Author: Baby Yit Lone
-

မိုးညှင်းမြို့နယ်မှာ မိသားစုဝင် ၅ ဦး နဲ့ အိမ်အကူအမျိုးသမီးတစ်ဦးအပါအဝင် လူ ၆ ဦး အသတ်ခံရ
ကချင်ပြည်နယ် ၊ မိုးညှင်းမြို့နယ်မှာ မိသားစုဝင် ၅ ဦးနဲ့ အိမ်အကူအမျိုးသမီးတစ်ဦး အပါအဝင်လူ ၆ ဦး အကြောင်းအရာမဲ့ သတ်ဖြတ်ခံလိုက်ရတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။ မတ်လ ၄ ရက် ည ၁၁ နာရီဝန်းကျင်လောက်မှာ မိုးညှင်းမြို့နယ်ထဲက ဟိုပင်မြို့ ၊ မြို့မတောင်ရပ်ကွက် ၊ မြသာယာရပ် နယ်မြေ (၅) မှာနေထိုင်တဲ့ ဦးကျော်မြတ်ဦး (၄၁) နှစ် ၊ ဇနီးဖြစ်သူ ဒေါ်အိဖြူ (၃၇) နှစ် ၊ သားဖြစ်သူ မောင်ဘုန်းခန့်ကျော် (၁၁) နှစ် ၊ သမီးဖြစ်သူ ၂ ဦးဖြစ်တဲ့ မယုဝတီကျော် (၉) နှစ် ၊ မယွန်းဝတီကျော် (၅) နှစ် နဲ့ အိမ်အကူဖြစ်သူ…
-

မင်္ဂလာဒုံ စက်သုံးဆီဆိုင်နားမှာ ယာဉ်ဆင့်တိုက်မှုတွေဖြစ်
မင်္ဂလာဒုံ စက်သုံးဆီဆိုင်နားမှာ ယာဉ်ဆင့်တိုက်မှုတွေဖြစ်ပြီး ယာဉ်မောင်း ၁ ဦး မီးလောင်သေဆုံး ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ် က စက်သုံးဆီဆိုင်အနီးမှာ ယာဉ် ၃ စီးဆင့်တိုက်လို့ ယာဉ်မောင်းတဦး မီးလောင်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ မတ်လ ၁၆ ရက် မနေ့ကည ၁၀ နာရီခန့်မှာ အမှတ်(၃) လမ်းမကြီးပေါ်ရှိ Terminal စက်သုံးဆီဆိုင်အနီး တရားရုံးရှေ့မှာ Light Truck ကား၊ အငှားယာဉ် Taxi နဲ့ သုံးဘီးဆိုင်ကယ်တို့ တိုက်မိခဲ့တယ်လို့ သိရပါတယ်။ ယာဉ် ၃ စီးတိုက်မှုကြောင့် Light Track ကား ခေါင်းခန်းမီးလောင်ကာ ယာဉ်မောင်း သေဆုံးခဲ့ပြီး ကျန်ကားပေါ်လူတွေက ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ “သုံးဘီးက ရပ်ကွက်ထဲက အမှိုက်တွေ သယ်လာတာ၊ အဲ့နားအရောက်မှာ ကား…
-

ကားတိမ်းမှောက်မှု ဖြစ်စဉ်ကို မပျံ့နှံ့စေရန် ခရီးစဉ်မှာပါတဲ့ ဧည့်သည်တွေကို တဖက်လှည့်ဖြင့် ခြိမ်းခြောက်
၂ လပိုင်း ၁၂ ရက်နေ့မှာ ထွက်ခဲ့ ကလော- တောင်ကြီး – အင်းလေး- ပင်းတယ ခရီးစဉ်မှာ ကားတိမ်းမှောက်ခဲ့ ပေမယ့် တာဝန်ယူ တာဝန်ခံမှု မရှိတဲ့ ခရီးသွားဝန်ဆောင်မှု လုပ်ငန်းအကြောင်း ရှောင်ရှားနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။ ဖြစ်စဉ်မှာ ကလော မရောက်ခင် နန့်ပန်တက်နှင့်ယင်မာပင်ကြား၊ ရေယားပွိုင့်မရောက်ခင် မနက် ၅ ခွဲ ဝန်းကျင်မှာ ကားသမားက ဆီဘောက်ဆာကိုရှောင်တယ်လို့ ပြောပေမယ့် ကားသမားကိုယ်တိုင် ကားကိုအရှိန်မနိုင်ဘဲ ယုံကြည်မှု လွန်ကဲလို့သာ ဖြစ်ရတာလို့လည်း ကိုယ်တိုင် ကြုံတွေရသူတွေက ပြောပါတယ်။ ခရီးစဉ်အတွင်းမှာ ခရီးသည် ၂၆ ဦး လိုက်ပါခဲ့တာဖြစ်ပြီး ဒီဖြစ်စဉ်ကိုလည်း အားလုံးက ကျေနပ်ခြင်း မရှိဘူးလို့လည်း ဆိုပါတယ်။ “ကားမှောက်မှုဖြစ်စဉ်အတွင်း ခြေထောက်ကျိူး စတီးရိုးထည့်ရတဲ့သူ၊ ခေါင်းအချက် ၅၀…
-

ပေါက်မြို့လာနေတဲ့ စစ်တပ်ရိက္ခာယာဥ်တန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်နေ
မကွေးတိုင်း၊ ပေါက်မြို့ကို လာနေတဲ့ စစ်တပ်ရိက္ခာယာဥ်တန်းကို တိုက်ခိုက်နေတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ ရိက္ခာနဲ့စစ်ကား အစီးရေ ၁၃၀ကျော်ပါတဲ့ ယာဥ်တန်းဟာ ပခုက္ကူအခြေစိုက် တပ်မ(၁၀၁)ကနေ ဆိပ်ဖြူမြို့နယ်ဖြတ်ပြီး ပေါက်မြို့နယ်တောင်ပိုင်းကတဆင့် မြို့အတွင်းဝင်ဖို့ကြိုးစားနေတာလို့ ဆိုပါတယ်။ “ယာကြီးပြင်ပျူရွာရောက်ပြီ။ပေါက်မြို့ဘက်ကို ဒီနေ့ ရှေ့ပြေးစထွက်နေပြီ”လို့ ပေါက်မြို့နယ်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။ ဒါအပြင် ယာကြီးပြင်ကျေးရွာကနေ ပေါက်မြို့ပေါ်ကို ရောက်ဖို့ (၅)မိုင်ဝန်းကျင် လိုသေးတယ်လို့ အသိပေးပါတယ်။ အဲဒီယာဥ်တန်းအတွက် ရှေ့ပြေးရှင်းလင်းတဲ့ စစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား အခုမတ် ၁၃ ရက်က တိုက်ပွဲစဖြစ်တယ်လို့ သိရပါတယ်။ “၁၃ရက်နေ့က သုံးယောက်(စစ်ကောင်စီတပ်သား)သေတယ်။မနေ့က ဒရုန်းတွေနဲ့သူတို့ဘက်က တိုက်တယ်”လို့ ပေါက်မြို့နယ်ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ စစ်တပ်ယာဥ်တန်းမှာ တပ်သားအင်အားအပြည့်ပါတဲ့ ကားအစီးရေ ၃၀ကျော်နဲ့ ရိက္ခာတွေ တင်ထားတဲ့ ယာဥ်တွေအပါအဝင် စုစုပေါင်း အစီး ၁၃၀…
-

အထူးသတိထားပါ ဒီနေ့စပါပြီနော်
တောင်တရုတ်ပင်လယ်အတွင်း အရှေ့မြောက်မုတ်သုံလေ အားလျော့နည်းသွားပြီးနောက် မတ်လ (၁၆) ရက်နေ့မှစတင်ကာ မြန်မာနိုင်ငံတစ်ဝန်းတွင် နေ့အပူချိန်များ တဖြည်းဖြည်း မြင့်တက်လာတော့မည်ဖြစ်ကြောင်း မိုးလေဝသစောင့်ကြည့်သူများ၏ ခန့်မှန်းချက်အရ သိရသည်။ အထူးသဖြင့် ရန်ကုန်၊ ပဲခူး၊ နေပြည်တော်၊ မန္တလေး၊ မကွေးနှင့် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းတို့တွင် လာမည့် မတ်လ (၂၀) ရက်နေ့နောက်ပိုင်း၌ နေ့အပူချိန်များမှာ ၃၉ ဒီဂရီစင်တီဂရိတ် နှင့်အထက်သို့ ရောက်ရှိလာနိုင်ကြောင်း နိုင်ငံတကာမိုးလေဝသစောင့်ကြည့်သူ ဆရာဝင်းနိုင်က သတိပေးထားသည်။ ယခုကဲ့သို့ အပူချိန်မြင့်တက်လာမှုနှင့်အတူ ခရမ်းလွန်ရောင်ခြည် (UV) အညွှန်းကိန်းများပါ မြင့်တက်လာနိုင်သဖြင့် အောက်ပါကျန်းမာရေးဆိုင်ရာ အချက်များကို အထူးဂရုပြုကြရန် လိုအပ်ပါသည် – ရေဓာတ်လျော့နည်းခြင်းနှင့် အပူလျှပ်ခြင်း (Heatstroke) တို့ကို သတိထားရန်။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများနှင့် အပူလွန်ကဲခြင်းကို ဂရုစိုက်ရန်။ နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့မှုကို…