Author: Baby Yit Lone

  • ရေကြည်မှာ DB တွေ ပြန်ဆွဲပြေးနေရပြီ

    ရေကြည်မှာ DB တွေ ပြန်ဆွဲပြေးနေရပြီ

    ရေကြည်မြို့နယ် ပွိုင့် ၂၂၇ ကာကင်းစခန်း ပြန်ရရေး ရွေးတုစစ်တပ် စစ်ကြောင်းထိုး၍ AA နှင့် တိုက်ပွဲများ ပြင်းထန်၊ အလောင်းနှင့် လူနာများ ပြန်ဆွဲပြေးနေရ ‎ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်အတွင်း လက်လွှတ်လိုက်ရသည့် ပွိုင့် ၂၂၇ ကာကင်းစခန်းများကို ပြန်လည် သိမ်းပိုက်နိုင်ရေးအတွက် ရွေးတုအစိုးရ စစ်တပ်က အင်အား အလုံးအရင်းဖြင့် စစ်ကြောင်း ထိုးလာသောကြောင့် အာရက္ခတပ်တော် (AA) နှင့် တိုက်ပွဲများ ဆက်လက် ပြင်းထန်လျက် ရှိကြောင်း သိရသည်။ AA သည် ပြီးခဲ့သည့် ဇူလိုင် ၂ ရက်နှင့် ၃ ရက်နေ့များတွင် စစ်တပ်၏ ပွိုင့် ၂၂၇ ကာကင်းစခန်းများကို တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။ ရွေးတုအစိုးရစစ်တပ်သည် အဆိုပါ စခန်းများကို ပြန်လည်…

  • လွတ်ရက်နီးနေတဲ့  MMA ဖိုက်တာ ဖိုးသော်ကို ထပ်မံတရားစွဲ

    လွတ်ရက်နီးနေတဲ့ MMA ဖိုက်တာ ဖိုးသော်ကို ထပ်မံတရားစွဲ

    အင်းစိန်ထောင်မှ လွတ်ရက်နီးနေသော MMA ဖိုက်တာ သော်ထူးနိုင် (ခ) ဖိုးသော်ကို ရန်ကုန်တိုင်း နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး၏ အမိန့်ဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၁(ဂ) တပ်၍ ဗဟန်းရဲစခန်းက ထပ်မံတရားစွဲ အကြမ်းဖက် စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် ပါဝင်မှု၊ ပေါက်ကွဲမှုများဖြင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံခဲ့ရသော MMA ဖိုက်တာ သော်ထူးနိုင် (ခ) ဖိုးသော်ကို ရန်ကုန်တိုင်း နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး၏ အမိန့်ဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၁(ဂ) တပ်၍ ဗဟန်းရဲစခန်းက ထပ်မံတရားစွဲထားကြောင်း အမှုကို သေချာစွာ သိရှိထားသော သတင်းရင်းမြစ်က ပြောဆိုသည်။ MMA ဖိုက်တာ သော်ထူးနိုင် (ခ) ဖိုးသော်မှာ ထောင်ဒဏ် ၇ နှစ် ကျခံနေရာမှ လာမည့်…

  • မိဘအမွေ သိန်းပေါင်းများစွာကို တစ်ပြားမှမယူဘဲ အကုန်လှူလိုက်တဲ့ ဂျွန်လွင်

    မိဘအမွေ သိန်းပေါင်းများစွာကို တစ်ပြားမှမယူဘဲ အကုန်လှူလိုက်တဲ့ ဂျွန်လွင်

    “မိဘအမွေ သိန်းပေါင်းများစွာကို တစ်ပြားမှမယူဘဲ အကုန်လှူလိုက်တဲ့ ဂျွန်လွင် ဒီကနေ့မှာတော့ ကြားရသူတိုင်း ရင်ထဲမှာ အေးချမ်းသွားစေမယ့်အပြင်၊ တကယ့်ကို အံ့သြလေးစားဖို့ကောင်းတဲ့ နာမည်ကျော် မော်ဒယ်အေဂျင်စီပိုင်ရှင် ကိုဂျွန်လွင်ရဲ့ ကြီးမားလှတဲ့ အလှူကြီးတစ်ခုအကြောင်းကို ဝမ်းမြောက်ဖွယ်ရာ မျှဝေပေးလိုက်ပါတယ်။ 🙏 တစ်ပြားမှမယူဘဲ အကုန်လှူမယ့် မိဘအမွေ ကိုဂျွန်လွင်ဟာ မကြာသေးမီကမှ မိခင်နဲ့ ဖခင်တို့ ပိုင်ဆိုင်ခဲ့တဲ့ အိမ်နဲ့ခြံကြီးကို အောင်မြင်စွာ ရောင်းချနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အံ့သြစရာအကောင်းဆုံးကတော့… အဲ့ဒီကနေ ရရှိလာမယ့် သိန်းပေါင်းများစွာသော ငွေကြေးအားလုံးကို သူကိုယ်တိုင်အတွက် တစ်ပြားတစ်ချပ်မှ မယူတော့ဘဲ သာသနာရေးနဲ့ ဆေးဘက်ဆိုင်ရာ အလှူအတန်းတွေအတွက် အကုန်အစင် လှူဒါန်းသွားမယ်လို့ တရားဝင် ထုတ်ဖော်ပြောကြားလာတာပဲ ဖြစ်ပါတယ်။ 🏥 တစ်နှစ်ကို ကျပ်သိန်း (၄,၀၀၀) ကျော်အထိ လှူဒါန်းမယ့် အစီအစဉ် ဒီလို…

  • ကလေးခိုးပြီး နှိပ်စက်၊ တောင်းရမ်းခိုင်းစားပြီး မတရားပြုကျင့်သူကို ဖမ်းမိပြီ

    ကလေးခိုးပြီး နှိပ်စက်၊ တောင်းရမ်းခိုင်းစားပြီး မတရားပြုကျင့်သူကို ဖမ်းမိပြီ

    ကလေးခိုးပြီး နှိပ်စက်၊ တောင်းရမ်းခိုင်းစားပြီး မတရားပြုကျင့်သူကို ဖမ်းမိပြီ ကလေးခိုးပြီး နှိပ်စက်၊ တောင်းရမ်းခိုင်းစားမှု ကျူးလွန်သူကို မနေ့ ဇူလိုင် ၂၁ ရက်၊ ည ၁၂ နာရီဝန်းကျင်က ဧရာဝတီတိုင်းအတွင်းက မော်လမြိုင်ကျွန်းမြို့နယ်မှာ ပြည်သူတွေရဲ့ ကူညီမှုနဲ့ ပြန်လည် ဖမ်းမိပြီဖြစ်ပြီး ပြစ်မှု ကျူးလွန်သူဟာ ကလေးရဲ့ မိခင်နဲ့လူမှု​ရေးဆက်နွယ်သူ ဖြစ်တယ်လို့ ဒီဖြစ်စဉ်ကို သိရှိသူတွေက ပြောပါတယ်။ “မိတာက ကျိန်းသေ မိသွားပါပြီ။ မော်ကျွန်းက ပြည်သူတွေ ဝိုင်းဖမ်းပေးတာပါ။ သူက ကလေးအမေနဲ့ လူမှု​ရေးဇာတ်လမ်းရှိသူလို့ သိရတယ်။ အဲဒါကြောင့် ကလေးအမေက ကလေးပျောက်တာ၊ အဲဒီလူ ခေါ်သွားတာကို သိပေမယ့် လိုက်မရှာ၊ အမှုလည်း မဖွင့်ဘဲ ထားထားတာ” လို့ ဒီဖြစ်စဉ်ကို သိရှိသူက ပြောပါတယ်။ ပြစ်မှုကျူးလွန်သူဟာ…

  • ရန်ကုန် ပွဲတွေပြန်ကနေပြီ

    ရန်ကုန် ပွဲတွေပြန်ကနေပြီ

    အင်းစိန်ရဲစခန်း ဂိတ်ကင်းကို YA အဖွဲ့ တိုက်ခိုက် ရန်ကုန်မြို့၊အင်းစိန်မြို့မ ရဲစခန်းဂိတ်ကင်းမှာ ရဲတပ်ဖွဲ့ဝင်တွေရှိ‌နေချိန် ပြင်းအားမြင့် လက်ပစ်ဗုံး ၂လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Yangon Army (YA) အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။ ဒီနေ့(ဇူလိုင်၂၁) ည ၇ နာရီကျော်မှာ စစ်ဆင်ရေးကို လုပ်ဆောင်ခဲ့တာဖြစ်ပြီး မိုးရွာနေပေမယ့် မစ်ရှင်ကိုအောင်မြင်အောင်လုပ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။ “ကျနော်တို့ရဲဘော်၁ယောက်နှစ်လပိုင်းမှာအဖမ်းခံရပြီးစစ်ကြောရေးမှာကျသွားထဲကရှိတဲ့ သူတွေလဲအကုန်ရှောင်တိမ်းနေရတာ။ ကြားမှာ တခါလားဘဲမစ်ရှင်လုပ်ဖြစ်တော့တယ်” လို့ YA ရဲ့ တာဝန်ရှိသူကပြောပါတယ်။ လက်ရှိအချိန်မှာတော့ အဖွဲ့သားတွေပြန်စုစည်းပြီး မစ်ရှင်တွေ ဆက်တိုက်လုပ်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။ “ရပ်နေလို့မှမရတာ၊ကျန်တဲ့သူတွေဆက်ပြီးနိုင်တဲ့ဝန်ထမ်းဖို့အားလုံး Ygnကိုပြန်ဝင်နေပါပြီ။ နောက်လလောက်ဆိုပုံမှန်ပြန်ဆော်နိုင်ပါပြီဗျာ”လို့ စစ်ဆင်ရေးတွေဖော်ဆောင်မယ့်အကြောင်းနဲ့ ပတ်သက်ပြီးပြောပါတယ်။ ရန်ကုန်မြို့မှာ အခုနောက်ပိုင်း မြို့ပြပြောက်ကျားအဖွဲ့တွေရဲ့ တိုက်ခိုက်မှု နည်းပါးသွားပြီး YA အဖွဲ့က အခု မြို့ပြပြောက်ကျားတိုက်ခိုက်မှု ပြန်လုပ်လာတာ…