Category: News
-

အောင်မင်္ဂလာကလူခေါ်ပွဲစားဂိုဏ်းတဲ့…ဓါးတွေပါပါတယ်ဟ
အောင်မင်္ဂလာကလူခေါ်ပွဲစားဂိုဏ်းတဲ့…ဓါးတွေပါပါတယ်ဟ နယ်ဝေး ခရီးသွားမယ့် မိဘပြည်သူတွေ အနေနဲ့ အောင်မင်္ဂလာအဝေးပြေး ကားဝင်းထဲကို ဝင်လိုက်တာနဲ့ အထုပ်ဆွဲ၊ လူဆွဲ လုပ်တတ်တဲ့ လူခေါ်ပွဲစားတွေကို ခဏခဏ ကြုံဖူးကြ၊ စိတ်ညစ်ဖူးကြမယ် ထင်ပါတယ်။ အခုဆိုရင် အဲဒီလို ခရီးသွား ပြည်သူတွေကို ဒုက္ခပေးနေတဲ့ နာမည်ကြီး လူခေါ်ပွဲစား (၉) ဦးကို သူတို့ ကိုယ်ပေါ်မှာ ဖွက်ထားတဲ့ ဓား (၁၁) ချောင်းနဲ့အတူ ဇွန်လ (၁၆) ရက်နေ့ကနေ (၁၉) ရက်နေ့အတွင်း ဆက်တိုက် ဖမ်းဆီးရမိခဲ့တဲ့ သတင်းထူးကို အချိန်မီ သတိပြုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။ 😭 ကလေးမလေးကို လိမ်ရာကနေ မိသွားတဲ့ တရားခံများ ပြီးခဲ့တဲ့ ဇွန်လ (၁၉) ရက်နေ့ ည (၈) နာရီလောက်က ကလေးမလေး…
-

တရုတ်ရင်းနှီးမြှုပ်နှံမှုတွေကို အခွန်ကင်းလွတ်ခွင့်ပေးပြီး မြစ်ဆုံပြန်စမယ်လို့ မင်းအောင်လှိုင် ပြော
တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့မှာ ဇွန်လ ၁၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ “မြန်မာ-တရုတ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေး ထိပ်သီးအစည်းအဝေး” (MCITP – 2026) မှာ စစ်ခေါင်းဆာင် မင်းအောင်လှိုင်က လျှပ်စစ်သုံးယာဉ် (EV) နဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍတွေမှာ ထိပ်တန်းရောက်နေတဲ့ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေကို မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ခဲ့ပြီး၊ အဲဒီကဏ္ဍတွေအတွက် ဥပဒေနဲ့အညီ အခွန်ကင်းလွတ်ခွင့်နဲ့ သက်သာခွင့်တွေ ပေးအပ်သွားမယ်လို့ ပြောကြားခဲ့ကြောင်း စစ်အုပ်စုရဲ့ ဝါဒဖြန့်သတင်းမီဒီယာတွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အဲဒီ အစည်းအဝေးမှာ မြန်မာ-တရုတ် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တာဝန်ရှိသူတွေ စုစုပေါင်း လူဦးရေ ၆၀၀ ခန့် တက်ရောက်ခဲ့ကြပြီး၊ တွေ့ဆုံပွဲအမှာစကား ပြောကြားရာမှာ မင်းအောင်လှိုင်က တရုတ်နိုင်ငံဟာ စွမ်းအင်သစ်နဲ့ လျှပ်စစ်သုံးကဏ္ဍမှာ အောင်မြင်နေတဲ့ ကမ္ဘာ့ထိပ်တန်းနိုင်ငံဖြစ်ပြီး၊ မြန်မာနိုင်ငံအနေနဲ့လည်း လျှပ်စစ်မော်တော်ယာဉ်…
-

အမေစုမွေးနေ့ကို ဆုတောင်းပေးလိုက်တဲ့ ပိုင်ဇေရဲထွန်း
သရုပ်ဆောင် မင်းသား ပိုင်ဇေရဲထွန်းဟာ သာမန်လူတယောက် မလုပ်နိုင်တဲ့ ကိစ္စတခုကို ရဲဝံ့စွာ လုပ်ပြလိုက်ပြီ ဖြစ်ပါတယ်။ မတရားချုပ်နှောင်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယနေ့ ကျရောက်တဲ့ ၈၁ နှစ်မြောက် မွေးနေ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ ယနေ့ မျက်နှာဖုံး အဆိုရှင် အစီအစဥ်မှာ နှင်းဆီပန်း တပွင့်ကို ရင်ဘတ်မှာ ထိုးပြခဲ့တာ ဖြစ်ပါတယ်။ နှင်းဆီပွင့်ရဲ့ ရိုးတံကို ရှည်လျားစွာ ပြုလုပ်ထားပြီး သရုပ်ဆောင် ထွန်းထွန်းက ဘာလို့ ဒီလောက် ရှည်နေတာလဲလို့ မေးမြန်းတဲ့အခါ ပိုင်ဇေရဲထွန်းက ”မသေအောင်လို့” ဆိုပြီး ပြန်ပြောခဲ့ပါတယ်။ ဇွန်လ ၁၉ ရက်နေ့မှာ မြန်မာတပြည်လုံး နှင်းဆီပန်းတွေ လိုက်လံဖျက်ဆီးခံနေရချိန် မင်းသား ပိုင်ဇေရဲထွန်းရဲ့ လုပ်ရပ်ကတော့ ချီးကျူးစရာ ဖြစ်ခဲ့ပါတယ်။ မတရားမှုကို တဖက်တလမ်းက ငုံ့မခံကြောင်း…
-

ဘီယာတမြမြနဲ့ မူးနေတဲ့ ဆေးရုံအုပ်ကြီး
ဘီယာတမြမြနဲ့ မူးနေတဲ့ ဆေးရုံအုပ်ကြီး ကိုယ်တိုင် သွေးလာဖောက်ရာကနေ… အသက် ၈၃ နှစ်အရွယ် အဖွားအိုခမျာ လက်တွေပါ ရောင်ရမ်းပြီး ဒုက္ခရောက်ခဲ့ရတဲ့ အဖြစ် ဆရာဝန်ဆိုတာ လူနာတွေအတွက် အသက်ကို ကယ်တင်ပေးမယ့် အားကိုးရာပါဆိုမှ… အခုတော့ ဆေးရုံအုပ်ကြီး ကိုယ်တိုင်က ဘီယာထိုင်သောက်ပြီး လူနာကို သွေးလာဖောက်တဲ့ အရမ်းကို အောက်ခြေလွတ်နေတဲ့ ဖြစ်စဉ်တစ်ခု အွန်လိုင်းပေါ်မှာ ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရပါတယ်။ 😭 ဘီယာမူးပြီး သွေးဖောက်ရာကနေ ဖူးယောင်သွားခဲ့တဲ့ လက် အသက် (၈၃) နှစ်အရွယ် နာမကျန်းဖြစ်နေတဲ့ အဖွားအိုတစ်ဦးကို သွေးဖောက်ဖို့အတွက် မြို့နယ်အဆင့် ဆေးရုံအကြီးအကဲဖြစ်တဲ့ ဆေးရုံအုပ်ကြီး ကိုယ်တိုင် ရောက်လာခဲ့ပါတယ်။ ဒါပေမယ့် ဆေးရုံအုပ်ကြီးဟာ ဘီယာတွေသောက်ထားလို့ မူးယစ်နေတဲ့ အဆင့်ကို ရောက်နေပြီး၊ လူနာကို သွေးဖောက်တဲ့အခါမှာ အကြိမ်ကြိမ်…
-

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ကျော နံပါတ် ၈၁ ပါ အင်္ကျီဝတ်သူ ဖမ်းဆီးခံရ
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီနေ့ ဇွန် ၁၉ ရက်မှာ ကျရောက်တဲ့ အသက် ၈၁ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အဖြစ်၊ အင်္ကျီအနီဝတ်တာနဲ့ လှုပ်ရှားမှု တွေမှာ ပါဝင်သူတချို့ကို စစ်အာဏာရှင်တပ်က စစ်ဆေး ဖမ်းဆီးနေပါတယ်။ ရန်ကုန်မြို့မှာတော့ ပန်းအရောင်းဆိုင်တွေ၊ ဘတ်စ်ကားမှတ်တိုင်တွေနဲ့ လူစည်ကားတဲ့နေရာတွေမှာ စစ်အာဏာရှင်တပ်သား၊ ရဲ နဲ့ အရပ်ဝတ်လုံခြုံရေးတွေ တင်းကျပ်နေပြီး မန္တလေးမြို့မှာ နံပါတ် ၈၁ ပါတဲ့ အင်္ကျီဝတ်ဆင်ထားသူနဲ့ အရပ်သား တယောက် ဖမ်းဆီးခံရပါတယ်။ ရန်ကုန်မြို့ပေါ်မှာ ပုံမှန်နေ့တွေထက် အစစ်ဆေးနဲ့ လုံခြုံရေး တင်းကျပ်ထားပြီး မွေးနေ့ အထိမ်းအမှတ် ပြုလုပ်ခဲ့တဲ့နေရာတွေကို စစ်ဆေးခဲ့တယ်လို့ ရန်ကုန် မြေပြင်ကင်းထောက်အဖွဲ့ တချို့က ပြောပါတယ်။ ရန်ကုန်ကင်းထောက်အဖွဲ့ တာဝန်ရှိသူတယောက်က “အရင် ပုံမှန်နေ့တွေထက် ဒီနေ့မနက်မှာ စစ်သား၊…