Category: News
-

လူT-တ်မှုတွေ ရက်ဆက်ဖြစ်နေတဲ့ မန္တလေး
မန္တလေးမှာ နေအိမ်အတွင်း လင်မယား ၂ ဦး သတ်ဖြတ်ခံရ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ စက်တင်ဘာ ၁၅ ရက် နေ့လယ်ပိုင်းမှာ ချမ်းမြသာစည်မြို့နယ် ၁၁၁(A)လမ်း၊၆၈Aလမ်းနဲ့ ၆၈Bလမ်းကြားက နေအိမ်တစ်အိမ်မှာ လင်မယား ၂ဦး သတ်ဖြတ်ခံထားရတာကို တွေ့ရှိကြောင်း မန္တလေးမြေပြင်သတင်းတွေ ဖော်ပြနေတဲ့ MDY Revolution အဖွဲ့က အသိပေးပါတယ်။ “ဖြစ်တာကတော့ မနေ့ညကတည်းက ဖြစ်တာလို့ ကြားတယ်။ အိမ်ထဲဝင်ပြီး လင်မယားနှစ်ယောက် လုံး ဓါးနဲ့အထိုးခံရတာလို့ ကြားတယ်”လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ အဆိုပါလင်မယား ၂ဦး ဘာကြောင့် သတ်ဖြတ်ခံတယ်ဆိုတာတော့ မသိရသေးပါဘူး။ အခင်းဖြစ်ပွားရာနေရာကို စစ်တပ်လက်အောက်ခံ ရဲတွေနဲ့ အုပ်ချုပ်ရေးမှူးတွေ ရောက်လာပြီး အနီးဝန်းကျင်ရှိ…
-

ကိုယ့်ကြမ္မာကိုယ် မတွက်မိလိုက်တဲ့ ဗေဒင်ဆရာ ဗမ ဝေကမ္ဘာစိုး
ပန်းတောင်း ညောင်ကျိုးစခန်း လက်နက်ကြီး ပစ်ခတ်ခံရပြီး ဗေဒင်ဆရာ ဗိုလ်မှူး ဝေကမ္ဘာစိုး ပွဲချင်းပြီး သေဆုံး ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရခိုင်ရိုးမပေါ်ရှိ စစ်အုပ်စု၏ ညောင်ကျိုးစခန်း လက်နက်ကြီး ထိမှန်မှုကြောင့် အွန်လိုင်း ဗေဒင်ဆရာ ဗိုလ်မှူး ဝေကမ္ဘာစိုး ပွဲချင်းပြီး သေဆုံး။ AA ဦးဆောင်သော တော်လှန်ရေး ပူးပေါင်းတပ်များ အပြင်းအထန် ထိုးစစ်ဆင်နေသည့် ညောင်ကျိုးစခန်းသည် စစ်အုပ်စု၏ ကပစ-၆ စက်ရုံနှင့် ၁၁ မိုင်ခန့်သာ ကွာဝေးပြီး စစ်ရေးအရ အရေးပါသည့် စခန်းတစ်ခုဖြစ်။ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရခိုင်ရိုးမ တောင်တန်းပေါ် (တောင်ကုတ်-ပောင်းတောင်း လမ်းပိုင်း) ရှိ စစ်အုပ်စု၏ ညောင်ကျိုးစခန်းတွင် တာဝန်ကျနေသော အသက် ၃၇ နှစ်အရွယ် ဗေဒင်ဆရာ ဗိုလ်မှူး ဝေကမ္ဘာစိုးသည် ယနေ့…
-

“ဆလိုင်းနေလင်းထက်” ရဲ့ ဝမ်းနည်းကြေကွဲဖွယ် နောက်ဆုံးခရီး
စမ်းချောင်း Bar 4 U မီးလောင်မှုတွင် အသက်ဆုံးရှုံးခဲ့ရသော “ဆလိုင်းနေလင်းထက်” ရဲ့ ဝမ်းနည်းကြေကွဲဖွယ် နောက်ဆုံးခရီး… 🕊🕊😓😓 စက်တင်ဘာလ (၁၃)ရက်နေ့ညက စမ်းချောင်းမြို့နယ် ရှိ Bar 4 U မီးလောင်မှုတွင် အသက်ဆုံးရှုံးခဲ့ရသော ရခိုင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၏ အသင်းတော်တစ်ပါးဖြစ်သော ဒိုးနွယ်စမ်းအသင်းတော် , တောင်ကုတ်မြို့နယ်၏ အသင်းသား “ဆလိုင်းနေလင်းထက်” အသက်(၂၆)နှစ် ရဲ့ စျာပနအခမ်းအနားကိုတော့ ယနေ့ စက်တင်ဘာလ (၁၅) ရက်နေ့ , နေ့လည်(၂)နာရီ အချိန်တွင် ရေဝေးခရစ်ယာန်ဂိုဏ်းပေါင်းစုံဥယျာဉ်တော်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဝတ်ပြုဆုတောင်းကာ ကျွင်းကျန်ရစ်သော ရုပ်ကလာပ်ကို ဂူသွင်းသင်္ဂြိုဟ်ခဲ့တဲ့ ပုံရိပ်များပဲ ဖြစ်ပါတယ် 🕊🕊😓😓 ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းလျက်…🙏🏻🙏🏻🙏🏻
-

ငုတ်တုပ်မေ့…အိုးဝေ
မန္တလေးမြို့အဝင်တံခွန်တိုင်အဝိုင်းပတ်ကို အဝေးပြေးကားတွေဝင်လိုက်တာနဲ့ Welcome To Mandalay ဆိုတဲ့ ဆိုင်းဘုတ်နဲ့အတူလမ်းပေါ်မှာသုံးဘီးယာဥ်တွေကိုအများအပြားမြင်လိုက်ရပါတယ်။ တချိန်က စက်ဘီးမြို့တော်၊ ဆိုင်ကယ်မြို့တော်ဆိုတဲ့ အမည်နာမအမျိုးမျိုးတွင်ခဲ့တဲ့ မန္တလေးမြို့ဟာ ယခုအခါမှာတော့ သုံးဘီးမြို့တော်လို့ ခေါ်ဆိုရတော့မယ့်အနေအထားပါ။ သုံးဘီးယာဥ်တွေများတော့ အလုပ်ဖြစ်နေပြီလို့ ထင်ရင် လွဲပါလိမ့်မယ်။ “တနေ့အိမ်ကိုပြန်ပြီး ၃ ခါလောက်အိပ်လို့ရတယ်”လို့ အသက် ၂၅ နှစ်ဝန်းကျင် သုံးဘီးသမားတဦးကပြောပါတယ်။ မန္တလေးမြို့ရဲ့လမ်းမတွေပေါ်မှာသုံးဘီးယာဉ်တွေသိသိသာသာများပြားလာခဲ့ပေမယ့် နေ့စဉ်ဝမ်းစာအတွက်ရုန်းကန်နေရတဲ့ သုံးဘီးမောင်းသူအချို့အတွက်ကတော့ စျေးဦးတောင် မပေါက်တဲ့နေ့တွေနဲ့ရင်ဆိုင်နေရတယ်လို့ သုံးဘီးယာဥ်မောင်းနှင်သူတွေက ပြောပါတယ်။ “အိုးဝေတွေကအရမ်းများလာတယ်။နေ့လယ်တစ်နာရီထိုးတာတောင် စျေးဦးမပေါက်တဲ့ရက်တွေရှိတယ်”လို့ အသက် ငါးဆယ်ကျော်အရွယ် သုံးဘီးယာဥ်မောင်းတစ်ဦးက ပြောပါတယ်။ မန္တလေးမြို့မှာအိန္ဒိယလုပ် Bajaj RE ကဲ့သို့ သုံးဘီးယာဥ်တွေကို အငှားယာဥ်အဖြစ် စတင်လုပ်ကိုင်ခဲ့တဲ့ Oway ကုမ္ပဏီရဲ့ မီနီအိုးဝေဆိုတဲ့အခေါ်အဝေါ်ကိုပဲ ဆက်လက်သုံးစွဲကြတယ်လို့ သိရပါတယ်။ မန္တလေးမြို့မှာ သုံးဘီးယာဉ်တွေ စတင်ကျယ်ပြန့်စွာ ပေါ်ပေါက်လာတာကတော့…
-

မြန်မာပြည်သူတွေကို ထွက်ခတ်,ခတ်ခဲ့တဲ့ တယ်လီနော နာပြီ
မြန်မာနိုင်ငံမှ ထွက်ခွာစဉ် ဒဏ်ခတ် ပိတ်ဆို့အရေးယူမှုဥပဒေ ချိုးဖောက်မှုနှင့် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုများကို ကူညီပံ့ပိုးမှု သံသယဖြင့် Telenor ကုမ္ပဏီကို နော်ဝေအာဏာပိုင်များက စုံစမ်းစစ်ဆေး မြန်မာနိုင်ငံတွင် ယခင်က လုပ်ငန်းလုပ်ကိုင်ခဲ့စဉ် ပိတ်ဆို့အရေးယူမှုဥပဒေ ချိုးဖောက်ခဲ့သည်ဟု သံသယရှိခြင်းနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ကူညီပံ့ပိုးခဲ့သည်ဟု သံသယရှိခြင်းတို့ဖြင့် နော်ဝေတယ်လီဖုန်းဆက်သွယ်ရေးကုမ္ပဏီ Telenor ASA ကို နော်ဝေအာဏာပိုင်များက စုံစမ်းစစ်ဆေးမှု ဖွင့်လှစ်ပြီး တရားဝင် စွဲချက်တင်ထားကြောင်း Telenor က စက်တင်ဘာလ ၁၅ ရက်တွင် ထုတ်ပြန်ကြေညာသည်။ Telenor ၏ ထုတ်ပြန်ချက်အရ ကုမ္ပဏီအပေါ် တရားဝင် စွဲချက်တင်ထားသည့် အမှုမှာ ၂ ခုရှိပြီး တစ်ခုမှာ ပိတ်ဆို့အရေးယူမှုဥပဒေကို ချိုးဖောက်သည်ဟူသော သံသယဖြစ်ကာ နောက်တစ်ခုမှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်…