Author: Baby Yit Lone
-

ရေကြီးနေတဲ့ ကချင်ပြည်နယ်ကဒေသအချို့ ရေမကျသေး
မိုးဆက်လက်ရွာသွန်းဖို့ ရာနှုန်းပြည့် အခြေအနေရှိကြောင်း မိုးဇလထုတ်ပြန် ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖားကန့်၊ မိုးကောင်း၊ နမ္မတီးမြို့တွေမှာ ရေကြီးနေတဲ့အပြင် ဆက်လက်ပြီးနေရာကွက်မိုးကြီးနိုင်ကြောင်း၊ ရွာရန်ရာနှုန်းပြည့် အခြေအနေရှိနေကြောင်း မိုးဇလက ထုတ်ပြန်ပါတယ်။ စစ်ကိုင်းအထက်ပိုင်း၊ ကချင်၊ ရခိုင် စတဲ့ဒေသတွေမှာ နေရာကွက်မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့်ရှိကြောင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေး၊ မကွေး၊ ကရင်နီ၊ ရှမ်းမြောက်မှာ နေရာကျဲကျဲ၊ တနင်္သာရီ၊ ကရင်၊ ချင်း၊ ရှမ်းအရှေ့မှာ နေရာစိပ်စိပ်၊ ကျန်ဒေသတွေမှာ နေရာအနံ့အပြား မိုးထစ်ချုန်းရွာနိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီနေ့မနက်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် နေရာကွက်မိုးကြီးနိုင်ချေရှိတဲ့ စစ်ကိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာ မိုးတိမ်တောင်ရွှေ့လျားရာတစ်လျှောက် မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနတဲ့ မိုးသီးကြွေခြင်းပါ ဖြစ်ပေါ်လာနိုင်ကြောင်း ဆိုထားပါတယ်။…
-

ဒေါ်အောင်ဆန်းစုကြည်၏ ခွေးလေး Taichito ကို သင်္ဂြိုဟ်သည့်မြင်ကွင်း
ဒေါ်အောင်ဆန်းစုကြည်၏ အချစ်တော်ခွေးလေး Taichito ကို ယနေ့( ဇွန်လ ၂၂ ရက်)တွင် တိုက်အမှတ် ( ၅၄ ) ခြံထဲရှိ တနေရာ၌ ဂူသွင်း သင်္ဂြိုဟ်ခဲ့သည်။ “ဂူလေးသေးသေးလေး လုပ်မယ်။ ဒါကို မနေ့ညကတည်းက ထောက်လှမ်းရေးတွေက စိတ်ဝင်တစားနဲ့ လှမ်းလှမ်းမေးတယ်” ဟု သတင်းရင်းမြစ်က ဆိုသည်။ တိုက်ချီတို သေဆုံးတာနှင့်ပတ်သက်ပြီး သင်္ဂြိုဟ်မှုအပေါ် စစ်အုပ်စု ထောက်လှမ်းရေးများ၏ စောင့်ကြည့်မေးမြန်းမှုများလည်းရှိခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ အချစ်တော်ခွေးလေး Taichito သည် သေဆုံးချိန်တွင် အသက် ၁၆ နှစ်ကျော်အရွယ်ရှိပြီဖြစ်သည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်က ဒေါ်အောင်ဆန်းစုကြည်၏ ခွေးလေး တိုက်ချီတိုသည် တနှစ်တကြိမ် ဆေးစစ်ခြင်းများ လုပ်ဆောင်ပေးနေရသည်ဟုဆိုသည့် ရုပ်သံဖိုင် လူမှုကွန်ရက်စာမျက်နှာမှာ ပေါ်ထွက်လာခဲ့သေးသည်။ ထိုခွေးလေးကို ဒေါ်အောင်ဆန်းစုကြည်၏…
-

မလေးရှားမှာ ဆေးကုခွင့်မရဘဲ မျက်ရည်တွေနဲ့ အသက်ထွက်သွားရှာတဲ့ ကိုဝင်းခိုင်
“မလေးရှားမှာ ဆေးကုခွင့်မရဘဲ မျက်ရည်တွေနဲ့ အသက်ထွက်သွားရှာတဲ့ ကိုဝင်းခိုင် 😭 (သူ့မိသားစု သိအောင် အမြန်ဆုံး ဝိုင်းရှယ်ပေးကြပါ)” မိသားစု စားဝတ်နေရေးအတွက် နိုင်ငံရပ်ခြားကို ထွက်ပြီး အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ဘဝက တကယ့်ကို ရင်နာစရာ ကောင်းလွန်းလှပါတယ်။ အခုလည်း မလေးရှားနိုင်ငံက ထိန်းသိမ်းရေးစခန်း တစ်ခုမှာ မြန်မာနိုင်ငံသား တစ်ဦး ဆေးကုသခွင့် သေချာမရဘဲ ဝမ်းနည်းဖွယ် အသက်ဆုံးရှုံးသွားခဲ့ရလို့ ကျန်ရစ်သူ မိသားစုဝင်တွေ အချိန်မီ သိရှိနိုင်အောင် အရေးပေါ် ကူညီရှာဖွေပေးလိုက်ရပါတယ်။ 😭 မျက်ရည်တွေနဲ့ ထွက်ခွာသွားရတဲ့ အဖြစ်ဆိုး ပြီးခဲ့တဲ့ သောကြာနေ့က မလေးရှားနိုင်ငံ၊ Johor ပြည်နယ်၊ Pekan Nenas လဝက ထိန်းသိမ်းရေးစခန်းမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား “ကိုဝင်းခိုင်” ဟာ ကျန်းမာရေး…
-

အခုချက်ချင်း ရေဘေးလွတ်ရာကို ရှောင်ကြဖို့ ကြေညာပြီ
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်မှာ နေထိုင်ကြတဲ့ မိဘပြည်သူတွေအတွက် အရေးတကြီး သတိပြုပြီး အမြန်ဆုံး ရှောင်ရှားနိုင်ဖို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ) ကနေ ဒီကနေ့ (ဇွန် ၂၁ ရက်) မှာ အရေးပေါ် သတိပေး နှိုးဆော်ချက် တစ်ရပ် ထုတ်ပြန်လိုက်ပါပြီ။ (မှတ်ချက် – လူမှုကွန်ရက် စည်းမျဉ်းများနှင့်အညီ မိဘပြည်သူများ ရေဘေးအန္တရာယ်မှ အချိန်မီ ကြိုတင်ရှောင်ရှားနိုင်စေရန် (Suggested For You) သတင်းအဖြစ် ဘေးကင်းလုံခြုံစွာ ရေးသားတင်ဆက်ထားပါသည်။) 🌊 စိုးရိမ်ရေမှတ်ကို ကျော်လွန်နေတဲ့ ချောင်းရေများ ဒီကနေ့ နံနက် (၆:၃၀) နာရီ တိုင်းထွာချက်တွေအရ… မိုးကောင်းမြို့မှာရှိတဲ့ နမ့်ယင်းချောင်းရေ နဲ့ နမ့်ကောင်းချောင်းရေ တို့ဟာ မြို့ရဲ့ စိုးရိမ်ရေမှတ် အထက်ကို (၁) ပေခွဲခန့်စီ…
-

ဖားကန့်တွင် ဥရုချောင်းရေလျှံ၍ မြို့ပေါ်ရပ်ကွက်များ ရေနစ်မြှုပ်ပြီး မြေပြိုမှုကြောင့် အမျိုးသား ၁ ဦး ပျောက်ဆုံး
ဖားကန့်တွင် ဥရုချောင်းရေလျှံ၍ မြို့ပေါ်ရပ်ကွက်များ ရေနစ်မြှုပ်ပြီး မြေပြိုမှုကြောင့် အမျိုးသား ၁ ဦး ပျောက်ဆုံး၊ မိုးကောင်းနှင့် နမ္မတီးတွင်လည်း ရေကြီးမှုများဖြစ်ပွား ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းပြီး ဥရုချောင်းရေ မြင့်တက်လာမှုကြောင့် မြို့ပေါ်ရှိ ရပ်ကွက်အများအပြား ရေနစ်မြှုပ်မှုဒဏ်ကို ပြင်းထန်စွာ ခံစားနေရကြောင်း ဖားကန့်ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ ဇွန်လ ၂၂ ရက်နေ့အထိ ဖားကန့်မြို့တွင် မိုးဆက်လက်ရွာသွန်းနေဆဲဖြစ်ပြီး ချောင်းရေမှာလည်း တရိပ်ရိပ် မြင့်တက်နေဆဲဖြစ်သည်။ ရေကြီးမှုကြောင့် ဖားကန့်မြို့ပေါ်ရှိ ရပ်ကွက် ၅ ခုမှ အနိမ့်ပိုင်းနေအိမ်များ ရေဝင်နစ်မြှုပ်လျက်ရှိသည်။ ဖားကန့်မြို့ပေါ်ရှိ မော်ဝမ်းရပ်ကွက်၊ မြို့မရပ်ကွက်၊ ငှက်ပျောတောရပ်ကွက်၊ မရှီကထောင်ရပ်ကွက်၊ အေးမြ သာယာ ရပ်ကွက်တို့မှာ ရေကြီးမှုများကြုံတွေ့နေရပြီး လက်ရှိတွင် ရေဘေးသင့်ပြည်သူများအတွက် သီးသန့်…