Author: Baby Yit Lone
-

မိုးကောင်းတွင် ရေဆက်ကြီးနေသဖြင့် ဒေသခံများ ပြောင်းရွှေ့နေရ
ကချင်ပြည်နယ်၊ မိုးကောင်းမြို့မှာ ချောင်းရေလျှံပြီး ဒီနေ့ ဇွန် ၂၁ ရက်အထိ ရပ်ကွက်တွေထဲ ရေဝင်ရောက်နေတာကြောင့် ဒေသခံတွေကို ကယ်ဆယ်ရေး လုပ်ပေးရပြီလို့ ဒေသခံတွေဆီက သိရပါတယ်။ ဇွန် ၁၈ ရက်ကစပြီး မိုးတွေ အဆက်မပြတ်ရွာတာကြောင့် မိုးကောင်းမြို့က အိုးတန်း၊ နတ်ကြီးကုန်း၊ ဈေးကုန်း၊ နန့်ရင်း၊ နောင်ကိုက်တော်၊ အလယ်ရပ်နဲ့ အရှေ့ရပ်ရပ်ကွက်တွေ ရေဝင်လာတာဖြစ်ပြီး ဒေသခံတွေ ရေဘေးလွတ်ရာ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေမှာ သွားရောက်ခိုလှုံနေကြရသလို ဘေးလွတ်ရာနေရာကို စတင်ပြောင်းရွှေ့နေကြရပြီလို့ သိရပါတယ်။ ဒေသခံတယောက်က “ဒေသခံတွေကတော့ နီးစပ်ရာ စာသင်ကျောင်းတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ သွားပြီးရွှေ့ထားကြပြီ။ ရေကတော့ တက်နေတုန်းပဲ။ လူမှုကူညီကယ်ဆယ်ရေးအသင်းတွေ လိုက်ပြီး ကူညီနေကြပါတယ်။ တမြို့လုံးလို ရေဝင်လာတာ။ ပစ္စည်းတွေ အရင်ရွှေ့ကြတာ။ နောက်မှ ရေဆက်တက်လာလို့ လူတွေ ထပ်ရွှေ့ကြတာ”လို့…
-

ရဟန်းဝတ်ပြီး အမေ့ကျေးဇူးဆပ်မယ်ဆိုတဲ့ အိပ်မက် မပြည့်တော့ဘူး
မိသားစုဝင် ၆ ယောက်ကို ထောက်ပံ့ဖို့ အိမ်နဲ့ ၇၇၅ ကီလိုမီတာကျော် ဝေးတဲ့နေရာအထိ သွားရောက် အလုပ်လုပ်ခဲ့တဲ့ အသက် ၂၄ နှစ်အရွယ် လူငယ်တစ်ဦးရဲ့ အိပ်မက်တွေကတော့ အခုအခါ မပြည့်စုံနိုင်တော့ပါဘူး။ ချင်းရိုင်ခရိုင် ဒွိုင်လွမ်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ မီးရထားဥမင်လိုဏ်ခေါင်း ပြိုကျမှုအတွင်း အသက်ဆုံးရှုံးခဲ့သူတွေထဲမှာ “နောင်ပလွမ်” (Apidet Kaewpraken) လည်း ပါဝင်ခဲ့ပါတယ်။ နောင်ပလွမ်ဟာ ကန်ချနဘူရီပြည်နယ်က ဆင်းရဲနွမ်းပါးတဲ့ မိသားစုက မွေးဖွားလာသူဖြစ်ပြီး၊ လျှပ်စစ်မီးတောင် မရရှိတဲ့ သစ်သားအိမ်ဟောင်းလေးမှာ နေထိုင်ခဲ့ရသူ ဖြစ်ပါတယ်။ ဒီနှစ်အစပိုင်းမှာတော့ မိသားစုဘဝကို ထောက်ပံ့နိုင်ဖို့ ချင်းရိုင်ကို လာရောက်ပြီး ဆောက်လုပ်ရေးလုပ်ငန်းမှာ အလုပ်လုပ်ခဲ့ပါတယ်။ လစဉ် မပျက်မကွက် အိမ်ကို ငွေပို့ပေးခဲ့ပြီး မိခင်၊ အဘွားနဲ့ ကျောင်းတက်နေတဲ့ ညီအစ်ကိုမောင်နှမတွေကို စောင့်ရှောက်ပေးခဲ့တာပါ။ နောင်ပလွမ်ရဲ့…
-

YGW ပရဟိတမိဘမဲ့ (၈၉) မိုင် အနံ့တွေထွက်လာပြီ
YGW ပရဟိတမိဘမဲ့ (၈၉) မိုင် TikTok မှာ အရွယ်ရောက်မိန်းကလေးတွေပုံတွေတင်တာရဲ့ရည်ရွယ်ချက်က ဘာပါလိမ့်? မိဘမဲ့ ပရဟိတ ကျောင်းနဲ့ ဒီမိန်းကလေးတွေပုံတွေသီချင်းထည့်တင်တာနဲ့ ဘယ်လို ဆက်စပ်ပါသလဲ? 📌မိုးနေချိုးနေတဲ့ အမျိုးသမီးငယ်တယောက်ရဲ့ခန္ဓာကိုယ်ကောက်ကြောင်းပေါ်နေတာကို အများတကာမြင်တဲ့ TikTok ပေါ်တင်တဲ့ အဲ့ဒီကျောင်းက သင်္ကန်းဝတ်ဖြစ်စေ ၊ ပုဆိုးဝတ်ဖြစ်စေ ထိုသူသည် သမီးငယ်တို့ရဲ့ privacy ကိုမလေးစားတဲ့ လူ့ကျင့်ဝတ် စည်းကမ်းချိုးဖောက်သူတွေပါပဲ။ ငါ့ခြံထဲကကြက် ငါကြိုက်သလိုလုပ်လို့ရတယ်ဆိုတဲ့ သဘောလား! နီးစပ်ရာမိတ်ဆွေတွေ အတော်များများက သာသနာရေးရော လူကယ်ပြန် ကို ရော YGW နဲ့ပတ်သက်တဲ့ မသင့်တော်တာတွေကို ဆက်သွယ်တိုင်ကြားကြလည်း သူတို့အဖြေက မရေရာ ဘောလီဘောပုပ်နေကြသတဲ့ ထိုဌာန က ရာထူးကြီးယူထားသူပုဂ္ဂိုလ်တွေကအစ YGW ရဲ့နောက်ကွယ်မှာ ကျောထောက်နောက်ခံအဖွဲ့တခုရှိနေလို့ မထိရဲ ပါတဲ့! ကောင်းရော..ပဲ ထို…
-

နောက်ဆုံးထွက်သက်အထိ မောင်လေးကို ရင်ခွင်ထဲ ဖွက်ထားပြီး ကာကွယ်သွားခဲ့တဲ့ (၁၅) နှစ်အရွယ် အစ်မကြီး
နောက်ဆုံးထွက်သက်အထိ မောင်လေးကို ရင်ခွင်ထဲ ဖွက်ထားပြီး ကာကွယ်သွားခဲ့တဲ့ (၁၅) နှစ်အရွယ် အစ်မကြီး (မြဝတီမီးလောင်မှုက မြင်ရသူတိုင်း မျက်ရည်ကျ ရင်ကွဲရတဲ့ မြင်ကွင်း)” မနေ့က တင်ဆက်ပေးခဲ့တဲ့ မြဝတီမြို့က မီးလောင်မှု ဖြစ်စဉ်မှာ၊ သားလေးကို ဝင်ကယ်တဲ့ ဖခင်ဖြစ်သူ တစ်ကိုယ်လုံး မီးဟပ်ခံရတဲ့ အပြင်… အားလုံးကို မျက်ရည်ကျ ရင်ကွဲစေခဲ့တဲ့ နောက်ထပ် ရင်နာစရာ အဖြစ်မှန်လေး တစ်ခု ကျန်ရှိနေပါသေးတယ်။ အဲဒါကတော့ မီးတောက်တွေ ကြားထဲမှာ (၉) လအရွယ် မောင်လေးကို ရင်ခွင်ထဲ အတင်းထည့်ဖက်ပြီး နောက်ဆုံးအချိန်အထိ ကာကွယ်ပေးသွားခဲ့တဲ့ (၁၅) နှစ်အရွယ် အစ်မကြီးရဲ့ ကြီးမားလှတဲ့ မေတ္တာတရားပါပဲ။ 😭 ကျောင်းကအပြန် ကြုံတွေ့လိုက်ရတဲ့ အဖြစ်ဆိုး (၁၅) နှစ်အရွယ် ညီမလေးဟာ ကျောင်းဆင်းလို့…
-

မန္တလေး ဘုရားကြီး ဂေါပကဥကဋ္ဌနေရာနဲ့ ဘဏ္ဍာငွေတွေ ကြံ့ဖွတ် သိမ်းလိုက်ပြီ
မန္တလေး မဟာမုနိ ဘုရားကြီး ဂေါပက ဥက္ကဌအဖြစ် မင်းအောင်လှိုင်ရဲ့ လူယုံတပည့်၊ ကြံ့ခိုင်ရေး အမာခံကို နေရာပေး ဘုရားကြီးရဲ့ ဘဏ္ဍာငွေပိုင်ဆိုင်မှု ငွေသား ကျပ်သိန်း ၁၂၀,၀၀၀ ရှိထားပြီး အွန်လိုင်းကပါ အလှူခံလို့ နေ့စဉ် ကျပ်သိန်း ရာချီ အလှူငွေရနေ စစ်အုပ်စုခန့်တဲ့ ယခင် ဂေါပက ဥက္ကဌ ဘုရားထီးတင်ရင်း လဲကျသေဆုံးလို့ လူစားထိုးခန့်တာ ဖြစ် မန္တလေးမြို့ မဟာမုနိ ဘုရားကြီး ဂေါပကအဖွဲ့ ဥက္ကဌအဖြစ် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လူယုံတပည့်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေး) အမာခံ၊ စစ်အုပ်စုခန့် မန္တလေးမြို့တော်ဝန်ဟောင်း ဦးကျော်ဆန်းကို ခန့်အပ်လိုက်တယ်လို့ စစ်အုပ်စုက ဇွန် ၁၃ရက်မှာ သတင်း ထုတ်ပြန်ပါတယ်။ အာဏာသိမ်းပြီးနောက် ၂၀၂၃ မှာ…