Author: Baby Yit Lone

  • တောင်သာတွင် PLA စောင့်ကြိုတိုက်ခိုက်မှုကြောင့် စစ်ကော်မရှင်တပ်သား ၁၂ ဦး သေဆုံးပြီး ယာဉ် ၁ စီး ပျက်စီး

    တောင်သာတွင် PLA စောင့်ကြိုတိုက်ခိုက်မှုကြောင့် စစ်ကော်မရှင်တပ်သား ၁၂ ဦး သေဆုံးပြီး ယာဉ် ၁ စီး ပျက်စီး

    မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်း စစ်ကြောင်းထိုးလှုပ်ရှားနေသည့် စစ်ကော်မရှင်တပ်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၁၂ ဦး သေဆုံးပြီး စစ်သုံးယာဉ်တစီး ပျက်စီးသွားကြောင်း PLA က ယနေ့ (မတ်လ ၁၅ ရက်) တွင် သတင်းထုတ်ပြန်သည်။ ဆိတ္ထိန်းရွာမှ အေးရွာဘက်သို့ ထွက်ခွာလာသော ကားသုံးစီးပါ စစ်ကော်မရှင် ယာဉ်တန်းကို PLA ရဲဘော်များက ယမန်နေ့ (မတ်လ ၁၄ ရက်) ညနေ ၆ နာရီခန့်တွင် အငိုက်ဖမ်း စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “ကျွန်တော်တို့ ရဲဘော်တွေဘက်က တယောက်ပေါ့နော်။ မစိုးရိမ်ရတဲ့ ဒဏ်ရာရတာပဲရှိပါတယ်” ဟု ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၏ ပြောရေးဆိုခွင့်ရှိသူ ကိုဝေယံဖြိုးမိုးကပြောသည်။ တိုက်ပွဲဖြစ်ပွားရာနေရာ၌ပင် စစ်ကော်မရှင်တပ်သား ရှစ်ဦး သေဆုံးသည်ကို…

  • ဧရာဝတီတိုင်းက ဆိုင်ကယ်အရောင်းဆိုင်တွေ လိုင်စင်အပွားလုပ်ရောင်းလို့ ဝယ်သူတွေ ဖမ်းဆီခံရမှုတွေ ရှိနေ

    ဧရာဝတီတိုင်းက ဆိုင်ကယ်အရောင်းဆိုင်တွေ လိုင်စင်အပွားလုပ်ရောင်းလို့ ဝယ်သူတွေ ဖမ်းဆီခံရမှုတွေ ရှိနေ

    ဧရာဝတီတိုင်း ပုသိမ်ခရိုင်၊ ဟင်္သာတခရိုင်၊ ဖျာပုံခရိုင်၊ မအူပင်ခရိုင်၊ မြောင်းမြခရိုင်နဲ့ လပွတ္တာခရိုင်က ဆိုင်ကယ်ဆိုင်တွေမှာ လိုင်စင်မဲ့(Without) ဆိုင်ကယ်တွေကို နံပါတ်အပွားနဲ့ ရောင်းချမှုတွေ လုပ်နေပြီး မသိနားမလည်တဲ့ ဝယ်ယူသူတွေ လတ်လောမှာ ဒုက္ခရောက်နေရတယ်လို့ သိရပါတယ်။ AYY/MDY/ယ လိုင်စင်တွေနဲ့ ရောင်းချတာဖြစ်ပြီး ဖမ်းဆီးစစ်ဆေးခံရချိန် လိုင်စင်မဲ့ ဝှီးတက်အတုတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။ “ယာဉ်ထိန်းရဲကစစ်တော့ အပွားကြီးပြောတယ်၊ ဆိုင်ကယ်ပိုင်ရှင်ကလည်း အစစ်ပါပေါ့၊ အစစ်ဆို စာရွက်စာတန်းပြဆိုတော့ သူဝယ်လာတာတွေပြတယ်၊ အကုန်လွဲနေတယ်ဆိုပြီး နားလည်မှုနဲ့ မသိမ်းဘဲ ဒဏ်ရိုက်တယ်” လို့ ဖြစ်စဉ်ကိုသိတဲ့ ဒေသခံတဦးက မြို့တော်ကို ပြောပါတယ်။ လိမ်လည်ရောင်းချခံထားရတာကြောင့် သက်တမ်းကုန်ဆုံးလို့ ယာဉ်သက်တမ်းတိုးတဲ့အခါမှာ မသိနားမလည်တဲ့ ပြည်သူတွေ ဒုက္ခရောက်ကြရတယ်လို့လည်း သိရပါတယ်။ “အဖမ်းအဆီးများလာတော့ လိုင်စင်သက်တမ်းလွန်တာတွေ သက်တမ်းတိုးကြတယ်၊ အဲ့ဒီမှာ အကုန်အတုတွေ ဖြစ်နေတာတွေ…

  • ဂမ္ဘီရကြက်ခြေ ပါကြရဲ့လား

    ဂမ္ဘီရကြက်ခြေ ပါကြရဲ့လား

    ပါတဲ့သူတွေဟာ ကံအထူးဆုံးလူသားတွေပါ ဂမ္ဘီရကြက်ခြေ ပါရှိခြင်းသည် ကောင်းသော အမှတ်အသားတစ်ခုဖြစ်ကြောင်း ကျွန်တော် ထောက်ခံပါသည်။ သို့သော် ဤလက်အမှတ်ပါရှိသူများသည် ဤဘဝတွင် လောကဓံကို အတော်အသင့် ခံစားကြရမည့်သူများ ဖြစ်သည်ဟု အတိအကျ ပြောလိုပါသည်။ သက်သက်သာသာနှင့် ဘာတစ်ခုမျှ အလကားရရှိခြင်း မရှိသလို၊ တစ်ကြိမ်တည်း ကြိုးစားရုံမျှဖြင့်လည်း အဆင်မပြေတတ်ပေ။ အနည်းဆုံး နှစ်ကြိမ် ကြိုးစားအားထုတ်ရသူများ ဖြစ်ပါသည်။ ဂမ္ဘီရကြက်ခြေ ပါရှိသူများ၏ ထူးခြားချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ ၁. အများအကျိုးဆောင် : လူပင်ပန်း၊ စိတ်ပင်ပန်းခံကာ အများအတွက် ဆောင်ရွက်ပေးရသူများ ဖြစ်သည်။ ၂. အားကိုးခံရသူ : လူအများ၏ အားကိုးအားထား ခံကြရသူများ ဖြစ်သည်။ ၃. အိပ်မက်ထူး : ထူးဆန်းသော အိပ်မက်များကို မြင်မက်လေ့ရှိသည်။ ၄.…

  • ရန်ကုန်မှာ ရဲသုံးယောက်ကို ကားနဲ့ တိုက်ခဲ့တဲ့ စသုံးလုံး သားအဖ သုံးဦး ကို စရဖ စစ်ကြောရေးလုပ်

    ရန်ကုန်မှာ ရဲသုံးယောက်ကို ကားနဲ့ တိုက်ခဲ့တဲ့ စသုံးလုံး သားအဖ သုံးဦး ကို စရဖ စစ်ကြောရေးလုပ်

    မြောက်ဥက္ကလာပမှာ စသုံးလုံးအရာရှိနဲ့သားအဖသုံးဦးက ရဲတွေကိုကားနဲ့တိုက်ပြီးသံတုတ်ဖြင့်ရိုက်လို့ ရဲ၂ဦးသေ၊ ၂ဦးဒဏ်ရာရ ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်မှာ ရဲတွေ ကားနဲ့တိုက်သတ်ခံရပြီး နှစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။ မတ်လ ၉ ရက်ည ၁၀ နာရီခန့်ကရွှေပေါက်ကံမြို့သစ်၊(၁၂)ရပ်ကွက်ခွဲ၊ပုဂံလမ်းမကြီး(၁၂)စျေးထိပ်မှာ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ “ ကားချင်း ငြိတာကစတာလို့ကြားတယ်။မောင်းတဲ့ ကောင်က သူမူးနေလို့ဆိုပြီး ရဲတွေ ပြောတာကနေ ကားနဲ့တိုက်တာ။ ရဲတွေ သေတယ်ဆိုတာကတော့ဟုတ်တယ်” လို့ မြောက်ဥက္ကလာမြို့နယ် မှာနေတဲ့ ကားဝယ်ရောင်းအကျိုးဆောင်တစ်ဦးက ပြောပါတယ်။ ကနဦး အမှုဖွင့်ထားချက်တွေအရ ကားတစ်စီးလမ်းပေါ်မှာ ကန့်လန့်ဖြတ်ရပ်ထားပြီး အရက်မူးနေတဲ့ယာဥ်မောင်းမြတ်ကိုကိုက လှည့်ကင်းရဲတွေကို ရှင်းပေးဖို့ပြောရာကနေ မြတ်ကိုကိုရဲ့ ဖခင် ဦးကြင်ခရမ်း နဲ့ ညီဖြစ်သူ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စသုံးလုံး) ဒုတိယစုံစမ်းရေးမှူးအေးမင်းတို့ကနောက်ထပ်ကားတစ်စီးနဲ့ ရောက်လာပြီး သံတုတ်တွေ နဲ့ ရိုက်နှက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက်…

  • တောင်ငူမြို့ရှိ စစ်တပ်၏ စစ်လက်နက်ပစ္စည်းတပ်ခွဲ စနခ ၈၄၈ လက်နက်ခဲယမ်းဂိုဒေါင်များကို ၁၀၇ မမ ရှော့တိုက်ဒုံး ၉ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်

    တောင်ငူမြို့ရှိ စစ်တပ်၏ စစ်လက်နက်ပစ္စည်းတပ်ခွဲ စနခ ၈၄၈ လက်နက်ခဲယမ်းဂိုဒေါင်များကို ၁၀၇ မမ ရှော့တိုက်ဒုံး ၉ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်

    ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ အကြမ်းဖက် စစ်တပ်၏ စစ်လက်နက်ပစ္စည်းတပ်ခွဲ စနခ ၈၄၈ လက်နက်ခဲယမ်းဂိုဒေါင်များကို ၁၀၇ မမ ရှော့တိုက်ဒုံး ၉ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။ ယနေ့ မတ်လ ၁၅ ရက်နေ့ နံနက် ၂ နာရီ ၄၄ မိနစ်ခန့်တွင် Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Mountain Knight Civilian Defense Forces (MKCDF) ၊ Anti-Coup People’s Liberation Force (ACPLF)၊ သံတောင်မြောက်ပိုင်း အထူးဒေသ ဖိုက်တာဆားခဲအဖွဲ့ တို့သည်…