Author: Baby Yit Lone
-

MDY PDF စစ်ဦးစီးအဖွဲ့ဝင် ကိုမုန်တိုင်း ပြည်သူထံထွက်ဆိုထားသည့် ရုပ်သံဖိုင်
မန္တလေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MDY PDF) ၏ စစ်ဦးစီးအဖွဲ့ဝင်လည်းဖြစ်၊ စစ်ဆင်ရေးနှင့် စုဖွဲ့မှုတာဝန်ခံလည်းဖြစ်သူ ကိုမုန်တိုင်း၏ ပြည်သူလူထုထံ ထွက်ဆိုရှင်းလင်းထားသည့် ရုပ်သံဗီဒီယိုဖိုင်တစ်ခုကို ဇွန် ၂၄ ရက် တွင် ပြည်သူ့ထံသို့ ထုတ်ပြန်ချပြခဲ့သည်။ အဆိုပါ ရုပ်သံဖိုင်ကို MDY PDF စစ်ဦးစီးအဖွဲ့ဝင်၊ လေ့ကျင့်ရေးဌာနကြီးမှူးဖြစ်သူ ကိုဖြိုးဝေက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဗီဒီယိုဖိုင်သည် လွန်ခဲ့သည့် ၂ လခန့်က တော်လှန်ရေးရဲဘော်တစ်ဦးက နယ်မြေဒေသအသီးသီးကို ဖြတ်ကျော်ကာ လူကိုယ်တိုင် လာရောက်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
-

ဈေးသွားတဲ့အိမ်ရှင်မတိုင်း သိထားသင့် ဖော်မလင်ပါတဲ့ အစားအသောက်တွေရဲ့ အန္တရာယ်
ဖော်မလင်ထိုးထားတဲ့ငါးတွေ၊ ဖော်မလင် ထည့်ထားတဲ့ ကြက်သွေး ဘဲသွေးတွေကို ကျန်းမာရေးဝန်ကြီးဌာနက ပြင်းပြင်းထန်ထန် နှိမ်နင်းနေတဲ့ အကြောင်းတွေ သင်ကြားဖူးမှာပါ။ ကျန်းမာရေးဝန်ကြီးဌာန ကတောင် လိုက်သိမ်းတယ်ဆိုမှတော့ ဒီ ဖော်မလင်ပါတဲ့ အစားအသောက်တွေဟာ ကျန်းမာရေးကို တော်တော်ဒုက္ခပေးလို့ပေ့ါနော့။ ကျန်းမာရေးဝန်ထမ်းတွေသာ သိပေမယ့် သာမာန်ပြည်သူတွေ ဒီ ဖော်မလင်ပါတဲ့ အစားအသောက်တွေကရနိုင်တဲ့ ရောဂါတွေ မသိဘူးမဖြစ်ရလေအောင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ်။ အထူးသဖြင့် ဟင်းလျာတွေကို ဝယ်ယူ ပြင်ဆင်ချက်ပြုတ်နေရတဲ့ အိမ်ရှင်မတွေ ပိုပြီး သိထားသင့်ပါတယ်။ ။ ဖော်မလင်ဆိုတာ ဓါတုပစ္စည်းတစ်မျိးဖြစ်ပြီး သူနဲ့ထိတွေ့တဲ့အရာတွေ မှန်သမျှ မပုပ်သိုးအောင် သူက ထိန်းထားပေးတာဖြစ်ပါတယ်။ ဒါတွေကို သိပ္ပံပညာရှင်တွေက ခန္ဓါဗေဓဆိုင်ရာ လေ့လာဖို့အတွက် လူသေတွေကို မပုပ်အောင် ဖော်မလင်စိမ်ရာကနေ စီးပွားရေး သမားတွေလက်ထဲရောက်ပြီး ခုလို အစားအသောက်တွေ ထဲကိုသူက…
-

ရပ်ကွက်တွင်းက တာယာခွေချ၊ ပန်းအိုးချပြီး ကားပါကင် နေရာဦးတတ်သူများ သတိ
ရပ်ကွက်တွင်းက တာယာခွေချ၊ ပန်းအိုးချပြီး ကားပါကင် နေရာဦးတတ်သူများ သတိ ၊ မိရင် ဒဏ်ငွေ ၁ သိန်းကနေ ၅ သိန်းအထိ အရေးယူခံရမည် မြန်မာနိုင်ငံတွင် လမ်းမကြီးများနှင့် ရပ်ကွက်များအတွင်း ကားပါကင် နေရာဦးသည့်ပြဿနာမှာ ခေတ်အဆက်ဆက်ကတည်းက ရှိခဲ့တာပါ၊၊ အထူးသဖြင့် ရန်ကုန်မြို့တွင်အမြစ်တွယ်နေသည့် အဆိုပါ ကားပါကင်ဦးသောပြဿနာကြောင့် မြို့ပြပုံရိပ်ကို ထိခိုက်စေသည့်အပြင် မြို့ခံလူထုအကြား ပဋိပက္ခများလည်း မကြာခဏ ဖြစ်ပွားနေတာပါတယ်၊၊ တချို့ကလည်း မိမိ နေအိမ်ရှေ့မှာ တခြားလူ၏ မောတော်ယာဉ်များ လာရောက် ရပ်နားခြင်းကို မကြိုက်သည့် အတွက် ” အိမ်ရှေ့ ဆိုင်ရှေ့ ကားမရပ်ရ လူလိုသိပါ” ဆိုတဲ့စာများ ရေးသားချိတ်ဆွဲထားသလို အိမ်ရှေ့မှာ ပစ္စည်းများချ၍ နေရာ ဦးမှုများ ပြုလုပ်လာပါတယ်။ အချို့သော အိမ်ပိုင်ရှင်များနှင့် လူပုဂ္ဂလိကများသည်…
-

ချောင်းဦးနှင့် မြင်းမူတို့တွင် စစ်တပ် စစ်ကြောင်းများကို တိုက်ခိုက်
ချောင်းဦးနှင့် မြင်းမူတို့တွင် စစ်တပ် စစ်ကြောင်းများကို တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုများပြား စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်နှင့် မြင်းမူမြို့နယ်တို့တွင် စစ်တပ် စစ်ကြောင်းများကို တိုက်ခိုက်ရာ စစ်သားများ ထိခိုက်သေဆုံးမှုများပြားကြောင်း BLDF တပ်ခွဲ အညာမိုင်းတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။ မေလ ၂၇ ရက်နေ့တွင် မြင်းမူမြို့နယ်၊ မုံရွာ-မန္တလေး လမ်းပိုင်း ဘုန်းမကြီးကင်းရွာတွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၁၁ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ထို့ပြင် ချောင်းဦးမြို့နယ်တွင်လည်း ဇွန်လ ၂ ရက်နေ့က စတင်ပြီး စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက မှန်ချိုရွာ တောင်ဘက်နှင့် ဆင်မြေကျေးရွာအနီးတို့တွင် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း…
-

PDF စစ်သုံ့ပန်းတွေကို လည်လှီး၊ မီးရှို့သတ်ဖြတ်ခဲ့ဟု စစ်တပ်ရဲ့ တပ်ကြပ်ကြီးပြော
PDF စစ်သုံ့ပန်းတွေကို လည်လှီး၊ မီးရှို့သတ်ဖြတ်ခဲ့ဟု စစ်တပ်ရဲ့ တပ်ကြပ်ကြီးပြော မန္တလေးတိုင်းအတွင်း တိုက်ပွဲတွေမှာ PDF ရဲဘော် စစ်သုံ့ပန်းတွေကို ဖမ်းမိပါက အရှင်မထားဘဲ လည်လှီးသတ်ဖြတ်တာ၊ မီးရှို့သတ်ဖြတ်တာတွေ ပြုလုပ်ခဲ့ကြောင်း အာဏာသိမ်းစစ်တပ်ရဲ့ တပ်ကြပ်ကြီး ဘုန်းမြင့်နိုင်က ပြောပါတယ်။ စစ်တပ်က တပ်ကြပ်ကြီး ဘုန်းမြင့်နိုင်ဆိုသူဟာ သူ့ရဲ့ လူမှုကွန်ရက် Tiktok အကောင့်ဖြစ်တဲ့ Phone Myint Naing ဆိုတဲ့အကောင့်ကနေ ဇွန်လတတိယပတ်အတွင်းက PDF တွေကို လည်လှီးသတ်ဖြတ်တာ၊ မီးရှို့သတ်ဖြတ်တာတွေ ကျူးလွန်ခဲ့တာကိုပါ ရုပ်သံမှတ်တမ်းနဲ့တကွ ဝန်ခံလိုက်တာပါ။ သူဟာ ၂၀၂၃ ကနေ ၂၀၂၅ အတွင်း မန္တလေးတိုင်း၊ မိုးကုတ်၊ သပိတ်ကျင်း၊ မတ္တရာနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်၊ ချောင်းဆုံ စတဲ့ဒေသတွေက တိုက်ပွဲတွေမှာ ဖမ်းဆီးရမိတဲ့ PDF…