ဘုတ်ပြင်းမြို့နယ်၊ KNU တပ်မဟာ ၄ နယ်မြေရှိ စစ်တပ်၏ ဘိုဒါးစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး မြ၀တီမြို့နယ်၊ ဝေါ်လေဗျူဟာကုန်းတိုက်ပွဲမှာလည်း အလွန်ပြင်းထန်နေ တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ KNU တပ်မဟာ ၄ နယ်မြေရှိ စစ်တပ်၏ ဘိုဒါးစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း ရှိ ဝေါ်လေဗျူဟာကုန်းတိုက်ပွဲမှာလည်း အလွန်ပြင်းထန်နေကြောင်း KNU ၏ သတင်းထုတ်ပြန်ချက်နှင့် KNU စစ်ရေး သတင်းရင်းမြစ်၏ ပြောဆိုချက်အရ သိရှိရသည်။ ဧပြီလ ၂၀ ရက်နေ့မှစတင်၍ KNU ကော်သူလေး အုပ်ချုပ်ရေးနယ်မြေ၊ မြိတ်-ထားဝယ်ခရိုင်၊ လယ်ကဆောမြို့နယ်၊ ဘုတ်ပြင်းမြို့နှင့်ပြည်ကြီးမဏ္ဍိုင်မြို့ အကြား ပြည်ထောင်စုလမ်းမပေါ်ရှိ ဘိုဒါးကျေးရွာအတွင်းတွင် စစ်တပ်က ၂ နှစ်ကျော်အကြာ တပ်စွဲထားသော ဘိုဒါးစခန်းကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ကြောင်း၊ ယမန်နေ့…
မြန်မာနိုင်ငံရှိ တိုင်ချန်း ကျားဖြန့် စင်တာအကြောင်း သတင်းပေးနိုင်သူကို ဒေါ်လာ ၁၀ သန်း ပေးမယ်လို့ အမေရိကန် ဆုငွေထုတ် မြန်မာနိုင်ငံရှိ တိုင်ချန်း ကျားဖြန့် စင်တာ လုပ်ကိုင်နေတဲ့ ငွေကြေး ခဝါချမှုအတွင်း ပါဝင်တဲ့ ဘဏ္ဍာငွေတွေကို သိမ်းဆည်းရေးနဲ့ပြန်လည် ရယူရေး သတင်းပေးနိုင်သူကို ဆုတော်ငွေ ဒေါ်လာ ၁၀ သန်း ပေးမှာ ဖြစ်ကြောင်း အမေရိကန် နိုင်ငံတကာ မူးယစ်ဆေးနဲ့ ဥပဒေ စည်းကြပ်ရေး ဌာနက ဧပြီ ၂၃ ရက်မှာ ကြေညာပါတယ်။ တရားရေးဌာနရဲ့ ထောက်ခံမှုနဲ့ အဲဒီ ဌာနက ဆုတော်ငွေ ဒေါ်လာ ၁၀ သန်း ထုတ်ပြန်တာ ဖြစ်ပါတယ်။ အရှေ့တောင်အာရှမှာ အခြေစိုက်တဲ့ နယ်စပ် ဖြတ်ကျော် ရာဇဝတ်အဖွဲ့အစည်းတွေဟာ ကြီးမားတဲ့…
ရခိုင်ပြည်၊ကျောက်ဖြူမြို့နယ်၊ ကျောက်ဆောက်ရွာ၊ မီးကျောင်းရေသောက် စစ်ဘေးရှောင်စခန်းတွင် နောက်လင်ယူသွားသည့် အမျိုးသမီးအား ယခင်ယောက်ျားဟောင်းကဓါးဖြင့်ခုတ်သတ်၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်းသိရသည်။ ဓါးခုတ်ခံရမှုကြောင့်သေဆုံးသွားသူမှာမီးကျောင်းရေသောက်စစ်ရှောင်စခန်းတွင်နေထိုင်သူကျောက်ဖြူမြို့နယ်၊ပြားကျိန်ချောင်းဖျားရွာမှ ဒေါ်ကြာလှမ(ခ) လှလှဝင်း (၃၉နှစ်)ဖြစ်သည်။ အဆိုပါ လူသတ်မှုသည် ပြီးခဲ့သည့်ဧပြီလ (၁၈) ရက်နေ့၊ည (၉) နာရီခန့်တွင်ကျောက်ဖြူမြို့နယ်၊ကျောက်ဆောက်ရွာအနားရှိမီးကျောင်းရေသောက်စစ်ရှောင်စခန်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ စစ်ရှောင်နေသည့်ရသေ့တောင်မြို့နယ်၊သစ်ကတိုးရွာမှဦးခင်သိန်းမောင် (၅၆နှစ်) သည်အရက်အလွန်အကျွံသောက်ပြီးစိတ်ဖောက်ပြန်ရာမှ၎င်းနှင့်အိမ်ထောင်ကျဖူးခဲ့ပြီးနောက်ထပ် လင်ယူသွားသည့် ဒေါ်ကြာလှမ(ခ) လှလှဝင်းဓါးဖြင့်ပိုင်းခုတ်သတ်ဖြတ်ခဲ့သည်ဟုအာရက္ခမှုခင်းနှင့်ဆက်စပ်သတင်းများထုတ်ပြန်ရေးအဖွဲ့ကယနေ့ဧပြီလ (၂၄) ရက်တွင်ထုတ်ပြန်ထားသည်။ ယင်းသို့ဓါးဖြင့်ခုတ်ခံရမှုကြောင့်ဒေါ်ကြာလှမ၏ဘယ်ဖက်လက်လှုပ်တွင် (၇) လက်မခန့်ဒဏ်ရာ (၁) ချက်၊ဘယ်ဖက်ဘေးစတွင် (၄) လက်မခွဲခန့်ဒဏ်ရာ (၁) ချက်၊နောက်ကျောတွင် (၃)လက်မမှသည် (၈) ခန့်ထိရှိသည့်ဓါးဒဏ်ရာ (၄)ချက်၊ညာဖက်လက်လှုပ်တွင် (၈) လက်မခွဲခန့်ဒဏ်ရာ (၁) ချက်၊ခါးဆစ်တွင် (၅) လက်မခန့်ဒဏ်ရာ (၁) ချက်၊ဦးခေါင်းညာဖက်ခြမ်းတွင် (၃) လက်မခန့်ဒဏ်ရာ (၁) ချက်၊ဦးခေါင်းဘယ်ဖက်ခြမ်းတွင် (၁၀)…
မြိတ်မြို့နယ်တွင် ကိုရင်ငယ်ကို လူမဆန်စွာ ရိုက်နှက်ခဲ့သည့် ပဋိပတ္တိတောရကျောင်း၏ ကျောင်းထိုင်ဘုန်း ကြီး ဦးတေဇကို လူဝတ်လဲပြီး ထောင်ဒဏ် ၂ နှစ်ချမှတ်နိုင်သောပုဒ်မ ၂၉၅ (က) ဖြင့် အမှုဖွင့်ဖမ်းဆီး၊ အရေးယူသည့် ပုဒ်မများ ထပ်တိုးလာနိုင် တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်တွင် ကိုရင်ငယ်ကို လူမဆန်စွာ ရိုက်နှက်ခဲ့သည့် ပဋိပတ္တိတောရကျောင်း၏ ကျောင်းထိုင်ဘုန်းကြီး ဦးတေဇကို လူဝတ်လဲပြီး ထောင်ဒဏ် ၂ နှစ်ချမှတ်နိုင်သောပုဒ်မ ၂၉၅ (က) ဖြင့် အမှုဖွင့်ဖမ်းဆီးလိုက်ကြောင်း အဆိုပါအမှုကို လိုက်ပါကူညီဆောင်ရွက်နေသော ဆရာတော် ဦးသုနန္ဒက ပြည်သူများသို့ အသိပေးသည်။ ဧပြီလ ၂၁ ရက်နေ့ ညနေပိုင်း ကိုရင်ငယ်ကို ဦးတေဇက ရက်ရက်စက်စက် လူမဆန်စွာ ရိုက်နှက်ခဲ့သည့် ဗီဒီယိုသည် လူမှုကွန်ရက်မှတစ်ဆင့် ပျံ့နှံ့လာခဲ့သဖြင့် ပြည်သူများအကြား ဝေဖန်မှုများ…
ထိုင်းဆုန်ခရန် ၅ ရက်အတွင်း ယာဉ်မတော်တဆမှုကြောင့် ၁၉၁ ဦး သေဆုံးခဲ့ပြီး ဘန်ကောက်တွင် သေဆုံးသူ အများဆုံးဖြစ် ချင်းမိုင်ခရိုင်သည် မူးယစ်မောင်းနှင်ခြင်း ချိုးဖောက်မှုအများဆုံးဒေသ ဖြစ် ထိုင်းဆုန်ခရန် ပွဲတော်ကာလ ၅ ရက်အတွင်း ယာဉ်မတော်တဆမှုများကြောင့် လူပေါင်း ၁၉၁ ဦး သေဆုံးခဲ့ပြီး၊ ဘန်ကောက်မြို့သည် သေဆုံးသူ အများဆုံးဒေသ ဖြစ်ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ထိုင်းသတင်းများတွင် ဖော်ပြထားသည်။ ထိုင်းအစိုးရသည် ဧပြီ ၁၀ ရက်မှ ၁၄ ရက်အထိ ဆုန်ခရန်အားလပ်ရက်အတွင်း ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် အထူးစီမံချက်များဖြင့် ဆောင်ရွက်နေသော်လည်း၊ ၅ ရက်တာအတွင်း ယာဉ်မတော်တဆမှုပေါင်း ၉၅၁ ကြိမ် ဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၉၁ ဦး သေဆုံးကာ ၉၁၁ ဦး…