Category: News
-

အမြန်လမ်းမှာမောင်းနေတုန်း အတက်ရောဂါထဖောက်လာတဲ့ယာဥ်မောင်း
အမြန်လမ်းမှာ ယာဉ်မောင်းဖြစ်သူ အတက်ရောဂါဖောက်ပြီး လီဗာနင်းမိရာမှ..ယာဉ်တိုက်မှုဖြစ် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ မထင်မှတ်ထားတဲ့ ရင်တထိတ်ထိတ် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ စက်တင်ဘာလ (၁၇) ရက် နံနက်ပိုင်းက ၃၉ မိုင်မှာရှိတဲ့ ဘောနတ်ကြီး ယာဉ်ရပ်နားစခန်းအတွင်းမှာ မောင်းနှင်လာတဲ့ ယာဉ်မောင်းဖြစ်သူ ရုတ်တရက် ရောဂါဝေဒနာ ဖောက်လာတာကြောင့် အရှိန်မထိန်းနိုင်ဘဲ ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့တယ်လို့ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့ထံမှ သိရပါတယ်။ ဖြစ်စဉ်မှာ နံနက် (၇) နာရီ (၅၀) မိနစ်အချိန်ခန့်က ရန်ကုန်မှ နေပြည်တော်သို့ မောင်းနှင်လာသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးသုံးဦး လိုက်ပါလာသော အနက်ရောင် KIA Seltos SUV မော်တော်ယာဉ်သည် ဘောနတ်ကြီး ယာဉ်ရပ်နားစခန်းအတွင်း ဝင်ရောက်နားခိုပြီး ပြန်လည်ထွက်ခွာချိန်တွင် စတင်ခဲ့ခြင်းဖြစ်ပါသည်။ ထိုသို့ ထွက်ခွာစဉ် ယာဉ်မောင်းဖြစ်သူမှာ…
-

Bar 4U နဲ့ လျော်ကြေးကိစ္စ ဂယက်ထနေတဲ့ ညိုမင်းလွင်
Bar 4U မီးလောင်မှုနှင့်ပတ်သတ်ပြီး ကူးစက်ခံရသောဖုန်းဆိုင်ပိုင်ရှင် ဒါရိုက်တာညိုမင်းလွင်အပါအဝင် စုပေါင်းပိုင်ရှင် ၄ ဦးမှ သိန်း (၂၅၀၀) လျော်ကြေး တောင်း🙏🏻🙏🏻 ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သော Bar 4U စားသောက်ဆိုင် မီးလောင်မှုနှင့် ဆက်စပ်ပြီး မီးစတင်လောင်ကျွမ်းခဲ့သည့် ဆိုင်ပိုင်ရှင်မှာ လက်ရှိတွင် ကြီးမားသည့် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရှိရပါသည်။ ဖြစ်စဉ်မှာ မီးကူးစက်ခံရသည့် ဖုန်းဆိုင်ပိုင်ရှင် (၄) ဦး (ဒါရိုက်တာ ညိုမင်းလွင် အပါအဝင်) က ဆိုင်ပြင်ဆင်စရိတ်ဆိုကာ ကျပ်သိန်း (၂၅၀၀) အထိ လျော်ကြေးတောင်းခံနေသည့်အတွက် Bar 4U ဆိုင်ပိုင်ရှင်အနေဖြင့် အခက်တွေ့နေရခြင်း ဖြစ်သည်။ အနီးအနားရှိ အခြားဆိုင်များမှာ လျော်ကြေး လုံးဝမတောင်းဆိုကြသော်လည်း ဒါရိုက်တာ ညိုမင်းလွင်နှင့် ဖုန်းဆိုင်ပိုင်ရှင် (၃) ဦးတို့ကသာ ယခုကဲ့သို့…
-

သရက်ခရိုင်က PDF တပ်ဖွဲ့ဝင် ၆ ဦး ဘက်ပြောင်း
သရက်ခရိုင်အတွင်း စစ်ရေးတင်းမာနေချိန် PDF တပ်ဖွဲ့ဝင် ၆ ဦး အကြမ်းဖက်စစ်တပ်ထံ ဘက်ပြောင်း မကွေးတိုင်း၊ သရက်ခရိုင်အတွင်း စစ်ရေးတင်းမာနေချိန် အကြမ်းဖက်စစ်တပ်လက်အောက်ကို တပ်ဖွဲ့ဝင် ၆ ဦး လက်နက်တွေနဲ့အတူ ထွက်ပြေးအညံ့ခံသွားကြောင်း သရက်ခရိုင် အမှတ်-၄တပ်ရင်းရဲ့ သတင်းတာဝန်ခံ ကိုမြတ်ကမောင်းကိုပြောပါတယ်။ သရက်ခရိုင်အတွင်း စစ်ရေးလှုပ်ရှားနေတဲ့ PDF သရက်ခရိုင် အမှတ်- ၄ တပ်ရင်းရဲ့ တပ်ဖွဲ့ဝင် ၆ ဦးဟာ ပြီးခဲ့တဲ့ သြဂုတ်လ ပထမပတ်အတွင်းမှာပဲ အကြမ်းဖက်စစ်တပ်ရှိရာကို လက်နက်တွေနဲ့အတူ ထွက်ပြေးဘက်ပြောင်းသွားတယ်လို့ သိရပါတယ်။ အညံ့ခံဘက်ပြောင်းသွားသူတွေကတော့ ရန်ပိုင်စိုး(ခ) ပိုင်လေး၊ လမင်းသန့်၊ ဇင်မိုးအောင်၊ မိုးထက်ကျော်၊ မျိုးထက်နိုင်နဲ့ သူထူးစံ တို့ဖြစ်ကြပြီး ပထမဆုံးထွက်ပြေးသွားတဲ့ ရန်ပိုင်စိုး(ခ) ပိုင်လေးရဲ့ ဆက်လက်ချိတ်ဆက်မှုကနေ နောက်ထပ်ရဲဘော် ၅ ဦး ပါ…
-

ဆူးလေးပန်းခြံက သနားလို့ ခေါ်လာတဲ့ ကလေး ဖုန်း ၃ လုံး လစ်ပြေး
ဆူးလေးပန်းခြံကနေ သနားလို့ ခေါ်လာမိတဲ့ ကလေးက သူများအပ်ထားတဲ့ ဖုန်း (၃) လုံးကို ခိုးယူထွက်ပြေး ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက်နေ့က ဆူးလေးပန်းခြံထဲမှာ အုပ်ထိန်းသူမဲ့နေတဲ့ ကလေးငယ်တစ်ဦးကို တွေ့ရှိခဲ့ရာကနေ ဒီစိတ်မကောင်းစရာ ဖြစ်စဉ်လေး စတင်ခဲ့ပါတယ်။ မိဘတွေအကြောင်း မေးကြည့်တဲ့အခါမှာ ကလေးဖြစ်သူက သူ့ကိုခေါ်ထားတဲ့သူတွေက အမြဲနှိပ်စက်တတ်တယ်လို့ ရင်ဖွင့်လာတဲ့အတွက် ကြားရသူအဖို့ နှလုံးသားမကောင်းဖြစ်ကာ၊ သနားစိတ်အပြည့်နဲ့ ကူညီစောင့်ရှောက်ပေးဖို့ ဆုံးဖြတ်ခဲ့မိပါတယ်။ ဥပဒေနဲ့အညီ ဖြစ်စေဖို့အတွက် လမ်းမတော်ရဲစခန်းကို စနစ်တကျ သတင်းပို့ အသိပေးပြီးမှသာ ထိုကလေးကို အိမ်သို့ ခေါ်ဆောင်လာခဲ့တာပါ။ ဒါပေမယ့် မိမိရဲ့ ယုံကြည်မှုနဲ့ စေတနာတွေဟာ အဲ့ဒီနေ့ ညပိုင်းမှာပဲ ရိုက်ချိုးခံလိုက်ရပါတယ်။ အိမ်ရှင်တွေ အလစ်မှာ ကလေးဖြစ်သူဟာ အိမ်တံခါးသော့ကို ကိုယ်တိုင်ဖွင့်ပြီး အိမ်ထဲမှာရှိနေတဲ့ ဖုန်း…
-

ပေါ်တာဆွဲပြီး ဂျေးထဲထည့်ခံထားရတဲ့လူငယ်တွေ ထွက်ပြေးလွတ်မြောက်
ရေဦးမြို့ပေါ်မှာ စစ်အုပ်စု ပေါ်တာဆွဲဖမ်းဆီးတာခံထားရတဲ့ လူငယ် ၁၀ ဦးကျော် အချုပ်ခန်းဖောက်ပြီး ထွက်ပြေးလွတ်မြောက် လွတ်မြောက်လာတဲ့ လူငယ်တွေကို တော်လှန်ရေးတပ်ဖွဲ့က ထိန်းသိမ်းစောင့်ရှောက်ပေးထား စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်မှာ စစ်အုပ်စုက စစ်မှုထမ်းဖို့ လူသစ်စု ပေါ်တာဆွဲဖမ်းဆီးထားတဲ့ လူငယ်အမျိုးသား ၁၀ ဦးကျော်ဟာ မနေ့က စက်တင်ဘာ ၁၆ ရက် နေ့လယ်ပိုင်းမှာ အချုပ်ခန်းကိုဖောက်ပြီး ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ တာဝန်ရှိသူက ပြောပါတယ်။ ရေဦးမြို့ပေါ်ရပ်ကွက်တွေက အသက် ၂၀ ကနေ ၃၀ ကျော်အရွယ်ရှိတဲ့ လူငယ်အမျိုးသားတွေကို စစ်အုပ်စုက စစ်မှုထမ်းဖို့ ပေါ်တာဆွဲဖမ်းဆီးခဲ့ပြီးနောက် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းထဲမှာ ထိန်းသိမ်းချုပ်နှောင်ထားခဲ့တာဖြစ်ပြီး မနေ့က အဲဒီချုပ်နှောင်ထားတဲ့ (အထက)ကျောင်းထဲက အချုပ်ခန်းကနေ ထွက်ပြေးလွတ်မြောက်လာခဲ့တာဖြစ်တယ်လို့ ရေဦးမြို့နယ် ပကဖ…