Author: Baby Yit Lone
-

Anniversary
Anniversary (2025) ဒီဇာတ်ကားလေးကတော့ မိသားစုဝင်တွေကြားထဲမှာ နိုင်ငံရေးအယူဝါဒတွေကွဲပြားသွားတဲ့အခါ ဘယ်လိုပြိုလဲပျက်စီးသွားနိုင်လဲဆိုတာကို ပုံဖော်ထားတဲ့ Political Thriller ဇာတ်လမ်းလေးဖြစ်ပါတယ်။ IMDb 7.0 ထိရရှိထားပြီး Diane Lane ,Kyle Chandler , Phoebe Dynevor,Dylan O’Brien တို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါိရိုက်တာကတော့ Jan Komasa ပါ။ ဇာတ်လမ်းအစမှာတော့ တေလာမိသားစုရဲ့ အိမ်ထောင်ဦးစီးဖြစ်သူ အယ်လန် နဲ့ ပေါလ်လို့ရဲ့ ၂၅နှစ်မြောက် မင်္ဂလာနှစ်ပတ်လည်နေ့ကို ကျင်းပဖို့အတွက် မိသားစုတွေစုဝေးခဲ့ကြပါတယ်။ အယ်လန်ဟာ နိုင်ငံရေးပညာရှင် ပေါလ်ဟာ စားသောက်ဆိုင်ပိုင်ရှင်ဖြစ်ပြီးတော့ သူတို့သားသမီးတွေဟာလည်း ကိုယ်ပိုင်ဘဝတွေနဲ့ အောင်မြင်နေကြသူတွေပါ။ သို့သော် တစ်ယောက်တည်းသောသားဖြစ်သူ ဂျော့ရှ် ဟာ သူ့ရဲ့ ချစ်သူ လစ်ဇ် နက်တယ်လ်စ် ကို မိသားစုနဲ့ မိတ်ဆက်ပေးလိုက်ချိန်မှာတော့…
-

Red River
Red River (1988) Old But Gold ဇာတ်ကားတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ ကျွန်တော်တို့ ၉၀ ပြည့်နှစ်ဖွားတွေမှာ ကောင်းဘွိုင်မရူးခဲ့တဲ့လူ ခပ်ရှားရှားပါပဲ။ အခုလည်း ကောင်းဘွိုင်ဇာတ်ကားကောင်းတစ်ခုကို ရှုစားစေချင်ပါတယ်။ အမေရိကန်ပြည်တွင်းစစ်အပြီး စီးပွားပျက်နေတဲ့ တောင်ပိုင်းပြည်နယ် တက္ကဆက်က နွားခြံပိုင်ရှင်တစ်ဦးနဲ့ သူ့ရဲ့ မွေးစားသားတို့ရဲ့ မြောက်ပိုင်းဒေသကို နွားအုပ်မောင်းပြီး ဝယ်သူသွားရှာတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ လမ်းခရီးတစ်လျှောက် သားအဖ၊ မိတ်ဆွေတွေကြားက ချစ်ခြင်း၊ မုန်းခြင်း၊ ငွေကြေးနဲ့ မိန်းမအတွက် မနာလိုခြင်း၊ ကောင်းဘွိုင်တွေကြားက သစ္စာတရား စသဖြင့် ဆေးရောင်စုံခြယ်မှုန်းထားတဲ့ ဤဇာတ်ကားမှာ James Arness, Bruce Boxleitner, Gregory Harrison နဲ့ Laura Johnson တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာကတော့ Richard Michaels…
-

Crimes and Misdemeanors
Crimes and Misdemeanors (1989) နယူးယောက်ကာမှာ ဘုရားသခင်ကိုရှာဖို့ အလွတ်စုံထောက်ငှားတဲ့အကြောင်း ဝူဒီအယ်လန်က ဝတ္ထုတိုတစ်ပုဒ်ရေးဖူးတယ်။ အဲဒီဇာတ်မှာ စုံထောက်က ဘုရားသခင်ကိုရှာမတွေ့ဘဲ ဘုရားသခင်ကို ဖြစ်တည်မှုပဓာနဝါဒီတစ်ယောက်က သတ်လိုက်ပြီဆိုတာကိုပဲ သိခဲ့ရတယ်။ အင်ဂမာဘာ့ခ်မန်းက ဝူဒီအယ်လန်ကို လွှမ်းမိုးမှုအရှိဆုံး ဒါရိုက်တာလို့ အယ်လန်ကိုယ်တိုင်ပြောခဲ့ဖူးတယ်။ အယ်လန်က ဘာ့ခ်မန်းက သူကြည့်ဖူးသမျှထဲ အကြီးကျယ်ဆုံးရုပ်ရှင်ဖန်တီးသူလို့မြင်ခဲ့တယ်။ ဒါကြောင့်မို့လည်း နေမယ် အယ်လန်ရဲ့တစ်ချို့ရုပ်ရှင်တွေက တစ်ခုခုကို ချပြတာမဟုတ်ဘဲ မေးခွန်းတစ်ခုခုထုတ်နေသလိုဖြစ်နေတာတွေလည်းရှိတယ်။ ဘာ့ခ်မန်းကတော့ အမြဲအဲဒီအလုပ်ကိုပဲ လုပ်ခဲ့တာပါ။ ဘာ့ခ်မန်းဟာ ဘုရားသခင်ကို ရှာတယ်။ ဖြစ်တည်မှုကို ရှာတယ်။ ဒါပေမဲ့ ဘာ့ခ်မန်းက ယုံကြည်သူတစ်ယောက်ရဲ့ ရှာနည်းမျိုးနဲ့ရှာတာ။ အယ်လန်ကတော့ Absurdityနဲ့ Existentialismတို့ဘက် ပိုရောက်တယ်ဆိုတော့ သူက မယုံကြည်သူတစ်ယောက်ရဲ့ ရှာနည်းမျိုးနဲ့ရှာတယ်။ သူ့Idolနဲ့ ဝူဒီအယ်လန်က ဆုံဖူးရင်းနှီးဖူးခဲ့တုန်းကတော့ ဘယ်လိုများအပေါက်အလမ်းတည့်ကြသလဲ မသိဘူးပေါ့။…
-
PDF တွေတပ်စွဲထားတဲ့နေရာအထိ တပ်ဖြန့်ပြီးကာကွယ်ပေးမယ်ဆိုတာက များသွားပြီ
တရုတ်ဖိအားကြောင့် မိုးကုတ်ကနေ ဆုတ်ခွါပေးဖို့သဘောတူရတဲ့အထိ TNLA ကို အပြစ်မတင်ရက်သေးဘူး။ အခု အကြမ်းဖက်တွေ အန္တရယ်ကင်းကင်းဝင်လာနိုင်ဖို့ TNLA က PDF တွေတပ်စွဲထားတဲ့နေရာအထိ တပ်ဖြန့်ပြီးကာကွယ်ပေးမယ်ဆိုတာက များသွားပြီလို့ပြောရမယ်။ ဒါက တရုတ်ဖိအားမဟုတ်တော့ဘူး၊ အကြမ်းဖက်စစ်တပ်နဲ့ အပေးအယူသဘောလုပ်တာဆိုတာ သိသာလွန်းအားကြီးသွားပြီလို့ပြောချင်တယ်။ အသေခံတိုက်ယူ၊ သိမ်းယူတုန်းက PDF တွေရဲ့အသက်တွေအများကြီးစတေးခဲ့ရပြီး ဘယ်လိုမှအပြန်အလှန်၊ အသိအမှတ်ပြုလေးစားမှုမရှိတာ စိတ်ထဲတော်တော်ဘဝင်မကျဖြစ်တယ်။ ၁၀၂၇ စစ်ဆင်ရေးမှာ MNDAA ၊ TNLA တို့နှင့် သွားပေါင်းတိုက်တဲ့ PDF တွေက NUG ကို ခွင့်ပြုချက်တောင်းပြီး ၊ အသိပေးပြီးသွားပူးပေါင်းတာမဟုတ်ခဲ့ဘူး။ NUG နှင့် MNDAA , TNLA တို့ညှိနှိုင်း၊ နိုင်ငံရေးစစ်ရေးမဟာဗျုဟာချပြီးတိုက်ခဲ့တာမဟုတ်တော့ ERO တွေက ဘာနိုင်ငံရေးဩဇာမှမရှိတဲ့ PDF တွေကို ဖုတ်လေတဲ့ငပိရှိတယ်လို့တောင်မမြင်ပဲ သူတို့ဆက်ဆံချင်သလိုဆက်ဆံကြတာဖြစ်တယ်။…
-
အရှေ့တောင်အာရှရှိ ကျားဖြန့်ခေါင်းဆောင်များဖမ်းမိရေး အမေရိကန်က ဧရာမဆုကြေးငွေဖြင့် ကမ်း လှမ်း
အမေရိကန်အရာရှိများသည် လွန်ခဲ့သည့်ငါးနှစ်နီးပါးက ဒေါ်အောင်ဆန်းစုကြည်အစိုးရကို ဖြုတ်ချခဲ့ သောစစ်ကော်မရှင်တပ်မှ စစ်ဗိုလ်ချုပ်ကြီးများနှင့် ၎င်းတပ်အတွက် အဓိကငွေကြေးထောက်ပံ့သူ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ကို တုန်လှုပ်သွားစေဟန်ရှိသည့် ပြင်းထန်သော အစီအမံတရပ်ကို ယခုလ အစောပိုင်းက ချမှတ်ခဲ့သည်။ အမေရိကန်အကြီးတန်းအရာရှိများက နိုဝင်ဘာလ ၁၃ ရက်နေ့တွင် လိမ်လည်မှုစင်တာနှိမ်နင်းရေး တပ်ဖွဲ့ (US Scam Centre Strike Force)ကို ဖွဲ့စည်းကြောင်းကြေညာခဲ့ပြီးနောက် ထိုင်း-မြန်မာနယ်စပ်အနီးရှိ လူလိမ်ဂိုဏ်းများအား နှိမ်နင်းရေးကြိုးပမ်းမှုများမှာ ပိုမိုပြင်းထန်လာသည်။ ထို့နောက် စစ်ကော်မရှင်အရာရှိများသည် ပြီးခဲ့သည့်သီတင်းပတ်က ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင် သော (BGF/KNA) အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ပြီး နယ်စပ်ရှိ လိမ်လည်မှုစင်တာများကို ချက်ချင်းနှိမ်နင်းရန် စစ်ခေါင်း ဆောင် မင်းအောင်လှိုင်က ညွှန်ကြားထားကြောင်းပြောခဲ့သည်ဟု Reuters သတင်းဌာနက နိုဝင်ဘာ ၂၁ က ဖော်ပြခဲ့သည်။ လိမ်လည်မှုစင်တာများကြောင့်…