Category: News
-

အုပ်ကြီးတဖြစ်လဲ တောင်ဒဂုံဇိုး ကျော်မိုး
ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ၁၀၆ ရပ်ကွက်တွင် အုပ်ချုပ်ရေးမှူး ကျော်မိုးနှင့်လူမိုက်အဖွဲ့ ရမ်းကားနေပြီး လူငယ်မှန်သမျှ အမျိုးသမီး၊ အမျိုးသားမခွဲခြားဘဲ ဖမ်းဆီးရိုက်နှက်ငွေညှစ်ကာ လူငယ်အမျိုးသားများကို စစ်မှုထမ်းပို့ဆောင် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ၁၀၆ ရပ်ကွက်တွင် အုပ်ချုပ်ရေးမှူး ကျော်မိုးနှင့် လူမိုက်အပေါင်းပါများက လူငယ်များကို အမျိုးသား၊ အမျိုးသမီးမခွဲခြားဘဲ ဖမ်းဆီးရိုက်နှက်ခြင်း၊ ငွေညှစ်ခြင်းများ ပြုလုပ်ရမ်းကားနေပြီး လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် ပို့ဆောင်နေကြောင်း ရပ်ကွက်အတွင်းနေထိုင်သူများထံမှ သိရသည်။ အုပ်ချုပ်ရေးမှူး ကျော်မိုးနှင့် အဖွဲ့ဝင်များက ရပ်ကွက်အတွင်း ပြဿနာတစ်စုံတစ်ရာ ဖြစ်ပွားတိုင်း အမှုအခင်းနှင့် သက်ဆိုင်သူများကို အုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ဆောင်ကာ ဥပဒေမဲ့ ထိပ်တုံးခတ်၍ ရိုက်နှက်စစ်ဆေးလေ့ရှိပြီး အမျိုးသမီးများကိုလည်း အလားတူ ရိုက်နှက်မှုများ ပြုလုပ်ကြောင်း ဒေသခံများက ပြောသည်။ “တောင်ဒဂုံ ၁၀၆ ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ အပေါင်းပါတွေက တော်တော်ဆိုးနေပါတယ်။ စစ်မှုထမ်းဖို့ဆိုပြီး…
-

စမ်းချောင်းကေ့စ်က လူငယ်တွေ မိပြီ
စမ်းချောင်းမြို့နယ်တွင် အုပ်စုဖွဲ့ကာ ကျောင်းသားနှစ်ဦးကို ဓားဖြင့်ထိုးခဲ့သည့် လူငယ်တစ်စုအား ဖမ်းဆီးရမိ စမ်းချောင်းမြို့နယ်တွင် အုပ်စုဖွဲ့ကာ ကျောင်းသားနှစ်ဦးကို ဓားဖြင့်ထိုးခဲ့သည့် လူငယ်တစ်စုအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ စက်တင်ဘာ ၁၇ ရက် ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် ဗားကရာလမ်း၊ စမ်းချောင်းလင့် မုန့်စျေးတန်းတွင် ကျောင်းသားနှစ်ဦးကို လူငယ်တစ်စုက ဓားဖြင့်ထိုးခဲ့ခြင်းဖြစ်သည်။ ဖြစ်စဥ်တွင် ပါဝင်ခဲ့သည့် လူငယ်များမှာ အမျိုးသားခုနစ်ဦးနှင့် အမျိုးသမီးတစ်ဦးဖြစ်ကြောင်း သိရသည်။ ကျူးလွန်ခဲ့ရသည့် ကျောင်းသားနှစ်ဦးအနက် အာကာကျော်ဆိုသူက ၎င်းနှင့်သိကျွမ်းသည့် ရွှေရည်ဝတီ(ခ)သဒ္ဒါအား တယ်လီဂရမ်မှတစ်ဆင့် နောက်ပြောင်ရာမှာ ရွှေရည်ဝတီ၏ ရည်းစားဖြစ်သူ သူရိန်ထွန်းဆိုသူက မကျေနပ်ခဲ့ကြောင်း၊ ယင်းကြောင့် အခင်းဖြစ်နေရာသို့ ချိန်းဆိုကာ အုပ်စုလိုက် ဓားဖြင့်ထိုးခြင်း၊ လက်သီးဖြင့်ထိုးခြင်း၊ ကျောက်ခဲဖြင့် ထုခြင်းများကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ရဲတပ်ဖွဲ့က အခင်းဖြစ်နေရာမှ CCTV…
-

လာသမျှ အကုန်ကြွနေချိန် သဏ္ဌာန်လုပ်နေရတဲ့ လပ်တီး
ဗန်းမော်တွင် အထိနာပြီး ပြန်လာသည့် စစ်သားများကို အောင်ပွဲရစစ်သည်များအဖြစ် စစ်ကောင်စီ ပုံဖော် ကချင်ပြည်နယ်၊ ဗန်းမော်မြို့သို့ စစ်ကူ၊ လက်နက်ခဲယမ်းနှင့် ရိက္ခာပို့ရန် မန္တလေးမှတစ်ဆင့် ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်သွားခဲ့သည့် စစ်သင်္ဘောများသည် တိုက်ပွဲများကြားမှ မန္တလေးဘက်သို့ ပြန်လည်ရောက်ရှိလာနေချိန်တွင် စစ်ကောင်စီဘက်ကမူ ထိုသို့ ပြန်လည်ရောက်ရှိလာသည့် တပ်ဖွဲ့ဝင်များကို “အောင်ပွဲများနှင့်အတူ ပြန်လည်ရောက်ရှိလာသော အောင်ပွဲရ သူရဲကောင်းများ” ဆိုသည့် စကားလုံးများဖြင့် တယ်လီဂရမ်ချန်နယ်များတွင် ဝါဒဖြန့် ရေးသားလျက်ရှိသည်။ စစ်ကောင်စီဘက်မှ ဖြန့်ဝေသည့် အကြောင်းအရာတွင် ဗန်းမော်မြေပြင်ရှိ KIA/PDF တပ်ဖွဲ့များကို အကြမ်းဖက် ဟု သတ်မှတ်၍ ချေမှုန်းသုတ်သင်ခဲ့ကြောင်း ဖော်ပြထားသကဲ့သို့၊ ဗန်းမော်စစ်မျက်နှာမှ ပြန်လည်ရောက်ရှိလာသည့် တပ်ဖွဲ့ဝင်များကိုလည်း အောင်ပွဲရ သူရဲကောင်းများအဖြစ် ပုံဖော်ထားခြင်းဖြစ်သည်။ သို့သော်လည်း တစ်ဖက်တွင် ဗန်းမော်သို့ စစ်ကူပို့သည့် ရေကြောင်းတပ်ဖွဲ့များသည် ဩဂုတ်လကုန်ပိုင်းကတည်းက…
-

AA ကို ချေမှုန်းမယ်ဆိုတဲ့ လပ်တီး အခြေအနေ
AA ကို ချေမှုန်းရန် ရွေးတုအစိုးရစစ်တပ်က အင်အားသုံး ထိုးစစ်ဆင်နေသော်လည်း အထိနာကာ စခန်းအချို့ လက်လွှတ်နေရ ရခိုင်ပြည်နယ်အပါအဝင် တိုင်းနှင့် ပြည်နယ်အသီးသီး၌ ရွေးတုအစိုးရစစ်တပ်က အင်အားအလုံးအရင်းဖြင့် အရှိန်အဟုန်မြှင့် ထိုးစစ်ဆင်လျက်ရှိသော်လည်း အာရက္ခတပ်တော် (AA) ၏ တန်ပြန်တိုက်ခိုက်မှုများကြောင့် အထိနာကာ သေဆုံးမှု များပြားနေကြောင်း သိရသည်။ ရွေးတုအစိုးရစစ်တပ်သည် ပြီးခဲ့သည့် စက်တင်ဘာ ၄ ရက်နေ့မှစ၍ ကျောက်ဖြူ၊ ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့နယ်တို့တွင် “ရန်နိုင်အောင် (၄၉၂၆)” စစ်ဆင်ရေး အမည်တပ်ကာ အင်အားအလုံးအရင်းဖြင့် တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်ခဲ့ခြင်း ဖြစ်သည်။ “စစ်တပ်အထက်လူကြီးများက ရခိုင်ပြည်နယ်ကြီးကို အမြစ်ပါမကျန် သုတ်သင်ပစ်ဖို့အတွက် အမြို့မြို့အနယ်နယ် အဘက်ဘက်မှ စစ်မြေပြင်ကိုဖြန့်ပြီး စစ်ခင်းထားသည်” ဟု AA ဖမ်းဆီးရမိခဲ့သည့် သုံ့ပန်းတပ်သား မိုက်ကယ်၏ ထွက်ဆိုချက်အရ သိရသည်။…
-

မအလ တယ်လီနောကို ခြိမ်းခြောက်ခဲ့သမျှ ဖော်ပြီ
စစ်တပ်၏ အမိန့်မလိုက်နာလျှင် ဝန်ထမ်းများ ထောင်ချ နှိပ်စက်ခံရခြင်းနှင့် သေဒဏ်ချမှတ်ခံရနိုင်သဖြင့် ရွေးချယ်စရာမရှိခဲ့” ဟု Telenor က တရားစွဲအမှုဖွင့်ခံထားရမှုအပေါ် အကြောင်းပြတုံ့ပြန်လာ မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး လုပ်ငန်းများလုပ်ကိုင်ခဲ့စဉ် စစ်တပ်၏ အမိန့်များကို မလိုက်နာပါက Telenor ဝန်ထမ်းများအနေဖြင့် ထောင်ချခံရခြင်း၊ နှိပ်စက်ခံရခြင်း သို့မဟုတ် သေဒဏ်ချမှတ်ခံရခြင်းများ ရင်ဆိုင်ရနိုင်သောကြောင့် ဝန်ထမ်းများ၏ အသက်အန္တရာယ်ကို မစွန့်စားနိုင်သဖြင့် ရွေးချယ်စရာမရှိခဲ့ကြောင်း Telenor က တရားစွဲဆိုမှုနှင့် စုံစမ်းစစ်ဆေးမှုအပေါ် တုံ့ပြန်ပြောဆိုသည်။ နော်ဝေနိုင်ငံအခြေစိုက် Telenor ASA က မြန်မာနိုင်ငံတွင် ယခင်က လုပ်ကိုင်ခဲ့သည့် လုပ်ငန်းများနှင့် ပတ်သက်၍ နော်ဝေဥပဒေအရ Sanctions Act ကို ချိုးဖောက်ခဲ့သည်ဟု သံသယရှိခြင်းနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများတွင် ပါဝင်ကူညီခဲ့မှုတို့ဖြင့် ကုမ္ပဏီအပေါ် နော်ဝေအာဏာပိုင်များက…