Category: News
-

အာရှ-ပစိဖိတ်ဒေသအုပ်စု အလှည့်ကျ ဥက္ကဋ္ဌ အဖြစ် မြန်မာနိုင်ငံကိုယ်စားပြု သံအမတ်ကြီး ဦးကျော်မိုးထွန်း
ကုလသမဂ္ဂ ရဲ့ အာရှ-ပစိဖိတ်ဒေသအုပ်စု အလှည့်ကျ ဥက္ကဋ္ဌ အဖြစ် မြန်မာနိုင်ငံကိုယ်စားပြု သံအမတ်ကြီး ဦးကျော်မိုးထွန်း တာဝန်ယူဆောင်ရွက် ကုလသမဂ္ဂ ရဲ့ အာရှ-ပစိဖိတ်ဒေသအုပ်စု အလှည့်ကျ ဥက္ကဋ္ဌ အဖြစ် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တာဝန်ယူ ဆောင်ရွက်လျက်ရှိတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ နော်ဝေဘုရင် ပဉ္စမမြောက်ဟာရဲလ်ဒ် (His Majesty King Harald V) ကွယ်လွန် နတ်ရွာစံခြင်းအတွက် အောက်မေ့လွမ်းဆွတ်တဲ့ အခမ်းအနားကို စက်တင်ဘာ ၁၄ ရက် မနက်ပိုင်းမှာ ပြုလုပ်ခဲ့ရာ အစဉ်အလာအရ ကုလသမဂ္ဂမှာရှိတဲ့ ဒေသအုပ်စုရဲံ အလှည့်ကျဥက္ကဋ္ဌတွေက တက်ရောက်ပြီး အမှတ်တရ စကားပြောကြားရပါတယ်။ အဲဒီအစီအစဉ်မှာ အာရှ-ပစိဖိတ်ဒေသအုပ်စု အလှည့်ကျ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူထားတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်ပြီး…
-

မြင်းမူ ပကဖတာဝန်ခံ ဘက်ပြောင်းသွားမှု နောက်ဆက်တွဲတွေ
မြင်းမူ ပကဖတာဝန်ခံ ဘက်ပြောင်းသွားပြီးနောက် တော်လှန်ရေးဂိတ်စခန်းတွေကို စစ်အုပ်စု လေကြောင်းတိုက်ခိုက်လာ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် ပကဖတာဝန်ခံ ကိုမြတ်စိုး မနေ့က စစ်အုပ်စုထံ ဘက်ပြောင်းခိုလှုံသွားပြီးနောက် ဒီကနေ့မှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဂိတ်စခန်းတွေကို စစ်အုပ်စုက ဂျိုင်ရိုကော်ပတာတွေနဲ့ လေကြောင်းတိုက်ခိုက်တာတွေ လုပ်လာခဲ့တယ်လို့ နယ်မြေခံစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ မြင်းမူမြို့နယ် ဂုံညင်းဆိပ်တိုက်နယ် ပကဖ တာဝန်ခံ ကိုမြတ်စိုးဟာ စက်တင်ဘာ ၁၃ ရက် မနက်ပိုင်းမှာ စစ်အုပ်စုထံ လက်နက်ချ ဘက်ပြောင်းခိုလှုံခဲ့တာဖြစ်ပြီး သူနဲ့အတူ သေနတ် ၁၁ လက်နဲ့ ရေဘေးသင့်ပြည်သူတွေအတွက် လှူဒါန်းထားတဲ့ ငွေကျပ် ၁၅ သိန်းအပါအဝင် ငွေကြေးတွေကိုပါ ယူဆောင်သွားခဲ့တာပါ။ အဲဒီနောက် ဒီကနေ့ စက်တင်ဘာ ၁၄ ရက် မွန်းလွဲပိုင်းမှာ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကနေ…
-

မြစ်ဧရာအတွင်းမှ ရေဘဲကင်များ
ဧရာဝတီမြစ်တွင်းသွား စစ်သင်္ဘောကို ရွှေကူမြို့အနီး KIA ထပ်မံတိုက်ခိုက်၊ ၁၀ စီးထက်မနည်း ပျက်စီး ဗန်းမော်တိုက်ပွဲသို့ စစ်ကူပို့လာသည့် စစ်သင်္ဘောများထဲမှ တစီးကိုယနေ့နံနက်ပိုင်းတွင် ဗန်းမော်နှင့် ရွှေကူကြား၊ ဇင်းဘုံရွာအနီးတွင် တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့သည်ဟု ကချင်လွတ်လပ်ရေးတပ်(KIA) ပြောခွင့်ရအရာရှိ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။ အမည်မဖော်လိုသည့် KIA တပ်မဟာ(၈) ထောက်လှမ်းရေး အရာရှိတဦးကလည်း ဧရာဝတီမြစ်ပြင်တွင် မီးလောင်နေသည့် သင်္ဘောတစီး၏ ဓာတ်ပုံကို Myanmar Now ထံပေးပို့ခဲ့ပြီး စစ်သင်္ဘောတိုက်ခိုက်မှုကို အတည်ပြုခဲ့သည်။ ယင်းသင်္ဘောပေါ်တွင် ဗန်းမော်အခြေစိုက် အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁)မှ ဒုတိယဗိုလ်မှူးကြီးနှင့် ခမရ(၃၂၀)မှ တပ်ရင်းမှူးတို့လည်း လိုက်ပါလာသည်ဟု သတင်းရထားကြောင်း KIA ထောက်လှမ်းရေး အရာရှိကဆိုသည်။ သင်္ဘောကိုပျက်စီးအောင်တိုက်ခိုက်နိုင်ခဲ့သော်လည်း သင်္ဘောပေါ်မှ စစ်ဗိုလ်များသည် အသက်ကယ်လှေများဖြင့် ထွက်ပြေးသွားကြသည်ဟု ၎င်းကဆိုသည်။ KIA…
-

နားကပ်တစ်ရံအတွက် ၁၁ နှစ်သမီးလေးကိုပါ T-တ်ကုန်ကြပြီ
မအူပင်တွင် အသက် ၁၁ နှစ်အရွယ်ကျောင်းသူ ရုပ်အလောင်းတွေ့ရှိ၊ နားကပ် ပျောက်ဆုံးနေ ဧရာ၀တီတိုင်း၊ မအူပင်မြို့နယ်တွင် Grade-5 တက်ရောက်နေသည့် အသက် ၁၁ နှစ်အရွယ် ကျောင်းသူတဦး ၏ ရုပ်အလောင်းကို နားကပ်ပျောက်ဆုံးလျက်တွေ့ရှိရကြောင်း ဒေသခံများထံမှ သိရသည်။ မအူပင်မြို့နယ်၊ ကျောင်းရွာကျေးရွာအုပ်စု၊ ပန်းတောကျေးရွာတွင် နေထိုင်သည့် ထိုကျောင်းသူသည် စက်တင်ဘာလ ၁၃ ရက် ညနေပိုင်း ကျူရှင်ဆင်းချိန်တွင် အိမ်ပြန်ရောက်မလာဘဲ ပျောက်ဆုံးသွားခြင်းဖြစ်သည်။ ထို့ကြောင့် မိသားစုဝင်များနှင့် ဒေသခံများက လိုက်လံရှာဖွေစဥ် ရွာရှိ ထိုကျူရှင်အနီး လယ်ကွင်းတွင် ရုပ်အလောင်းကို တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။ “အိမ်ပြန်မလာလို့ လိုက်ရှာရင်းကနေ အလောင်းပဲ ပြန်တွေ့တာ။ ပြန်တွေ့တဲ့အချိန် လည်ပင်းကို အဝတ်နဲ့ပတ်ပြီး သတ်ဖြတ်သွားတဲ့ ပုံစံမျိုးတွေ့ရတယ်။ ကောင်မလေးမှာ ဝတ်ထားတဲ့ နားကပ်လည်း ပျောက်နေတယ်”…
-

အခြေအနေဆိုးနေပြီ ရန်ကုန်
ရန်ကုန်တိုင်းရှိ မြို့နယ်(၂)ခုတွင် သစ်ပင်လဲကျမှုများဖြစ်ပေါ် ကားများပိမိခဲ့ ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်နှင့် ကြည့်မြင်တိုင်မြို့ နယ်တို့တွင် ယနေ့ စက်တင်ဘာ ၁၄ ရက်မွန်းလွဲပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲကျမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ကမာရွတ်မြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ တက္ကသိုလ်ရိပ်သာလမ်းတွင် မွန်းလွဲ ၂ နာရီခွဲကျော်ခန့်က သစ်ပင်လဲကျကာ ကား(၁)စီးပေါ်သို့ပိမိပြီး လမ်းပိတ်ဆို့နေသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက ဖယ်ရှားရှင်းလင်းပေးလျက်ရှိကြောင်း သိရသည်။ ထို့ပြင် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်တွင်လည်း ကြည့်မြင်တိုင်မြို့နယ်၊ ဈေးကြီးအနောက်ရပ်ကွက်၊ ဈေးကြီးလမ်းတွင်သစ်ပင်လဲကျ၍ ကား(၁)စီးပေါ်ပိမိပြီးလမ်း ပိတ်နေသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက ဖယ်ရှားရှင်းလင်းမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။