Category: News
-
နယ်မြေစိုးမိုးမှုကိုအရှိန်အဟုန်နဲ့ ဆက်တိုက်လုပ်နေတဲ့ AA
သံတွဲမြို့ကို စစ်အုပ်စုက ဆက်တိုက်ဗုံးကြဲနေသလို AA ကလည်း နယ်မြေတိုးချဲ့သိမ်းပိုက်မှုတွေလုပ်နိုင်ဖို့ ဆက်လက်ကြိုးစားနေ အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားတဲ့ နာမည်ကြီး ငပလီကမ်းခြေ တည်ရှိရာ သံတွဲမြို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်ဆောင်နေပါတယ်။ နောက်ဆုံးအနေနဲ့ သြဂုတ်လ ၂၂ ရက်နေ့ တစ်ရက်တည်းမှာတင် တိုက်လေယာဉ် ၁၀ စင်းနဲ့ ဗုံးအလုံးရေ ၁၀၀ ခန့်အထိ ကြဲချတိုက်ခိုက်ခဲ့ကြောင်း AA အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ရခိုင်ပြည်နယ်၊ သံတွဲမြို့ကို အာရက္ခတပ်တော် (AA) က ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး သံတွဲလေဆိပ်နဲ့ စစ်ကောင်စီရဲ့ ခလရ (၅၆) တပ်ရင်းတို့ကိုပါ အပြည့်အဝ ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။…
-

နတ်ရေကန်မှာ တသုတ်ပြီးတသုတ် အမှည့်ခြွေ,ခြွေနေတဲ့ AA
နတ်ရေကန်ဗျူဟာသို့ တက်သည့် စစ်တပ် စစ်ကြောင်းများ ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်သား ရာချီ ပြုန်းတီး၊ ခြေကုပ်စခန်းများ လက်လွှတ်ရ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းတပ်နယ်အတွင်းရှိ ရွေးတုအစိုးရစစ်တပ်၏ နတ်ရေကန်ဗျူဟာသို့ အင်အားနှင့် ခဲယမ်း ဖြည့်တင်းရန် တက်လာသည့် စစ်ကြောင်းများနှင့် ခြေကုပ်စခန်းများကို အာရက္ခ တပ်တော် (AA) က တိုက်ခိုက်ခဲ့သဖြင့် ရွေးတုအစိုးရစစ်တပ်ဘက်မှ အင်အား ရာချီ ပြုန်းတီး နေကြောင်းဒေသ တွင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ပဇီနှင့် ဂုတ်ကြီးကျေးရွာရှိ ရွေးတုအစိုးရစစ်တပ်၏ ခြေကုပ်စခန်းများကို ပြီးခဲ့သည့် ဩဂုတ် ၁၉ ရက်တွင် AA က ဒရုန်းနှင့် လက်နက်ကြီး ပစ်ကူများ အသုံး ပြုကာ ဝင်ရောက် တိုက်ခိုက်ခဲ့သဖြင့် ရွေးတု အစိုးရစစ်တပ်ဘက်မှ ၅၀…
-

ဥပုသ်စောင့်ပြီး ပြန်လာတဲ့ ဟင်္သာတကဆရာမကြီးကေ့စ် နောက်ကွယ်ကဖြစ်ရပ်မှန်
ဥပုသ်စောင့်ပြီး ပြန်လာတဲ့ ဟင်္သာတကဆရာမကြီးကို ရက်ရက်စက်စက် လုပ်ရက်သွားတဲ့ နောက်ကွယ်က အကြောင်းရင်းမှန် တစ်သက်လုံး ပညာသင်ကြားပေးခဲ့တဲ့ အငြိမ်းစား ဆရာမကြီးတစ်ဦးရဲ့ ဘဝနိဂုံးဟာ ဒီလိုမျိုး ရင်နာစရာကောင်းတဲ့ အဖြစ်ဆိုးနဲ့ ကြုံတွေ့သွားရလိမ့်မယ်လို့ ဘယ်သူက ထင်မှတ်ထားခဲ့မှာလဲ။ ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ နဲမနိတ်ကျေးရွာမှာ ဩဂုတ်လ (၂၁) ရက်နေ့က တစ်ရွာလုံးကို တုန်လှုပ် ဝမ်းနည်းစေခဲ့တဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အဖြစ်ဆိုးရဲ့ နောက်ကွယ်က အကြောင်းရင်း အသက် (၇၂) နှစ်အရွယ် အငြိမ်းစား ကျောင်းအုပ်ဆရာမကြီး ဒေါ်လှလှဝင်းဟာ အိမ်ထောင်မရှိဘဲ တစ်ဦးတည်း နေထိုင်သူဖြစ်ပြီး၊ အခင်းဖြစ်ပွားတဲ့နေ့က ဥပုသ်စောင့်ရာကနေ နေအိမ်ကို အေးအေးချမ်းချမ်း ပြန်လာခဲ့တာပါ။ ဒါပေမဲ့ နေအိမ်ထဲကို ရောက်တဲ့အချိန်မှာတော့ မထင်မှတ်ဘဲ အိမ်ထဲကို ဝင်ရောက်မွှေနှောက်နေတဲ့ သူခိုးနဲ့ ပက်ပင်းတိုးမိသွားခဲ့ပါတယ်။ ကိုယ့်ရဲ့…
-

ကိုယ့်စစ်ကြောင်းပေါ်ကိုယ် 🛩🚀ကြဲပြန်ပြီဟေ့ မြိန် မြိန့် မြိန်
ရေကြည်တွင် စစ်တပ်က မိမိစစ်ကြောင်းအပေါ် ဗုံးမှားကြဲမိ၍ စစ်သား ၅၀ ကျော် သေဆုံး ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်အတွင်း အာဏာလု စစ်တပ်နှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲများ ပြင်းထန်နေချိန်၌ စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်စဉ် မိမိစစ်ကြောင်းအပေါ် မှားယွင်း ကျရောက်ခဲ့သဖြင့် စစ်ကြောင်းတစ်ခုလုံးနီးပါး သေဆုံးသွားကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ် ဒုတိယပတ်အတွင်းက ရေကြည်မြို့နယ်၊ ကမ္ဘားကြီးကျေးရွာမှ ခြေလျင် ၅ မိုင်ခန့်အကွာ သုံးတန်ကူးနှင့် ချက်ပွိုင့်ကြား၌ အင်အား ၅၀ ကျော်ပါ အဆိုပါ စစ်တပ် စစ်ကြောင်းကို လေကြောင်းမှ မှားယွင်း ဗုံးကြဲမိခဲ့ခြင်းဖြစ်ပြီး စစ်သား ၅၀ ခန့် ထိခိုက်သေဆုံးခဲ့ခြင်း ဖြစ်သည်။ “ပြီးခဲ့တဲ့ ၁၀ ရက်ဝန်းကျင်က…
-

မင်းဇေသန့် ဝန်ခံပြီ
လီဒိုလမ်းမှာ ဒေသခံ ၄ ဦး သတ်ဖြတ်မှု တပည့်တွေလက်လွန်တာလို့ မင်းဇေသန့်ပြည်သူ့စစ် ဝန်ခံ ရုပ်အလောင်းတွေကို မိသားစုထံ ပြန်မပေး ကချင်ပြည်နယ် မြစ်ကြီးနား-တနိုင်းသွား လီဒိုလမ်းမပေါ်က နောင်းမီရွာဒေသခံ ၄ဦးကို စစ်တပ် လက်အောက်ခံ မင်းဇေသန့်ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့က ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း အဲဒီအဖွဲ့က ဝန်ခံခဲ့ပေမဲ့ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေ ပြန်ပေးအပ်တာမရှိဘူးလို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။ ဩဂုတ် ဒုတိယပတ်မှာ မင်းဇေသန့်ခေါင်းဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့က နောင်းမီကျေးရွာက ဒေသခံ ၄ ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။ ဩဂုတ် ၁၆ရက်မှာတော့ မင်းဇေသန့်ရဲ့ ညီ ဖြစ်သူက သေဆုံးသူများရဲ့ မိသားစုဝင်တွေကို ခေါ်ယူတွေ့ဆုံကာ ငါ့တပည့်တွေ လက်လွန်သွားတာလို့ ပြောဆိုကာ ၁ ဦးကို ကျပ်သိန်း ၂၀၀ စီ…