Category: News
-

သမင်ဖြူပေါက်လို့ ရွာကနှင်ထုတ်ခံရတဲ့ ၇၂ နှစ်အရွယ် အဘိုးအို
ကျောက်တစ်လုံးကြီးတွင် အသက် ၇၂ အရွယ် အဖိုးအိုတစ်ဦးကို သမင်ဖြူများပေါက်သည်ဆိုကာ ရွာမှနှင်ထုတ် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျောက်တစ်လုံးကြီးမြို့နယ်၊ ဆောင်ဖိုးကျေးရွာ (တခေါ့ရွာ) တွင် အသက် ၇၂ အရွယ် အဖိုးအိုတစ်ဦးကို သမင်ဖြူများပေါက်နေသည်ဆိုသည့် အကြောင်းပြချက်ဖြင့် ရွာသားများက နှင်ထုတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ စက်တင်ဘာ ၁၈ ရက်တွင် ကျေးရွာသူကြီး၊ အုပ်ချုပ်ရေးမှုအဖွဲ့ဝင်များနှင့် ရွာသားများက နှင်ထုတ်ခဲ့ခြင်းဖြစ်ပြီး ကျေးရွာသားများ၏ စိုးရိမ်မှု လျော့ပါးစေရန် တာဝန်ရှိသူများနှင့် ကျန်းမာရေးဝန်ထမ်းများက လာရောက်စစ်ဆေးပြီး သမင်ဖြူရောဂါသည် လူတစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်သည့် ရောဂါမဟုတ်ကြောင်း ရှင်းလင်းပြောကြားခဲ့သော် လည်း ရွာသားအချို့က လက်မခံဘဲ မောင်းထုတ်ရန် ဆက်လက်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “အသက် ၇၂ အရွယ်ဆိုတာ သက်ကြီးရွယ်အိုတစ်ယောက်ပါ။ ဒီအရွယ်မှာ နေစရာတစ်ခုရှိပြီး အေးအေးချမ်းချမ်း နေထိုင်နိုင်ဖို့ပဲ…
-

ကျောင်းအုပ်ဆရာမ လက်စွမ်းပြလိုက်ပြန်ပြီ
လွိုင်လင် ဟွေးတောက်မူလွန်ကျောင်းတွင် ကျောင်းအုပ်ဆရာမက ကျောင်းသားတစ်ဦးကို ညိုမဲစွဲသည်အထိ ရိုက်နှက် ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ဟွေးတောက်မူလွန်ကျောင်းတွင် ကလေးငြိမ်ငြိမ်မနေသည်ဟုဆိုကာ ကျောင်းအုပ်ဆရာမဖြစ်သူက ကျောင်းသားတစ်ဦးကို ညိုမဲစွဲသည်အထိ ရိုက်နှက်ခဲ့ပြီး ဆေးကုသခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါဖြစ်စဉ်သည် စက်တင်ဘာ ၁၇ ရက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျောင်းအုပ်ဆရာမက ကျောင်းသားတစ်ဦးကို ရိုက်နှက်ခဲ့ခြင်းကြောင့် ကလေး၏ ခန္ဓာကိုယ်တွင် ညိုမဲဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ ယခုကဲ့သို့ ကိုယ်ထိလက်ရောက် ရိုက်နှက်ဆုံးမမှုများ ဖြစ်ပွားနေခြင်းအပေါ် မိဘများနှင့် ဒေသခံအချို့က စိုးရိမ်နေကြပြီး ကလေးများ၏ လုံခြုံရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်ပေးရန် လိုလားနေကြသည်။ “ကလေးတွေကို ဒီလောက်အထိ ရိုက်နှက်တာကတော့ လွန်လွန်းတယ်။ ကလေးတောင် ဆေးခန်းသွားပြရတဲ့အထိ ဖြစ်သွားတယ်။ ကလေးတစ်ယောက်ကို ဆုံးမတယ်ဆိုတာနဲ့ ဒီလောက်အထိ ရိုက်နှက်လို့ရတာ မဟုတ်ဘူး။ တစ်ခုခု…
-

System Breakdown နောက်ဆက်တွဲ အရေးပေါ် ရောက်ကုန်ကြပြီ
System Breakdown ဖြစ်ပြီး မီးပျက်ချိန် လက်သည်းအလှပြင်ဆိုင်တွင် မီးစက်နှိုးထားရာမှ အောက်ဆီဂျင်ပျက်ကာ အမျိုးသမီးငါးဦး သတိလစ်မေ့မျောမှု စမ်းချောင်းမြို့နယ်တွင် ဖြစ်ပွား System Breakdown ဖြစ်ပြီး မီးပျက်ချိန် လက်သည်းအလှပြင်ဆိုင်တွင် မီးစက်နှိုးထားရာမှ အောက်ဆီဂျင်ပျက်ကာ အမျိုးသမီးငါးဦး သတိလစ်မေ့မျောမှု စမ်းချောင်းမြို့နယ်တွင် ယနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းက ဖြစ်ပွားကြောင်း အနာဂတ်အလင်းတန်းပရဟိတအသင်းမှ သိရသည်။ စက်တင်ဘာ ၁၉ ရက် ည ၇ နာရီ ၂၁ မိနစ်ခန့်တွင် စမ်းချောင်းမြို့နယ် သံတံတားလမ်းတွင် လက်သည်းအလှပြင်ဆိုင်အခန်းအတွင်း မီးစက်နိုးထားရာမှ အောက်ဆီဂျင်ပျက်ကာ အသက်ရှူကျပ်မေ့မျောနေသည့် လူနာအမျိုးသမီးငါးဦးအား အနာဂတ်အလင်းတန်းပရဟိတအသင်းမှလူနာတင်ယာဉ် နှစ်စီးဖြင့် ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာနသို့ အမြန်ဆုံးပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။ “ကျနော်တို့ သတိလစ်မူးဝေနေတဲ့ အမျိုးသမီးငါးဦးကို ဆေးရုံပို့ပေးလိုက်ပါတယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရပါဘူး” ဟု…
-

တစ်ဗိုလ်ကျ တစ်ဗိုလ်တက် တက်လာတဲ့အကောင် ဆက်ကျ🤭🤭
ညောင်ကျိုးတိုက်ပွဲတွင် စကခ (၁၀) တပ်မမှူးသေဆုံးအပြီး အစားထိုး အင်အားဖြည့်လာသည့် ခလရ (၉၂) မှ ဗိုလ်မှူးတစ်ဦး ထပ်မံသေဆုံး ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်း – ညောင်ကျိုး စစ်မျက်နှာတွင် အာရက္ခတပ်တော် (AA)နှင့် ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း စကခ (၁၀) တပ်မမှူးကိုယ် တိုင် သေဆုံးထား၍ စစ်ဦးကျိုးကာ ပြန်ဆုတ်နေရသည့် စစ်တပ်အား အစားထိုး အင်အားဖြည့်ရန် ရောက်ရှိလာသည့် ပန်းတောင်းအခြေစိုက် ခလရ (၉၂) မှ ဗိုလ်မှူး ဝေကမ္ဘာစိုး ထပ်မံသေဆုံးသွားကြောင်း သိရသည်။ အဆိုပါ ပန်းတောင်းမြို့နယ် ညောင်ကျိုးရိုးပေါ်စစ် မျက်နှာတွင် စကခ (၁၀) လက်အောက်ခံတပ်များ စစ်ဦးကျိုးကာ အထိနာခဲ့သဖြင့် ဇူလိုင်လနှောင်းပိုင်းမှစ၍ နောက်တန်းသို့ ပြန်လည်ဆုတ်ခွာနေရစဉ် ပန်းတောင်းအခြေစိုက် ခလရ (၉၂) မှ…
-

ကလေးငယ်တွေကို T-ယု-/တ်မယားအဖြစ် ရောင်းစားနေတဲ့ အမျိုးသမီး
လှိုင်သာယာမှာ အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်တဦး မုန့်ဝယ်ထွက်သွားရာက ပျောက်ဆုံးသွားခဲ့ပြီး တရုတ်မယားအဖြစ် ရောင်းစားခံရဖို့ဖြစ်ခဲ့ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာ မိန်းကလေးငယ်တွေ အပါအဝင် လူငယ်တွေနေ့စဉ် အဖမ်းခံနေရပြီး တရုတ်မယားအဖြစ် ရောင်းစားနေတယ်လို့ ဒေသခံတွေရဲ့ သတင်းပေးပို့မှုအရ သိရပါတယ်။ လိူင်သာယာမြို့နယ်၊ ၁၃ ရပ်ကွက်မှာ နေထိုင်တဲ့ အသက်မပြည့်သေးတဲ့ ၁၄ နှစ်အရွယ်ရှိ မိန်းကလေးငယ်တဦးဟာ စက်တင်ဘာလ ၆ ရက်နေ့ မနက် ၇ နာရီခန့်က အအေးဝယ်မယ်ဆိုပြီး ထွက်သွားရာက ပျောက်သွားခဲ့တယ်လို့ သိရပါတယ်။ “၇ နာရီလောက်က ထွက်သွားတာ ပြန်မလာလို့ ၈ နာရီလောက်မှာ စရှာခဲ့ကြတာ။ ကလေးရဲ့ သူငယ်ချင်းအိမ်တွေကို သွားမေးတော့လည်း ၃ လမ်းထိပ် ကားမှတ်တိုင်ဘက် သွားတယ်ပြောတယ်။ အစအနက အဲ့လောက်ပဲ ရခဲ့တယ်။…