Author: Baby Yit Lone

  • Badass Girl

    Badass Girl

    Badass Girl (2025) Animation ချစ်သူများအတွက် ပေါ့ပေါ့ပါးပါး ကြည့်ရှုလို့ရမဲ့ ကိုးရီးယား Animation ကားသစ်လေးကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်ရှင်။ – ဇာတ်လမ်းအကျဉ်း – နာအယ်ရီကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ အပြေးလောကကို စိုးမိုးထားတဲ့ နိုင်ငံ့ကိုယ်စားပြု လူငယ် တာတိုအပြေးသမားတစ်ဦးပါ။ ဒါပေမယ့် အယ်ရီရဲ့ အောင်မြင်မှုတွေကြား အရိပ်လိုလိုက်နေတဲ့ အတိတ်တစ်ခုရှိနေပါတယ်။ အဲဒါကတော့ အယ်ရီ့ကို တစ်ကြိမ်တစ်ခါတည်း ရှုံးနိမ့်အောင် လုပ်ခဲ့ဖူးတဲ့ ရွှေတံဆိပ်ဆုရှင်ဟောင်း ဟာနီပါပဲ။ ဒီလိုနဲ့ အယ်ရီက ဟာနီ့နည်းပြရဲ့လက်အောက်မှာ သင်ယူရဖို့အတွက် ဘစ်နာရီအထက်တန်းကျောင်းကို ကျောင်းပြောင်းဖြစ်သွားပြီး အဲဒီကျောင်းမှာ ဟာနီနဲ့ ပြန်ဆုံတွေ့ရပါတော့တယ်။ တစ်ယောက်နဲ့ တစ်ယောက် အားပြိုင်နေကြတဲ့ အယ်ရီနဲ့ ဟာနီတို့နှစ်ဦးက မြို့လယ်လမ်းကြားတွေထဲမှာ ယှဉ်ပြိုင်ရတဲ့ “S-RUN” ဆိုတဲ့ လက်ဆင့်ကမ်း အပြေးပြိုင်ပွဲလေးမှာ တစ်သင်းတည်းအနေနဲ့…

  • Last Days

    Last Days

    Last Days (2025) မိမိရဲ့ ဘဝဦးတည်ရာက ဘုရားသခင်ပဲဖြစ်ရမယ်လို ကြုံးဝါးခဲ့တဲ့ သာသနာပြုဆရာလေးဂျွန်…။ သူဟာ ဆရာဝန်ဖြစ်စေချင်တဲ့ အဖေ့ဆန္ဒကို လွန်ဆန်ပြီး သူ့အိပ်မက်နောက်ကို လိုက်နိုင်ဖို ကြိုးစားခဲ့တယ်။ တစ်နေ့မှာ အစိုးရတွေကတောင် ဝင်ခွင့် တားမြစ်ထားတဲ့ အိန္ဒိယကျွန်းတစ်စုက လူတွေကို သာသနာပြုနိုင်ဖိုအတွက်ဆိုတဲ့ အိပ်မက်ကို လက်စွဲကိုင်ထားရင်းပေါ့။ ဒါပေမဲ့ သူ့ရဲ့ ရည်မှန်းချက်ပန်းတိုင်ဟာ တကယ်ပဲ အဲဒီလူမျိုးတွေအပေါ်ထားတဲ့ စိတ်ကောင်းစေတနာကြောင့်လား၊ ကိုယ့်ကိုယ်ကိုယ် ရှာမတွေတဲ့ လူငယ်လေးတစ်ယောက်ရဲ့ မိုက်ရူးရဲဆန်မှုတစ်ခုရယ်လား….။

  • မကွေးတိုင်း၊ ချောက်မြို့နယ်တွင် စစ်တပ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး အရာရှိတစ်ဦးအပါအဝင် ၁၂ ဦးသေဆုံး

    မကွေးတိုင်း၊ ချောက်မြို့နယ်တွင် စစ်တပ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး အရာရှိတစ်ဦးအပါအဝင် ၁၂ ဦးသေဆုံး

    မကွေးတိုင်း၊ချောက်မြို့နယ်တွင်စစ်အုပ်စုယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး အရာရှိတစ်ဦးအပါအဝင် ၁၂ ဦးသေဆုံးသွားကြောင်းသတင်းရရှိသည်။ အမှတ် (၃) ပြည်ထောင်စုလမ်းမကြီးပေါ်တွင်စစ်ကောင်စီယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များကကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိတစ်ဦးအပါအဝင် စုစုပေါင်း ၁၂ ဦး သေဆုံးသွားကြောင်း ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၃ ရက်နေ့၊ နံနက် ၆ နာရီအချိန်ခန့်တွင် ချောက်မြို့နယ်အတွင်းရှိပြည်ထောင်စုလမ်းမကြီးပေါ်၌ စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့် ယာဉ်တန်းကိုချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် မကွေးခရိုင် ပကဖပူးပေါင်းတပ်ဖွဲ့များက သုံးကြိမ်တိုင်တိုင် မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ “မိမိတို့မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များမှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီးရန်သူစစ်ကောင်စီ အရာရှိတစ်ဦးနဲ့ တပ်သား ၁၁ ဦး သေဆုံးသွားကြောင်းသိရှိရပါတယ်” ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ အဆိုပါစစ်ဆင်ရေးကို ချောက်မြို့နယ် ပကဖ နှင့် မကွေးခရိုင် ပကဖ တို့က…

  • မအူပင်မြို့တွင် ဆိုင်ကယ် ကယ်ရီမောင်းသူ ၁ ဦး အသတ်ခံရ

    မအူပင်မြို့တွင် ဆိုင်ကယ် ကယ်ရီမောင်းသူ ၁ ဦး အသတ်ခံရ

    ဧရာဝတီတိုင်း၊ မအူပင်မြို့၊ အမှတ်၇ ရပ်ကွက် ခိုင်နေဝင်းလမ်းမှာ နေထိုင်တဲ့ ဦးသန်းဝင်းဟာ ဒီဇင်ဘာ ၂၉ ဒီနေ့မနက်အစောပိုင်းမှာ ကယ်ရီအငှားလိုက်သွားစဥ် လည်ပင်းကို ဓားနဲ့လှီးသတ်ခံရတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ သေဆုံးသူ ဦးသန်းဝင်းဟာ အသံချဲ့စက် အငှားလိုက်ဖွင့်တာ၊ ဆိုင်ကယ် ကယ်ရီမောင်းတာတွေ လုပ်နေသူဖြစ်ပြီး မနက်အစောပိုင်း ဆိုင်ကယ်ကယ်ရီ အငှားလိုက်သွားတဲ့အချိန် မအူပင်မြို့ အိုင်ဝိုင်း စာသင်ကျောင်းအရှေ့မှာ လည်ပင်းကို ဓားနဲ့အလှီးခံရတဲ့ ဒဏ်ရာနဲ့ တွေ့ခဲ့တာလို့ ဆိုပါတယ်။ သေဆုံးသူ ဦးသန်းဝင်း မိသားစုနဲ့ နီးစပ်သူတယောက်က “ဒီမနက် ၅ နာရီခွဲလောက်က ကယ်ရီ ခေါ်လို့ လိုက်သွားတာ။ အိုင်ဝိုင်းလမ်း စာသင်ကျောင်း လူပြတ်တဲ့နားရောက်တော့ ရောက်ပြီ၊ အရှိန်လျှော့လို့ ပြောလို့ အရှိန်ရှော့တဲ့အချိန် အနောက်ကနေ လည်ပင်းကို ဓားနဲ့လှီးပြီး ပြေးတာ…

  • ညောင်ဦးနယ်က ရွေးကောက်ပွဲမဲရုံ စီးနင်းခံရပြီး စစ်သား၅ဦးသေ၊ မဲပေးပွဲ ဖျက်သိမ်းသွား

    ညောင်ဦးနယ်က ရွေးကောက်ပွဲမဲရုံ စီးနင်းခံရပြီး စစ်သား၅ဦးသေ၊ မဲပေးပွဲ ဖျက်သိမ်းသွား

    ညောင်ဦးနယ်က ရွေးကောက်ပွဲမဲရုံ စီးနင်းခံရပြီး စစ်သား၅ဦးသေ၊ မဲပေးပွဲ ဖျက်သိမ်းသွား မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ စစ်အုပ်စု တရားမဝင်အတုအယောင်ရွေးကောက်ပွဲမဲရုံများကို ဝင်ရောက် တိုက်ခိုက်ခဲ့ ရာ စစ်သား ၅ ဦးသေဆုံးပြီး မဲလက်မှတ်များကို လက်ခံနိုင်ခြင်းမရှိပဲ ရုတ်သိမ်းသွားကြောင်း ပြည်သူ့ ဒီမိုကရက်တစ်တပ်တော် – PDA က ထုတ်ပြန်ထားပါတယ်။ မနေ့ ဒီဇင်ဘာလ ၂၈ရက် နံနက်ပိုင်းနဲ့ နေ့လယ်ပိုင်းတို့မှာ ညောင်ဦးမြို့ အနီးနားကျေးရွာတွေဖြစ်တဲ့ ပြွန်ရွာ၊ ညောင်ပင် ကန်ရွာနဲ့ ရွှေလှိုင်းကျေးရွာများရှိ မဲရုံများကို ဝင်ရောက် တိုက်ခိုက်မယ်လို့ စစ်ကော်မရှင်က သတင်းရရှိသွားသဖြင့် မဲလက်ခံခြင်းမပြုတော့ပဲ ပြန်လည်ရုတ်သိမ်းသွားကြောင်း သိရပါတယ်။ အလားတူ ဒီဇင်ဘာလ ၂၇ ရက် ညနေ ၆ နာရီခန့်က ညောင်ဦးမြို့နယ် နတ်ပလ္လင်ကျေးရွာနဲ့ ကန်စောင့်ကျေးရွာတို့ရှိ မဲရုံစောင့်ရန်…