စစ်မှုထမ်းအပတ်စဉ် ၁ ကနေ အိမ်ပြန်လာနိုင်တဲ့သူ ၂,၀၀၀ လောက်ပဲရှိ၊ ၃,၀၀၀ လောက်ပျောက်ဆုံးနေ စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းအပတ်စဉ် ၁ ကနေ အိမ်ပြန်လာနိုင်တဲ့တပ်သားအရေအတွက် ၂,၀၀၀ လောက်ပဲ ရှိတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) ရဲ့ ဆောင်းပါးတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။ မနေ့ကညနေပိုင်းမှာ CDM စစ်သားတွေနဲ့ဖွဲ့စည်းထားတဲ့ MDSI က တင်ဆက်ခဲ့တဲ့ ကလောင်ရှင် အောင်လင်း (မဟာဝိဇ္ဇာ) ရေးတဲ့ “ပြည်သူ့စစ်မှုထမ်း အပတ်စဉ် (၁) က လူငယ် ၃,၀၀၀ ကျော် ဘယ်ပျောက်သွားသလဲ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးမှာ အဲဒီအချက်အလက်ကို ဖော်ပြထားတာပါ။ “စစ်အုပ်စုမီဒီယာတွေရဲ့ ဖော်ပြချက်တွေမှာပါရှိတဲ့ အိမ်ပြန်နိုင်သူအင်အားစုတွေကို ရနိုင်သမျှ စုဆောင်းရေတွက်ကြည့်တဲ့အခါ အများဆုံး ၂,၀၀၀ ဝန်းကျင်ခန့်သာ ရှိနေတာကို…
ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ် လူတော်ကြီးကျေးရွာမှာ အသက် ၁၂ နှစ်အရွယ် ၄ တန်းကျောင်းသူကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့တဲ့ အမျိုးသားတစ်ဦးကို ဧပြီ ၂၇ ရက်မှာ ဖမ်းမိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ အသက် ၁၂ နှစ်အရွယ် မိန်းမငယ်လေးမှာ ဓမ္မတာမလာ၍ အဒေါ်ဖြစ်သူက မသင်္ကာဖြစ်ပြီး ဆီးစစ်ကြည့်ရာမှ ကိုယ်ဝန်ရှိနေ၍ မေးမြန်းရာ တစ်ရွာတည်းနေ အသက် ၄၀ အရွယ် လင်းနိုင်ဦးဆိုသူက အကြိမ်ကြိမ် အဓမ္မကျင့်ခဲ့ကြောင်း သိရပြီး ရဲစခန်းမှာ ဧပြီလ ၂၆ ရက်က တိုင်ကြားခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “ကလေးကို အကြိမ်ကြိမ် မုဒိမ်းကျင့်ပြီး သတ်မယ်လို့ ခြိမ်းခြောက်ထားတော့ ကလေးမလေးက မပြောရဲဘူး။ အမေဖြစ်သူက ဈေးလှည့်ရောင်းနေတာဆိုတော့ ကလေးကိစ္စကို မသိဘူး။ သိတဲ့အချိန်ရောက်တော့ ကလေးမှာ…
ပြည်ပရောက် မြန်မာအလုပ်သမားများ မြန်မာနိုင်ငံသို့ ခွင့်ဖြင့် ပြန်လာမည်ဆိုပါက သက်ဆိုင်ရာ မြန်မာသံရုံး ထောက်ခံစာ ယူဆောင်လာရမည်ဖြစ်ပြီး ညွှန်ကြားချက် မလိုက်နာလျှင် ပြည်ပထွက်ခွာခွင့်ပိတ်ကာ အမည်ပျက်စာရင်းသွင်းမည်ဟု အမိန့် ထုတ် ပြည်ပရောက် မြန်မာအလုပ်သမားများ မြန်မာနိုင်ငံသို့ ခွင့်ဖြင့် ပြန်လာမည်ဆိုပါက မေလ ၁ ရက်နေ့မှစတင် ၍ သက်ဆိုင်ရာ မြန်မာသံရုံး၏ ထောက်ခံစာ ယူဆောင်လာရမည်ဖြစ်ပြီး ညွှန်ကြားချက် မလိုက်နာလျှင် ပြည်ပထွက်ခွာခွင့်ပိတ်ကာ အမည်မည်းစာရင်းသွင်းမည်ဖြစ်ကြောင်း စစ်တပ်လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ယနေ့ ညွှန်ကြားချက် တစ်ရပ် ထုတ်ပြန်လိုက်သည်။ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ယနေ့ (ဧပြီ ၂၈ ရက်) ထုတ်ပြန်ချက်အရ ပြည်ပနိုင်ငံအသီးသီးတွင် အလုပ်လုပ်ကိုင်နေပြီး ခွင့်ဖြင့် မြန်မာနိုင်ငံသို့ ခေတ္တပြန်လည်ဝင်ရောက်မည့် အလုပ်သမားများသည် လာမည့် မေလ ၁ ရက်နေ့မှစတင်ကာ အသစ်သတ်မှတ်ထားသည့်…
ဖိလစ်ပိုင်နဲ့ အမေရိကန်တပ်ဖွဲ့တွေဟာ တောင်တရုတ်ပင်လယ်နဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ ပလာ ဝမ်းကျွန်းစုကို ရန်သူ့လှေတွေနဲ့ လူမဲ့ယာဉ်တွေ ကျူးကျော်ဝင်ရောက်လာတာကို ဟန့်တားနှိမ်နင်းတဲ့ စစ် ရေးလေ့ကျင့်မှုကို ဧပြီလ ၂၇ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ ဒီလေ့ကျင့်မှုဟာ ဖိလစ်ပိုင်၊ အမေရိကန်၊ သြစတြေးလျနဲ့ နယူးဇီလန်တပ်ဖွဲ့တွေ ပူးပေါင်းလုပ် ဆောင်တဲ့ Balikatan စစ်ရေးလေ့ကျင့်မှုရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ကမ်းရိုးတန်းကာကွယ်ရေးနဲ့ ပူး ပေါင်းဆောင်ရွက်နိုင်စွမ်းကို စမ်းသပ်တာလည်း ဖြစ်ပါတယ်။ ဖိလစ်ပိုင်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရိုမဲယိုဘရောင်နာက အခုလေ့ကျင့်တဲ့နေရာဟာ ဖိလစ်ပိုင်ရဲ့ သီးသန့်စီးပွားရေးဇုန်အတွင်းမှာရှိတဲ့ စပရက်တလေကျွန်းစုတွေနဲ့ မျက်နှာချင်းဆိုင်မှာရှိတာကြောင့် မ ဟာဗျူဟာမြောက် အလွန်အရေးကြီးတဲ့ နေရာဖြစ်တယ်လို့ ပြောပါတယ်။ ဖိလစ်ပိုင်ရဲ့ အရင်းအမြစ်တွေ၊ အစားအသောက်နဲ့ စွမ်းအင်တွေရရှိရာ သီးသန့်စီးပွားရေးဇုန်ကို ကာကွယ်နေတာဖြစ်ပြီး ဒီနယ်မြေကို ကာကွယ်ဖို့ဟာ ဖိလစ်ပိုင်အတွက် တကယ်ကို အရေးကြီးတယ်လို့…
ရွှေမန္တလေး..မိုးတွေဆက်တိုက်လာပြီဟေ့ မန္တလေးသားတွေ အပူသက်သာပြီး စိုက်ခင်းတွေအတွက်ပါ အဆင်ပြေစေမယ့် သတင်းကောင်းကို Viral ဖြစ်အောင်နဲ့ Facebook Rule တွေလွတ်အောင် အခုလို စီစဉ်ပေးလိုက်ပါတယ်။ မန္တလေးမှာ မိုးတွေ ဆက်တိုက်ရွာတော့မယ်! မန္တလာမြေအတွက် ရင်အေးစရာ သတင်းကောင်း 🌧✨ မန္တလာမြေက အမျိုးတို့ရေ… ပူလွန်းလို မိုးမျှော်နေကြတဲ့သူတွေနဲ့ စိုက်ခင်း ရေသွင်းဖို ပြင်နေတဲ့ တောင်သူဦးကြီးတွေအတွက် အရမ်းဝမ်းသာစရာကောင်းတဲ့ သတင်းတစ်ခု ရောက်ရှိလိုလာပါပြီ။ “ကဆုန်လမှာ ညောင်ရေသွန်းပေးမယ့် မိုးတွေ အဆက်မပြတ်လာတော့မယ်” လာမယ့် ဧပြီ (၂၈) ရက်ကနေ မေလ (၃) ရက်နေ့အထိ မန္တလေးတိုင်းတစ်တိုင်းလုံးမှာ နေရာလပ်မကျန် မိုးတွေရွာသွန်းမှာဖြစ်ပြီး နေရာကွက်ပြီး မိုးကြီးတာမျိုးတွေတောင် ရှိနိုင်ပါတယ်။ ထူးခြားချက်များ – ✅ မန္တလေးတိုင်း – နေရာအနှံ မိုးကြီးနိုင်ပါတယ်။…