Author: Baby Yit Lone
-

စစ်တပ်က စက်သုံးဆီ ချွေတာရန် ပုဂ္ဂလိကပိုင် မော်တော်ယာဉ်များကို ကားနံပါတ်ပြားအလိုက် “စုံ” ရက်နှင့် “မ” ရက်ခွဲ၍ မောင်းနှင်ရမည်ဟု အမိန့်ထုတ်
အကြမ်းဖက် စစ်တပ်က စက်ဆုံးဆီ ချွေတာရန် ပုဂ္ဂလိကပိုင် မော်တော်ယာဉ်များကို ကားနံပါတ်ပြားအလိုက် “စုံ” ရက်နှင့် “မ” ရက်ခွဲ၍ မောင်းနှင်ရမည်ဟု အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက အမိန့်ထုတ်လိုက်ကြောင်း စစ်တပ်ပိုင် မီဒီယာက ယနေ့ ညပိုင်းတွင် ထုတ်ပြန်လိုက်သည်။ လက်ရှိဖြစ်ပေါ်နေသော ကမ္ဘာ့နိုင်ငံရေးအခြေအနေများအရ အရှေ့အလယ်ပိုင်းဒေသအတွင်း၌ စစ်ရေး ပဋိပက္ခများကြောင့် လောင်စာဆီတင်သွင်းသည့်သင်္ဘောများဖြင့် သယ်ယူပို့ဆောင်ရာ ရေလမ်းကြောင်း တစ်လျှောက်တွင် အတားအဆီး၊ အဟန့်အတားပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ အထက်ပါအခြေအနေများကြောင့် စက်သုံးဆီခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေးအတွက် ၂ဝ၂၆ ခုနှစ်၊ မတ်လ ၇ ရက်မှစတင်၍ ပုဂ္ဂလိကယာဉ်များ၊ လုပ်ငန်းသုံးယာဉ်များနှင့် သယ်ယူ ပို့ဆောင်ရေးယာဉ်များသည် စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ မောင်းနှင်အသုံးပြုရမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် လစဉ် “စုံ” ရက်များတွင် စုံနံပါတ်အက္ခရာပါသောယာဉ်များ (ဥပမာ- 2A/- 4A/—-စသည်ဖြင့်)၊ “မ”…
-

ဆီပြတ်မှာကို စိုးရိမ်လို့ နယ်စပ်ဖြတ်ပြီး မယ်ဆိုင်မှာ ဆီတန်းစီဝယ်ယူသူများနေ
ထိုင်းကပြည်ပကိုစက်သုံးဆီတင်ပို့မှု ပိတ်ပင်တာမျိုးမရှိသေးဘူးလို့ဆို ထိုင်းနိုင်ငံဖက်ခြမ်းက မယ်ဆိုင်နဲ့ မြန်မာဖက်ခြမ်းက တာချီလိတ်တို့မှာ လောင်စာဆီ ပြတ်တောက်မှုတွေ ဖြစ်ပေါ်လာမှာကို စိုးရိမ်ပြီး ဒေသခံတွေက တန်းစီဝယ်ယူနေကြပါတယ်။ အီရန်စစ်ပွဲကြောင့် ပြည်တွင်းမှာစက်သုံးဆီပြတ်လပ်မှုတွေ ဖြစ်လာမှာကို စိုးရိမ်တဲ့အတွက် ဓာတ်ဆီ တင်ပို့မှုတွေကို ဆိုင်းငံ့ထားဖို့ ထိုင်းအစိုးရက စီစဉ်နေကြောင်း သတင်းတွေကြောင့် ထိုင်းနယ်စပ်မှာရှိတဲ့ တာချီလိတ်မှာစက်သုံးဆီလုံးဝ ဝယ်မရတာမျိုး ကြုံလာမှာကိုစိုးရိမ်မှုတွေရှိလာခဲ့ပါတယ်။ မတ်လ ၃ ရက်နေ့မှာတော့ မနက်ပိုင်း ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား စဖွင့်ချိန် ကတည်းက မြန်မာဖက်မှာ မှတ်ပုံတင်ထားတဲ့ ကားနဲ့ဆိုင်ကယ်တွေဟာ မယ်ဆိုင်ဖက်ကို ဖြတ်ကူးပြီးဆီဝယ်ဖြည့်နေခဲ့တာကိုတွေ့ရပါတယ်။ ယာဉ်မောင်း အများအပြားဟာ ဆီအပြည့် ဖြည့်ယူသွားရုံတင် မကဘဲ လိုရမယ်ရ ကြိုတင် စုဆောင်းထားမှုအဖြစ် ပုံးအပိုတွေနဲ့ ဝယ်ယူသိုလှောင်နေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ဆီဆိုင်တွေမှာ တန်းစီပြီး ဝယ်ယူစုဆောင်းနေတဲ့ ယာဉ်အများစုဟာ…
-

ကျားဖြန့် ငွေလိမ်ဂိုဏ်းများကို နှိမ်နင်းရန် အမေရိကန် FBI နှင့် ထိုင်းရဲတပ်ဖွဲ့ ပူးပေါင်းဆောင်ရွက်နေ
ကျားဖြန့် ငွေလိမ်ဂိုဏ်းများကို နှိမ်နင်းရန် အမေရိကန် FBI နှင့် ထိုင်းရဲတပ်ဖွဲ့ ပူးပေါင်းဆောင်ရွက်နေပြီး မြန်မာဘက်ရှိ ကျားဖြန့်ဝင်းများကို ဓာတ်ပုံရိုက်ယူနေသည့်ပုံကိုပါ FBI က တစ်ပါတည်း ထုတ်ပြန် အရှေ့တောင်အာရှတစ်ခွင်တွင် အမြစ်တွယ်နေသည့် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များကို အမြစ်ပြတ်ချေမှုန်းရန် အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို (FBI) နှင့် ထိုင်းရဲတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်နေပြီဖြစ်ကြောင်း အမေရိကန် FBI ၏ သတင်းထုတ်ပြန်ချက်နှင့် ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။ အမေရိကန် FBI က လူမှုကွန်ရက် X (Twitter) တို့မှတစ်ဆင့် ယင်းသို့ ပူးပေါင်းဆောင်ရွက်နေမှုကိုယနေ့ သတင်းထုတ်ပြန်လိုက်ပြီး မြန်မာနိုင်ငံဘက်ခြမ်းရှိ ကျားဖြန့်ဝင်း (Scam Compounds) များကို ထိုင်းဘက်အခြမ်းမှ ဓာတ်ပုံရိုက်ယူထားသည့် ပုံရိပ်များကိုပါ တစ်ပါတည်း ထုတ်ပြန်ထားသည်။ ဘန်ကောက်မြို့အခြေစိုက်…
-

အီရန်ခေါင်းဆောင်ရှိတဲ့နေရာကို သိပြီး လုပ်ကြံဖို့ လနဲ့ချီပြင်ဆင်ခဲ့တဲ့အမေရိကန်-အစ္စရေး စစ်ဆင်ရေး
အီရန်နိုင်ငံ့ဦးသျှောင် သေဆုံးခဲ့တဲ့တိုက်ခိုက်မှုဟာ အများထင်ခဲ့သလို ညအချိန်မှာ မဟုတ်ဘဲ နေ့အချိန် မနက်ခင်းပိုင်းမှာ ဖြစ်ပွားခဲ့တာပါ။ ဒီလိုတိုက်ရတဲ့အကြောင်းရင်းကတော့ အမေရိကန်နဲ့ အစ္စရေးတို့ဟာ နာရီပိုင်းအလိုမှာ ရခဲ့တဲ့ အရေးကြီးထောက်လှမ်းရေးအချက်အလက်တွေကို ကောင်းကောင်းအသုံးချဖို့ ဆုံးဖြတ်ခဲ့ကြတာကြောင့်ပါ။ အီရန်က အရေးကြီး ထိပ်တန်းပုဂ္ဂိုလ်တွေ တွေ့ဆုံနိုင်မယ့် အခွင့်အလမ်းအချိန်အခါကို လပေါင်းများစွာ သူတို့ စောင့်ကြည့်နေခဲ့ကြပြီး အီရန့်ဦးသျှောင်ခေါင်းဆောင် အလီ ခါမေနီ တစ်ယောက် စနေနေ့ နံနက်ခင်းမှာ တီဟီရန်မြို့လယ်က ခြံဝင်းထဲ ရှိနေလိမ့်မယ်ဆိုတာကို သူတို့ သိခဲ့ကြပါတယ်။ တချိန်တည်းမှာ တခြားစစ်ဘက်နဲ့ ထောက်လှမ်းရေးအကြီးပိုင်းပုဂ္ဂိုလ်တွေ တွေ့ဆုံနေတဲ့နေရာကိုလည်း သူတို့က အတိအကျဖော်ထုတ်နိုင်ခဲ့ပါတယ်။ အမေရိကန်နဲ့ အစ္စရေးတို့ဟာ အီရန်ခေါင်းဆောင်ရဲ့အသွားအလာကို စောင့်ကြည့်နေခဲ့ကြတာ လနဲ့ချီကြာပါပြီ။ ဘယ်လိုနည်းလမ်းတွေကို သုံးပြီး သူတို့ ထောက်လှမ်းခဲ့လဲဆိုတာ အမေရိကန် ဘက်က လျှို့ဝှက်ထားဆဲဖြစ်ပါတယ်။ ဒါပေမဲ့ သမ္မတ…
-

“အလုံးစုံလကြတ်ခြင်း” (Total Lunar Eclipse)
ကမ္ဘာ့အရိပ်အတွင်းသို့ လ တိုက်ရိုက်ဖြတ်သန်းသွားပြီး “အလုံးစုံလကြတ်ခြင်း” (Total Lunar Eclipse) ဖြစ်စဉ်ကိုအရှေ့တောင်အာရှနိုင်ငံများတွင် ယနေ့ (မတ်လ ၃ ရက်) ညတွင် တွေ့မြင်နိုင်မည်ဖြစ်သည်။ ယခုဖြစ်စဉ်သည် “သွေးရောင်လ” (Blood Moon) ကို ၂၀၂၉ ခုနှစ်မတိုင်မီအထိ နောက်ဆုံး မြင်တွေ့ရမည့် မြင်ကွင်းလည်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ညနေ ၆ နာရီနှောင်းပိုင်းမှစ၍ မြင်တွေ့နိုင်မည်ဖြစ်ပြီး မိုးတိမ်ကင်းစင်ပါက ညနေ ၆ နာရီခွဲမှ ၇ နာရီခွဲ ဝန်းကျင်သည် ကြည့်ရှုရန် အကောင်းဆုံးအချိန်ဖြစ်မည်။ အမေရိကန်တွင်လည်း ဒေသစံတော်ချိန် မတ်လ ၃ ရက် နံနက်ပိုင်းတွင် သွေးရောင်ကဲ့သို့ နီမြန်းသွားမည့် အလုံးစုံလကြတ်ခြင်းကို ကြည့်ရှုနိုင်မည် ဖြစ်သည်။ ယခုဖြစ်စဉ်ကို ဗဟိုအမေရိက၊ မြောက်အမေရိက၊ အလယ်အမေရိကနှင့် တောင်အမေရိက အနောက်ပိုင်းတို့မှ…