Category: News
-

မြစ်ဧရာအတွင်းမှ ရေဘဲကင်များ
ဧရာဝတီမြစ်တွင်းသွား စစ်သင်္ဘောကို ရွှေကူမြို့အနီး KIA ထပ်မံတိုက်ခိုက်၊ ၁၀ စီးထက်မနည်း ပျက်စီး ဗန်းမော်တိုက်ပွဲသို့ စစ်ကူပို့လာသည့် စစ်သင်္ဘောများထဲမှ တစီးကိုယနေ့နံနက်ပိုင်းတွင် ဗန်းမော်နှင့် ရွှေကူကြား၊ ဇင်းဘုံရွာအနီးတွင် တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့သည်ဟု ကချင်လွတ်လပ်ရေးတပ်(KIA) ပြောခွင့်ရအရာရှိ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။ အမည်မဖော်လိုသည့် KIA တပ်မဟာ(၈) ထောက်လှမ်းရေး အရာရှိတဦးကလည်း ဧရာဝတီမြစ်ပြင်တွင် မီးလောင်နေသည့် သင်္ဘောတစီး၏ ဓာတ်ပုံကို Myanmar Now ထံပေးပို့ခဲ့ပြီး စစ်သင်္ဘောတိုက်ခိုက်မှုကို အတည်ပြုခဲ့သည်။ ယင်းသင်္ဘောပေါ်တွင် ဗန်းမော်အခြေစိုက် အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁)မှ ဒုတိယဗိုလ်မှူးကြီးနှင့် ခမရ(၃၂၀)မှ တပ်ရင်းမှူးတို့လည်း လိုက်ပါလာသည်ဟု သတင်းရထားကြောင်း KIA ထောက်လှမ်းရေး အရာရှိကဆိုသည်။ သင်္ဘောကိုပျက်စီးအောင်တိုက်ခိုက်နိုင်ခဲ့သော်လည်း သင်္ဘောပေါ်မှ စစ်ဗိုလ်များသည် အသက်ကယ်လှေများဖြင့် ထွက်ပြေးသွားကြသည်ဟု ၎င်းကဆိုသည်။ KIA…
-

နားကပ်တစ်ရံအတွက် ၁၁ နှစ်သမီးလေးကိုပါ T-တ်ကုန်ကြပြီ
မအူပင်တွင် အသက် ၁၁ နှစ်အရွယ်ကျောင်းသူ ရုပ်အလောင်းတွေ့ရှိ၊ နားကပ် ပျောက်ဆုံးနေ ဧရာ၀တီတိုင်း၊ မအူပင်မြို့နယ်တွင် Grade-5 တက်ရောက်နေသည့် အသက် ၁၁ နှစ်အရွယ် ကျောင်းသူတဦး ၏ ရုပ်အလောင်းကို နားကပ်ပျောက်ဆုံးလျက်တွေ့ရှိရကြောင်း ဒေသခံများထံမှ သိရသည်။ မအူပင်မြို့နယ်၊ ကျောင်းရွာကျေးရွာအုပ်စု၊ ပန်းတောကျေးရွာတွင် နေထိုင်သည့် ထိုကျောင်းသူသည် စက်တင်ဘာလ ၁၃ ရက် ညနေပိုင်း ကျူရှင်ဆင်းချိန်တွင် အိမ်ပြန်ရောက်မလာဘဲ ပျောက်ဆုံးသွားခြင်းဖြစ်သည်။ ထို့ကြောင့် မိသားစုဝင်များနှင့် ဒေသခံများက လိုက်လံရှာဖွေစဥ် ရွာရှိ ထိုကျူရှင်အနီး လယ်ကွင်းတွင် ရုပ်အလောင်းကို တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။ “အိမ်ပြန်မလာလို့ လိုက်ရှာရင်းကနေ အလောင်းပဲ ပြန်တွေ့တာ။ ပြန်တွေ့တဲ့အချိန် လည်ပင်းကို အဝတ်နဲ့ပတ်ပြီး သတ်ဖြတ်သွားတဲ့ ပုံစံမျိုးတွေ့ရတယ်။ ကောင်မလေးမှာ ဝတ်ထားတဲ့ နားကပ်လည်း ပျောက်နေတယ်”…
-

အခြေအနေဆိုးနေပြီ ရန်ကုန်
ရန်ကုန်တိုင်းရှိ မြို့နယ်(၂)ခုတွင် သစ်ပင်လဲကျမှုများဖြစ်ပေါ် ကားများပိမိခဲ့ ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်နှင့် ကြည့်မြင်တိုင်မြို့ နယ်တို့တွင် ယနေ့ စက်တင်ဘာ ၁၄ ရက်မွန်းလွဲပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲကျမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ကမာရွတ်မြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ တက္ကသိုလ်ရိပ်သာလမ်းတွင် မွန်းလွဲ ၂ နာရီခွဲကျော်ခန့်က သစ်ပင်လဲကျကာ ကား(၁)စီးပေါ်သို့ပိမိပြီး လမ်းပိတ်ဆို့နေသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက ဖယ်ရှားရှင်းလင်းပေးလျက်ရှိကြောင်း သိရသည်။ ထို့ပြင် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်တွင်လည်း ကြည့်မြင်တိုင်မြို့နယ်၊ ဈေးကြီးအနောက်ရပ်ကွက်၊ ဈေးကြီးလမ်းတွင်သစ်ပင်လဲကျ၍ ကား(၁)စီးပေါ်ပိမိပြီးလမ်း ပိတ်နေသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက ဖယ်ရှားရှင်းလင်းမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
-

ဗန်းမော်တက်လာတဲ့ လပ်တီးတို့ အဖြစ်ဆိုး
ဗန်းမော်မြို့သို့ စစ်ကြောင်းထိုးလာသော အင်အား ၁၀၀ နီးပါးပါ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၄၀ ကျော်သေဆုံးပြီး ၃၀ ကျော်ကို စစ်သုံ့ပန်းအဖြစ် လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရရှိ၊ စစ်ကြောင်းတစ်ခုလုံးပျက်စီးပြီး ထွက်ပြေးသွား ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်သို့ စစ်ကြောင်းထိုးလာသော စစ်တပ်နှင့် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ ၄၀ ကျော်သေဆုံးပြီး ၃၀ ကျော်ကို ဖမ်းဆီးရရှိကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က တိုက်ပွဲနောက်ဆုံးအခြေအနေကို ပြောဆိုသည်။ စက်တင်ဘာလ ၁၃ ရက်နေ့ ဗန်းမော်ဘက်မှ တက်လာသည့် စစ်ကောင်စီတပ်များကို ကောင်ဂျာယန် (Kong Ja Yang) ကျေးရွာအနီး KIA ပူးပေါင်းတပ်များက ကြိုတင်စောင့်ကြို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အထိအခိုက် အကျအဆုံးများစွာဖြင့် ဆုတ်ခွာသွားခဲ့ရကြောင်း ရှေ့တန်းသတင်းရင်းမြစ်များထံမှ သိရသည်။ အဆိုပါ စစ်တပ်စစ်ကြောင်းတွင်…
-

PDF ဇိုလဲန်းထံမှ စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေး
ချင်းပြည်နယ်မြောက်ပိုင်း PDF Zoland စခန်းမှ ဗိုလ်မှူးများ အပါအဝင် စစ်သုံ့ပန်း ၈၀ ခန့် အစောင့်များကို တိုက်ခိုက်ပြီး လက်နက်လုယူ ထွက်ပြေး ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်တို့တွင် အခြေစိုက် လှုပ်ရှားနေသည့် ချင်းညီနောင် (Chin Brotherhood – CB) မဟာမိတ်တပ်ဖွဲ့ဝင် PDF Zoland က ထိန်းသိမ်းထားသော စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်း ၈၀ ခန့်သည် စက်တင်ဘာ ၁၃ ရက်တွင် ထိန်းသိမ်းရေးစခန်းမှ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အဆိုပါစခန်း၌ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် စစ်သုံ့ပန်းများအနက် နှစ်ဦးက ရေချိုးရန် အကြောင်းပြကာ အပြင်သို့ ထွက်ခွင့်တောင်းခံခဲ့ပြီးနောက် စခန်းစောင့် တာဝန်ကျတပ်ဖွဲ့ဝင်များကို အလစ်အငိုက် ရိုက်နှက်တိုက်ခိုက်၍ သေနတ်နှင့် ကျည်ဆန်များကို လုယူခဲ့ခြင်း ဖြစ်သည်။…