Category: News

  • အင်ဂျင်ခန်း အလုံပိတ်နေရာမှာ အောက်စီဂျင်ပြတ်လပ်ပြီး ဆုံးပါးခဲ့ရတဲ့ မြန်မာသင်္ဘောသား ၂ ဦး

    အင်ဂျင်ခန်း အလုံပိတ်နေရာမှာ အောက်စီဂျင်ပြတ်လပ်ပြီး ဆုံးပါးခဲ့ရတဲ့ မြန်မာသင်္ဘောသား ၂ ဦး

    MV GUO QIANG 8 ကုန်တင်သင်္ဘောအင်ဂျင်ခန်း၊ အလုံပိတ်နေရာ (Enclosed Space) ထဲဝင်မိရာမှ မြန်မာသင်္ဘောသား ၂ ဦး အောက်ဆီဂျင်ပြတ်လပ်၍ သေဆုံး

    နိုင်ငံခြားကုန်တင်သင်္ဘောကြီးတစ်စင်းဖြစ်သော MV GUO QIANG 8 ကုန်တင်သင်္ဘောတွင် မြန်မာသင်္ဘောသား ၂ ဦးက အင် ဂျင်ခန်း၊ အလုံပိတ်နေရာ (Enclosed Space) ထဲဝင်မိရာမှ အောက်ဆီဂျင်ပြတ်လပ်၍ သေဆုံးသွားကြောင်း ရန်ကုန်အခြေစိုက် သင်္ဘောသားအသိုင်းအ၀ိုင်းက ပြောဆိုသည်။

    မေလ ၇ ရက်နေ့ MV GUO QIANG 8 တွင် Fitter ရာထူး တာဝန်ထမ်းဆောင်နေသူ ကိုဝင်းထွဋ်ဝင်း (ခ) ကိုသဲမောင် နှင့် ကိုအုပ်စိုးအောင်တို့ ၂ ဦးသည် သင်္ဘောအင်ဂျင်ခန်း၏ အလုံပိတ်နေရာ (Enclosed Space)တွင် သွားရောက် အလုပ်လုပ်ရင်း အောက်စီဂျင်ပြတ်လပ်၍ သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

    “ဒီဖြစ်ရပ်ကတော့ ဝမ်းနည်းဖို့ကောင်းတယ်။ သင်္ဘောသား ၂ ဦးလုံးက မတော်တဆမှုပေါ့နော်။

    သင်္ဘော အင်ဂျင်ခန်း၊ လေဝင်လေထွက်မကောင်းတဲ့ အလုံပိတ်နေရာ (Enclosed Space) တစ်ခုအတွင်း ဝင်ရောက်လုပ်ကိုင်နေစဉ်မှာပဲ မမြင်နိုင်တဲ့ အန္တရာယ်ဖြစ်တဲ့ အောက်ဆီဂျင်ပြတ်လပ်မှုနှင့် ရင်ဆိုင်ခဲ့ရပြီး အသက်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်” ဟု ရန်ကုန်အခြေစိုက်သင်္ဘောလိုင်းကုမ္ပဏီကိုယ်စားလှယ်တစ်ဦးက ရှင်းပြသည်။

    သေဆုံးသူ ၂ ဦးအနက် ကိုဝင်းထွဋ်ဝင်း (အသက် ၃၉ နှစ်) မှာ အိမ်ထောင်သည် ၁ ဦးဖြစ်ပြီး ဇနီးနှင့်သားသမီး ၂ ဦး ကျန်ရစ်ခဲ့ကာ အခြားသေဆုံးသူ သင်္ဘောသား ကိုအုပ်စိုးအောင်မှာမူ လူပျိုလူလွတ်တစ်ဦးဖြစ်ကြောင်း သိရှိရသည်။

    ကုန်တင်သင်္ဘောများတွင် သင်္ဘောသားများအတွက် အလုံပိတ်နေရာ (Enclosed Space) များမှာ အန္တရာယ်အရှိဆုံးသော နေရာများဖြစ်ပြီး အင်ဂျင်ခန်းအတွင်းရှိ အခန်းလွတ်များ၊ တိုင်ကီများနှင့် လေလုံနေသည့်နေရာများမှာ အောက်ဆီဂျင်နည်းပါးနေတတ်သလို အဆိပ်ငွေ့များလည်း ရှိနေနိုင်ကြောင်း၊

    ထို့ကြောင့် စနစ်တကျ လေဝင်လေထွက် (Ventilation) မလုပ်ဘဲ မဝင်ရောက်ရန်၊ ယင်းသို့သော အခန်းအတွင်းသို့ မဝင်ရောက်မီ အောက်ဆီဂျင်ပမာဏကို အသေအချာ တိုင်းတာစစ်ဆေးရန်၊ အလုပ်လုပ်ကိုင်စဉ် အပြင်ဘက်မှ စောင့်ကြည့်သူ (Standby Person) အမြဲရှိနေရန်နှင့် ဆက်သွယ်ရေးစနစ်များ အဆင်သင့်ထားရှိရန် လိုအပ်ကြောင်း ဝါရင့်သင်္ဘောသားတစ်ဦးက ရှင်းပြသည်။

  • ဖူးခတ်မှာ မြန်မာမလေးကို အဓမ္မခေါ်ဆောင်သွားတဲ့ ထိုင်း (၂) ဦး

    ဖူးခတ်မှာ မြန်မာမလေးကို အဓမ္မခေါ်ဆောင်သွားတဲ့ ထိုင်း (၂) ဦး

    ဖူးခတ်မှာ မြန်မာမလေးကို အဓမ္မခေါ်ဆောင်သွားတဲ့ ထိုင်း (၂) ဦးကို ရဲတပ်ဖွဲ့နဲ့အတူ ချစ်သူဖြစ်သူက နောက်ယောင်ခံလိုက်ကာ ကယ်တင်နိုင်ခဲ့

    ​ဖူးခတ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တစ်ခုမှာ အသက် (၁၇) နှစ်အရွယ် မြန်မာမိန်းကလေးငယ်တစ်ဦးကို တည်းခိုခန်းတစ်ခုသို့ အဓမ္မခြိမ်းခြောက်ခေါ်ဆောင်သွားတဲ့ ထိုင်းအမျိုးသား (၂) ဦးကို ရဲတပ်ဖွဲ့က အချိန်မီ ဖမ်းဆီးနိုင်ခဲ့ပါတယ်။

    ​📌 ဖြစ်စဉ်အကျဉ်း

    ​ဖြစ်စဉ်မှာ (၁၁) ရက်နေ့ညက ဖူးခတ်မြို့ထဲတွင် အသက် (၂၃) နှစ်အရွယ် မြန်မာလူငယ်တစ်ဦးနှင့် ထိုင်းအမျိုးသား (၂) ဦးတို့ ဆိုင်ကယ်ကိစ္စဖြင့် စကားများရန်ဖြစ်ခဲ့ကြရာမှ စတင်ခဲ့ခြင်းဖြစ်သည်။

    ရန်ဖြစ်ပြီးနောက် လမ်းခွဲထွက်လာစဉ် အဆိုပါ ထိုင်းအမျိုးသားနှစ်ဦးက မြန်မာလူငယ်နှင့်အတူရှိနေသည့် အသက် (၁၇) နှစ်အရွယ် မိန်းကလေးကို သဘောကျသွားပြီး၊ မြန်မာလူငယ် မရှိခိုက်တွင် မိန်းကလေးကို ခြိမ်းခြောက်ကာ ဆိုင်ကယ်ပေါ် အလယ်မှာညှပ်၍ တည်းခိုခန်းတစ်ခုသို့ အတင်းအဓမ္မ ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

    ​🚔 GPS အကူအညီဖြင့် အချိန်မီကယ်တင်နိုင်ခဲ့

    ​မိန်းကလေး ပျောက်ဆုံးသွားကြောင်း သိရှိပြီးနောက် ချစ်သူဖြစ်သူ မြန်မာလူငယ်က ရဲစခန်းသို့ အမြန်ဆုံး အကြောင်းကြားခဲ့ပြီး မိန်းကလေး၏ ဖုန်းမှ GPS တည်နေရာကို အသုံးပြုကာ ရဲတပ်ဖွဲ့နှင့်အတူ နောက်ယောင်ခံ လိုက်ခဲ့ကြသည်။

    ​တည်းခိုခန်းဝန်ထမ်း၏ ထွက်ဆိုချက်အရ

    ​”မနက်အစောကြီး (၃) နာရီလောက်မှာ ရောက်လာကြတာပါ။ ထိုင်းနှစ်ယောက်က အခန်းမြန်မြန်ရဖို့ အလောတကြီး လုပ်နေကြတယ်။ ကောင်မလေးကတော့ မျက်နှာမကောင်းဘူး၊

    ဒါပေမယ့် အကူအညီတောင်းသံ မကြားရတော့ ကျွန်တော်တို့လည်း သတိမထားမိလိုက်ဘူး” ဟု ဆိုသည်။

    ​⚖️ တရားခံများ၏ ထွက်ဆိုချက်နှင့် ပြစ်ဒဏ်

    ​ဖမ်းဆီးရမိသူ ထိုင်းအမျိုးသားနှစ်ဦးမှာ အသက် (၂၁) နှစ်နှင့် (၂၈) နှစ်တို့ ဖြစ်ကြသည်။

    ၎င်းတို့က “ဘာမှမလုပ်ရသေးဘူး၊ ကောင်မလေးချောလို့ သဘောကျလို့ ခေါ်လာတာ” ဟု ငြင်းဆိုထားသော်လည်း စစ်ဆေးချက်အရ ၎င်းတို့နှစ်ဦးစလုံးသည် မူးယစ်ဆေးဝါး (မြင်းဆေး) သုံးစွဲထားကြောင်း တွေ့ရှိရသည်။

    ​လက်ရှိတွင် ၎င်းတို့အား:

    ​မူးယစ်ဆေးဝါးသုံးစွဲမှု၊ ​အသက်မပြည့်သေးသူကို ခေါ်ယူပေါင်းသင်းရန် ကြံစည်မှု/အဓမ္မခေါ်ဆောင်မှု စသည့် ပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်နိုင်ရန် အမှုဖွင့် အရေးယူထားပါသည်။

    ​ရဲတပ်ဖွဲ့အနေဖြင့် မိန်းကလေးအား မည်သည့်နေရာမှ စတင်ဖမ်းဆီးခေါ်ဆောင်သွားသလဲ (အလုပ်အပြန် သို့မဟုတ် အခြားနေရာ) ဆိုသည်ကို အသေးစိတ် ဆက်လက်စစ်ဆေးနေဆဲ ဖြစ်သည်။

    ​သတိပေးချက် – မိမိတို့ နီးစပ်ရာ လူငယ်မောင်မယ်များအနေဖြင့် အပြင်သွားလာရာတွင် ဖုန်း GPS ဖွင့်ထားခြင်းနှင့် အန္တရာယ်ရှိနိုင်သည့် အခြေအနေများကို အမြဲဂရုပြုကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

  • နှမြောတသ ရင်နာမိပါတယ် ချောက်မြို့သူ/သားတို့ရေ…

    နှမြောတသ ရင်နာမိပါတယ် ချောက်မြို့သူ/သားတို့ရေ…

    ​ဒီနေ့ (၁၀. ၅ .၂၀၂၆) မနက်ပိုင်းမှာ ကိစ္စတစ်ခုနဲ့ “အပူချိန်လျှော့ချရေးနှင့် သစ်ပင်စိုက်ပျိုးထိန်းသိမ်းရေးကော်မတီ (ချောက်မြို့)” ရဲ့ စိုက်ကွက် (၁) ဖြစ်တဲ့ ရှစ်မျက်နှာဘုရားကုန်းစိုက်ခင်းထဲ ရောက်ခဲ့ပါတယ်။

    ​စိုက်ခင်းထဲ လှည့်ကြည့်မိတဲ့အခါ မြင်လိုက်ရတဲ့ မြင်ကွင်းကတော့ တကယ့်ကို အံ့သြတုန်လှုပ်ပြီး ရင်နာစရာပါပဲ။ ကျွန်တော်တို့ သေချာပြုစုပျိုးထောင်ထားတဲ့ အရွယ်ရောက်ပြီးသား “ရှားပင်” တွေကိုမှ ရွေးပြီး ခုတ်ဖြတ်ခိုးယူသွားကြတာကို တွေ့လိုက်ရပါတယ်။

    ​👋 ခုတ်ယူသွားတဲ့သူတွေကို မေးချင်ပါတယ်…

    ​ခင်ဗျားတို့ တကယ်ကို လူမဆန်လိုက်တာဗျာ။ ကျွန်တော်တို့ မြို့အပူချိန် လျော့ကျဖို့အတွက် ဒီသစ်ပင်တွေကို ၆ နှစ်ကျော်ကြာ အချိန်ပေး၊ လူပင်ပန်းခံပြီး စိုက်ပျိုးခဲ့ကြတာပါ။

    ​သစ်ပင်တစ်ပင် ဖြစ်လာဖို့ ဘယ်လောက် အချိန်ပေးရလဲ ခင်ဗျားတို့ သိလား?

    ​ကျွန်တော်တို့ သွေးချွေးတွေနဲ့ စိုက်နေချိန်မှာ ခင်ဗျားတို့တစ်ခါလောက် ရောက်ဖူးလား?

    ​ခင်ဗျားတို့အတွက်တော့ ဝန်းခြံတိုင် လုပ်ဖို့လောက်ပဲ မြင်မှာပေမဲ့ ဒါဟာ မြို့ရဲ့ အနာဂတ် အေးရိပ်တွေပါဗျာ။

    ​⚖️ သက်ဆိုင်ရာ တာဝန်ရှိသူများသို့…

    ​အများအကျိုးအတွက် စိုက်ပျိုးထားတဲ့ သစ်ပင်တွေကို ခုလို ဖျက်လိုဖျက်စီး လုပ်သွားတဲ့သူတွေကို ထိထိရောက်ရောက် စုံစမ်းဖော်ထုတ်ပြီး ဥပဒေအရ အရေးယူပေးပါရန် အလေးအနက် တောင်းဆိုအပ်ပါတယ်။

    ​မိမိတို့ကိုယ်ကျိုးအတွက် မြို့ရဲ့ အေးရိပ်ကို ဖျက်ဆီးတဲ့ လုပ်ရပ်တွေကို အားလုံးက ဝိုင်းဝန်း ကန့်ကွက်ပေးကြပါဦးဗျာ။

  • ရက်ချိန်နဲ့ မုဒိန်းကျင့်တဲ့ဆေးထက် (၄)ဆပိုပြင်းတဲ့ တို့ဆေး သို့မဟုတ် Burundanga ပဒိုင်းပွင့်ဆေး

    ရက်ချိန်နဲ့ မုဒိန်းကျင့်တဲ့ဆေးထက် (၄)ဆပိုပြင်းတဲ့ တို့ဆေး သို့မဟုတ် Burundanga ပဒိုင်းပွင့်ဆေး

    မေးခွန်း (၁) ဆရာရှင့် ကျွန်မအဒေါ်အသက်က ၅၀ပါ။ ဈေးသွားချိန်မှာ လူတစ်ယောက်က အနားလာပြီး ပခုံးပုတ်ကာ လမ်းမသိလို့ညွှန်ပြပေးပါလို့ဆိုပါတယ်။ အဒေါ်လည်း ရုတ်တရက်ကြောင်သွားပြီး သူပြောတဲ့လမ်းကို လိုက်ပို့မိတယ်လို့ဆိုတယ်။ အဒေါ်နည်းနည်း ဇေ၀ဇဝါဖြစ်သွားပြီး ပြန်သတိရလာတဲ့အချိန်မှာ ဆန်ဆိုင်တစ်ခုရှေ့ရောက်နေပါတယ်တဲ့။ အဒေါ်ဟာ ဈေးကနေအိမ်ပြန်ရောက်တဲ့အထိ ခပ်ကြောင်ကြောင်ဖြစ်နေတုန်းပဲ။ လည်ပင်းက ရွှေဆွဲကြိုးနဲ့ ဆွဲသီးက ပါမလာတော့ပါဘူး။ ဈေးခြင်းတောင်းထဲက ပိုက်ဆံအိတ်လည်း ပါသွားပါတယ်။ တို့ဆေးအမိခံရတယ်လို့ ကျွန်မတို့ အားလုံးထင်နေကြပါတယ်။ တို့ဆေးဆိုတာ တကယ်ရှိပါသလားဆရာ။ တို့ဆေးအမိမခံရအောင် ဘာလုပ်လို့ရပါသလဲဆရာ။

    မေးခွန်း (၂) ဆရာ တို့ဆေးဆိုတာလည်း သိချင်ပါတယ်။ ဘန်ကောက်မှာ မြန်မာတွေကိုအဲလိုလုပ်ပြီး ဒေါ်လာတွေယူသွားတယ်လို့ သတင်းကြားရလို့ပါ။

    မေးခွန်း (၃) Burundanga ဆိုတဲ့အရာဟာ တို့ဆေးများလား။ မဟုတ်ဘူးဆိုရင် အဘယ်ကဲ့သို့သော အရာမျိုးပါလဲ။ ဆေးဝါးရောင်းချတဲ့ဆိုင်တွေမှာ မေးမြန်း၀ယ်လို့ရပါသလား။ ရခဲ့ရင်အဘယ်ကဲ့သို့ အသုံးပြုရပါသလဲ။ လူကိုအန္တရာယ်ဖြစ်စေပါသလား။

    တွဲပြီးတင်ထားတဲ့ပုံကိုသုံးပြီး သတင်းရေးကြတာတွေဖတ်ရတယ်။ ပုံကိုအသားပေးထားပြီး အရေးအသားမပြည့်စုံပါ။ လိပ်စာကတ်မှာ ဒီလိုဆေးကိုသုတ်ပြီး မကောင်းတာကြံစည်တယ်ဆိုတဲ့ သတင်းမျိုးတွေလည်း (ဂူဂယ်လ်)မှာတွေ့ပါတယ်။ ရေးထားတာတွေက ပညာပေးနဲ့မတူကြပါ။

    ၂၂-၅-၂၀၁၃ရက်နေ့က သတင်းတစ်ပုဒ်မှာ Burundanga business card ကတ်ပြားနဲ့ ဆေးတို့တဲ့သတင်းဟာ အစစ်လား၊ အတုလားလို့ ခေါင်းစဉ်ပေးထားပါတယ်။ အမျိုးသမီးတစ်ယောက် ဓာတ်ဆီဆိုင်တစ်ခုမှာ လိပ်စာကတ်ပေးပြီး နောက်ယောင်ခံအလိုက်ခံရတဲ့သတင်းကို ကိုးကားထားပါတယ်။ အဲဒီကပ်မှာ Burundanga ဆေးပါတယ်။ ဒါပေမဲ့ အဲဒီလိုနည်းနဲ့တော့ လူတယောက်ကို မေ့သွားအောင်မလုပ်နိုင်ပါ။ ဆေးပါးစပ်ကနေ၀င်မှသာ ဒုက္ခရောက်ပါတယ်။ အအေးထဲ၊ ဘီယာထဲခပ်ထားတာ သောက်မိရင်တော့ ဖုတ်၀င်သလိုဖြစ်ပါလိမ့်မယ်။ အဲဒီလိုမျိုး နယူးယောက်မှာဖြစ်ဖူးသေးတယ်။ ATM ကနေ ပိုက်ဆံအကုန်ထုတ်ယူသွားတာ ခံလိုက်ရပါတယ်။

    ဘူရူဒန်းဂါဆေးဟာ Brugmansia plant အပင်ကနေရတယ်။ Angle’s Trumpet ပဒိုင်းပင်ဟာလည်း ရုက္ခဗေဒအလိုအရ Brugmansia genus အနွယ်၀င်ဖြစ်တယ်။ ပဒိုင်းသီးစားရင် ရူးတာကို မစားဖူးပေမယ့် ကြားဖူးကြမယ်။ Alkaloids အမျိုးအစား Scopolomine, Hyoscyamine နဲ့ Atropine တွေက အဲဒီအပင်မျိုးတွေကနေရတယ်။ ဓာတ်ခွဲခန်းမှာလည်းထုတ်တယ်။ Anticholinergic medicine အနေနဲ့ ရောဂါတွေကုစားဖို့ အများကြီးသုံးပါတယ်။ မှတ်ဉာဏ်ကိုသက်ရောက်စေပြီး ခုခံမှုမလုပ်နိုင်တဲ့အခြေအနေကို ဖြစ်စေတာကြောင့် ရည်ရွယ်ချက်မကောင်းတာအတွက် သုံးကြတယ်။

    ဆေဝါးဗေဒအလိုအရ ှScopolomine ဟာ Anticholinergic alkaloid ဖြစ်တယ်။ Hyoscine လို့လည်းခေါ်တယ်။ မျက်စိသူငယ်အိမ်ကို ကျယ်စေတယ်။ အစာအိမ်နဲ့အူတွေ အလုပ်နှေးစေတယ်။ ထွက်စရာအရည်တွေ နည်းစေတယ်။ စားဆေး၊ ငုံဆေး၊ ထိုးဆေး၊ အရေပြား ကပ်ခွာအနေနဲ့ရတယ်။

    Atropine ကို အအန်ပျောက်ဆေး၊ မေ့ဆေးနဲ့တွဲပေးတဲ့ ထိုးဆေးအနေနဲ့သုံးတယ်။ ဗိုက် (အူ) ရစ်နာတာအတွက်လည်း သုံးတယ်။ နှာရည်၊ ချွဲ၊ သလိပ်၊ အစာခြေရည်စတာတွေ အထွက်သက်သာအောင်လည်းသုံးတယ်။ ပါကင်ဆိုနဇင်ရောဂါအတွက်လည်းသုံးတယ်။ အရင်တုန်းက ဘိန်းဖြူနဲ့ကို ကိန်းဆေးဖြတ်တာမှာသုံးတယ်။ အိပ်ဆေးအဖြစ်လည်းရတယ်။ ဘိန်းပါတဲ့ အနာသက်သာဆေးနဲ့ရောပြီး စိတ်ငြိမ်ဆေးအနေနဲ့ သုံးတယ်။ ဥပမာ မောဖိန်း။ သားဖွားခန်းမှာလည်း ငြိမ်ဆေးအဖြစ်သုံးကြတယ်။ ဒါပေမဲ့ ကိုယ်၀န်ဆောင်တွေ မသုံးသင့်ဘူး။ အထဲက ကလေးကို ထိခိုက်စေနိုင်တယ်။

    ဘေးထွက်ဆိုးကျိုးတွေကတော့ သူငယ်အိမ်ကျယ်သွားလို့ မျက်စိေ၀ဝါးနေမယ်၊ နှလုံးခုန်မြန်မယ်၊ အာခေါင်ခြောက်မယ်၊ ချွေးထွက်နည်းမယ်။ ရေငတ်မယ်။ ၀မ်းချုပ်မယ်။ ဆီးသွားရခက်မယ်။ များသွားရင် ကိုယ်ပူမယ်။ ဂနာမငြိမ်ဖြစ်မယ်။ စိတ်ရှုပ်ထွေးစေမယ်၊ ဒေါသကြီးစေမယ်၊ စကားပြောတာ လုံးထွေးနေမယ်၊ သူများမမြင်-မကြားတာတွေ မြင်ရ-ကြားရမယ်၊ တောင်စဉ်ရေမရဖြစ်မယ်၊ အမှားတွေလုပ်နေမယ်။ Diazepam လိုပဲ မှတ်ဉာဏ်လျော့နည်းစေတယ်။

    တောင်အမေရိကားမှာ Ritualistic hallucinogen ဆိုပြီး ကွယ်လွန်သွားသူတွေနဲ့ အဆက်အသွယ်လုပ်ဖို့ဆိုပြီးသုံးတယ်။ ထိန်းမနိုင်သိမ်းမရဖြစ်တဲ့ ကလေးတွေ သွားလေသူတွေ ပူးနေသလားဆိုပြီး ဆေးကုဖို့အတွက်လည်းသုံးသေးတယ်။ အရှင်သခင်သေတဲ့အခါ ဇနီးတွေ၊ ကျွန်တွေကို အရှင်လတ်လတ် မြေမမြှုပ်ခင် ခေါင်ရည်၊ ဆေးရွက်တွေနဲ့ရောပြီးတိုက်တယ်။ အစေ့နဲ့ အရွက်တွေက ပိုပြီးအဆိပ်ပြင်းတယ်။

    လူငယ်တွေ ပန်းပွင့်ကို ပြုတ်-ကြိုသောက်ရာကနေ ဆေးရုံတက်ကြရတယ်လို့ပါတယ်။ အဲလိုသောက်တော့ အစမှာ (ဟယ်လူစီနေးရှင်း)ခေါ်တဲ့ သူများမမြင်တာတွေကိုမြင်၊ သူများမကြားတာတွေကို နားထဲမှာကြားဆိုတဲ့ မူမှန်မဟုတ်တဲ့ ခံစားမှုတွေဖြစ်စေတယ် . . .

    ၉-၇-၂၀၁၀ ရက်နေ့သတင်းမှာ အမေရိကား၊ တောင်ကယ်ရိုလိုင်းနားမယ်လူငယ်တွေ ပန်းပွင့်ကို ပြုတ်-ကြိုသောက်ရာကနေ ဆေးရုံတက်ကြရတယ်လို့ပါတယ်။ အဲလိုသောက်တော့ အစမှာ (ဟယ်လူစီနေးရှင်း)ခေါ်တဲ့ သူများမမြင်တာတွေကိုမြင်၊ သူများမကြားတာတွေကို နားထဲမှာကြားဆိုတဲ့ မူမှန်မဟုတ်တဲ့ ခံစားမှုတွေဖြစ်စေတယ်။ ဒါ့ပြင် နှလုံးခုန် တအားမြန်လာပြီး၊ သေလောက်အောင်ဆိုးတဲ့ နှလုံးခုန်မမှန်တာနဲ့ ပန်းနာထသလို အဆုတ်လေပြွန်တွေ ကျဉ်းတာတွေဖြစ်လာမယ်။ ရောဂါဗေဒဂျာနယ်မှာ ဒီဆေးရဲ့ ဟယ်လူစီနေးရှင်းသတ္တိဟာ စိတ်သာယာဖို့ထက် ကြောက်မက်ဖွယ်ဖြစ်စေတယ်လို့ ရေးထားတယ်။ အနည်းဆုံး ခဏတာရူးသွပ်စေတယ်။

    ဒီဆေးမျိုးနဲ့ဖျော်စပ်ထားတဲ့ Tonga ကိုသောက်တဲ့လူတယောက်ကို (ဆွစ်) သဘာ၀သိပ္ပံပညာရှင် Johann von Tschudi ကနေ စေ့စေ့ငုငုလေ့လာတယ်။ ဒီလူဟာ ဘာမှန်းမှ မသိသလို မြေကြီးကို စိုက်ကြည့်နေတယ်။ ပါးစပ်ကိုစိနေအောင် ပိတ်ထားတယ်။ နှာခေါင်းက ပြားချပ်နေတယ်။ နဖူးမှာချွေးစီးတွေ ပျံလာတယ်။ လူသေလိုပဲ အေးစက်နေတယ်။ လည်ပင်းသွေးကြောတွေထောင်နေတယ်။ အသက်ရှူတာလည်း ရင်ဘတ်က ခပ်နှေးနှေး ဖောင်းလိုက်-ပြားလိုက်နဲ့ တစီစီမြည်နေတယ်။ လက်နှစ်ဖက်ကတင်းပြီး ဘေးချထားတယ်။ မျက်လုံးကမျက်ရည်တွေ အများကြီးစီးကျလာတယ်။ နှုတ်ခမ်းက ရွစိရွစိဖြစ်လာတယ်။ အသက်ရှူမြန်လာတယ်။ ဒီလိုဖြစ်နေတာ ၁၅ မိနစ်ကြာတယ်။

    အဲဒီနောက် အဲလိုဖြစ်တာတွေက ပြင်းထန်လာတယ်။ မျက်လုံးတွေနီရဲပြီး ခြောက်လာ၊ လည်လာတယ်။ မျက်နှာကြွက်သားတွေတွန့်လှုပ်လာတယ်။ တစ်၀က်တပျက် ပွင့်နေတဲ့ပါးစပ်က အမြှုပ်ဖြူတွေထွက်လာတယ်။ လည်ပင်းကြောတွေ လှုပ်တာမြန်လွန်းလို့ ရေလို့တောင်မရဘူး။ အသက်ရှူတာတိုတောင်းပြီး မြန်လာတယ်။ ရင်ဘတ်လှုပ်နေတယ်မထင်ရဘူး။ မြင်တော့နေရတယ်။ ချွေးစီးတွေ တစ်ကိုယ်လုံးစိုရွှဲလာတယ်။ တက်နေသလိုဖြစ်လာတယ်။ ငြိမ်နေလိုက် အသံကျယ်ကြီးနဲ့အော်လိုက် ဘာသံတွေလည်း ခွဲလို့မရဘူး။

    ကိုလမ်ဘီယာနိုင်ငံမှာ လမ်းဘေးဆေးဝါးအဖြစ်သုံးကြတယ်။ အမှုန့်ကိုသုံးတယ်။ ပုံမှန်စိတ်တွေ ပျောက်သွားစေမယ်။ သေချင်လည်းသေသွားမယ်။ စုန်းမှော်အတတ်ပညာမှာလည်း သုံးတယ်လို့သိရတယ်။ ဒါ့ကြောင့် Zombie drug လို့လည်း နာမည်ရတယ်။ ဖုတ်ကောင်တွေလိုဖြစ်စေလို့ပါ။

    Date rape drug ခေါ်တဲ့ ပါတီသုံးဆေး၊ ရက်ချိန်နဲ့ မုဒိန်းကျင့်တဲ့ဆေးထက် ၄ ဆပြင်းတယ်။ နာဇီမှာ Angel of death သေမင်းတမန်လို့ နာမည်ရထားတဲ့ Joseph Mengele ကလည်း စမ်းသပ်မှုတွေလုပ်ခဲ့တယ်။ CIA နဲ့ Czechoslovak communist secret police ချက်ကွန်မြူနစ်လျှို့၀ှက်ပုလိပ်တွေကသုံးတယ်။ မြန်မာစစ်ထောက်လှမ်းရေးလည်း ဒီပဲယင်းအရေးအခင်းမှာ သုံးတယ်လို့သံသယရှိကြတယ်။

    ချိုချဉ်၊ စီးကရက်၊ ချူးယင်းဂမ်း(ပီကေ)၊ ဘီယာစတာတွေထဲမှာခပ်ပြီး မတော်မတရားအလုပ် ခံရနိုင်တယ်။ ခံရသူတွေကို ဆေးရုံတင်ကုသရတယ်။ စိတ်မူမမှန်ဖြစ်နေမယ်။ ကိုယ်ပူမယ်။ ချွေးမထွက်ဘူး။ Date rape drug ခေါ်တဲ့ ပါတီသုံးဆေး၊ ရက်ချိန်နဲ့မုဒိန်းကျင့်တဲ့ဆေးထက် ၄ ဆပြင်းတယ်။ နာဇီမှာ Angel of death သေမင်းတမန်လို့ နာမည်ရထားတဲ့ Joseph Mengele ကလည်း စမ်းသပ်မှုတွေလုပ်ခဲ့တယ်။ CIA နဲ့ Czechoslovak communist secret police ချက်ကွန်မြူနစ်လျှို့၀ှက် ပုလိပ်တွေကသုံးတယ်။

    ဒေါက်တာတင့်ဆွေ

  • အမျိုးသမီးများသတိထားကြပါ။ ဖြစ်သွားပြီးမှဆို မလွယ်ဘူး

    အမျိုးသမီးများသတိထားကြပါ။ ဖြစ်သွားပြီးမှဆို မလွယ်ဘူး

    အမျိုးသမီးများသတိထားကြပါ။ ဖြစ်သွားပြီးမှဆို မလွယ်ဘူး မိန်းကလေးများ သထိထားရန်ကူးယူတင်ပြလိုက်သည်။

    အမျိုးသမီး တစ်ဦးက ဓာတ်ဆီဆိုင်မှာ ဓာတ်ဆီ ဖြည့်နေတုန်း သပ်သပ် ရပ်ရပ်၀တ်စား ထားတဲ့ ယောက်ျားတစ်ဦးက သူ့ကိုယ်သူ ကုမ္ပဏီ အရောင်း ကိုယ်စားလှယ် အဖြစ်နဲ့ သူမကို ရည်ရည်မွန်မွန် မိတ်ဆက်ရင်း ပစ္စည်းဝယ်ဖို့ လိုအပ်ရင် ဆက်သွယ်ဖို့ လိပ်စာကဒ်ကို ပေးခဲ့တယ်။

    သူမကလဲ သဘောရိုးနဲ့လို့ ထင်မှတ်ပြီး ယဉ်ကျေးမှု အနေနဲ့ လိပ်စာကဒ်ကို လက်ခံပြီး ကားပေါ်ပြန်တက်လို့ မောင်းထွက် ခဲ့တယ်။

    တချိန်တည်းမှာပဲ အဲဒီယောက်ျားဟာ တခြားလူရည်သန့်ယောက်ျား တစ်ဦးမောင်းတဲ့ ကားပေါ် တက်သွားပါတယ်။

    ဓာတ်ဆီဆိုင်ထဲကနေ ကားမောင်း ထွက်လာတဲ့ သူမဟာ သူမရဲ့ ကားနောက် ကနေ စောစောက ယောက်ျားက တချိန်တည်းမှာပဲ နောက်ယောင်ခံ ကားမောင်း လိုက်လာတာကို နောက်ကြည့်မှန်က တဆင့် မြင်လိုက်တယ်။

    အဲဒီအချိန်မှာပဲ သူမဟာ တအားခေါင်းကိုက်လာပြီး အသက်ရှူလို့ မရဖြစ်လာခဲ့တယ်။

    သူမဟာ ကားပြတင်းပေါက်ကို ဖွင့်ဖို့ ကြိုးစားရင်းနဲ့ အနံ့ဟာ သူမရဲ့ လက်ကလာတာ ဖြစ်ကြောင်း သတိထားမိ လိုက်တယ်။

    စောစောက ယောက်ျား လှမ်းပေးတဲ့ ကဒ်ကိုလက်ခံ ကိုင်မိတဲ့ လက်ဆီက လာတဲ့အနံ့ပါ။

    ရုတ်တရက် ပတ်၀န်းကျင်ကို ပြန်ငဲ့ ကြည့်မိတဲ့အခါ ကဒ်ပေးတဲ့ ယောက်ျားရဲ့ကားက သူမကားရဲ့နောက် တည့်တည့် ရောက်နေပါပြီ။

    ဒါနဲ့ လူနဲ့ကား စည်ကားရာဆီကို သွားတဲ့ ကားလမ်းကြောကို အမြန်ဆုံး ရွေးမောင်းရင်း ကားဟွန်းကို ထပ်ခါ တလဲလဲ နှိပ်နေခဲ့ ရတယ်။ သူမရဲ့ ကားကို လူတွေ သတိထားမိပြီး အကူအညီ ရလိုရငြားပေါ့။

    အဲဒီတော့မှ သူမရဲ့ ကားနောက်က လိုက်နေတဲ့ ယောက်ျားတွေရဲ့ ကားက တခြားကိုမောင်းပြေး ပါတော့တယ်။

    သူတို့ရန်က လွတ်ခဲ့ပေမယ့် သူမ ကတော့ မိနစ် တော်တော်ကြာကြာ ခေါင်းမူးခေါင်းကိုက် ဖြစ်ပြီးနောက် ကားပြူ တင်းပေါက်တွေက တိုး၀င်လာတဲ့ လေတွေကြောင့် အသက် ပြန်ရှူနိုင် ခဲ့ပါတယ်။ လိပ်စာကဒ် ပေါ်မှာ ဘာပါလဲ သိလား…။

    လူတဖက်သား ဆီက တခုခု ခိုးယူဖို့ ဒါမှမဟုတ် အဲဒီလူဆီက တစုံတခု အမြတ်ထုတ်ဖို့ ကြိုးစားရာမှာ သူတို့ ရည်ရွယ်ထားတဲ့ သားကောင် သို့မဟုတ် အနစ်နာ ခံရမယ့် သူက ဘာမှ ပြန်မတုံ့ပြန် နိုင်အောင် မသမာ သူတွေက ‘BURUNDANGA’ လို့ခေါ်တဲ့ ဆေးကို သုံးတတ်ကြတယ်။

    အဲဒီဆေး ဟာ မုဒိမ်းကောင်တွေက မိန်းကလေးတွေကို မကျူးလွန်မီ မိန်းကလေးတွေ ထွက်မပြေးနိုင်၊ မလှုပ်ရှားနိုင်အောင် ကျွေးလေ့ရှိတဲ့ ဆေးထက် လေးဆပို ပြင်းပါတယ်။

    ပိုဆိုးတာက ဒီဆေးက ပါးစပ်ထဲ ၀င်အောင် ခတ်စရာ မလိုပဲ လိပ်စာကဒ်လို ရိုးရှင်းတဲ့ စာရွက် အပိုင်းအစ တစ်ခုကနေ အနံ့အဖြစ်နဲ့ ကူးလွယ်၊ အသုံးချရ လွယ်ကူနေပါတယ်။

    ဒီလို လုပ်ရပ်မျိုးထဲမှာ ကိုယ့် အိမ်တံခါး လာခေါက်ပြီး သတင်းစာ ဝေတာ၊လက်ကမ်း ကြော်ငြာစာရွက် ဝေပေးတာ၊ လူရှင်းပြီး ချောင်ကျတဲ့ စားသောက်ဆိုင်တွေမှာ tissue box လာချတာက စလို့ ပုံစံ မျိုးစုံနဲ့ချဉ်းကပ်လာနိုင်တာတွေ အများကြီး ရှိပါတယ်။

    ကျေးဇူးပြုပြီး ဒီသတင်းကို သင် အလေးထား ဂရုစိုက်သူ တွေဆီကို လက်ဆင့် ကမ်းပေးပါ။

    မသမာသူတွေရဲ့ မာယာကျော့ကွင်းတွေကို အပြစ်မဲ့သူတွေ ရှောင်ရှားနိုင်ကြပါစေ။

    Credit – ပျိုမေတို့သိစေဖို့ မှ ပြန်လည်မျှဝေပါသည်။