Category: News
-

စာရေးဆရာကြီး ဦးတင်ညွန့် ဖမ်းဆီးခံထားရ
နိုင်ငံရေး၊ သုတနှင့် ရသစာပေများ ရေးသားနေသူ အမျိုးသားစာပေဆုရှင် စာရေးဆရာကြီး ဦးတင်ညွန့်ကို စစ်အုပ်စုက ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဆီးထားကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။ “သူ့ကို ပြီးခဲ့တဲ့၂၃ ရက်နေ့ မနက် ၂ နာရီက သန်လျင်က သူ့အိမ်မှာ လာဖမ်းသွားတာ။ အမျိုးသမီးတစ်ယောက်က တစ်တော့အွန်လိုင်းမှာတင်ရောင်းတဲ့စာအုပ် ၃ အုပ်နဲ့ပတ်သက်ပြီး ဆရာတင်ညွန့်ကို လာဖမ်းသွားတာ” ဟု ဆရာတင်ညွန့်၏မိသားစုနှင့် နီးစပ်သူတစ်ဦးကအတည်ပြု ပြောသည်။ ဆရာတင်ညွန့်ကို စစ်အုပ်စုက ဖမ်းဆီးထားမှုသည် ၂၀၁၅ ခုနှစ်နှင့် ၂၀၂၀ ခုနှစ်တို့မှာ ရေးသားထုတ်ဝေခဲ့သည့် ခွေးထိန်းငတာ၊ ဗိုလ်ချုပ်တွေ ကျွန်တော့်ကို ညာခဲ့သည်၊ ဦးသန်းရွှေ၏ ယတြာများ စာအုပ်တို့နှင့် အဓိကဆက်စပ်နေကြောင်း ဆရာတင်ညွန့်နှင့် နီးစပ်သူတစ်ဦးကလည်း အတည်ပြုပြောဆိုထားသည်။ လူမှုကွန်ရက် Tiktok…
-

BRAVE Burma Act ဥပဒေ ကြမ်း တွင် အထက်လွှတ်တော်အမတ် Michael Bennet ပါ ပူးပေါင်းပါဝင်
အမေရိကန်အထက်လွှတ်တော်အမတ် ၅ ဦး တင်သွင်းသည့် BRAVE Burma Act ဥပဒေ ကြမ်း တွင် အထက်လွှတ်တော်အမတ် Michael Bennet ပါ ပူးပေါင်းပါဝင် အမေရိကန်အထက်လွှတ်တော်အမတ် ၅ ဦး တင်သွင်းသည့် BRAVE Burma Act ဥပဒေ ကြမ်း တွင် အထက်လွှတ်တော်အမတ် Michael Bennet ပါ ပူးပေါင်းပါဝင်လာကြောင်း အထက်လွှတ်တော်အမတ် Michael Bennet က သတင်းထုတ်ပြန်ထားသည်။ အမေရိကန် အထက်လွှတ်တော် ထောက်လှမ်းရေးကော်မတီ အဖွဲ့ဝင်လည်းဖြစ်၊ ကော်လိုရာဒိုပြည်နယ် အထက်လွှတ်တော်အမတ်လည်းဖြစ်သူ Michael Bennet က အခြားသော အထက်လွှတ်တော်အမတ်များဖြစ်ကြသည့် Chris Van Hollen၊ Todd Young၊ Mitch McConnell ၊ Jeff…
-

ဒါမျိုးတွေကို ထိထိရောက်ရောက် ကိုင်တွယ်သင့်ပြီ
ဗီဒီယိုဖိုင်ကိစ္စမှ သံဃာတု၊ သီလရှင်တု ၄ ဦးအား လူဝတ်လဲ၍ ဥပဒေအရ အရေးယူဆောင်ရွက်နေ အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ပျံ့နှံ့လျက်ရှိသော ပုသိမ်-ငွေဆောင်ကားလမ်းဘေး သရုပ်ပျက်ဗီဒီယိုဖိုင်နှင့်ပတ်သက်၍ ပါဝင်ပတ်သက်သူ ၄ ဦးအား သက်ဆိုင်ရာမှဖမ်းဆီးကာ သာသနာရေးဆိုင်ရာဥပဒေများ၊ နယ်မြေခံဥပဒေများအရထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ ပုသိမ်-ငွေဆောင်ကားလမ်းပေါ်က ရုပ်သံဖိုင်နှင့်ပတ်သက်၍ ယနေ့ (ဧပြီ ၂၆ ရက်) တွင် ရပ်ကျေးသံဃနာယကဆရာတော်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများပူးပေါင်းကာ ငွေဆောင်မြို့၊ မဒေါ့ကုန်းအုပ်စုရှိ အောင်သစ္စာမဏ္ဏိုင်ကျောင်းတိုက်သို့သွားရောက်စစ်ဆေးကြောင်း ကနဦးသိရှိရပါ တယ်။ စစ်ဆေးမှုများအရ ဖြစ်စဉ်တွင်ပါဝင်သူများဖြစ်သည့် ဥူးခေမာဝံသ၊ ဥူးရေဝတ၊ နန္ဒမာလာ (သီလရှင်)၊ မမာလာဝံသ (သီလရှင်) အဆိုပါ ၄ ဦးကို ဓမ္မဝါဒဖြစ်သော သာသနာတော်ကို ညှိုးနွမ်းစေသော အပြုအမူများလုပ်ဆောင်မှုများကြောင့် သိက္ခာချလူဝတ်လဲခြင်းများပြုလုပ်ခဲ့ပြီးနောက် ဥပဒေအရဆက်လက်အရေးယူနိုင်ရန် သလပ်ခွာနယ်မြေရဲစခန်းတွင် ခေတ္တထိန်းသိမ်းကာ…
-

မိုးတွေဆက်တိုက်ရွာတော့မယ့်..ဒေသတွေ
🌧 မိုးတွေဆက်တိုက်ရွာတော့မယ့်..ဒေသတွေ ဧပြီလကုန်ကနေ မေလဆန်းအထိ မြန်မာနိုင်ငံအနှံ့အပြားမှာ မိုးရွာသွန်းမှုတွေ ဆက်တိုက်ရှိလာတော့မှာ ဖြစ်ပါတယ်။ မိုးမျှော်နေတဲ့သူတွေနဲ့ စိုက်ခင်းရေသွင်းရမယ့်သူတွေအတွက် ဝမ်းသာစရာသတင်းပဲဖြစ်ပါတယ်။ 📍 ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်း ကာလ: ဧပြီလ (၂၆) ရက်မှ မေလ (၉) ရက်နေ့အထိ။ အခြေအနေ: နေ့စဉ်ရက်ဆက် မိုးရွာသွန်းပါမယ်။ နေရာကွက်ပြီး မိုးကြီးနိုင်တဲ့အတွက် မိုးတွင်းရောက်ပြီလို့တောင် ပြောလို့ရတဲ့ အခြေအနေပါ။ ပြင်ဆင်ရန်: မိုးရေထိလို့မရတဲ့ လုပ်ငန်းရှင်များ ကြိုတင်ပြင်ဆင်ထားကြဖို့ သတိပေးလိုက်ပါတယ်။ 📍 တနင်္သာရီတိုင်းနှင့် အောက်ပိုင်းဒေသများ ဧပြီ (၂၈-၂၉): ကရသူရိနှင့် ခမောက်ကြီးဒေသတစ်ဝိုက် မိုးအနည်းငယ်ရွာပါမယ်။ မေ (၁-၃): တနင်္သာရီတိုင်းတစ်တိုင်းလုံး မိုးရွာပါမယ်။ အထူးသဖြင့် မြိတ်၊ ဘုတ်ပြင်းနှင့် ကော့သောင်းခရိုင် တို့မှာ နေရာကွက် မိုးများနိုင်ပါတယ်။ 📍 အခြားဒေသများ…
-

နေပြည်တော်စစ်ရုံးနှင့် နီးကပ်သည့် စခန်းတိုက်ခိုက်ခံရမှုကြောင့် စစ်အရာရှိအချို့ ခေါ်ယူစစ်ဆေးခံရ
၂၀၂၅ အတုအယောင်ရွေးကောက်ပွဲမှ ပေါ်ထွက်လာသည့် ရွေးတုစစ်အုပ်စု၏ စစ်ရုံးချုပ်များ အခြေစိုက်ရာ နေပြည်တော်နယ်မြေအတွင်း တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်လာမှုနှင့် ပတ်သက်၍ တာဝန်ပျက်ကွက်ခဲ့သည့် စစ်အရာရှိအချို့ကို ခေါ်ယူစစ်ဆေးနေကြောင်း သိရသည်။ ခမရ ၄၁၃၊ ၄၁၄ တို့မှ အရာရှိများနှင့် ဒုစစ်ဆင်ရေးကွပ်ကဲရေးမှူး (ဒုစကခမှူး)တို့ကို ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်နေ့တွင် နေပြည်တော်သို့ ခေါ်ယူစစ်ဆေးခဲ့ကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံမှ သိရသည်။ “စစ်ရုံးချုပ်တွေရှိတဲ့ ခြောက်လုံးတန်းနဲ့တောင် မိုင်အနည်းငယ်ပဲ ကွာတော့တဲ့နေရာမှာ တိုက်ခိုက်ခံရတာ ဆိုတော့ အရာရှိတွေကို ခေါ်စစ်နေတာ။ စကခ-၆ က တာဝန်ရှိတဲ့သူတွေကိုလည်း ခေါ်မေးနေတယ်” ဟု တပ်တွင်းသတင်းရင်းမြစ်က ပြောသည်။ ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့က လယ်ဝေးမြို့နယ်၊ အောင်ချမ်းသာရွာသစ်ရှိ အင်အား ၄၀ ခန့်ရှိသော စစ်တပ်စခန်းကို တော်လှန်ရေးအင်အားစုများက…