Author: Baby Yit Lone

  • ကျွန်တော့်မာနကြောင့် ကျွန်တော့်ဇနီး ဆုံးပါးခဲ့ရပါတယ်

    ကျွန်တော့်မာနကြောင့် ကျွန်တော့်ဇနီး ဆုံးပါးခဲ့ရပါတယ်

    ကျွန်တော့်မာနကြောင့် ကျွန်တော့်ဇနီး ဆုံးပါးခဲ့ရပါတယ် ဒီအကြောင်းအရာဟာ တကယ့်ဘဝဇာတ်ကြောင်း ဝန်ခံချက် ဖြစ်ပါတယ်။ ကျွန်တော်နဲ့ ကျွန်တော့်ဇနီးဟာ တနင်္လာနေ့မနက်ခင်း အလုပ်သွားဖို့ ပြင်ဆင်နေရင်း အသေးအဖွဲကိစ္စလေးတစ်ခုနဲ့ စကားများခဲ့ကြတယ်။ ပေါင်မုန့်ပေါ် ထောပတ်သုတ်ပုံ မသပ်မရပ်ဖြစ်နေတာကို ကျွန်တော် စိတ်ဆိုးပြီး ခက်ထန်တဲ့စကားလုံးတွေနဲ့ ပြောလိုက်မိတယ်။ ကျွန်တော့်စကားသံတွေဟာ မိုးခြိမ်းသလို အခန်းထဲမှာ ပဲ့တင်ထပ်သွားခဲ့တယ်။ အကယ်၍ ဘာဖြစ်လာမယ်ဆိုတာကိုသာ ကျွန်တော် ကြိုသိခဲ့ရင်၊ မျက်လုံးမှိတ်ပြီး ဒီပေါင်မုန့်ကို အသံတိတ်စားပစ်လိုက်မယ်၊ ပြီးတော့ သူ့ကို ပြုံးပြလိုက်မိမှာပါ။ ဒါပေမဲ့ ကျွန်တော် မလုပ်ခဲ့မိဘူး။ ကျွန်တော့်ရဲ့ လေသံကြောင့် သူ နာကျင်ခဲ့ရတယ်။ သူ့ပန်းကန်ကို တွန်းဖယ်လိုက်ပြီး ထမင်းစားပွဲကနေ ဘာမှမစားဘဲ နှုတ်ဆက်စကားတောင် မဆိုဘဲ အလုပ်ကို သွားခဲ့တယ်။ ကျွန်တော်လည်း ဒေါသထွက်နေခဲ့တာကြောင့် နှစ်ယောက်စလုံး အရင်စပြီး ပြန်အဆင်ပြေအောင်…

  • ရေးမြို့နယ် ခမရ ၅၉၁ တပ်ရင်းမှ ကင်းလှည့်ရန် ထွက်လာသော စစ်သားများကို ရေးဘီလူး အဖွဲ့က တိုက်ခိုက်

    ရေးမြို့နယ် ခမရ ၅၉၁ တပ်ရင်းမှ ကင်းလှည့်ရန် ထွက်လာသော စစ်သားများကို ရေးဘီလူး အဖွဲ့က တိုက်ခိုက်

    ရေးမြို့နယ် ခမရ ၅၉၁ တပ်ရင်းမှ ကင်းလှည့်ရန် ထွက်လာသော စစ်သားများကို ရေးဘီလူး အဖွဲ့က တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံး မွန်ပြည်နယ်၊ ရေးမြို့နယ် ခမရ ၅၉၁ တပ်ရင်းမှ ကင်းလှည့်ရန် ထွက်လာသော စစ်သားများကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၅ ဦးသေဆုံးခဲ့ကြောင်း ရေးဘီလူး တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ ဩဂုတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ခမရ ၅၉၁ တပ်ရင်း ထွက်လာသော စစ်သားများသည် ကျောင်းရွာ လမ်းပိုင်းကို ကင်းလှည့်ရန် ထွက်လာစဉ် ရေးဘီလူး အဖွဲ့က ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၅ ဦးသေဆုံးပြီး လက်နက်ကြီးများဖြင့်…

  • မြို့မငြိမ်းရဲ့ “လူချွန်လူကောင်း” သီချင်းကို ရွေးကောက်ပွဲ မဲဆွယ်သီချင်းလုပ်မည်

    မြို့မငြိမ်းရဲ့ “လူချွန်လူကောင်း” သီချင်းကို ရွေးကောက်ပွဲ မဲဆွယ်သီချင်းလုပ်မည်

    ဂန္ထဝင်အနုပညာရှင် မြို့မငြိမ်း၏ လူချွန်လူကောင်း အပါအဝင် မြို့မမူပိုင်သီချင်းသီချင်းအချို့ ကို NDF (ခမောက်)ပါတီ အောင်နိုင်ရေးကမ်ပိန်းမှာ အသုံးပြုဖို့ လာခွင့်တောင်းရာမှာ မြို့မအသင်းဥက္ကဋ္ဌ ဒေါက်တာ လှခိုင်က ခွင့်ပြုပေးခဲ့တယ် လို့ ပြည်တွင်းသတင်းတခုမှာ ဖော်ပြပါတယ်။ စစ်အုပ်စုရွေးကောက်ပွဲဝင်ပြိုင်မယ့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ခမောက်ပါတီ ယာယီဥက္ကဋ္ဌ ထက်အောင်ကျော် နဲ့ မကြာသေးခင်ရက်ပိုင်းက မှ ပါတီဝင်ပြီး ဒုက္ကဋ္ဌဖြစ်လာတဲ့ NLD အမတ်ဟောင်း ဒေါ်စန္ဒါမင်းတို့ဟာ ဒီနေ့မနက် မန္တလေးမြို့ ၈၆ လမ်း မြို့မအပျော်တမ်းတူရိယာအသင်းရုံးမှာ အသင်းတာဝန်ရှိသူတွေနဲ့ လာရောက်တွေ့ဆုံပြီး” လူချွန်လူကောင်း” သီချင်းကို မဲဆွယ်စည်းရုံးရေးမှာ သုံးဖို့ လာရောက်ခွင့်တောင်းခဲ့တာ ဖြစ်တယ်လို့ ပြည်တွင်းသတင်းတရပ်မှာ ဖော်ပြပါတယ်။ အလင်္ကာကျော်စွာ ဆရာမြို့မငြိမ်း ရေးသားခဲ့တဲ့ လူချွန်လူကောင်း အပါအဝင် သီချင်းဟာ ထင်ရှားကျော်ကြားပြီး လူငယ်လူရွယ်များ၏…

  • “NLD ပါတီ မရှိ‌တော့ဘူး”ဟု ပြောခဲ့သည့် ပါတီမှ ထုတ်ပယ်ခံ ဒေါ်စန္ဒာမင်းက ခမောက်ပါတီ (NDF) တွင် ဒုဥက္ကဋ္ဌ လုပ်နေ

    “NLD ပါတီ မရှိ‌တော့ဘူး”ဟု ပြောခဲ့သည့် ပါတီမှ ထုတ်ပယ်ခံ ဒေါ်စန္ဒာမင်းက ခမောက်ပါတီ (NDF) တွင် ဒုဥက္ကဋ္ဌ လုပ်နေ

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ၂၀၂၃ ခုနှစ်က ထုတ်ပယ်ခံထားရသူ ဒေါ်စန္ဒာမင်းသည် လက်ရှိတွင် အမျိုးသားဒီမိုကရေစီအင်အားစု (ခမောက်ပါတီ) ဒုဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေကာ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေကြောင်း သိရသည်။ ယနေ့ ဩဂုတ် ၂၉ ရက်တွင် မန္တလေး မြို့မအပျော်တမ်းတူရိယာအသင်းကြီး၏ မူပိုင်တေးသီချင်းအချို့ကို ခမောက်ပါတီ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် တောင်းဆိုရာတွင် ဒေါ်စန္ဒာမင်းက ဒုဥက္ကဋ္ဌအနေဖြင့် သွားရောက်ခဲ့ကြောင်း သတင်းမီဒီယာတစ်ခုထံမှ သိရှိရသည်။ အဆိုပါ တွေ့ဆုံပွဲတွင် ဒေါ်စန္ဒာမင်း က မြို့မတူရိယာအသင်းကြီး၏ နာယကများ၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ အား ပါတီကိုယ်စားကျေးဇူးတင်စကားပြောကြားခဲ့ပြီး ဖော်ပြထားသည်။ ဒေါ်စန္ဒာမင်းသည် ယခင်က NLD ဗဟိုကော်မတီဝင်တဦးဖြစ်ခဲ့ကာ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ်၊ မတ်လတွင် ပါတီမှ ထုတ်ပယ်ခံခဲ့ရပြီး လက်ရှိတွင် ခမောက်ပါတီကိုယ်စားလှယ်အဖြစ် စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲဝင်ရန်…

  • ဗန်းမော်မှ စစ်တပ်စခန်း နောက်တခုကို KIA သိမ်းပိုက်

    ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သည် ကချင်ပြည်နယ် ဗန်းမော်မှ စစ်အုပ်စု၏ အမှတ် ၂၃၆ ခြေလျင်တပ်ရင်းကို သြဂုတ်လ ၂၅ ရက်နေ့တွင် သိမ်းပိုက်လိုက်ကြောင်း KIA ပြောခွင့်ရသူ ဗိုလ်မှူးကြီးနော်ဘူ ပြောသည်။ “အမှတ် ၂၃၆ ခြေလျင်တပ်ရင်းကို သိမ်းပိုက်လိုက်တယ်။ ဆက်ရှင်းဖို့တော့ ကျန်နေသေးတယ်” ဟု သူပြောသည်။ ယခင်တရက်က ပြင်းထန်သော တိုက်ပွဲအပြီး ထိုသို့သိမ်းပိုက်ခြင်းဖြစ်ပြီး ထိုတိုက်ပွဲအတွင်း စစ်အုပ်စု စစ်ကြောင်းတခုက စစ်သားအများအပြားသေဆုံးကြောင်း သူဆက်လက်ပြောသည်။ KIA နှင့် ၎င်း၏ မဟာမိတ်များသည် ဗန်းမော်ကို သိမ်းပိုက်ရန်လွန်ခဲ့သော ဒီဇင်ဘာလက ထိုးစစ် စတင်သည်။ မကြာသေးမီ သြဂုတ်လ ၁ ရက်နေ့တွင် စစ်တပ် စစ်ကူသင်္ဘောအုပ်စု ထိုမြို့သို့ရောက်လာသည်။ KIA အနေဖြင့် ၂ ဘက်ထိခိုက်သေဆုံးမှုများကို အတည်မပြုနိုင်သေးသော်လည်း…