Author: Baby Yit Lone

  • Lovesick

    Lovesick

    Lovesick (2025) ကျွန်တော်တို့ တကယ်တမ်း မေ့မရနိုင်တာက လူငယ်ဘဝကိုလား…… ဒါမှမဟုတ် လူငယ်ဘဝထဲက လူတစ်ယောက်ကိုလား…… ဒီလူငယ်ကျောင်းသားကားလေးကိုကြည့်ရင် ဖွင့်မပြောလိုက်ရတဲ့ ငယ်ဘဝကခံစားချက်တွေကို ဖွင့်ဟလိုက်ကြရအောင်…… ဇာတ်လမ်းအကျဉ်းကတော့… အထက်တန်းအခန်းတစ်ခန်းထဲမှာ ကျောင်းသားနှစ်ယောက်ဟာတိုက်တိုက်ဆိုင်ဆိုင်ပဲ နာမည်ဆင်တူနေပါတယ်။ တစ်ယောက်ကတော့ ပေါ့ပေါ့ပါးပါးနေတတ်ပြီး လက်ရှိဘဝမှာပဲပျော်နေတဲ့ စာညံ့တဲ့ကျောင်းသားဖြစ်ပြီး နောက်တစ်ယောက်ကတော့ တည်ငြိမ်အေးဆေးပြီး အနာဂတ်အတွက် မျှော်လင့်ချက်ကြီးမားတဲ့ စာတော်တဲ့ကျောင်းသူ…… စာညံ့တဲ့ကောင်လေးက ကျောင်းထုတ်ခံရတော့မယ့်အရေးနဲ့ ရင်ဆိုင်နေရချိန်မှာ နေမကောင်းချင်ယောင်ဆောင်လိုက်ရင် ဒီအခြေအနေကနေ လွတ်မြောက်နိုင်မယ်ဆိုတာကို မထင်မှတ်ဘဲ သိလိုက်ရတယ်။ စာတော်တဲ့ကောင်မလေးကတော့ မုသားရှာဖွေရေးရေဒါတပ်ထားသလိုပဲ ကောင်လေးကနေမကောင်းချင်ယောင်ဆောင်နေတယ်ဆိုတဲ့ သက်သေတွေကို အမြဲရှာတွေ့နေတတ်တယ်။ နာမည်ဆင်တူနေတဲ့ သူတို့နှစ်ယောက်ရဲ့ ကံကြမ္မာက တစ်နည်းမဟုတ်တစ်နည်း ဆက်စပ်နေမယ်ဆိုတာကို အရိပ်အမြွက်ပြနေသလိုပါပဲ။ မီးနဲ့ရေလို လုံးဝမတည့်တဲ့ သူတို့နှစ်ယောက်ဟာ ဒီ “နေမကောင်း” ချင်ယောင်ဆောင်တဲ့ အလွဲကြောင့် တစ်ယောက်ကိုတစ်ယောက် စုံထောက်လို အပြန်အလှန်စောင့်ကြည့်ရင်း…

  • The Adventure

    The Adventure

    The Adventure (2025) လူလတ်တန်းစား သက်လတ်ပိုင်းအသက်(၄၀)တစ်ယောက်ဟာ အကျအရွယ်ရောက်လာတဲ့ကိုယ့်ကိုယ်ကို အားမလိုအားမရဖြစ်ပြီး စိတ်ဓာတ်တွေကျနေတဲ့အချိန်မှာ အသက်(၁၈)နှစ်အရွယ်ကိုပြန်ရောက်သွားတဲ့ အချိန်ခရီးသွားဟာသကားလေးပဲဖြစ်ပါတယ်။ အသက်(၄၀)အရွယ် ဟွမ်က ရုတ်တရက် အသက်(၁၈)နှစ်အရွယ်ကိုပြန်ရောက်သွားပြီး အနာဂတ်ကိုပြန်ရေးဖို့ စိတ်အားတွေ ထက်သန်နေတဲ့အချိန်မှာ တစ်ပြိုင်ထဲမှာပဲ အသက်(၁၈)နှစ် ဟွမ် ကရုတ်တရက် အသက်(၄၀)အရွယ်အနာဂတ်ကိုရောက်သွားတော့ သူ့ကိုထိန်းချုပ်မယ့်သူမရှိတော့ဘူးဆိုပြီး ပျော်ပျော်ကြီးလုပ်ချင်ရာလုပ်ပြီး အလုပ်ကိုဖြစ်သလိုလုပ်ပြီး ဘဝကို ယုံကြည့်မှုရှိရှိနဲ့ဖြတ်သန်းဖို့ဆိုင်းပြင်းနေပါတယ်။ အနာဂတ်နဲ့အတိတ်ကသူတို့(၂)ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက်ကူညီပြီး သူတို့ရဲ့ဘဝကို သူဌေးကြီး အဖြစ်ပြောင်းလဲဖို့ကြိုးစားတဲ့အခါမှာ မဖြစ်နိုင်တဲ့အရာတွေက ဖြစ်လာနိုင်မလား…

  • The Sixth Robber

    The Sixth Robber

    The Sixth Robber (2025) ဒီဇာတ်ကားကတော့ အခြေအနေအရပ်ရပ်ကြောင့် မဖြစ်ချင်ပဲဓားပြဖြစ်ခဲ့ပြီး ဒီမကောင်းတဲ့လမ်းကိုပဲဆက်လျှောက်ခဲ့ရတဲ့ ဘဝရဲ့သားကောင်တစ်ယောက်အကြောင်း မှုခင်းဇာတ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း တစ်နိုင်ငံလုံးကိုလှုပ်ခတ်စေခဲ့တဲ့ ဘဏ်ငွေတင်ကားဓားပြတိုက်မှုကြီးတစ်ခုဖြစ်ပွားခဲ့ပါတယ်။ ဓားပြတွေက ဓားပြတိုက်ပြီးရလာတဲ့ငွေတွေကို ဝေစုခွဲရင် အချင်းများပြီးအပြန်အလှန်ပစ်ကြရာ ၄ယောက်သေပြီး ၁ယောက်ဒဏ်ရာရသွားပါတယ်။ စုံစမ်းစစ်ဆေးရေးမှူးကျန်းကျီထောင်းက ဒီအမှုမှာ ၆ယောက်မြောက်တရားခံရှိဦးမယ်ဆိုတာကို သတိပြုခဲ့မိပေမယ့် သက်သေမရှိတာကြောင့် ရဲဘက်ကဆက်ပြီးစုံစမ်းစစ်ဆေးလို့မရပဲ ဒီဓားပြမှုကဒီလိုနဲ့ပြီးသွားခဲ့ပါတယ်။ (၈)နှစ်ကြာပြီးနောက်မှာတော့ ဒဏ်ရာရပြီးထောင်ကျသွားတဲ့ ဝူရှန့်လီကထောင်ကပြန်လွတ်လာပါတယ်။ ထောင်ကထွက်လာခါစဝူရှန့်လီက ၆ ယောက်မြောက်တရားခံကိုပြန်ဆက်သွယ်ပြီး နောက်ထပ်ဓားပြတိုက်ဖို့ ကြိုးစားပါတယ်။ တစ်ဖက်မှာလဲ စုံစမ်းစစ်ဆေးရေးနည်းပညာတွေ တိုးတက်လာတာနဲ့အမျှ ရဲဘက်ကလဲသဲလွန်စအသစ်တွေရလာပါတယ်။ ကျန်းကျီထောင်းက အကြိမ်ကြိမ်အသက်နဲ့ရင်းပြီး အမှုကိုစုံစမ်းခဲ့ပြီး ဓားပြတွေနဲ့ ဉာဏ်ချင်းယှဉ်ခဲ့ပေမယ့် အကြိမ်ကြိမ်လွဲချော်နေခဲ့ပါတယ်။ အမှုကပိုပြီးတင်းမာလာတာနဲ့အမျှ ငွေတင်ကားဓားပြမှုအသစ်ထပ်ဖြစ်လာပြီး နောက်ကွယ်မှာပုန်းနေတဲ့ ၆ ယောက်မြောက်တရားခံကရော ဘယ်လိုအတွက်တွေခင်းဦးမလဲဆိုတာ….

  • ထိုင်းတွင် ကျင်းပသည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှ ကမ္ဘောဒီးယား နုတ်ထွက်

    ထိုင်းတွင် ကျင်းပသည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှ ကမ္ဘောဒီးယား နုတ်ထွက်

    ထိုင်း-ကမ္ဘောဒီးယားနယ်စပ် တင်းမာမှုများကြောင့် အားကစားသမားများ၏ လုံခြုံရေးစိုးရိမ်ရသည့် အခြေအနေကို အကြောင်းပြ၍ အဖွဲ့ဝင် ၁၃၇ ဦးပါဝင်သော ကမ္ဘောဒီးယားအားကစားအဖွဲ့ သည် ထိုင်းနိုင်ငံတွင် ကျင်းပနေသည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(SEA Games) မှ နုတ်ထွက်ကြောင်း ပြောကြားလိုက်သည်။ ကမ္ဘောဒီးယားအဖွဲ့သည် (၃၃) ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်မှ နုတ်ထွက်ကြောင်း ကြေညာပြီး ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခကြောင့် ဖြစ်ပေါ်လာသော လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကို ထောက်ပြကာ ကြာသပတေးနေ့တွင် ၎င်းတို့နိုင်ငံသို့ ပြန်လည်ထွက်ခွာမည်ဟု ပြောကြားခဲ့သည်။ ဗုဒ္ဓဟူးနေ့ နံနက် ၁၁ နာရီတွင် ပြိုင်ပွဲစီစဉ်သူများထံ နုတ်ထွက်ကြောင်း အတည်ပြုစာတရားဝင် တင်သွင်းရန် ယင်းအဖွဲ့က စီစဉ်ထားသည်။ ကမ္ဘောဒီးယား ကိုယ်စားလှယ်အဖွဲ့သည် ရာဇမန်ဂလာ အမျိုးသားအားကစားကွင်းတွင် ပြုလုပ်ခဲ့သော ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်ခဲ့သည်။ အားကစားသမားနှင့်…

  • ထိုင်း-ကမ္ဘောဒီးယား တိုက်ပွဲများ ရပ်တန့်ရန် ဖုန်းခေါ်ဆိုမည်ဟု ထရမ့် ပြော

    ထိုင်း-ကမ္ဘောဒီးယား တိုက်ပွဲများ ရပ်တန့်ရန် ဖုန်းခေါ်ဆိုမည်ဟု ထရမ့် ပြော

    အာရှ အိမ်နီးချင်းနှစ်နိုင်ငံ ထိုင်းနှင့် ကမ္ဘောဒီးယားကြား ဇူလိုင်လအတွင်းက ငါးရက်ကြာ တိုက်ပွဲကို အောင်မြင်စွာ အပစ်အခတ် ရပ်စဲအောင် ကြားဝင်စေ့စပ်ပေးခဲ့သူ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လက်ရှိ ထပ်မံ ဖြစ်ပွားနေသော သုံးရက်တိုင်ပြီဖြစ်သည့် ထို နှစ်နိုင်ငံကြား တိုက်ပွဲ ရပ်တန့်ရေးအတွက် ဖုန်းခေါ်ဆိုမှု ပြုလုပ်မည်ဟု ပြော သည်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး စီဟာဆတ်ပေါင်ကတ်ကူးက နယ်စပ်ပဋိပက္ခကို ညှိနှိုင်းဆွေးနွေးနိုင်ရေး အလားအလာ မရှိကြောင်း အင်္ဂါနေ့က ပြုလုပ်သည့် အင်တာဗျူးတရပ်၌ ပြောပြီး အခြေအနေက ကြားလူ ဝင်ရောက်စေ့စပ်၍ အဆင်မပြေနိုင်ကြောင်း ထပ်လောင်း ဆိုသည်။ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်၏ ထိပ်တန်းအကြံပေးတဦးကမူ ၎င်းတို့နိုင်ငံက ”စကားပြောဆိုရန် အချိန်မရွေး အသင့်ရှိကြောင်း” ပြောသည်။ ပန်ဆယ်ဗေးနီးယားတွင် အင်္ဂါနေ့ စုဝေးပွဲတရပ်၌ ထရမ့်က အရှေ့တောင်အာရှ၌ တကျော့ပြန်…