Category: News

  • စကစခန့် အုပ်ချုပ်ရေးမှူးမှ လင်ရှိမယား ကလေး(၃)ယောက်အမေအား ခိုးယူထွက်ပြေး

    စကစခန့် အုပ်ချုပ်ရေးမှူးမှ လင်ရှိမယား ကလေး(၃)ယောက်အမေအား ခိုးယူထွက်ပြေး

    ဝဲကြီးကျေးရွာ စကစခန့် အုပ်ချုပ်ရေးမှူးမှ လင်ရှိမယား ကလေး(၃)ယောက်အမေအား ခိုးယူထွက်ပြေးသွားမှုကြောင့် အုပ်မှူး၏ကိုယ်ကျင့်တရားပျက်ယွင်းမှုနှင့် အဂတိလိုက်စားမှုများအပေါ် ကျေးရွာနေပြည်သူများမကျေနပ်

    ​ဧရာဝတီတိုင်း၊မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ဝဲကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအုန်းမြင့်သည် အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦးအား ရွှေထည်ပစ္စည်းများနှင့်အတူ ခေါ်ဆောင်ထွက်ပြေးသွားသည့်အပြင်၊

    ကျေးရွာအတွင်း ကောက်ခံထားသည့် စစ်မှုထမ်းငွေ၊ ကျေးရွာမီးလင်းရေး ရန်ပုံငွေများပါယူဆောင်သွားကြောင်း သိရသည်။

    ​ဝဲကြီးကျေးရွာအုပ်ချုပ်ရေးမှူးအုန်းမြင့်သည် သားကွင်းကျေးရွာအုပ်စု၊ ရေတွင်းကုန်းကျေးရွာရှိ ကလေး ၃ ဦးမိခင် အိမ်ထောင်ရှင်အမျိုးသမီး မအေးမြဝင်း အား ခေါ်ဆောင်၍ ကျေးရွာမှ ထွက်ပြေးတိမ်းရှောင်သွားခြင်း ဖြစ်သည်။

    ၎င်းအမျိုးသမီးနှင့်အတူ ကာလတန်ဖိုး သိန်း၂၀၀ ခန့်ရှိသော ရွှေထည်ပစ္စည်းများလည်း ပါရှိသွားကြောင်း သိရသည်။

    ​၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ နစ်နာသူခင်ပွန်းဖြစ်သူက သားကွင်းကျေးရွာအုပ်ချုပ်ရေးမှူးမြင့်လှိုင်ထံ သွားရောက်တိုင်ကြားခဲ့သော်လည်း

    တစ်စုံတစ်ရာ ထိရောက်စွာ ဆောင်ရွက်ပေးခြင်း မရှိသည့်အတွက် မိသားစုဝင်များက စိတ်ပျက်လျက်ရှိကြောင်း သိရသည်။

    အုပ်မှူးအုန်းမြင့်သည် ဇနီးဖြစ်သူ ဒေါ်ကြည်အေး ကွယ်လွန်သည်မှာ လဝက်ပင်မရှိသေးမီ ဒေါ်ကြည်အေး၏ညီမတော်စပ်သူ ‌မအေးမြဝင်း လင်ရှိကလေး(၃)ဦးအမေ အား ယခုလို ခိုးယူထွက်‌ပြေးခဲ့ခြင်းခြင်းဖြစ်ကြောင်း သိရသည်။

    ကျေးရွာအတွင်းရှိ အမျိုးသမီးတစ်ဦးအားလည်း ကိုယ်ထိလက်ရောက် ကျူးလွန်မှုများ ရှိခဲ့ကြောင်း သိရသည်။

    ၎င်းတွင် တပ်ကြပ်ကြီးအဆင့်ရှိသော သားဖြစ်သူရှိပြီး၊ သားဖြစ်သူ၏ အရှိန်အဝါကို အသုံးချကာ ရွာအတွင်း မိုက်လုံးထွားမှုများ ပြုလုပ်နေကြောင်း သိရသည်။

    ​ထို့အပြင် ဝဲကြီးကျေးရွာအုပ်ချုပ်ရေးမှူး အုန်းမြင့်သည် အုပ်ချုပ်ရေးအာဏာကို အသုံးချကာ စစ်မှုထမ်းကြေးကို သမီးရှိသော အိမ်ထောင်စုများထံမှ ၈၀၀၀၀ ကျပ်၊ ​သားနှစ်ဦးရှိသော အိမ်ထောင်စုများထံမှ (၂)သိန်းကျပ် အထိ ကျေးရွာအတွင်း ငွေကြေးများ အဓမ္မကောက်ခံနေသူဖြစ်၍ ဒေသခံပြည်သူများက သူ့ကို မကျေနပ်ကြကြောင်းသိရသည်။

  • ဟက်စကီးနဲ့ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်း ထန်းတပင်မြို့နယ်တွင် ဟက်စကီးဖြင့် ဗုံးများကြဲချ

    ဟက်စကီးနဲ့ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်း ထန်းတပင်မြို့နယ်တွင် ဟက်စကီးဖြင့် ဗုံးများကြဲချ

    ဖြူးမြို့နယ်၊ သစ်ချောက်ခင်ရွာနှင့် ရှားပင်ညောင်ရွာ စက်လှေဆိပ်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၄ ဦးသေဆုံး

    ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ သစ်ချောက်ခင်ရွာနှင့် ရှားပင်ညောင်ရွာ စက်လှေဆိပ်ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၄ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများကပြောဆိုသည်။

    ယနေ့ မေလ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ဖြူးမြို့နယ် သစ်ချောက်ခင်ရွာနှင့် ရှားပင်ညောင်ရွာ စက်လှေဆိပ်များကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ထန်းတပင်မြို့နယ်၊ ဘွားအေစုကျေးရွာမှ စက်လှေလုပ်သားများဖြစ်သော ကိုဇော်ဝင်းထွဋ် ၊ ကိုသံခဲ၊ ကိုစိုင်းကိုကိုနှင့် ကိုဝကြီး တို့ ၄ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကိုမောင်မြင့် ၊ မသဲ၊ ကိုကျော်ထွန်းနှင့် ကိုအောင်ကိုလတ်တို့ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

    “ဒီနေ့ မွန်းလွဲ ၁ နာရီဝန်းကျင်လောက်က ဖြူးမြို့နယ် သစ်ချောက်ခင်ရွာနဲ့ ရှားပင်ညောင်ရွာက စက်လှေဆိပ်တွေကို စစ်ခွေးတွေက တိုက်လေယာဥ်နဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာ စစ်ခွေးတွေ ဗုံးကျဲလို့ ပြည်သူ ၄ ဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရတယ်။ တိုက်ပွဲဖြစ်ပွားတာလုံးဝ မရှိပါဘူး” ဟု ဒေသခံပြည်သူတစ်ဦးကပြောဆိုသည်။

    အလားတူ မေလ ၃ ရက်နေ့ကလည်း အုတ်တွင်းမြို့နယ်ရှိ လှေဆွဲမြောင်းရွာ၊ ချောင်ကျိုးရွာ၊ ထန်းတပင်မြို့နယ်ရှိ ငါးဆီလှောင်ရွာ ၊ဇလုပ်ကြီးရွာနှင့် ဖြူးမြို့နယ်ရှိ သောင်ပုချောင်ရွာ တို့ကို အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ် အပါအဝင် လေယာဉ် ၃ စီးဖြင့် အကြိမ် ၃၀ ကျော် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်သေဆုံးမှုရှိပြီး နေအိမ်များလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

    သတင်းဆိုးတင်ရင်း စိတ်ထိခိုက် ငိုကြွေးရတယ်။

    7.5.2026

    ယနေ့လဲ ဟက်စကီးနဲ့ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်း ထန်းတပင်မြို့နယ်တွင် ဟက်စကီးဖြင့် ဗုံးများကြဲချပီး လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့်

    ဖွားအိမ်စုတစ်ရွာတည်းကိုပင် (၅)ကြိမ်ကြဲချပီး ရှားပင်ချောင်/ဖွားအိမ်စုလှေဆိပ်ကိုလဲ ကြဲချရမှာ အပြစ်မဲ့ပြည်သူများ ကလေးငယ်(၃)ဦးအပါအဝင် သေဆုံးမှုများစွာရှိခဲ့ပါသည်။

    ဖွားအိမ်စုကျေးရွာမှာ ယခင်နေ့ ဗုံးကြဲကတည်းကပင် ပြည်သူအသေအပျောက် များစွာရှိပီး

    ကျေးရွာမှာလဲ ပျက်လုကမန်း ဖြစ်နေကာ၊ယနေ့ဗုံးကြဲမှုတွင် အသက်လုပီး ပြေးဖို့ရန်အတွက် လှေဆိပ်သို့ အရောက်တွင် ဗုံးကြဲခံရကာ သေဆုံးခြင်းဖြစ်ပါသည်။

    လွန်စွာမှကို မခံစားနိုင်တဲ့ အနိဋ္ဌာရုံ အဖြစ်အပျက်ပါ။

    ပုံများနှင့် video ကို စိတ်မခိုင်သူများ မကြည့်ပါနှင့်။

    video တွေကို မန့်တွင် ချပေးထားပါသည်။

    ဒုက္ခဆိုးတွေကြုံတွေ့နေရတဲ့ ပြည်သူတွေရဲ့ဘဝ ဘယ်တော့မှများ ငြိမ်းအေးကြပါ့မလဲ🥲🥲🥲

    AI မဟုတ်တဲ့ အဖြစ်ဆိုးတွေ🥲🥲🥲

    လူ

    ကိုယ်နာကျင်တာကိုသိရင်

    သင်ဟာ အသက်ရှင်နေလို့ပါ။

    သူတစ်ပါးနာကျင်တာကို သိရင်

    သင်ဟာ လူဖြစ်လို့ပါ။

    လီယိုတော်စတွိုင်း

    လူသားချင်းစာနာစိတ် ကင်းဝေးကာ သူပုန်တွေရှိလို့၊PDF တွေရှိလို့ ဗုံးကြဲခံရတာ၊သေရတာဆိုတဲ့ လူစိတ်မရှိတဲ့မန့်တွေကတော့ အကောင့်တုဖြစ်ပါစေ၊သံသရာလည်တတ်ပါတယ်။

    Daw Cho Cho

  • တရုတ်စီးပွားကို ထိရင် အကျိုးဆက်ကို ခံစားရမယ်လို့ MNDAA ခြိမ်းခြောက်

    တရုတ်စီးပွားကို ထိရင် အကျိုးဆက်ကို ခံစားရမယ်လို့ MNDAA ခြိမ်းခြောက်

    သျှမ်းပြည် မြောက်ပိုင်းမှာ ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားတဲ့ မြို့နယ်တွေက တရုတ်အကျိုးစီးပွားတွေကို ထိခိုက်အောင်လုပ်မယ်ဆိုရင် အကျိုးဆက်ကို ခံစားရမယ်လို့ ဒေသခံတွေကို MNDAA က ခြိမ်းခြောက်ပြောဆိုထားတယ်လို့ သိရပါတယ်။

    လက်ရှိမှာ MNDAA က သျှမ်းပြည် မြောက်ပိုင်းက သိန္နီ၊ ကွတ်ခိုင်၊ နမ္မတူ၊ မူဆယ် နဲ့ နမ့်ခမ်းအပါအဝင် မြို့နယ်တော်တော်များများကို ထိန်းချုပ်ထားပြီး တရုတ်လုပ်ငန်းရှင်တွေကို သျှမ်းမြောက်မှာ ဝင်ရောက်နေထိုင် လုပ်ကိုင်ခွင့် ပြုထားတာကို တွေ့ရပါတယ်။

    ဒါ့ကြောင့် တရုတ်ရဲ့ အကျိုးစီးပွားတွေကို ထိခိုက်အောင် လုပ်ဆောင်တာ၊ ဆန့်ကျင်တာတွေကို လုပ်တဲ့သူတွေက အကျိုးဆက်ကို ခံစားရမှာဖြစ်တယ်ဆိုပြီး MNDAA က ခြိမ်းခြောက်ထားတာ ဖြစ်တယ်လို့ သျှမ်းမြောက်ဒေသခံ ပြောပါတယ်။

    အဲဒီနောက် အဲဒီမြို့နယ်တွေမှာရှိတဲ့ မြို့အဝင်ဆိုင်းဘုတ်တွေ၊ ဈေးဆိုင်ဆိုင်ဘုတ်တွေနဲ့ ငွေကြေးတွေကိုလည်း တရုတ်စာ၊ တရုတ်ငွေကြေးတွေ အသုံးပြုလာနေတဲ့အပြင် မြန်မာနိုင်ငံက တရားဝင်ထုတ်ပေးထားတဲ့ နိုင်ငံသား မှတ်ပုံတင်ကတ်ဟာဆိုရင်လည်း အသုံးမဝင်တော့ဘဲ ဒေသခံတွေဟာ နိုင်ငံခြားသားနီးပါးကို ဖြစ်နေတယ်လို့ သိရပါတယ်။

    ဒေသခံ သျှမ်း၊ ပလောင်တိုင်းရင်းသားတွေ ပိုင်ဆိုင်တဲ့ မြေတွေကိုလည်း မတရားသဖြင့် ဈေးနှိမ်ဝယ်ယူတာ၊ အတင်းအဓမ္မ ခြိမ်းခြောက်ပြီး ရောင်းခိုင်းတာတွေကိုလည်း လုပ်ဆောင်လာနေတယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

    သိန္ဒီမြို့ ကားလမ်းမကြီးဘေးမှာရှိတဲ့ မြေတဧကကို သိန်း ၃ ထောင် နဲ့ အရောင်းအဝယ်ဖြစ်နေပြီး ဒေသခံတွေဟာ မရောင်းလို့လည်း မရတဲ့ အခြေအနေတွေနဲ့ ကြုံတွေ့နေရတယ်လို့ ပြောပါတယ်။

    ခေတ်အဆက်ဆက် တရုတ်နိုင်ငံသားတွေက မြန်မာပြည်ထဲ ဝင်ရောက်ပြီး မြေဝယ်ယူတာတွေကို မြန်မာအစိုးရအဆက်ဆက်က အရေးယူဆောင်ရွက်တာ၊ တိကျတဲ့ ဥပဒေပြဌာန်းထားတာမျိုးတွေ မရှိတဲ့အတွက် ဒေသခံ တိုင်းရင်းသားတွေအနေနဲ့ တရုတ်ရဲ့ ဖိနှိပ်တာတွေကို ခံနေရပြီး နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးတွေ ဆုံးရှုံးလျက် ရှိနေတာ ဖြစ်ပါတယ်။

    လက်ရှိမှာလည်း တရုတ်နိုင်ငံက သျှမ်းမြောက်ဒေသဘက်မှာ နယ်စပ်ခြံစည်းရိုးကို မြေကျော်ပြီး ခတ်ထားတာဟာ ပြည်ပကျူးကျော်မှုဖြစ်ပေမယ့် မြန်မာအစိုးရ၊ မြန်မာစစ်တပ်အနေနဲ့ တုံ့ပြန်မှု တစ်စုံတစ်ရာတောင် မရှိတာကို တွေ့ရပါတယ်။

  • မေလ ၁၁ ရက် မှ ၁၄ ရက်အတွင်း ဖြစ်ပေါ်လာနိုင်မည့် လေပွေလှိုင်း၏ အားပိုင်းကောင်းနိုင်သည့်အခြေအနေ

    မေလ ၁၁ ရက် မှ ၁၄ ရက်အတွင်း ဖြစ်ပေါ်လာနိုင်မည့် လေပွေလှိုင်း၏ အားပိုင်းကောင်းနိုင်သည့်အခြေအနေ

    “မေလ ၁၁ ရက် မှ ၁၄ ရက်အတွင်း ဖြစ်ပေါ်လာနိုင်မည့် လေပွေလှိုင်း၏ အားပိုင်းကောင်းနိုင်သည့်အခြေအနေနှင့် ရွေ့လျားနိုင်သည့်အခြေအနေတို့ကို ကြိုတင်ခန့်မှန်းရေး model များဖြစ်သည့် (ECMWF, GFS နှင့် ICON) တို့၏ ခန့်မှန်းချက်အရ သုံးသပ်ခြင်း”

    (မေလ ၈ ရက် နံနက် ၀၀၂၀ နာရီ)

    WINDY မှ ရရှိသော မေလ ၁၁ ရက်နှင့် ၁၄ ရက်နေ့များအတွက် Model သုံးခု (ECMWF, GFS, ICON) ၏ 850 hPa (အမြင့်ပေ ၅၀၀၀ ခန့်) လေတိုက်နှုန်းနှင့် လမ်းကြောင်းဆိုင်ရာ ခန့်မှန်းချက်များအရ ဘင်္ဂလားပင်လယ်အော်အတွင်းရှိ လေထုဖြစ်စဉ်များကို အောက်ပါအတိုင်း ခွဲခြမ်းစိတ်ဖြာသုံးသပ်၍ တင်ပြပေးလိုက်ပါတယ် –

    ၁။ အထက်လေပွေလှိုင်း (UACC) ဖြစ်ပေါ်မှုနှင့် ရွေ့လျားမှု ဆန်းစစ်ချက်

    မေလ ၁၁ ရက်နေ့တွင် အစပျိုးလာသော အထက်လေပွေလှိုင်းသည် မေလ ၁၄ ရက်နေ့သို့ ရောက်သောအခါ Model များအလိုက် အောက်ပါအတိုင်း သိသာစွာ ကွဲပြားလာသည်ကို တွေ့ရပါတယ်။

    🔸 ECMWF Model –

    • အင်အား – မေလ ၁၄ ရက်တွင် ဗဟိုချက်လေဖိအား 1003 hPa ဝန်းကျင်ရှိသော အားကောင်းသည့် လေဖိအားနည်းရပ်ဝန်း (Well-marked LPA) အဖြစ် ပြသနေပါတယ်။

    • လမ်းကြောင်း – အိန္ဒိယနိုင်ငံ၊ အရှေ့တောင်ဘက်ကမ်းခြေ (သီရိလင်္ကာမြောက်ဘက်) နှင့် ပိုမိုနီးကပ်စွာ တည်ရှိနေပြီး အနောက်မြောက်ဘက်သို့ ဦးတည်ရွေ့လျားမည့် အသွင်ရှိပါတယ်။

    🔸 GFS Model (အန္တရာယ်အရှိဆုံး ခန့်မှန်းချက်) –

    • အင်အား – မေလ ၁၄ ရက်တွင် ဗဟိုချက်လေဖိအား 1000 hPa သို့ ကျဆင်းလာပြီး မုန်တိုင်းငယ် (Depression) အဆင့်သို့ ကူးပြောင်းရန် အလားအလာ အရှိဆုံး ပြသနေပါတယ်။

    • လမ်းကြောင်း – ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်း (Central Bay) သို့ ရောက်ရှိနေပြီး မြောက်ဘက်/မြောက်-အရှေ့မြောက်ဘက် (မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းနှင့် ဘင်္ဂလားဒေ့ရှ်ဘက်) သို့ ဦးတည်နေသောကြောင့် သတိထားရမည့် လမ်းကြောင်းဖြစ်ပါတယ်။

    🔸 ICON Model –

    • အင်အား – မေလ ၁၄ ရက်တွင်လည်း အားပျော့သော လေဝဲအဖြစ်သာ ရှိနေသေးပြီး အီကွေတာအနီးတွင်သာ ကြန့်ကြာနေပါတယ်။

    • လမ်းကြောင်း – ရွေ့လျားမှု နှေးကွေးပြီး အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းဘက်သို့ ပိုမိုနီးကပ်နေပါတယ်။

    ၂။ အနောက်တောင်မုတ်သုံလေ ဝင်ရောက်နိုင်မည့် အခြေအနေ သုံးသပ်ချက် –

    🔸 မေလ ၁၄ ရက်နေ့ ခန့်မှန်းချက်ပုံများအရ မုတ်သုံလေ စတင်ဝင်ရောက်မှု (Monsoon Onset) နှင့် ပတ်သက်၍ အလွန်ခိုင်မာသော လက္ခဏာများကို Model သုံးခုစလုံးတွင် တူညီစွာ တွေ့မြင်ရပါတယ်။

    ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် ကပ္ပလီပင်လယ်ပြင် –

    🔸 မေလ ၁၄ ရက်နေ့တွင် အနောက်တောင်ဘက်မှ တိုက်ခတ်လာသော အားကောင်းသည့် လေစီးကြောင်းများ (Cross-equatorial flow) သည် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် ကပ္ပလီပင်လယ်ပြင်တစ်ခုလုံးကို လွှမ်းမိုးထားပြီဖြစ်ကြောင်း 850 hPa Wind Map များတွင် ရှင်းလင်းစွာ တွေ့ရပါတယ်။

    🔸 မြန်မာနိုင်ငံသို့ သက်ရောက်မှု –

    • မေလ ၁၄ ရက်နေ့ဝန်းကျင် – မုတ်သုံလေသည် မြန်မာနိုင်ငံတောင်ပိုင်း (တနင်္သာရီတိုင်း) နှင့် မြစ်ဝကျွန်းပေါ်ဒေသများသို့ စတင်ထိတွေ့ ဝင်ရောက်လာမည့် အနေအထား ဖြစ်ပါတယ်။

    • မိုးရွာသွန်းမှု – လေဖိအားနည်းရပ်ဝန်း၏ အရှိန်နှင့် မုတ်သုံလေဆွဲသွင်းမှုကြောင့် မေလ ဒုတိယပတ်ကုန်တွင် မြန်မာနိုင်ငံတောင်ပိုင်း၊ ကမ်းရိုးတန်းဒေသများနှင့် အလယ်ပိုင်းဒေသအချို့တွင် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်လာနိုင်ပါတယ်။

    နိဂုံးချုပ် သုံးသပ်ချက်

    🔸 မေလ ၁၄ ရက်နေ့သည် ဤလေထုဖြစ်စဉ်၏ အလှည့်အပြောင်းကာလ (Critical Period) ဖြစ်လာပါမယ်။

    🔸 GFS ပြသနေသည့် လမ်းကြောင်းအတိုင်းသာ အလယ်ပိုင်းသို့ ရောက်ရှိလာပါက မြန်မာနိုင်ငံအတွက် မုန်တိုင်းအန္တရာယ် စိုးရိမ်ရနိုင်သော်လည်း၊

    🔸 ECMWF နှင့် ICON တို့ကဲ့သို့ အနောက်ဘက်တွင်သာ ရှိနေပါက မုတ်သုံလေ၏အရှိန်ကြောင့် မိုးများမည့် အခြေအနေကိုသာ အဓိကရင်ဆိုင်ရပါလိမ့်မယ်။

    ယခုလက်ရှိ အခြေအနေခန့်မှန်းချက်အရ

    ⚠️ မေလ ၁၄ ရက်နေ့တွင် မုတ်သုံလေ စတင်ဝင်ရောက်လာမည်မှာ သေချာသလောက်ရှိနေသဖြင့် “ကမ်းရိုးတန်းဒေသရှိ လယ်သမားများ” နှင့် “ရေလုပ်သားများ” အနေဖြင့် မိုးသက်လေပြင်း အန္တရာယ်ကို ကြိုတင်သတိပြုနိုင်ရန် ပြင်ဆင်ထားသင့်ပါတယ်။

    မေ ၉ ရက် ၁၀ ရက်ဆိုရင် မြန်မာပြည်တောင်ပိုင်းဒေသတွေမှာ မိုးစရွာတော့မှာပါ –

    ဆရာ ဦးဝင်းနိုင်

  • မင်းအောင်လှိုင် ရုရှားနိုင်ငံ၏ ၈၁ နှစ်မြောက် ဒုတိယကမ္ဘာစစ်အောင်ပွဲနေ့ အခမ်းအနားသို့ တက်ရောက်လိုသော်လည်း ရုရှားက မဖိတ်

    မင်းအောင်လှိုင် ရုရှားနိုင်ငံ၏ ၈၁ နှစ်မြောက် ဒုတိယကမ္ဘာစစ်အောင်ပွဲနေ့ အခမ်းအနားသို့ တက်ရောက်လိုသော်လည်း ရုရှားက မဖိတ်

    အကြမ်းဖက် မင်းအောင်လှိုင်က မတရားလုယူထားတဲ့ နိုင်ငံတော်သမ္မတရာထူး နဲ့ ရုရှားနိုင်ငံ၏ ၈၁ နှစ်မြောက် ဒုတိယကမ္ဘာစစ်အောင်ပွဲနေ့ အခမ်းအနားသို့ တက်ရောက်လိုသော်လည်း ရုရှားက မဖိတ်

    မင်းအောင်လှိုင်က သူ့ကို ဖိတ်ကြားမှု ရှိ၊ မရှိ ရုရှားအစိုးရထံသို့ တရားဝင် မေးမြန်းစုံစမ်းခဲ့

    အကြမ်းဖက် မင်းအောင်လှိုင်က သူ့ကိုယ်သူ ခန့်အပ်ပြီး မတရားလုယူထားတဲ့ နိုင်ငံတော်သမ္မတ ရာထူးနဲ့ ရုရှားနိုင်ငံမှာ ပြုလုပ်တဲ့ ၈၁ နှစ်မြောက် ဒုတိယကမ္ဘာစစ်အောင်ပွဲနေ့ အခမ်းအနား တက်ရောက်လိုပေမယ့်လည်း ဒီနှစ်မှာတော့ ရုရှားက မြန်မာစစ်ခေါင်း ဆောင်ကို ဖိတ်ကြားမှု မရှိဘူးလို့ နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောပါတယ်။

    မေလ ၉ ရက်နေ့ ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ ရုရှားနိုင်ငံရဲ့ ၈၁ နှစ်မြောက် ဒုတိယကမ္ဘာစစ်အောင်ပွဲနေ့ (Victory Day) စစ်ရေးပြအခမ်းအနားပြုလုပ်မှာဖြစ်ပြီး ဒီနှစ်မှာတော့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ကြားခြင်းမပြုခဲ့ပါဘူး။

    မော်စကိုစစ်ရေးပြအခမ်းအနားသို့ ရုရှားက ဘီလာရုစ်၊ စလိုဗက်ကီးယား၊ လာအိုနဲ့ မလေးရှားဘုရင်တို့ကို တက်ရောက်ဖို့ ဖိတ်ကြားခဲ့ပြီး မြန်မာနိုင်ငံကို ဖိတ်ကြားခဲ့တာ မရှိပါဘူး။

    ဒါပေမယ့်လည်း အကြမ်းဖက် မင်းအောင်လှိုင်က သူ့ကို အခမ်းအနားမှာ ဖိတ်ကြားမှု ရှိ၊ မရှိ ရုရှားအစိုးရထံသို့ တရားဝင် မေးမြန်းစုံစမ်းခဲ့တယ်လို့ နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုပါတယ်။

    “ဒီနှစ်ရုရှားက ၈၁ နှစ်မြောက် ရင်ပြင်နီအောင်ပွဲနေ့ မြန်မာနိုင်ငံကို ဖိတ်ကြားမှု ရှိ၊ မရှိ စုံစမ်းမေးမြန်းတယ်။ ရုရှားဘက်က ဖိတ်ကြားတာမရှိဘူး။ အခြားနိုင်ငံတွေကို ဖိတ်ပေမယ့် မြန်မာနိုင်ငံတော့ မပါဝင်ဘူး” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုပါတယ်။

    ရုရှားက ဖိတ်ကြားတဲ့ သူတွေထဲမှာ လာအိုနိုင်ငံ သမ္မတ၊ မလေးရှားနိုင်ငံ ဘုရင် Sultan Ibrahim၊ စလိုဗက်ကီးယားနိုင်ငံ ဝန်ကြီး ချုပ် Robert Fico၊ ဘီလာရုစ်သမ္မတ လူကာရှန်ကို Alexander Lukashenko၊ ဘော့စနီးယားနဲ့ ဟာဇီဂိုဗီးနားနိုင်ငံထဲက ကိုယ်စားလှယ်အဖွဲ့တွေ ပါဝင်တက်ရောက်ကြမှာဖြစ်ပါတယ်။

    စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ကြားခြင်းမရှိပေမယ့်လည်း ရုရှားမှာရှိတဲ့ မြန်မာသံရုံးနဲ့ စစ်သံရုံးကတော့ အခမ်းအနားကို တက်ရောက်မှာဖြစ်ပြီး ရင်ပြင်နီနေ့ စစ်ရေးပြချီတက်မှု၊ လေကြောင်းကနေ ရုရှားသမ္မတကို ပျံသန်းအလေးပြုမှုနဲ့ သမ္မတပူတင်ရဲ့ မိန့်ခွန်း ပြေကြားခြင်း အစီအစဉ်တွေ ပါဝင်မှာ ဖြစ်တယ်လို့ ရုရှားအစိုးရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

    ၂၀၂၅ ခုနှစ် မတ်လအတွင်း ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ မင်းအောင်လှိုင်က ရုရှား ခေါင်းဆောင်ပူတင်နဲ့ တွေ့ဆုံခဲ့စဉ် ရုရှားသမ္မတ ပူတင်ကို မြတ်စွာဘုရား၏ ဗျာဒိတ်တော်လာ ကြွက်မင်းဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

    ဗုဒ္ဓသာသနာ နှစ် ၂၀၀၀ ကျော်တဲ့အခါ ရုရှားခေါင်းဆောင်ဟာ လက်နက်အတတ်ပညာမှာ တဖတ်ကမ်းခတ်တတ်ပြီးတော့မှ အတုမရှိတဲ့ လက်နက်၀ိဇ္ဇာ ဧက ရာဇ် တပါးဖြစ်လာကာ မြန်မာဘုရင်တွေနဲ့ ချစ်ကြည်ရင်းနှီးတဲ့ မဟာမိတ်ဆွေတွေ ဖြစ်လာလိမ့်မယ်လို့ ဗျာဒိတ်ရှိတယ်လို့ဆိုကာ ရုရှားသမ္မတ ပူတင်ကို မင်းအောင်လှိုင်က မြှောက်ပင့်ပြောဆိုခဲ့ပါတယ်။