📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

Category: News

  • “ဆလိုင်း‌နေလင်းထက်” ရဲ့ ဝမ်းနည်းကြေကွဲဖွယ် နောက်ဆုံးခရီး

    “ဆလိုင်း‌နေလင်းထက်” ရဲ့ ဝမ်းနည်းကြေကွဲဖွယ် နောက်ဆုံးခရီး

    စမ်းချောင်း Bar 4 U မီးလောင်မှုတွင် အသက်ဆုံးရှုံးခဲ့ရသော “ဆလိုင်း‌နေလင်းထက်” ရဲ့ ဝမ်းနည်းကြေကွဲဖွယ် နောက်ဆုံးခရီး… 🕊🕊😓😓 စက်တင်ဘာလ (၁၃)ရက်နေ့ညက စမ်းချောင်းမြို့နယ် ရှိ Bar 4 U မီးလောင်မှုတွင် အသက်ဆုံးရှုံးခဲ့ရသော ရခိုင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၏ အသင်းတော်တစ်ပါးဖြစ်သော ဒိုးနွယ်စမ်းအ‌‌သင်းတော် , တောင်ကုတ်မြို့နယ်၏ အသင်းသား “ဆလိုင်းနေလင်းထက်” အသက်(၂၆)နှစ် ရဲ့ စျာပနအခမ်းအနားကိုတော့ ယနေ့ စက်တင်ဘာလ (၁၅) ရက်နေ့ , နေ့လည်(၂)နာရီ အချိန်တွင် ရေဝေးခရစ်ယာန်ဂိုဏ်းပေါင်းစုံဥယျာဉ်တော်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဝတ်ပြုဆုတောင်းကာ ကျွင်းကျန်ရစ်သော ရုပ်ကလာပ်ကို ဂူသွင်းသင်္ဂြိုဟ်ခဲ့တဲ့ ပုံရိပ်များပဲ ဖြစ်ပါတယ် 🕊🕊😓😓 ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းလျက်…🙏🏻🙏🏻🙏🏻

  • ငုတ်တုပ်မေ့…အိုးဝေ

    ငုတ်တုပ်မေ့…အိုးဝေ

    မန္တလေးမြို့အဝင်တံခွန်တိုင်အဝိုင်းပတ်ကို အဝေးပြေးကားတွေဝင်လိုက်တာနဲ့ Welcome To Mandalay ဆိုတဲ့ ဆိုင်းဘုတ်နဲ့အတူလမ်းပေါ်မှာသုံးဘီးယာဥ်တွေကိုအများအပြားမြင်လိုက်ရပါတယ်။ တချိန်က စက်ဘီးမြို့တော်၊ ဆိုင်ကယ်မြို့တော်ဆိုတဲ့ အမည်နာမအမျိုးမျိုးတွင်ခဲ့တဲ့ မန္တလေးမြို့ဟာ ယခုအခါမှာတော့ သုံးဘီးမြို့တော်လို့ ခေါ်ဆိုရ​တော့မယ့်အနေအထားပါ။ သုံးဘီးယာဥ်တွေများတော့ အလုပ်ဖြစ်နေပြီလို့ ထင်ရင် လွဲပါလိမ့်မယ်။ “တနေ့အိမ်ကိုပြန်ပြီး ၃ ခါ​​လောက်အိပ်လို့ရတယ်”လို့ အသက် ၂၅ နှစ်ဝန်းကျင် သုံးဘီးသမားတဦးကပြောပါတယ်။ ​မန္တလေးမြို့ရဲ့လမ်းမတွေပေါ်မှာသုံးဘီးယာဉ်တွေသိသိသာသာများပြားလာခဲ့ပေမယ့် နေ့စဉ်ဝမ်းစာအတွက်ရုန်းကန်နေရတဲ့ သုံးဘီးမောင်းသူအချို့အတွက်ကတော့ စျေးဦးတောင် မပေါက်တဲ့နေ့တွေနဲ့ရင်ဆိုင်နေရတယ်လို့ သုံးဘီးယာဥ်မောင်းနှင်သူတွေက ပြောပါတယ်။ “အိုးဝေတွေကအရမ်းများလာတယ်။နေ့လယ်တစ်နာရီထိုးတာတောင် စျေးဦးမပေါက်တဲ့ရက်တွေရှိတယ်”လို့ အသက် ငါးဆယ်ကျော်အရွယ် သုံးဘီးယာဥ်မောင်းတစ်ဦးက​ ပြောပါတယ်။ မန္တလေးမြို့မှာအိန္ဒိယလုပ် Bajaj RE ကဲ့သို့ သုံးဘီးယာဥ်တွေကို အငှားယာဥ်အဖြစ် စတင်လုပ်ကိုင်ခဲ့တဲ့ Oway ကုမ္ပဏီရဲ့ မီနီအိုးဝေဆိုတဲ့အခေါ်အဝေါ်ကိုပဲ ဆက်လက်သုံးစွဲကြတယ်လို့ သိရပါတယ်။ မန္တလေးမြို့မှာ သုံးဘီးယာဉ်တွေ စတင်ကျယ်ပြန့်စွာ ပေါ်ပေါက်လာတာကတော့…

  • မြန်မာပြည်သူတွေကို ထွက်ခတ်,ခတ်ခဲ့တဲ့ တယ်လီနော နာပြီ

    မြန်မာပြည်သူတွေကို ထွက်ခတ်,ခတ်ခဲ့တဲ့ တယ်လီနော နာပြီ

    မြန်မာနိုင်ငံမှ ထွက်ခွာစဉ် ဒဏ်ခတ် ပိတ်ဆို့အရေးယူမှုဥပဒေ ချိုးဖောက်မှုနှင့် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုများကို ကူညီပံ့ပိုးမှု သံသယဖြင့် Telenor ကုမ္ပဏီကို နော်ဝေအာဏာပိုင်များက စုံစမ်းစစ်ဆေး မြန်မာနိုင်ငံတွင် ယခင်က လုပ်ငန်းလုပ်ကိုင်ခဲ့စဉ် ပိတ်ဆို့အရေးယူမှုဥပဒေ ချိုးဖောက်ခဲ့သည်ဟု သံသယရှိခြင်းနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ကူညီပံ့ပိုးခဲ့သည်ဟု သံသယရှိခြင်းတို့ဖြင့် နော်ဝေတယ်လီဖုန်းဆက်သွယ်ရေးကုမ္ပဏီ Telenor ASA ကို နော်ဝေအာဏာပိုင်များက စုံစမ်းစစ်ဆေးမှု ဖွင့်လှစ်ပြီး တရားဝင် စွဲချက်တင်ထားကြောင်း Telenor က စက်တင်ဘာလ ၁၅ ရက်တွင် ထုတ်ပြန်ကြေညာသည်။ Telenor ၏ ထုတ်ပြန်ချက်အရ ကုမ္ပဏီအပေါ် တရားဝင် စွဲချက်တင်ထားသည့် အမှုမှာ ၂ ခုရှိပြီး တစ်ခုမှာ ပိတ်ဆို့အရေးယူမှုဥပဒေကို ချိုးဖောက်သည်ဟူသော သံသယဖြစ်ကာ နောက်တစ်ခုမှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်…

  • နောက်ဆုံးအချိန်ထိ ထောက်ပို့ပေးသွားတဲ့ မြစ်ဧရာထဲက ရောမျောကမ်းတင်လေးများ

    နောက်ဆုံးအချိန်ထိ ထောက်ပို့ပေးသွားတဲ့ မြစ်ဧရာထဲက ရောမျောကမ်းတင်လေးများ

    ဧရာဝတီမြစ်ထဲမျောလာတဲ့ စစ်အုပ်စုအလောင်းများထံမှ ခဲယမ်းတွေ မတ္တရာ ပကဖ လိုက်လံဆယ်ယူရရှိ ဧရာဝတီမြစ်အတွင်း မျောပါလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းတွေထံမှ ခဲယမ်းအချို့ကို မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်တွေက သိမ်းဆည်းရရှိခဲ့တယ်လို့ စက်တင်ဘာ ၁၅ ရက်မှာ ထုတ်ပြန်ထားတဲ့ အဆိုပါတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ရွှေကူနဲ့ ဗန်းမော်မြို့နယ်မှာ KIA နဲ့ PDF ပူး‌‌ပေါင်းတပ်တွေ တိုက်ခိုက်မှုကြောင့် နစ်မြုပ်သွားနဲ့ သင်္ဘောတွေနဲ့အတူ သေဆုံးပြီး ဧရာဝတီမြစ်အတွင်း မျောပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းတွေထံမှ ၅.၅၆ ကျည်အချို့ကို ပကဖ ရဲဘော်တွေက လိုက်လံဆယ်ယူရရှိခဲ့တယ်လို့ အသိပေးထားပါတယ်။ စစ်တပ်ရဲ့ သင်္ဘောတွေကို KIA နဲ့ PDF ပူး‌ပေါင်းတပ်တွေက ဩဂုတ်လမှစတင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ဘက်သုံး တိုက်ရေယာဉ်တွေအပါအဝင် သင်္ဘောအများအပြား ဧရာဝတီမြစ်ထဲမှာ ပျက်စီးနစ်မြုပ်ခဲ့ကြသလို…

  • လူT-တ်ပြီး D.B ဖျောက်ခဲ့တဲ့ လှိုင်သာယာအုပ်ကြီး

    လူT-တ်ပြီး D.B ဖျောက်ခဲ့တဲ့ လှိုင်သာယာအုပ်ကြီး

    လှိုင်သာယာတွင် လူငယ်တစ်ဦးကို ဖမ်းဆီး၍ လူသတ်အလောင်းဖျောက်သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ဖမ်းဆီး ရန်ကုန်တိုင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အပေါင်းပါများ ယနေ့ (စက်တင်ဘာ ၁၅) နံနက်ပိုင်းက ဖမ်းဆီးခံကြောင်း သိရပါတယ်။ “စစ်မှုထမ်းအတွက် လူငယ်တစ်ဦးကို ဖမ်းတယ်။ လူငယ်ကို ရပ်ကွက်ရုံးမှာ ရိုက်နှက်တော့ ရုံးထဲမှာ သေဆုံးသွားတယ်။ ဒါကို တစ်နေကုန် ထားရှိခဲ့ပြီး ညသန်းခေါင်ကျော်ပြီး၍ နောက်တစ်နေ့နံနက် (၂)နာရီခန့်တွင် CCTV ကင်မရာပိတ်၊ မီးအမှောင်ချ၍ ၎င်းအလောင်းကို ကားနောက်ဖုံးထဲထည့်၍ FMI နှင့် ရှမ်းကျောင်းကျေးရွာနှစ်ခု ဘေးရှိ ဆိပ်ကမ်းသာပတ်လမ်း ခြုံပုတ်တွင် မှောက်လျက်အနေအထားဖြင့် သွားရောက်စွန့်ပစ်ခဲ့တယ်”ဟု ဒေသခံတစ်ဦးက ပြောပါတယ်။ “ဒီနေ့တော့ အုပ်ချုပ်ရေးမှူး ဦးသန်းရွှေနှင့် လူသတ်အလောင်းဖျောက်ရာတွင် ပါဝင်သူများကို ဖမ်းဆီးပြီး စစ်ဆေးနေတယ်။ ၎င်းတို့ကို…