Author: Baby Yit Lone
-

-

-

-

-

ထိုင်းအမျိုးသမီးတစ်ဦး နှုတ်ခမ်း Filler ထိုးရာမှ ဓာတ်မတည့်သဖြင့် ဖူးယောင်
ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ အမျိုးသမီးတစ်ဦးသည် နှုတ်ခမ်းတဝိုက် Filler ထိုးခဲ့ရာ ယောင်ယမ်းနာကျင်မှုများ ဖြစ်ပေါ်ခဲ့သဖြင့် ၎င်း၏အတွေ့အကြုံကို လူမှုကွန်ရက်စာမျက်နှာတွင် အခြားသူများအတွက် သတိပြုစရာအဖြစ် ဖော်ပြခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းက ဆိုသည်။ ကစ်တီရာ မီနာရူဂျီ (Kittiya Menaruji) ဆိုသူ အမျိုးသမီးသည် ပထမအကြိမ် မေးစေ့ထဲသို့ Filler 1cc ကို ထိုးသွင်းခဲ့ရာ အနည်းငယ်ဖောင်းလာခဲ့ပြီး သာမန်ဖြစ်ရပ်ဟု ထင်ခဲ့ကြောင်း၊ ဒုတိယအကြိမ် မေးစေ့ကို 1cc ၊ နှုတ်ခမ်းနှင့် နှာခေါင်းကြား ကို 2cc ၊ နှုတ်ခမ်းကို 1 cc ထပ်မံထိုးသွင်းခဲ့ရာ ချက်ချင်းပင် ပြင်းထန်သည့် ဓာတ်မတည့်မှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ အဆိုပါဓာတ်မတည့်မှုကြောင့် အရေးပေါ်ဆေးကုသမှုခံယူရန် လိုအပ်လာခဲ့ပြီး မျက်နှာဖောင်းချိန် တပတ်ကြာမြင့်ခဲ့ကာ မျက်နှာပုံမှန်အနေအထားသို့…