Author: Baby Yit Lone
-

မြို့သိမ်းလို့ မြို့ပျက်တာလား၊ မစားရတဲ့အမဲ သဲနဲ့ပက်တာလား
အကြမ်းဖက် စစ်တပ်နဲ့ သူတို့ရဲ့ ထောက်ခံသူတွေဟာ မြို့ခံ ဂရုတွေထဲမှာ ၆၈၀၀ စားတွေနဲ့ နည်းမျိုးစုံ ရိုက်သွင်းနေတဲ့ ဝါဒဖြန့်စကားတစ်ခွန်း ရှိပါတယ်။ အဲဒါကတော့ “မြို့သိမ်းရင် မြို့ပျက်လိမ့် မယ်” ဆိုတဲ့ အယူအဆပါ။ ကျွန်တော်တို့ သေချာ စဉ်းစားကြည့်ရအောင်။ တကယ်တမ်း မြို့တွေကို ဖျက်ဆီးနေတာ ဘယ်သူလဲ။ တော်လှန်ရေး တပ်တွေက သူတို့ အုပ်ချုပ်ရမယ့်၊ သူတို့ မိဘဆွေမျိုးတွေ နေထိုင်တဲ့ မြို့တွေကို ဖျက်ဆီးမလား။ တကယ်တမ်း မြို့ပျက်အောင် လုပ်နေတာက မြေပြင်မှာ စစ်ရှုံးလို့ လူမဆန်စွာ ရမ်းသမ်းဗုံးကျဲနေတဲ့ အကြမ်းဖက် စစ်တပ်ပဲ ဖြစ်ပါတယ်။ ကောလင်းမြို့၊ ခါမ်းပါတ်မြို့ စတဲ့ မြို့တွေကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်စဉ်က မြို့ဟာ အကောင်းအတိုင်း ရှိနေပါသေးတယ်။ ဒါပေမဲ့ စစ်ကောင်စီဟာ…
-

ထွက်မပြေးနဲ့ ရှက်သွေးလေးရယ်
အန်ကယ်ထွန်း ဒီတခေါက်လာတော့ အသားဖြူဖြူနဲ့ ကောင်လေးတစ်ယောက် သူနှင့်အတူ ပါလာသည်။ အန်ကယ်ထွန်း၏ အမည်အပြည့်အစုံက ဦးထွန်းခင်ကျော် ဖြစ်သည်။ နီလာ၏ဖခင်ဖြစ်သူ ဦးမောင်မောင်ဦး၏ ငယ်သူငယ်ချင်းဖြစ်သည်။ အန်ကယ်ထွန်းက မော်လမြိုင်တွင် အလုပ်တာဝန်ထမ်းဆောင်နေသူတစ်ဦးဖြစ်ပြီး နီလာတို့ရှိရာ ရန်ကုန်သို့ နှစ်လသုံးလလျှင် တစ်ခေါက် လာရောက်တတ်သည်။ သူလာလျှင်လည်း နီလာတို့အိမ်တွင် အမြဲတည်းခိုလေ့ရှိသည်။ အန်ကယ်ထွန်း အိမ်ထောင်မကျမှီက နီလာတို့အိမ်တွင် အတူနေထိုင်ခဲ့ဖူးသည်။ ထိုသို့နေထိုင်စဉ်ကာလ တစ်လျှောက်လုံးတွင် လူမမယ် ကလေးဘဝတွင်သာ ရှိသေးသော နီလာကို အန်ကယ်ထွန်းက ထိန်းကျောင်းပေးခဲ့သည်။ နီလာကို အလိုလည်းလိုက်သည်။ ချစ်လည်းချစ်သည်။ နီလာ၏ ကလေးဘ၀ကာလ တော်တော်များများသည် အန်ကယ်ထွန်း၊ ဦးထွန်းခင်ကျော်၏ လက်ပေါ်တွင် ကြီးပြင်းခဲ့ရသည်ဟု ဆိုရမည်ဖြစ်သည်။ ထို့နောက် အန်ကယ်ထွန်း အိမ်ထောင်ကျသွားတော့ နီလာတို့နှင့်အတူ မနေတော့ပေ။ ဒါပေမဲ့ နီလာတို့ အိမ်သို့တော့…
-

မင်းကင်းမြို့နယ် ယဘားရွာမှာ ရွာသားတွေနဲ့ ပြဿနာဖြစ်
စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ယဘားရွာမှာ ရွာသားတွေနဲ့ ပြဿနာဖြစ်ပြီး ပကဖ က ပစ်ခတ်လို့ ရွာသားတွေ ဒဏ်ရာရကြောင်း သတင်းထွက် စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ယဘားရွာမှာ ရွာသားတွေနဲ့ ပြဿနာဖြစ်ပြီး ပကဖ က မနေ့ည အစောပိုင်းမှာ ပစ်ခတ်ခဲ့တဲ့ အတွက် ရွာသားတချို့ ဒဏ်ရာရရှိသွားတယ်လို့ Freelance Journalist THN ချန်နယ်မှာ ဖော်ပြထားပါတယ်။ ဖြစ်စဉ်မှာ ဇန်နဝါရီ ၁ ရက် ညပိုင်းက ယဘားရွာဘုန်းကြီးကျောင်းမှာ ညကင်း အိပ်စောင့်နေတဲ့ ရွာသားတွေကို ရွာ ပအဖ တာဝန်ရှိသူ ဦးချစ်ဌေးက လက်နက်နဲ့အတူ သွားရောက်ပြီး ခြိမ်းခြောက်ရမ်းကားမှုတွေ လုပ်ခဲ့တာလို့ ဆိုပါတယ်။ အဲဒါကြောင့် ရွာသားတွေက ပအဖ ဦးချစ်ဌေးကို ဝိုင်းဝန်းဖမ်းဆီးပြီး ပကဖ တာဝန်ရှိသူဖြစ်တဲ့ ကိုဇော်မင်းဆီကို…
-

လေးကေ့ကော်တိုက်ပွဲ လေးလနီးပါးအတွင်း တပ်မ(၂၂) တပ်ရင်းမှူးအပါအဝင် ၃၀၀ ကျော်သေဆုံး
တပ်ရင်းမှူး သုံးဦးဒဏ်ရာရပြီး စုစုပေါင်းသေဆုံးနဲ့ ဒဏ်ရာစာရင်း ၆၀၀ ကျော်နေဟု ကရင်သတင်းရင်းမြစ်ပြော ကရင်ပြည်နယ်၊ လေးကေ့ကော်ဒေသတိုက်ပွဲ လေးလနီးပါးအတွင်း စစ်ကောင်စီရဲ့တပ်မ(၂၂)က တပ်ရင်းမှူးအဆင့်အပါအဝင် သေဆုံးသူ ၃၀၀ ကျော်အထိရှိနေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ လေးကေကော်မြို့သစ်ကိုရဖို့အတွက် စစ်ကောင်စီတပ်ဟာပြီးခဲ့တဲ့ ၂၀၂၅ စက်တင်ဘာ ၂၁ ရက်ကစတင်ပြီးစစ်ကြောင်းထိုးလာတာဖြစ်ပါတယ်။ လက်တလောမှာ လေးကေ့ကော်ဒေသက မင်းလက်ပံရွာမှာ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ သိရပါတယ်။ လေးကေ့ကော်ဒေသတိုက်ပွဲဟာ လေးလနီးပါးကြာလာပြီဖြစ်ပြီး စစ်တပ်က မင်းလက်ပံရွာမှာဘဲ ရှေ့မတိုးနိုင်သေးဘဲ ရပ်တန့်နေတယ်လို့ ဆိုပါတယ်။ လေးကေ့ကော်ဒေသတိုက်ပွဲအတွင်း တပ်မ(၂၂)လက်အောက်ခံ ခမရ(၂၀၃)ဒုတပ်ရင်းမှူးနဲ့ ခမရ(၂၀၁)တပ်ရင်းမှူး သေဆုံးပြီး တပ်ရင်းမှူးသုံးဦး ဒဏ်ရာရထားတယ်လို့ တပ်မဟာ(၆)နယ်မြေက သတင်းရင်းမြစ်က ပြောပါတယ်။ “တပ်မ(၂၂)က သေဆုံး သုံးရာကျော်ပြီ။ တပ်ရင်းမှူ အဆင့် သုံးယောက်ဒဏ်ရာရ ။ 2ICက နှစ်ရက် သုံးရက်က…
-

စစ်ကော်မရှင်၏လက်နက်ထုတ်လုပ်ရေး “အသက်သွေးကြော” ကို PDF များဖြတ်တောက်
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ် အတွင်းရှိ စစ်ကောင်စီ၏ အဓိက လက်နက်ထုတ်လုပ်ရေး အခြေစိုက်စခန်းများနှင့်ထောက်ပံ့ရေး လမ်းကြောင်းများကို ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ပူးပေါင်းတပ်ဖွဲ့များက နှစ်သစ်ကူးကာလအတွင်း ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။ စစ်ကော်မရှင်တပ်၏ လက်နက်ထုတ်စက်ရုံ မကွေးတိုင်း ဆိပ်ဖြူမြို့နယ်အတွင်းရှိ အမှတ် ၂၂ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၂)သို့ သွယ်တန်းထားသည့် လျှပ်စစ်ဓာတ်အားပေး ဓာတ်တိုင်များကို နှစ်သစ်ကူးကာလအတွင်း ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ ပခုက္ကူခရိုင်စစ်ဌာနက ယမန်နေ့(ဇန်နဝါရီလ ၁ ရက်)တွင် ထုတ်ပြန်ထားသည်။ ကပစ ၂၂ စက်ရုံကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဓာတ်တိုင်များအား မိုင်းခွဲဖျက်ဆီး ခဲ့ခြင်းတို့ ပြုလုပ်ခဲ့သည်ဟု ပခုက္ကူခရိုင်စစ်ဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မိုင်းခွဲဖျက်ဆီးလိုက်သည့် ဓာတ်တိုင်အရေအတွက်နှင့် တိုက်ပွဲအခြေအနေအသေးစိတ်ကိုမူ အတည်ပြုနိုင်ခြင်းမရှိပါ။…