Author: Baby Yit Lone
-

စစ်ကော်မရှင်က ရဲတပ်ဖွဲ့တွေရဲ့ မိသားစုဝင်တွေကို ကယ်ထုတ်နေရ
ဆင်ကော်ရဲစခန်း တိုက်ခိုက်ခံနေရပြီး စစ်ကော်မရှင်က ရဲတပ်ဖွဲ့တွေရဲ့ မိသားစုဝင်တွေကို ကယ်ထုတ်နေရ မကွေးတိုင်း၊ သရက်မြို့နယ် အနောက်တောင်ဘက်က ဆင်ကော်ကျေးရွာမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး ဆင်းကော်ရဲစခန်းကို ပိတ်ဆို့တိုက်ခိုက်နေတာလို့ သိရပါတယ်။ ဒီဇင်ဘာ ၂၄ ရက်နေ့ကစတင်ကာ တိုက်ပွဲဖြစ်နေတာလို့သိရပြီး ဒီကနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ထိ ၆ ရက်ခန့် ကြာမြင့်နေပြီလို့ သိရပါတယ်။ “ဒီနေ့နဲ့ဆို ၆ ရက်ပေါ့ ငြိမ်လိုက် ပြန်ပစ်လိုက်နဲ့၊ စဖြစ်တဲ့နေ့ကတော့ နှစ်ဖက်အတော်ပြင်းထန်တယ်၊ ရွာသားတွေလည်းပြေးရတာ ဘာမှယူချိန်မရကြဘူး၊ ရဲစခန်းက အပေါ်ဘက်ရောက်နေတာ၊ ရွာထဲကို လက်နက်ကြီးတွေကျတယ် အိမ်တွေလည်း ရစရာမရှိဘူး ဖွာလန်ကျဲကုန်တာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေက ဆင်ကော်ရဲစခန်းကို ပိတ်ဆို့တိုက်ခိုက်နေတာကြောင့် ဆင်ကော်ရဲစခန်းနဲ့ ၁၀ မိုင်ခန့်သာဝေးတဲ့ သရက်မြို့နယ် ကပစ(၁၂)ကနေ လက်နက်ကြီးပစ်ကူပေးပြီး ရမ်းသန်းပစ်ခတ်ခဲ့လို့…
-

“ငါတို့ ဘယ်နေရာမှာမှ မလုံခြုံတော့ဘူး” ဆိုတဲ့ စိုးရိမ်စိတ် စစ်ကောင်စီတပ်သားတွေကြား ပြန့်နှံ့
မနေ့က ရန်ကုန်-မန္တလေး အမြန်လမ်း၊ ကျောက်ဆည် လမ်းခွဲနဲ့ ပြင်စည်လမ်းခွဲကြားက မိုင်တိုင် ၃၃၂ အနီးဝန်းကျင်ကို တော်လှန်ရေး တပ်တွေ ရှောင်တခင် တက်ရောက်စစ်ဆေး ခဲ့ကြတာ တွေ့ပါတယ်။ ရန်ကုန်-မန္တလေး အမြန်လမ်းဟာ စစ်ကောင်စီအတွက် အရေးပါဆုံး လမ်းကြောင်း ဖြစ်ပါတယ်။ ဒီလိုနေရာမှာ တော်လှန်ရေး အဖွဲ့တွေ ပေါ်ပေါက်လာတာဟာ “ငါတို့ ဘယ်နေရာမှာမှ မလုံခြုံတော့ဘူး” ဆိုတဲ့ စိုးရိမ်စိတ်ကို စစ်ကောင်စီတပ်သားတွေကြား ပြန့်နှံ့စေပါတယ်။ ဒါ့အပြင် စစ်ကောင်စီရဲ့ ထိန်းချုပ်နိုင်စွမ်း ရှိတယ် ဆိုတဲ့ ဝါဒဖြန့်မှုကို ရိုက်ချိုးခဲ့တာဖြစ်ပြီး အုပ်ချုပ်ရေး ယန္တရား ပျက်ပြားနေတာကို သက်သေပြရာ ရောက်ပါတယ်။ အမြန်လမ်းမကြီးဟာ စစ်ကောင်စီအတွက် ရိက္ခာ၊ လက်နက်နဲ့ လူအင်အား ဖြည့်တင်းရာမှာ အဓိက သွေးကြောကြီး ဖြစ်ပါတယ်။ အခုလို ရှောင်တခင်စစ်ဆေးမှုတွေ…
-

ကပ်ကိုးအစ ဗီဒီယို Call မှသည်
ကျွန်တော်နဲ့သူက လုပ်ဖော်ကိုင်ဖက်တွေပါပဲ။ ရာထူးနေရာချင်း မတူကြပေမယ့် ညီအစ်ကိုလို ဆက်ဆံတယ်။ လ္ဘက်ရည်ဆိုင်အတူထိုင် ဘောလုံးပွဲတွေ အတူကြည့်ခဲ့ကြတယ်။ ခင်မင်ရင်းနှီးခဲ့ကြတာ ၂ နှစ်ကျော်လို့ ၃ နှစ်နီးပါးတောင် ရှိခဲ့ကြပြီ။ ဘီယာဆိုင်မှာ အမူးသောက် ၊ ဆက်ရှင်ခန်းဝင်နဲ့ အတော်လည်း အတွဲညီကြသေးတာ။ ဒီလိုနဲ့ ပေါင်းသင်းလာရင်း သူ့အမျိူးသမီးအကြောင်းတွေ သူတို့ချစ်သူဘဝကအကြောင်းတွေ ခဏခဏ ပြောလာတယ်။ ဘီယာဆိုင်အတူထိုင်ကြရင်း နည်းနည်းထွေလာတာနဲ့ သူ့ဖုန်းထဲက သူ့မိန်းမပုံတွေ လာလာပြလာတယ်။ တဖြည်းဖြည်း ပိုပိုလာတာက မင်းအစ်မမိုက်လား၊ ငါ့မိန်းမက အတောင့်ကြီးမလား ဘာညာတွေ မေးလာပြန်တယ်။ ကျွန်တော်လည်း အစကတော့ ပြီးပြီရော အင်း ဟုတ်တယ် ဘာညာ အလိုက်အထိုက်ပြောတယ်။ နောက်အခါတော့ သူ့မိန်းမ ဘရာစီယာဝတ်ပြီး မျက်နှာမပါပဲ ရိုက်ထားတဲ့ပုံကို နောက်သလိုဘာလိုနဲ့ ပြသေးတာ၊ အခုထိ တွဲမကျသေးဘူးလို့တောင်…
-

အကြမ်းဖက် စစ်ကော်မရှင်က ပြုလုပ်မည့် နှစ်သစ်ကူးပွဲများတွင် ပါဝင်ခြင်းမပြုရန် BWM က တိုက်တွန်း
စစ်တပ်၏ ပစ်ခတ်မှုကြောင့် အောင်မြေသာစံမြို့နယ်မှ ပြည်သူ ၂ ဦးဒဏ်ရာရရှိခဲ့မှု သတိပြုရန် လိုအပ် အကြမ်းဖက်စစ်ကော်မရှင်က နှစ်သစ်ကူးပွဲတော် ပျော်ပွဲရွှင်ပွဲပြုလုပ်ရန် စီစဉ်နေပြီး ပြည်သူများ အနေဖြင့် ပါဝင်ခြင်းမပြုရန် Brave Warriors for Myanmar – BWM အဖွဲ့တာဝန်ရှိသူက တိုက်တွန်းပြောကြားသည်။ လာမည့် ဒီဇင်ဘာလ ၃၁ ရက်နေ့ ညပိုင်း အကြမ်းဖက်စစ်ကော်မရှင်က နှစ်သစ်ကူးပွဲတော်အဖြစ် မန္တလေး မြို့၊ ၂၆ လမ်းနှင့် ၆၆ လမ်းထောင့်တွင် ကျင်းပပြုလုပ်ရန်စီစဉ်ထားပြီး ၎င်းတို့ကိုထောက်ခံသော အဆို တော်၊ အနုပညာရှင်များက ပါဝင်က ဖျော်ဖြေပေးမည်ဖြစ်ကြောင်း၊ အလားတူ ရန်ကုန်၊ နေပြည်တော် တို့တွင်လည်း လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။ “စကမ ဟာ မြို့ကြီးတွေမှာ နှစ်သစ်ကူးညကို စည်ကားအောင်လုပ်ပြီး သူတို့ရဲ့…
-

ဖာပွန်ဗျူဟာမကျရေး စစ်တပ်က လေကြောင်းဗုံကြဲတိုက်ခိုက်
ဖာပွန်ဗျူဟာကို ပုံမှန် ဝိုင်းဝန်းပိတ်ဆို့ထားပြီး တိုက်ခိုက်နေတာကြောင့် ဗျူဟာမကျရေးအတွက် စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောပါတယ်။ ကရင်ပြည်နယ်၊ ဖာပွန်မြို့အခြေစိုက် ခမရ ၃၄၀၊ ခမရ ၃၄၁ ကနေ စစ်ရှုံးပြီး ထွက်ပြေးလာတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ အင်အားဖြည့်တင်းထားတဲ့ ဖာပွန်ဗျူဟာကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက ၂၀၂၄ ခုနှစ် ဧပြီ ၂၄ ရက်ကစပြီး ဝိုင်းဝန်းပိတ်ဆို့ခဲ့ပါတယ်။ ဖာပွန်ဗျူဟာကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်နေပြီး စစ်ကောင်စီရဲ့ တခုတည်းကျန်ရှိနေတဲ့ ဗျူဟာမကျရေး နေ့တိုင်းလိုလို ဗုံးကြဲတိုက်ခိုက်နေတယ်လို့ တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောပါတယ်။ “သတင်းတွေက မဟုတ် မမှန်ဘူးနော်။ သတင်းမှာ တင်ထားတာတွေ တွေ့တယ်။…