Author: Baby Yit Lone
-

ထောက်ခံစာမပါလို့ အသက်ကယ်မယ့်ကားကို ဆီမရောင်းပေးတဲ့ အဖြစ်
ထောက်ခံစာမပါလို့ အသက်ကယ်မယ့်ကားကို ဆီမရောင်းပေးတဲ့ အဖြစ် (လှိုင်သာယာကိုကြီး စိတ်မကောင်းစွာ ရင်ဖွင့်လာပြီ) ရေဘေးသင့်ပြည်သူတွေအတွက် နေ့မအားညမနား ကူညီပေးနေတဲ့ ပရဟိတသမားတွေ မြေပြင်မှာ ဘယ်လောက်တောင် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရလဲဆိုတာကို နာမည်ကြီး ပရဟိတအစ်ကို “လှိုင်သာယာကိုကြီး” က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေတစ်ဆင့် စိတ်မကောင်းစွာနဲ့ ရင်ဖွင့်ပြောပြလာပါတယ်။ ဖြစ်စဉ်ကတော့ လှိုင်သာယာကိုကြီးတို့ အဖွဲ့ဟာ ငါးသိုင်းချောင်းနဲ့ လေးမျက်နှာမြို့နယ်ကြားမှာ (၄) ရက်ဆက်တိုက် ရေဘေးကူညီကယ်ဆယ်ရေးတွေ အင်တိုက်အားတိုက် လုပ်ဆောင်နေခဲ့တာပါ။ ရန်ကုန်ကနေ ထွက်လာကတည်းက လူနာတင်ယာဉ် (Ambulance) တွေမှာ ဆီအပြည့်ဖြည့်လာခဲ့ပေမယ့် (၄) ရက်လုံးလုံး အဆက်မပြတ် ပြေးလွှားကူညီနေရတဲ့အတွက် ဆီပြတ်လပ်သွားခဲ့ပါတယ်။ ဒါနဲ့ ဆီဖြည့်ဖို့အတွက် လေးမျက်နှာမြို့အဝင်မှာရှိတဲ့ “—-” လို့ အမည်ရတဲ့ ဆီဆိုင်ကို ဝင်ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ မထင်မှတ်ထားဘဲ ဆီဆိုင်ဘက်က…
-

ပိုက်ဆံပေးတာကို လုံးဝမယူဘဲ ထွက်ပြေးသွားတဲ့ စက်လှေဦးကြီးများ
လေးစားဖို့ကောင်းတဲ့ ဧရာဝတီတိုင်းသားတွေရဲ့ စိတ်ဓာတ် ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်က ရေဘေးသင့်ပြည်သူတွေဆီ သွားရောက်လှူဒါန်းတဲ့ ခရီးစဉ်မှာ လူတိုင်းရဲ့ ရင်ကို နွေးထွေးသွားစေမယ့် ကြည်နူးဖွယ်ရာ မြင်ကွင်းလေးတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။ အလှူရှင်တွေက လှူဒါန်းပြီး အပြန်ခရီးမှာ သူတို့ကို လိုက်ပါပို့ဆောင်ပေးခဲ့တဲ့ စက်လှေသမား ဦးကြီးတွေကို ကျေးဇူးဆပ်တဲ့အနေနဲ့ မုန့်ဖိုးသဘော ငွေကြေးပေးအပ်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒါပေမဲ့ မမျှော်လင့်ထားတဲ့ တုံ့ပြန်မှုတစ်ခုကို ရရှိခဲ့ပါတယ်။ စက်လှေဦးကြီးတွေက “ကျွန်တော်တို့လည်း နိုင်သလောက် ပရဟိတသဘောနဲ့ လာကူတာပါ၊ ပိုက်ဆံ လုံးဝ (လုံးဝ) မယူပါရစေနဲ့” ဆိုပြီး ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့ကြပါတယ်။ အလှူရှင်တွေဘက်ကလည်း စေတနာနဲ့ အတင်းပေးဖို့ ကြိုးစားချိန်မှာတော့ တချို့စက်လှေသမားတွေဟာ ငွေမယူချင်လွန်းလို့ ထွက်ပြေးတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ အနီးနားက ခင်မင်သူတွေကသာ ဆီဖိုးသဘောမျိုး ကြားဝင်ပြီး လက်ခံပေးလိုက်ရတဲ့…
-

ဆိုင်ကယ်အတူစီးလာရင်း G-8 ကျောင်းသားကို G-12 ကျောင်းသားက ဓားနဲ့ အချက်ပေါင်းများစွာ ထိုး
ဆိုင်ကယ်အတူစီးလာရင်း G-8 ကျောင်းသားကို G-12 ကျောင်းသားက ဓားနဲ့ အချက်ပေါင်းများစွာ ထိုးပြီး ထွက်ပြေးလွှတ်မြောက်နေ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ကျောင်းမုန့်စားလွှတ်ချိန် အိမ်ပြန်တဲ့ Grade-8 ကျောင်းသားကို ဆိုင်ကယ်အတူစီးလာတဲ့ Grade-12 ကျောင်းသားက နောက်ကနေဓားနဲ့ အချက်ပေါင်းများစွာ ထိုးခဲ့တဲ့ဖြစ်စဥ်တခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဩဂုတ်လ ၄ ရက်နေ့ နေ့လယ် ၁ နာရီခန့်က မြစ်ကြီးနားမြို့နယ်၊ ကျွန်းပင်သာရပ်ကွက်မှာ အ.လ.က(၈)မှ Grade-8 ကျောင်းသားကို ဇီးလွန်ကျောင်းမှ Grade-12 ကျောင်းသားက ဓားနဲ့ထိုးမှု ဖြစ်ပွားခဲ့တာလို့ သိရပြီး ကျူးလွန်ခဲ့တဲ့ကျောင်းသား ထွက်ပြေးလွတ်မြောက်နေတယ်လို့ ဆိုပါတယ်။ “သူတို့နှစ်ယောက်က ဆိုင်ကယ်အတူစီးလာတာ၊ အဲဒါကို နောက်ကနေ ဓားနဲ့ထိုးတာ၊ ဘာကြောင့်ရယ်တော့ မသိဘူး၊ ဆိုင်ကယ်လုတာလည်း မဟုတ်ဘူး၊ ဆိုင်ကယ်က ဆေးရုံထိပါလာတယ်” လို့…
-

စေတနာနဲ့ လာလှူတာကို ဒီလိုကြီး လုပ်ရက်လေသလား…
လှိုင်သာယာကိုကြီး ဖွင့်ချလိုက်တဲ့ ရင်နာစရာဖြစ်ရပ် သူကတော့ ထမင်းဘူးအလှူလုံးဝလက်မခံတော့ဘူးတဲ့ စေတနာနဲ့ ချက်ပြုတ်လှူဒါန်းနေကြတဲ့ အလှူရှင်တွေအတွက် တကယ်ကို သိထားသင့်တဲ့ မြေပြင်က အခြေအနေမှန်တစ်ခုကို နာမည်ကြီး ပရဟိတသမားတစ်ဦးဖြစ်တဲ့ “လှိုင်သာယာကိုကြီး” က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေတစ်ဆင့် ရင်ဖွင့်ပြောဆိုလာပါတယ်။ လက်ရှိ ရေဘေးကူညီကယ်ဆယ်ရေးတွေမှာ အစားအသောက် အခက်အခဲဖြစ်နေတယ်ဆိုပြီး အလှူရှင်တွေက သိန်းနဲ့ချီ အကုန်ကျခံ၊ တစ်ညလုံးမအိပ်ဘဲ ပင်ပင်ပန်းပန်း ချက်ပြုတ်ပြီး ထမင်းဘူးတွေ သွားရောက်လှူဒါန်းနေကြပေမယ့် တကယ့်မြေပြင်မှာတော့ ထမင်းဘူးတွေဟာ လိုအပ်ချက်ထက် ပိုလျှံနေပြီး တန်ဖိုးမဲ့သလို ဖြစ်နေရတယ်လို့ ဆိုပါတယ်။ လူ ၁၀၀ လောက်ရှိတဲ့ နေရာမှာ ထမင်းဘူးက ၃၀၀ လောက် ရောက်နေပြီး ပုံသုဉ်းကာ ပိုလျှံနေတဲ့အထိ ဖြစ်နေတာပါ။ အဆိုးဆုံးကတော့ လှိုင်သာယာကိုကြီးကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ ဖြစ်စဉ်တစ်ခုပါပဲ။ ထမင်းဘူးတွေ လှူဒါန်းဖို့အတွက်…
-

AA သိမ်းထားတာတွေ ရှိုးလိုက်ဦး
ဧရာဝတီတိုင်း ရေကြည်နှင့် သာပေါင်းမြို့နယ်များတွင် စစ်တပ်နှင့် AA အကြားတိုက်ပွဲများ ပြင်းထန်နေပြီး စစ်သားအလောင်းများနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ ဧရာဝတီတိုင်း ရေကြည်မြို့နယ်နှင့် သာပေါင်းမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားအလောင်းများနှင့် လက် နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း အာရက္ခတပ်တော် (AA) က ယနေ့ တိုက်ပွဲသတင်းထုတ်ပြန်သည်။ စစ်တပ်က မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် ချင်းပြည် နယ် (တောင်ပိုင်း) အပါအဝင် အာရက္ခဒေသနှင့် ထိစပ်နေသော နေရာများတွင် တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း၊ ထို့ပြင် AA ထိန်းချုပ်ထားသည့် ကျောက်တော်၊ မြောက်ဦး၊ သံတွဲ၊ ဂွ၊ ကျိန္တလီ၊ ဝီရဌာနီ (ပေါက်တော) နှင့် ပုဏ္ဏားကျွန်း-စစ်တွေ အစပ်ဒေသများအပြင် အရပ်သားပြည်သူများ…