Author: Baby Yit Lone

  • အရှေ့တောင်အာရှရှိ အွန်လိုင်းငွေလိပ်ဂိုဏ်းများကို နှိမ်နင်းရန် အမရိကန် (FBI) ဦးဆောင်မည်

    အရှေ့တောင်အာရှရှိ အွန်လိုင်းငွေလိပ်ဂိုဏ်းများကို နှိမ်နင်းရန် အမရိကန် (FBI) ဦးဆောင်မည်

    အရှေ့တောင်အာရှနိုင်ငံများတွင် အခြေစိုက်ပြီး ခေတ်မီနည်းပညာများဖြင့် နယ်စပ်ဖြတ်ကျော် အွန်လိုင်းငွေလိမ်နေသည့် ဂိုဏ်းများနှင့်ကွန်ရက်များကို တိုက်ဖျက်ရာတွင် အမေရိကန် ဖက်ဒရယ် စုံစမ်းစစ်ဆေးရေးဗျူရို (FBI) က ဆက်လက်ဦးဆောင်သွားရန် အပြည့်အဝ သန္နိဋ္ဌာန်ချထားသည်ဟု အဆိုပါအဖွဲ့၏ ဒုတိယလက်ထောက်ညွှန်ကြားရေးမှူး စကော့ ရှဲလ်ဘဲလ် ယနေ့(ဖေဖော်ဝါရီလ ၂၄ ရက်) နံနက်ပိုင်းတွင် U.S. Department of State’s Asia Pacific Media Hub က အွန်လိုင်းမှတဆင့် ပြုလုပ်သည့် အထူးသတင်းစာရှင်းလင်းပွဲ၌ ပြောသည်။ ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံများသို့ တရားဝင်သွားရောက်ခဲ့ပြီးနောက် ရှဲလ်ဘဲလ်က တရုတ်အခြေစိုက် ရာဇဝတ်ဂိုဏ်းများသည် အမေရိကန်နိုင်ငံသားများကို နေ့စဉ်ပစ်မှတ်ထားနေသည့် အွန်လိုင်းလိမ်လည်မှု အမြောက်အများကို လုပ်ဆောင်နေကြောင်း သတိပေးခဲ့သည်။ မကြာသေးမီက ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ရှဲလ်ဘဲလ်က အဆိုပါ အွန်လိုင်းငွေလိမ်ဂိုဏ်းတို့၏…

  • သာကောကြီးက စိတ်ဓာတ်ဖဲ

    သာကောကြီးက စိတ်ဓာတ်ဖဲ

    သာကောကြီးက စိတ်ဓာတ်ဖဲနော်။ ဒါမျိုး မအလ သိရင် ကြေကွဲမှာ အသေချာပဲ။ ခေါင်းဆောင်ကောင်းဆိုတာ ဒါပါပဲ ကြိုက်သလောက်ဝေဖန်တိုက်ခိုက်ကြပါစေ ပြည်သူအတွက်ဆို ရဲရဲဝံ့ဝံ့ ချီတက်နေဆဲ… အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီရို၊ တရုတ် နိုင်ငံခြားရေးဝန်ကြီးဝမ်ယိတို့နဲ့ အတူတွေ့ရတဲ့ NUG နိုင်ငံခြားရေး ဝန်ကြီးဒေါ်ဇင်မာအောင် ဂုဏ်ယူလျက်ပါ ဝန်ကြီးရေ။ ဟိုဘက်ရပ်ကွက်ကမြင်ရင်တော့ လောင်နေတော့မှာပဲ။ ဒီနှစ် တက်ရောက်ဖြစ်တဲ့ Munich Security Conference (2026) မှာတော့ ကမ္ဘာ့ခေါင်းဆောင် တွေ၊ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ အတူ Opening session တက်ရောက်ခဲ့သလို နောက်ဆက်တွဲ ဆက်စပ် Side meeting များကတော့ ယခင်နှစ်များ အတိုင်းပါပဲ။ မှတ်မှတ်ရရ ဖြစ်တာ တစ်ခုက တော့ Opening session အပြီး –…

  • မြင်းမူမြို့နယ်၊ ရွှေကျောင်းကန်ရွာကို စစ်တပ်က စက်တပ်လေထီး ၂ စီးဖြင့် ဗုံးကျဲ

    မြင်းမူမြို့နယ်၊ ရွှေကျောင်းကန်ရွာကို စစ်တပ်က စက်တပ်လေထီး ၂ စီးဖြင့် ဗုံးကျဲ

    မြင်းမူမြို့နယ်၊ ရွှေကျောင်းကန်ရွာကို စစ်တပ်က စက်တပ်လေထီး ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၉ ဦးသေဆုံး စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ရွှေကျောင်းကန်ရွာကို အကြမ်းဖက် စစ်တပ်က စစ်တပ်လေထီး ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၉ ဦးသေဆုံးခဲ့ကြောင်း မြင်းမူမြို့နယ် မီးဘေး လုံခြုံရေးအဖွဲ့မှတာဝန်ရှိသူက ပြောဆိုသည်။ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ည ၇ နာရီခန့်တွင် မြင်းမူမြို့နယ်၊ ရွှေကျောင်းကန်ရွာရှိ စတားလင့် အင်တာနက် အသုံးပြုနေသော နေရာနှင့် ဆီကျိတ်စက်ပေါ်ကို အကြမ်းဖက် စစ်တပ်၏ မုံရွာ နမခ မှ တက်လာသော…

  • AA နှင့် အပစ်ရပ်ဆွေးနွေးရန် စစ်ကောင်စီက တရုတ်နိုင်ငံကို အကူအညီတောင်း

    AA နှင့် အပစ်ရပ်ဆွေးနွေးရန် စစ်ကောင်စီက တရုတ်နိုင်ငံကို အကူအညီတောင်း

    အာရက္ခတပ်တော် (AA) ရဲ့ ထိုးစစ်နဲ့ နယ်မြေသိမ်းပိုက်ထားမှုတွေက စစ်ကောင်စီအတွက် ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်နေပြီး အပစ်ရပ်နိုင်ရေးအတွက် ကူညီပေးဖို့ တရုတ်နိုင်ငံကို အကူအညီ တောင်းထားတယ်လို့ နေပြည်တော်သတင်းရင်းမြစ်ကနေ သိရပါတယ်။ ပြည်ထောင်စုထဲက ခွဲထွက်လာမဲ့အရေးကို တွေးပူနေတဲ့ စစ်ကောင်စီတပ်အနေနဲ့ ရွေးကောက်ပွဲအလွန် တက်လာမဲ့ ကြံ့ခိုင်ရေးပါတီ အစိုးရသစ် လက်ထက်မှာ AA နဲ့ အပစ်ရပ်ဆွေးနွေးနိုင်ဖို့ တရုတ်နိုင်ငံအနေနဲ့ ကမကထလုပ်ပေးဖို့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) က အကူအညီတောင်းတယ်လို့ နေပြည်တော်သတင်းအရင်းအမြစ်က ပြောပါတယ်။ “ရခိုင်မှာ စစ်တပ်က ကျီးလန့်စာစားဖြစ်နေတော့ AA နဲ့ အပစ်ရပ်ဆွေးနွေးဖို့က စစ်တပ်ရဲ့ အန္တိမရည်မှန်းချက်ပဲ။ ဒီလိုဆွေးနွေးဖို့ဆိုတာ တရုတ်အကူအညီမပါဘဲ မရဘူး။ တရုတ်ကပဲ ကြားဝင်ပေးမှ ရမှာ။ NSPNC အဖွဲ့တွေက တရုတ်ကို အကူအညီတောင်းထားတယ်။…

  • ငါးကျပ် တစ်ဆယ်ခေတ်က မယုံလို့ကြည့်ချင်ရင် ငါးရာပေးရတယ်

    ငါးကျပ် တစ်ဆယ်ခေတ်က မယုံလို့ကြည့်ချင်ရင် ငါးရာပေးရတယ်

    ကျွန်တော့်ရဲ့ဇာတိမြို့လေးက ဆန့်ကျင့်ဘက်နှစ်မျိုးနဲ့ကျော်ကြားတယ် တစ်ခုက စာပေပယိတ္တိသင်ကြားပို့ချတဲ့စာသင်တိုက်ကြီးတွေရှိပြီး သာသနာတော်နေလိုလလိုထွန်းပတယ် နောက်တစ်ခုကတော့ ပြည့်တန်ဆာလုပ်ငန်း အင်မတန်ထွန်းကားလွန်းလို့ “ဖာပေါဖုတ်ထူ ပခုက္ကူ”လို့တောင် စာချိုးခံရတယ် ကျွန်တော်တို့မြို့ဟာ ပြည့်တန်ဆာရပ်ကွက် သီးသန့်ရှိတယ် အဲဒီရပ်ကွက်ဟာ မြို့မြောက်ဘက်အစွန်ဆုံးရပ်ကွက်ပဲ အဲဒီရပ်ကွက်ကို မြောက်ကုန်း သို့မဟုတ် ကျောက်ကုန်းလို့ ခေါ်ကြပါတယ် တစ်နေ့တော့ သတင်းထူးတစ်ခုထွက်လာတယ် “မြောက်ကုန်းက ဖာသည်မိကြည်မှာ နို့သုံးလုံးရှိတယ်” ဘာပြောကောင်းမလဲ… ပခုက္ကူတစ်မြို့လုံး ရှိရှိသမျှယောက်ျား အရွယ်ရောက်ပြီးသားရော အရွယ်မရောက်တရောက်ရော အကုန်မြောက်ကုန်းရောက်ကုန်ကြပါလေရော ဟိုဒင်းပြုချင်တာထက် မိကြည်ရဲ့ထူးခြားဆန်းကြယ်မှုကို မြင်ဖူးချင်ကြတာကိုး… တစ်ချို့ကလည်း မယုံလို့လာကြည့်ကြတာ… ဟိုရောက်တော့ လူကများလွန်းပြီး မိကြည်ရဲ့ပေါက်စျေးကလည်း မြင့်သွားလိုက်တာ အံ့မခန်း သာမန်ပြည့်တန်ဆာကို ဟိုသင်းပြုရင် ငါးကျပ် အလွန်ဆုံးတစ်ဆယ်ပေါ့ မိကြည်က ဘယ်လောက်မှတ်သလဲ… ငါးရာတဲ့ဗျာ… မိကြည်ရဲ့စျေးတန်းကြားတာနဲ့ တစ်ချို့က လှည့်ပြန်သွားကြတယ်… “မယုံတော့ မယုံဘူးကွာ ဒါပေမယ့်…