Category: News
-

သင်္ဘောတွေသာမက Y-12 လေယာဉ်ကြီးပါ နွှာလိုက်တဲ့ KIA
စစ်သင်္ဘောလုံခြုံရေးလုပ်နေတဲ့ Y-12 လေယာဉ်ပစ်ခတ်ခံရပြီးထိမှန်ဟုကနဦးသတင်းရ ပျက်ကျတယ်လို့ယူဆရတဲ့နေရာကို KIA ပူးပေါင်းတပ် လိုက်လံရှာဖွေ ကချင်ပြည်နယ်ရွှေကူ-ဗန်းမော်ကြား စစ်သင်္ဘောလုံခြုံရေးအတွက်ဗုံးလိုက်ကြဲနေ တဲ့ စစ်တပ်ရဲ့ Y12လေယာဉ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ကပစ်ခတ်ခဲ့ရာ ထိမှန် မီးခိုးအူသွားကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ စက်တင်ဘာ ၁၆ရက်မနက်မှာ စစ်သင်္ဘောတွေဟာ ဗန်းမော်ဘက်ကနေ ရွှေကူမြို့ဘက်ကို စုန်းဆင်းလာတာရှိသလို ရွှေကူကနေလည်း ဗန်းမော်မြို့ဘက်ကို ဆန်တက်တာရှိကြောင်း သတင်းရင်းမြစ်က ပြောပါတယ်။ အဲဒီ စစ်သင်္ဘောတွေကို KIA ပူးပေါင်းတပ်က တိုက်ခိုက်ဖျက်ဆီးခဲ့တာရှိသလို စစ်တပ်ရဲ့သင်္ဘောလမ်းကြောင်းလုံခြုံရေးအတွက် လာတဲ့ လေယာဉ်ကိုလည်း တိုက်ခိုက်ခဲ့တာလို့ ကနဦးသတင်းရရှိခဲ့တာပါ။ “ဒီမနက် Y12 ၁စီးကတော့ ထိသွားတာ ထိသွားပြီး စောင်းသွားတယ်။ မီးခိုးတလူလူနဲ့။ ရွာသားတွေမြင်တာကတော့ ကျသွားပြီလို့ ပြောတယ်။ တောင်ပေါ်ဘက်မှာ။ ရွာမရှိဘူး အဲဒီ တောင်ပေါ်ဘက် အဝေးကြီး အဲဒါ…
-

မင်္ဂလာဆောင်ပြီးတာ မကြာသေးဘူး… ယောကျ်ားချင်းတဲ့လား?
မင်္ဂလာဆောင်ပြီးတာ မကြာသေးဘူး… ယောကျ်ားချင်း ဖော-က်ပြန်တာတဲ့လား? ၁၅ နှစ်တာ သံယောဇဉ်ကို နှစ်လနဲ့ လဲလိုက်ကြတဲ့ အချိန်မှာ… အိမ်ထောင်ရေးဆိုတာ လွယ်လွယ်နဲ့ တည်ဆောက်လို့ရတဲ့အရာ မဟုတ်သလို၊ တစ်နေ့တည်းနဲ့လည်း ပြိုကွဲသွားတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဘဝမှာ တစ်ခါမှ မတွေးထားဖူးတဲ့ အဖြစ်အပျက်တွေနဲ့ ကြုံလာရတဲ့အခါ…။ ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ မြင်းကကုန်းကျေးရွာနေ ဦးအေးမင်းဇော် + ဒေါ်နွယ်နီမြင့် တို့၏သား၊ တရားဝင်ခင်ပွန်းဖြစ်သူ ထက်လင်း နဲ့ ပတ်သက်ပြီး ရင်နာစရာ အမှန်တရားတွေကို ဇနီးဖြစ်သူက အခုလို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုလာပါတယ်။ “၁၅ နှစ်တာ တည်ဆောက်လာခဲ့တဲ့ သံယောဇဉ်တစ်ခုကို နှစ်လလောက်နဲ့ အလွယ်တကူ လဲလှယ်ခံလိုက်ရမယ်လို့ ကျွန်မဘဝမှာ တစ်ခါမှ မတွေးခဲ့ဖူးပါဘူး…” ဖောက်ပြန်စရာတွေ ရှားလို့ ယောကျ်ားချင်းပါ ဖောက်ပြန်ရတယ်ဆိုတဲ့ ဖြစ်ရပ်ဆန်းကြီးက…
-

လူT-တ်မှုတွေ ရက်ဆက်ဖြစ်နေတဲ့ မန္တလေး
မန္တလေးမှာ နေအိမ်အတွင်း လင်မယား ၂ ဦး သတ်ဖြတ်ခံရ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ စက်တင်ဘာ ၁၅ ရက် နေ့လယ်ပိုင်းမှာ ချမ်းမြသာစည်မြို့နယ် ၁၁၁(A)လမ်း၊၆၈Aလမ်းနဲ့ ၆၈Bလမ်းကြားက နေအိမ်တစ်အိမ်မှာ လင်မယား ၂ဦး သတ်ဖြတ်ခံထားရတာကို တွေ့ရှိကြောင်း မန္တလေးမြေပြင်သတင်းတွေ ဖော်ပြနေတဲ့ MDY Revolution အဖွဲ့က အသိပေးပါတယ်။ “ဖြစ်တာကတော့ မနေ့ညကတည်းက ဖြစ်တာလို့ ကြားတယ်။ အိမ်ထဲဝင်ပြီး လင်မယားနှစ်ယောက် လုံး ဓါးနဲ့အထိုးခံရတာလို့ ကြားတယ်”လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ အဆိုပါလင်မယား ၂ဦး ဘာကြောင့် သတ်ဖြတ်ခံတယ်ဆိုတာတော့ မသိရသေးပါဘူး။ အခင်းဖြစ်ပွားရာနေရာကို စစ်တပ်လက်အောက်ခံ ရဲတွေနဲ့ အုပ်ချုပ်ရေးမှူးတွေ ရောက်လာပြီး အနီးဝန်းကျင်ရှိ…
-

ကိုယ့်ကြမ္မာကိုယ် မတွက်မိလိုက်တဲ့ ဗေဒင်ဆရာ ဗမ ဝေကမ္ဘာစိုး
ပန်းတောင်း ညောင်ကျိုးစခန်း လက်နက်ကြီး ပစ်ခတ်ခံရပြီး ဗေဒင်ဆရာ ဗိုလ်မှူး ဝေကမ္ဘာစိုး ပွဲချင်းပြီး သေဆုံး ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရခိုင်ရိုးမပေါ်ရှိ စစ်အုပ်စု၏ ညောင်ကျိုးစခန်း လက်နက်ကြီး ထိမှန်မှုကြောင့် အွန်လိုင်း ဗေဒင်ဆရာ ဗိုလ်မှူး ဝေကမ္ဘာစိုး ပွဲချင်းပြီး သေဆုံး။ AA ဦးဆောင်သော တော်လှန်ရေး ပူးပေါင်းတပ်များ အပြင်းအထန် ထိုးစစ်ဆင်နေသည့် ညောင်ကျိုးစခန်းသည် စစ်အုပ်စု၏ ကပစ-၆ စက်ရုံနှင့် ၁၁ မိုင်ခန့်သာ ကွာဝေးပြီး စစ်ရေးအရ အရေးပါသည့် စခန်းတစ်ခုဖြစ်။ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရခိုင်ရိုးမ တောင်တန်းပေါ် (တောင်ကုတ်-ပောင်းတောင်း လမ်းပိုင်း) ရှိ စစ်အုပ်စု၏ ညောင်ကျိုးစခန်းတွင် တာဝန်ကျနေသော အသက် ၃၇ နှစ်အရွယ် ဗေဒင်ဆရာ ဗိုလ်မှူး ဝေကမ္ဘာစိုးသည် ယနေ့…
-

“ဆလိုင်းနေလင်းထက်” ရဲ့ ဝမ်းနည်းကြေကွဲဖွယ် နောက်ဆုံးခရီး
စမ်းချောင်း Bar 4 U မီးလောင်မှုတွင် အသက်ဆုံးရှုံးခဲ့ရသော “ဆလိုင်းနေလင်းထက်” ရဲ့ ဝမ်းနည်းကြေကွဲဖွယ် နောက်ဆုံးခရီး… 🕊🕊😓😓 စက်တင်ဘာလ (၁၃)ရက်နေ့ညက စမ်းချောင်းမြို့နယ် ရှိ Bar 4 U မီးလောင်မှုတွင် အသက်ဆုံးရှုံးခဲ့ရသော ရခိုင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၏ အသင်းတော်တစ်ပါးဖြစ်သော ဒိုးနွယ်စမ်းအသင်းတော် , တောင်ကုတ်မြို့နယ်၏ အသင်းသား “ဆလိုင်းနေလင်းထက်” အသက်(၂၆)နှစ် ရဲ့ စျာပနအခမ်းအနားကိုတော့ ယနေ့ စက်တင်ဘာလ (၁၅) ရက်နေ့ , နေ့လည်(၂)နာရီ အချိန်တွင် ရေဝေးခရစ်ယာန်ဂိုဏ်းပေါင်းစုံဥယျာဉ်တော်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဝတ်ပြုဆုတောင်းကာ ကျွင်းကျန်ရစ်သော ရုပ်ကလာပ်ကို ဂူသွင်းသင်္ဂြိုဟ်ခဲ့တဲ့ ပုံရိပ်များပဲ ဖြစ်ပါတယ် 🕊🕊😓😓 ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းလျက်…🙏🏻🙏🏻🙏🏻