Author: Baby Yit Lone
-

မလေးရှားနိုင်ငံမှာ အလုပ်လုပ်နေတဲ့ ကသာမြို့ခံအမျိုးသားတစ်ဦး အသတ်ခံရ
မလေးရှားနိုင်ငံ၊ ဘီဒိုးမြို့က မျက်နှာကြက်လုပ်ငန်းစက်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတစ်ဦး အသတ်ခံခဲ့ရပြီး မိသားစုဝင်တွေက အမှုမှန်ပေါ်ပေါက်ဖို့လိုလားကြောင်း ပြောပါတယ်။ သေဆုံးသူဟာ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာမြို့က အသက် ၃၈ နှစ်အရွယ် ကိုရဲဝင်းလှိုင်ဖြစ်တယ်လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက်နေ့ ညနေ ၅ နာရီလောက်မှာ မိသားစုနဲ့ နောက်ဆုံးအဆက်သွယ်ရခဲ့တာဖြစ်ပြီး ဒီဇင်ဘာ ၃၁ ရက်နေ့မှာ မလေးရှားရဲတွေက အလောင်းကိုရှာဖွေတွေ့ရှိခဲ့တာဖြစ်ကြောင်း မိသားစုဝင်က ဆိုပါတယ်။ “ရဲတစ်ယောက်က သူဌေးစက်ရုံကိုလာပြီး သူဌေးကို နင့်စက်ရုံက အရှည်ကြီး အသတ်ခံရကြောင်း လာပြောသွားတာပါတဲ့။ ကျွန်မက ကိုရဲဝင်းလှိုင်နဲ့ တစ်ရက်မှမပျက် အဆက်သွယ်ရနေတဲ့သူပါ။ ကိုရဲဝင်းပျောက်ဆုံးနေတယ်လို့သိရကတည်းက ဆက်တိုက်ပဲစုံစမ်းနေခဲ့တာ” စက်ရုံသူဌေးက သေဆုံးသူမိသားစုဝင်တွေကို ကိုရဲဝင်းလှိုင်သေဆုံးမှုကို အသိပေးအကြောင်းကြားခြင်း မရှိခဲ့တာကြောင့် မိသားစုဝင်တွေက ခက်ခက်ခဲခဲစုံစမ်းခဲ့ရပြီး ဖေဖော်ဝါရီလ…
-

ကြောက်ရွံ့တုန်လှုပ်စွာ ငိုကြွေးနေတဲ့ ကွန်မန်ဒိုစစ်သားကို နှစ်သိမ့်ပေးနေရတဲ့ KIA ပူးပေါင်းတပ်က ရဲဘော်တွေ (ရုပ်သံ)
ဝိုင်းမော် တိုက်ပွဲအတွင်း ဖမ်းဆီးရမိချိန်မှာ ကြောက်ရွံ့တုန်လှုပ်စွာ ငိုကြွေးနေတဲ့ ကွန်မန်ဒိုစစ်သားကို နှစ်သိမ့်ပေးနေရတဲ့ KIA ပူးပေါင်းတပ်က ရဲဘော်တွေ ကချင်ပြည်နယ်၊ဝိုင်းမော်မြို့တိုက်ပွဲမှာ ဖမ်းမိတဲ့ စစ်ကောင်စီတပ်က ကွန်မန်ဒိုစစ်သား စစ်သုံ့ပန်းတဦးရဲ့ ရုပ်သံကိုကချင်စစ်ရေးသတင်းရင်းမြစ်တွေဖက်ကထုတ်ပြန်လာပါတယ်။ အဲ့ဒီ့ရုပ်သံမှတ်တမ်းထဲမှာ ဖမ်းမိစစ်သုံ့ပမ်းဟာ သေမှာကြောက်ရွံ့လို့ ငိုကြွေးတောင်းပန်နေတာတွေ့ရပြီး KIA ပူးပေါင်းတပ်ဖွဲ့တွေက “ မင်းကို သတ်မလို့မဟုတ်ဘူး သဘောပေါက်လား။ မင်းဘာလို့ ငိုနေတာလဲ။ လမ်းကြောင်း သိသွားမှာစိုးလို့။ အေးအေးဆေးဆေးပဲ။ မင်းကို ဘယ်သူမှ မသတ်ဘူး။ ငါမေးတာကိုပဲ ကောင်းကောင်းဖြေ ငါးကြင်းမှီးနဲ့ဘယ်ကပစ်တာလဲ”ဆိုပြီးပြောဆိုနေတာကိုတွေ့ရပါတယ်။ ဒါ့အပြင်ကြောက်ရွံ့တုန်လှုပ်စွာငိုကြွေးနေတဲ့စစ်သုံ့ပန်းကိုလဲသတ်မှာမဟုတ်တဲ့အကြောင်း KIA ပူးပေါင်းတပ်ရဲဘော်တွေဖက်ကအာမခံပြောဆိုနေတာကိုလဲတွေ့ရပါတယ်။ ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့တော်လှန်ရေးပူးပေါင်းတပ်တွေဟာ အခုလထဲမှာပဲ ဝိုင်းမော်မြို့က စစ်ကောင်စီ တပ်စွဲရာနေရာတွေ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက်စစ်ကောင်စီဖက်ကလဲလက်နက်ကြီး၊လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပြန်လည်ခုခံနေတယ်လို့သိရပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ် ဗန်းမော်၊ ဝိုင်းမော်၊ ဖားကန့်မြို့နယ်တွေနဲ့ မိုးညှင်းမြို့နယ်…
-

ဖူးခက်မှာ တရွာလုံးအိပ်မရအောင် ညလုံးပေါက် အော်ဟစ် လိင်ဆက်ဆံသည့် နိုင်ငံခြားသားစုံတွဲ အတိုင်ခံရ
ဖူးခက် (Phuket) ဒေသခံများသည် ညဉ့်နက်ပိုင်းတွင် အသံကျယ်လောင်စွာ လိင်ဆက်ဆံလေ့ရှိသည့် ၎င်းတို့၏ နိုင်ငံခြားသား အိမ်နီးချင်း စုံတွဲတစ်တွဲအား ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးများထံ တိုင်ကြားခဲ့ကြောင်း သိရသည်။ ဒေသခံများ၏ တိုင်ကြားချက်အရ အဆိုပါ စုံတွဲသည် ည ၁၀ နာရီမှ မနက် ၄ နာရီအထိ ညတိုင်း ကျယ်လောင်သည့် ညည်းညူသံများ ပြုလုပ်လေ့ရှိပြီး ယင်းကဲ့သို့ ဆူညံသံများကြောင့် အနီးအနားတွင် နေထိုင်သူများမှာ အိပ်စက်ရာတွင် အနှောင့်အယှက် ဖြစ်ခဲ့ရသည်ဟု ဆိုသည်။ ထို့ကြောင့် မနေ့က ဒေသဆိုင်ရာ အုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူများသည် အဆိုပါ ရွာသို့ သွားရောက် စစ်ဆေးခဲ့ရာတွင် အသက်လတ်ပိုင်း နိုင်ငံခြားသား အမျိုးသားတစ်ဦးနှင့် တွေ့ဆုံခဲ့သည်။ ၎င်းအမျိုးသားသည် ဆူညံသံတိုင်ကြားချက် မှန်ကန်ကြောင်း ဝန်ခံခဲ့ပြီး ယခင်ကလည်း ရဲတပ်ဖွဲ့၏…
-

စစ်ကိုင်းတိုင်းထိ ခြေဆန့်ထားသည့် AA စစ်ရေးအရွှေ့
အာရက္ခတပ်တော် (AA) သည် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်အနှံ့ ဒေသတိုင်းတွင် တပ်အင်အား ဖြန့်ကျက်ထားပြီး မဟာမိတ်တပ်များနှင့် မြေပြင်စစ်ဆင်ရေး ဆင်နွှဲနေသည်။ ပြီခဲ့သည့် ရက်ပိုင်းကလည် စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်အတွင်း စစ်ကောင်စီ၏ တပ်စခန်း ၄ ခုကို NUG လက်အောက်ခံ ဒေသကာကွယ်ရေးတပ် PDF နှင့် ပူးပေါင်းပြီး သိမ်းပိုက်လိုက်သည်။ ထိုသို့ စစ်ကိုင်းတိုင်းတွင် NUG၊ AA နှင့် နွေဦး ပြည်သူ့ကာကွယ်ရေးတပ်များ ပူးပေါင်းပြီး တိုက်ပွဲဝင်နေခြင်းသည် မြန်မာ့တော်လှန်ရေးအရွေ့ကို မြန်ဆန်စေသည်ဟု စစ်ရေး၊ နိုင်ငံရေး အကဲခတ်များက ပြောဆိုကြသည်။ “ကန့်ဘလူ ခရိုင်အတွင်းမှာ ဒီအောင်ပွဲအရွေ့က စိတ်ဓာတ် တက်ကြွတက်စေတာ တွေ့ရတယ်။ ERO အဖွဲ့တွေနဲ့ ပူးပေါင်းပြီး တိုက်မယ်ဆိုရင် ရက်ပေါင်း ၆၀ အတွင်း ဒီလောက်ရရင်…
-

သေဆုံးနှုန်း မြင့်မားသည့် နီပါးဗိုင်းရပ်စ်ကူးစက်မှု ‘အကန့်အသတ်’ ရှိဟု သိပ္ပံပညာရှင်များ ယူဆ
နီပါးဗိုင်းရပ်သည် ဗိုင်းရပ်စ်ကို စတင်တွေ့ရှိခဲ့သည့် မလေးရှားနိုင်ငံရှိ ရွာအမည်ကို အစွဲပြု၍ အမည်ပေးထားခြင်းဖြစ်ပြီး လင်းဆွဲများမှတဆင့် အဓိက ကူးစက်တတ်သော ရောဂါတခု ဖြစ်သည်။ ယင်းဗိုင်းရပ်စ်မှာ သေဆုံးနိုင်ခြေ မြင့်မားသော်လည်း ကူးစက်ပျံ့နှံ့နိုင်စွမ်းမှာ ယနေ့အထိ အကန့်အသတ်ရှိသည်ဟု သိပ္ပံပညာရှင်များက ယူဆထားကြသည်။ ၂၀၂၆ ခုနှစ် အစောပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ အမျိုးသမီးတဦး သေဆုံးမှုနှင့် အိန္ဒိယနိုင်ငံ မြောက်ပိုင်းတွင် ကူးစက်မှုအချို့ကို အတည်ပြုမှုများအပြီး ရောဂါပိုမိုပျံ့နှံ့လာမည်ကို စိုးရိမ်မှုများ မြင့်တက်လာကာ ကမ္ဘာ့ကပ်ရောဂါ ခြိမ်းခြောက်မှုအဖြစ်ပင် ရှုမြင်လာကြသည်။ ထိုင်း၊ မလေးရှားနှင့် စင်ကာပူနိုင်ငံတို့က ၎င်းတို့၏ နယ်စပ်ဂိတ်များတွင် စစ်ဆေးမှုများကို ချက်ချင်း တိုးမြှင့်ဆောင် ရွက်ခဲ့ကြသည်။ ၂၀၂၆ ခုနှစ် အစောပိုင်းမှစ၍ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်တွင် ကူးစက်မှုများ ဖြစ်ပွားခဲ့ သော် လည်း…