📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

Category: News

  • အာဏာရှင် ထောက်တိုင် ဒုညွှန်မှူးကို ရုံးထဲထိဝင်ဆွဲ

    အာဏာရှင် ထောက်တိုင် ဒုညွှန်မှူးကို ရုံးထဲထိဝင်ဆွဲ

    ရာထူးတိုးနဲ့ ပြောင်းလာတာ မကြာသေးတဲ့ ဒုညွှန်မှူးကို လက်နက်ကိုင်အဖွဲ့တစ်ခုက ရုံးထဲအထိ ဝင်ရောက်ဖမ်းဆီးသွား ချင်းပြည်နယ်၊ ဟားခါးမြို့မှာ ဆည်မြောင်းဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ပိုင် ကို အမည်မသိ လက်နက်ကိုင်အဖွဲ့တခုက ရုံးထဲအထိ ဝင်ရောက်ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၁၄ ရက်နေ့ ညနေ ၅ နာရီခန့်က ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်၊ ဂေါက်ကွင်းလမ်းဆုံအနီးရှိ ဆည်မြောင်းဦးစီးဌာနရုံးထဲကို အမည်မသိလက်နက်ကိုင် လူငယ်အဖွဲ့တခုက ဝင်ရောက်လာကာ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ပိုင် ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။ “ဒီကို ရာထူးတိုးနဲ့ ပြောင်းလာတာ ၂ လလောက်ပဲ ရှိသေးတယ်၊ တခြားလူတွေနဲ့ ပြဿနာတက်ထားတာ မရှိဘူး၊ အဲ့နေ့က ဆိုင်ကယ်တွေနဲ့ ရုံးထဲရောက်လာပြီး ဒုညွှန်မှူးကို ဖမ်းသွားတာ၊ ဒီနေ့အထိ မိသားစုနဲ့ကော ရုံးကလူတွေနဲ့ကော အဆက်သွယ်…

  • ကချင်နဲ့ ရခိုင်မှာ စစ်ဦးကျိုးခဲ့လို့ တပ်ရဲ့ အဆင့် ၃ နေရာ ခုံလှုပ်နေပြီ

    ကချင်နဲ့ ရခိုင်မှာ စစ်ဦးကျိုးခဲ့လို့ တပ်ရဲ့ အဆင့် ၃ နေရာ ခုံလှုပ်နေပြီ

    ကချင်နဲ့ ရခိုင်မှာ စစ်ဦးကျိုးပြီး​နောက်စစ်တပ်အင်္ဂါစဉ်အဆင့်(၃)နေရာ လှုပ်ခတ်လာ ကြည်း၊ ရေ၊ လေ ညှိကွပ် ဗိုလ်ချုပ်ကြီးကိုကိုဦးကို ပြည်ထဲရေးဝန်ကြီးအဖြစ်ပူးတွဲခန့်အပ် အရပ်ဘက်ပါ ကန်ထုတ်ခံလိုက်ရပြီးအရပ်ဘက်ရော စစ်ဘက်ပါ မင်း​အောင်လှိုင်က လုပ်ချင်သလိုလုပ်​နေပြီး မ​​​ကျေလည်မှုများ​နေပြီဟု စစ်​ရေးအကဲခတ်အချို့သုံးသပ် ကချင်နဲ့ရခိုင်ပြည်နယ်ကို ကြည်းရေလေစစ်ဆင်ရေးနဲ့ ထိုးစစ်ဆင်​ပေမယ့် ဧရာဝတီမြစ်​ကြောင်းတိုက်ပွဲမှာစစ်ရှုံးခဲ့ပြီး​နောက်အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်က ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးဗိုလ်ချုပ်ကြီးကိုကိုဦး ကို ပြည်ထဲရေးဝန်ကြီးအဖြစ် အရပ်ဖက်ရာထူးပူးတွဲခန့်အပ်လိုက်ပါတယ်။ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေကို စစ်ဘက်မူလတာဝန်တွေ ပြန်ထမ်းဆောင်ဖို့နဲ့ ဗိုလ်ချုပ်ကြီး ကိုကိုဦးကို ပြည်ထဲရေးဝန်ကြီး အဖြစ်ခန့်အပ်လိုက်တယ်လို့ စက်တင်ဘာလ ၁၇ ရက် ညမှာ စစ်အုပ်စုကကြေညာတာဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီး ကိုကိုဦးကို ပြည်ထဲရေးဝန်ကြီး အဖြစ်ခန့်အပ်လိုက်တာက စစ်ဘက်တာဝန်တွေကို လျှော့ချလိုတာလို့ နေပြည်တော်စစ်ရေးသတင်းရင်းမြစ်က သုံးသပ်ပါတယ်။ “ဒုဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေကိုစစ်ဘက်ကို ပြန်ပို့တာက မထူးခြားဘူး။ ဗိုလ်ချုပ်ကြီး…

  • အမြန်လမ်းမှာမောင်းနေတုန်း အတက်ရောဂါထဖောက်လာတဲ့ယာဥ်မောင်း

    အမြန်လမ်းမှာမောင်းနေတုန်း အတက်ရောဂါထဖောက်လာတဲ့ယာဥ်မောင်း

    အမြန်လမ်းမှာ ယာဉ်မောင်းဖြစ်သူ အတက်ရောဂါဖောက်ပြီး လီဗာနင်းမိရာမှ..ယာဉ်တိုက်မှုဖြစ် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ မထင်မှတ်ထားတဲ့ ရင်တထိတ်ထိတ် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ စက်တင်ဘာလ (၁၇) ရက် နံနက်ပိုင်းက ၃၉ မိုင်မှာရှိတဲ့ ဘောနတ်ကြီး ယာဉ်ရပ်နားစခန်းအတွင်းမှာ မောင်းနှင်လာတဲ့ ယာဉ်မောင်းဖြစ်သူ ရုတ်တရက် ရောဂါဝေဒနာ ဖောက်လာတာကြောင့် အရှိန်မထိန်းနိုင်ဘဲ ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့တယ်လို့ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့ထံမှ သိရပါတယ်။ ဖြစ်စဉ်မှာ နံနက် (၇) နာရီ (၅၀) မိနစ်အချိန်ခန့်က ရန်ကုန်မှ နေပြည်တော်သို့ မောင်းနှင်လာသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးသုံးဦး လိုက်ပါလာသော အနက်ရောင် KIA Seltos SUV မော်တော်ယာဉ်သည် ဘောနတ်ကြီး ယာဉ်ရပ်နားစခန်းအတွင်း ဝင်ရောက်နားခိုပြီး ပြန်လည်ထွက်ခွာချိန်တွင် စတင်ခဲ့ခြင်းဖြစ်ပါသည်။ ထိုသို့ ထွက်ခွာစဉ် ယာဉ်မောင်းဖြစ်သူမှာ…

  • Bar 4U နဲ့ လျော်ကြေးကိစ္စ ဂယက်ထနေတဲ့ ညိုမင်းလွင်

    Bar 4U နဲ့ လျော်ကြေးကိစ္စ ဂယက်ထနေတဲ့ ညိုမင်းလွင်

    Bar 4U မီးလောင်မှုနှင့်ပတ်သတ်ပြီး ကူးစက်ခံရသောဖုန်းဆိုင်ပိုင်ရှင် ဒါရိုက်တာညိုမင်းလွင်အပါအဝင် စုပေါင်းပိုင်ရှင် ၄ ဦးမှ သိန်း (၂၅၀၀) လျော်ကြေး တောင်း🙏🏻🙏🏻 ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သော Bar 4U စားသောက်ဆိုင် မီးလောင်မှုနှင့် ဆက်စပ်ပြီး မီးစတင်လောင်ကျွမ်းခဲ့သည့် ဆိုင်ပိုင်ရှင်မှာ လက်ရှိတွင် ကြီးမားသည့် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရှိရပါသည်။ ဖြစ်စဉ်မှာ မီးကူးစက်ခံရသည့် ဖုန်းဆိုင်ပိုင်ရှင် (၄) ဦး (ဒါရိုက်တာ ညိုမင်းလွင် အပါအဝင်) က ဆိုင်ပြင်ဆင်စရိတ်ဆိုကာ ကျပ်သိန်း (၂၅၀၀) အထိ လျော်ကြေးတောင်းခံနေသည့်အတွက် Bar 4U ဆိုင်ပိုင်ရှင်အနေဖြင့် အခက်တွေ့နေရခြင်း ဖြစ်သည်။ အနီးအနားရှိ အခြားဆိုင်များမှာ လျော်ကြေး လုံးဝမတောင်းဆိုကြသော်လည်း ဒါရိုက်တာ ညိုမင်းလွင်နှင့် ဖုန်းဆိုင်ပိုင်ရှင် (၃) ဦးတို့ကသာ ယခုကဲ့သို့…

  • သရက်ခရိုင်က PDF တပ်ဖွဲ့ဝင် ၆ ဦး ဘက်ပြောင်း

    သရက်ခရိုင်က PDF တပ်ဖွဲ့ဝင် ၆ ဦး ဘက်ပြောင်း

    သရက်ခရိုင်အတွင်း စစ်ရေးတင်းမာနေချိန် PDF တပ်ဖွဲ့ဝင် ၆ ဦး အကြမ်းဖက်စစ်တပ်ထံ ဘက်ပြောင်း ​မကွေးတိုင်း၊ သရက်ခရိုင်အတွင်း စစ်ရေးတင်းမာနေချိန် အကြမ်းဖက်စစ်တပ်လက်အောက်ကို တပ်ဖွဲ့ဝင် ၆ ဦး လက်နက်တွေနဲ့အတူ ထွက်ပြေးအညံ့ခံသွားကြောင်း သရက်ခရိုင် အမှတ်-၄တပ်ရင်းရဲ့ သတင်းတာဝန်ခံ ကိုမြတ်ကမောင်းကိုပြောပါတယ်။ သရက်ခရိုင်အတွင်း စစ်ရေးလှုပ်ရှားနေတဲ့ PDF သရက်ခရိုင် အမှတ်- ၄ တပ်ရင်းရဲ့ တပ်ဖွဲ့ဝင် ၆ ဦးဟာ ပြီးခဲ့တဲ့ သြဂုတ်လ ပထမပတ်အတွင်းမှာပဲ အကြမ်းဖက်စစ်တပ်ရှိရာကို လက်နက်တွေနဲ့အတူ ထွက်ပြေးဘက်ပြောင်းသွားတယ်လို့ သိရပါတယ်။ အညံ့ခံဘက်ပြောင်းသွားသူတွေကတော့ ရန်ပိုင်စိုး(ခ) ပိုင်လေး၊ လမင်းသန့်၊ ဇင်မိုးအောင်၊ မိုးထက်ကျော်၊ မျိုးထက်နိုင်နဲ့ သူထူးစံ တို့ဖြစ်ကြပြီး ပထမဆုံးထွက်ပြေးသွားတဲ့ ရန်ပိုင်စိုး(ခ) ပိုင်လေးရဲ့ ဆက်လက်ချိတ်ဆက်မှုကနေ နောက်ထပ်ရဲဘော် ၅ ဦး ပါ…