဝေဒနာကြောင့် ရုတ်တရက် ကွယ်လွန်သွားခဲ့ပါတယ်။ ​ရင်နာစရာ အကောင်းဆုံး ဖြစ်ရပ် – သူမ ကွယ်လွန်သွားတဲ့အချိန်မှာ အသက် (၂) နှစ်၊ (၃) နှစ်အရွယ်ရှိတဲ့ သူမရဲ့ သားငယ်လေးဟာ မိခင်ဖြစ်သူ အသက်မရှိတော့တာကို ဘာမှမသိနားမလည်ဘဲ အလောင်းဘေးမှာ ရှိနေခဲ့တာကို တွေ့ရှိခဲ့ရတာပါ။ ဘာမှမသိသေးတဲ့ ကလေးငယ်လေးရဲ့ အခြေအနေက မြင်တွေ့ရသူတိုင်းကို မျက်ရည်ကျစေခဲ့ပါတယ်။ ​ဒီသတင်းကို ပအိုဝ်းကူညီမှုအသင်း ကနေတစ်ဆင့် သိရှိရတာဖြစ်ပြီး ဘယ်လိုရောဂါကြောင့် ကွယ်လွန်ရသလဲဆိုတဲ့ အသေးစိတ်ကိုတော့ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။…

  • ကွတ်ခိုင်ကို စစ်တပ်ထံ MNDAA ပြန်လွှဲပေးမည်ကို ဒေသခံပြည်သူတွေစိုးရိမ်နေ

    ကွတ်ခိုင်ကို စစ်တပ်ထံ MNDAA ပြန်လွှဲပေးမည်ကို ဒေသခံပြည်သူတွေစိုးရိမ်နေ

    လားရှိုးလို ကွတ်ခိုင်ကို စစ်တပ်ထံ MNDAA ပြန်လွှဲပေးမည်ကို ဒေသခံပြည်သူတွေစိုးရိမ်နေ ရှမ်းပြည်နယ်မြောက်ပိုင်းကွတ်ခိုင်မြို့ကို ထိန်းချုပ်လိုက်တဲ့ MNDAA အနေနဲ့ လားရှိူမြို့တုန်းကလို အာဏာသိမ်းစစ်ထံမြို့ကိုပြန်မအပ်ဘဲ ဒေသခံပြည်သူတွေကိုငဲ့ညှာဖို့ မြို့ခံတွေကတောင်းဆိုပါတယ်။ ၁၀၂၇ စစ်ဆင်​ရေးပထမလှိုင်းမှာ TNLA ဦး​ဆောင်တဲ့ပူး​ပေါင်းတပ်​တွေက သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့က TNLA တပ်စခန်း​တွေကို MNDAA ကမတ်လ ၁၄ရက်မနက်ပိုင်းမှာစတင်တိုက်ခိုက်ခဲ့ပြီး မြို့ကိုထိန်းချုပ်လိုက်တာဖြစ်ပါတယ်။ မတ်လ၁၇ရက်မနက်မှာတော့ TNLA က ကွတ်ခိုင်မြို့ကို လက်လွတ်ပေးမယ်ဆိုတဲ့ ကတိကဝတ်နဲ့အတူ နှစ်ဘက် အပစ်ရပ်ဖို့ဆွေးနွေးနေတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေပါတယ်။ လက်ရှိမှာမြို့ကိုထိန်းချုပ်ထားတဲ့ MNDAA အနေနဲ့ စစ်ကောင်စီထံကို ပြန်လွှဲပေးမှာကို ဒေသခံတွေကစိုးရိမ်နေကြပါတယ်။ “လားရှိုးလိုမျိုး အများ မမျှော်လင့်ထားသလိုစကစဆီ ပြန်ထိုးအပ်မှာပဲ စိုးရိမ်တာ။ စကစ က ဒီမြို့လေးက ပြည်သူတချို့ကိုအငြိုးအတေးထားတာတွေရှိတယ်။ လူကို ဖမ်းဆီးလို့မရရင် ပိုင်ဆိုင်မှုကို ချိတ်ပိတ်လိုက်တာတို့၊ မိသားစု၀င်တွေကို…

  • ဖမ်းဆီးထားမှုမှ လွတ်မြောက်အောင် ဆောင်ရွက်ပေးခဲ့သည့် အမေရိကန်အစိုးရကို ကျေးဇူးတင်ဟု သမီးဆိုး ဆို

    ဖမ်းဆီးထားမှုမှ လွတ်မြောက်အောင် ဆောင်ရွက်ပေးခဲ့သည့် အမေရိကန်အစိုးရကို ကျေးဇူးတင်ဟု သမီးဆိုး ဆို

    စစ်ကော်မရှင် ဖမ်းဆီးထားမှုမှ လွတ်မြောက်အောင် ဆောင်ရွက်ပေးခဲ့သည့် အမေရိကန်အစိုးရကို ကျေးဇူးတင်ဟု သမီးဆိုး ဆို အမေရိကန်နိုင်ငံသား ခံယူထားသည့် အွန်လိုင်းဆယ်လီ သမီးဆိုး (ခေါ်) မသက်ကိုကို သည် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိစဉ် စစ်ကော်မရှင်၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရရာမှ ယခုအခါ ပြန်လည်လွတ်မြောက်လာပြီး အမေရိကန်ပြည် ထောင်စု၊ ဖလော်ရီဒါပြည်နယ်သို့ မိသားစုနှင့်အတူ ပြန်လည်ရောက်ရှိသွားပြီဖြစ်ကြောင်း ၎င်း၏ လူမှုကွန်ရက် စာမျက်နှာ၌ ဖော်ပြထားမှုအရသိရသည်။ ၎င်းလွတ်မြောက်ရေးအတွက် အမေရိကန်သမ္မတ ထရမ့်၏ အထူးအမိန့်ဖြင့် ဝါရှင်တန်ဒီစီရှိ အစိုးရအဖွဲ့၊ ကောင်စစ်ဝန်ရုံးများနှင့် ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးတို့က တက်ကြွစွာ တာဝန်ယူဆောင်ရွက်ပေးခဲ့ကြခြင်းဖြစ်ကြောင်း သမီးဆိုးက ၎င်း၏လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ဖော်ပြောကြားခဲ့သည်။ “အမေရိကန်အစိုးရအဖွဲ့တွေရဲ့ ကူညီမှုနဲ့ ဂရုစိုက်မှုတွေသာမရှိရင် ကျွန်မ အခုချိန်ထိ အသက်ရှင်နေမှာမဟုတ်ပါဘူး၊ သူတို့ဟာ ကျွန်မရဲ့ အသက်သခင်ကျေးဇူးရှင်တွေပါပဲ” ဟု…

  • အနာကို မီးသွေးနဲ့ အချိုမှုန့် ရောပြီး သိပ်သတဲ့လား ကလေးရယ်…

    အနာကို မီးသွေးနဲ့ အချိုမှုန့် ရောပြီး သိပ်သတဲ့လား ကလေးရယ်…

    လွန်ခဲ့တဲ့ နှစ်လလောက်က ရပ်ကွက်ထဲက ကလေးမလေးတစ်ယောက် ခွေးကိုက်ခံရတယ်တဲ့။ သမီးလေး ခင်မေဇင်တဲ့၊ အသက်က ၉ နှစ်ပဲ ရှိသေးတာ။ မိခင်မရှိရှာဘဲ အဖေနဲ့ အဒေါ်တွေနဲ့ နေထိုင်ရတဲ့ ကလေးမလေးပါ။ ဗီဒီယိုတွေထဲမှာပဲ မြင်ဖူးတဲ့ ရောဂါလက္ခဏာတွေကို အဲ့ဒီအစ်မက သူ့အိမ်နားက ကလေးဆီမှာ ကိုယ်တိုင် မြင်တွေ့ခဲ့ရတာပါ။ ​ဒီဖြစ်ရပ်မှာ ရင်နာစရာအကောင်းဆုံးက သမီးလေးမှာ ၂ လဆိုတဲ့ အချိန်အတိုင်းအတာတစ်ခု အလုံအလောက် ရခဲ့ပါလျက်နဲ့ ဆုံးရှုံးလိုက်ရတာပါပဲ။ ခွေးရူးပြန်ရောဂါရဲ့ ပိုးပျိုးရက် (Incubation Period) က များသောအားဖြင့် ၁ လကနေ ၃ လအထိ ကြာတတ်ပါတယ်။ (တချို့မှာ ပိုတို/ပိုရှည်နိုင်ပါတယ် – 1 week to 1 year (rare)) တကယ်လို့သာ အကိုက်ခံရပြီးချင်း…

  • ရန်ကုန်တွင် မနက်ဖြန် (မတ် ၁၈) ရက်မှစတင်ကာ အချိန်ပိုင်းဖြင့် မီးစတင်ဖြတ်တောက်မည်

    ရန်ကုန်တွင် မနက်ဖြန် (မတ် ၁၈) ရက်မှစတင်ကာ အချိန်ပိုင်းဖြင့် မီးစတင်ဖြတ်တောက်မည်

    ⚠️ ရန်ကုန်တွင် မနက်ဖြန် (မတ် ၁၈) ရက်မှစတင်ကာ အချိန်ပိုင်းဖြင့် မီးစတင်ဖြတ်တောက်မည် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် မြန်မာနိုင်ငံတစ်ဝန်းတွင် ပူပြင်းသည့် နွေရာသီသို့ ရောက်ရှိလာပြီဖြစ်ရာ လျှပ်စစ်ဓာတ်အား သုံးစွဲမှု အဆမတန် မြင့်တက်လာခြင်းကို ထိန်းညှိနိုင်ရန်အတွက် မနက်ဖြန် မတ်လ ၁၈ ရက်နေ့မှစတင်ကာ အချိန်ပိုင်းအလိုက် ဝန်အားမျှတခွဲဝေဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သိရသည်။ နွေရာသီဖြစ်သည့် မတ်လမှ ဇွန်လအထိ ကာလအတွင်း ဓာတ်အားကို စဉ်ဆက်မပြတ် မျှတစွာ ဖြန့်ဖြူးပေးနိုင်ရန်အတွက် ယခုကဲ့သို့ အချို့နေရာများနှင့် အချိန်များကို ညှိနှိုင်းကာ အလှည့်ကျစနစ်ဖြင့် ဖြန့်ဖြူးရခြင်းဖြစ်ကြောင်း သိရသည်။ သိထားသင့်သည့် အချက်များ – အလှည့်ကျ မီးဖြတ်မည့်စနစ်: ဓာတ်အား ထုတ်လုပ်နိုင်မှုအပေါ် မူတည်ပြီး အချိန်ပိုင်းအလိုက် ခွဲဝေဖြန့်ဖြူးမည် ဖြစ်သည်။ မီးမပြတ်မည့် နေရာများ: သဘာဝဓာတ်ငွေ့ရည်…