Category: News

  • အရာတော်မှာ တိုက်ပွဲဖြစ်ပြီး PDF ၁၀ ဦးကျဆုံး

    အရာတော်မှာ တိုက်ပွဲဖြစ်ပြီး PDF ၁၀ ဦးကျဆုံး

    စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာနဲ့ အမှတ် ၁၀ စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ – ၁၀) ကြားက တောလမ်းပိုင်းမှာတိုက်ပွဲဖြစ်ပြီး PDF တပ်ဖွဲ့ဝင် ၁၀ ဦးကျဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။ ဇွန် ၂၄ ရက်မနက် ၃ နာရီခန့်မှာ ငွေတွင်းပျုစောထီးစခန်းကနေ စခတ ၁၀ ဘက်ကို ရိက္ခာသယ်ယူဖို့ ထွက်လာတဲ့ အင်အား ၄၀ ကျော်ပါ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ “ထောက်ပို့လမ်းကြောင်းထွက်တာကို ကြားကနေဖြတ်တိုက်တာ။ ငွေတွင်းကနေ သွားတဲ့အဖွဲ့ကို တိုက်နေချိန် လေ့ကျင့်ရေး ၁၀ ကနေ ထွက်လာတဲ့ အင်အားက ဝင်လုံးသွားတာ။ ရှေ့ကိုတိုက်နေချိန် နောက်ကိုဝိုင်းခံလိုက်ရတဲ့သဘောပါ”လို့ ဖြစ်စဥ်ကိုသိထားတဲ့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။ တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်တွေဘက်ကတော့ ၁၀ ဦးကျဆုံးပြီး…

  • ရဲဝင်းဦး ငိုချင်းချ

    ရဲဝင်းဦး ငိုချင်းချ

    တပ်ချုပ်သစ်ရဲဝင်းဦးလက်ထက် Mi-17 ရဟတ်ယာဉ် ပထမဆုံးအကြိမ် ဒရုန်းဖြင့် တိုက်ခိုက်ဖျက်ဆီးခံရမှုအတွက် လုံခြုံရေးပေါ့ လျော့မှု၊ သတင်းပေါက်ကြားမှုများ စိစစ်ရန် စစ်တပ်က စုံစမ်းရေးအဖွဲ့ ဖွဲ့စည်း၊ ပျက်စီးသွားသော ရဟတ် ယာဉ်ကို ပြန်လည် သယ်ယူမည်။ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမကျေးရွာတွင် စစ်ကူလာပို့သော Mi-17 ရဟတ်ယာဉ်ကို တော် လှန်ရေးတပ်များက ဒရုန်းဖြင့် တိုက်ခိုက်ဖျက်ဆီးလိုက်မှုအတွက် လုံခြုံရေးပေါ့ လျော့မှု၊ သတင်းပေါက်ကြားမှုများ စိစစ်ရန် စစ်တပ်က စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းလိုက်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ အဆိုပါ Mi-17 ရဟတ်ယာဉ် တိုက်ခိုက်ဖျက်ဆီးခံရမှုမှာ ယခုနှစ် မတ်လ ၃၀ ရက်နေ့ တပ်ချုပ်သစ် ဖြစ်လာသော အကြမ်းဖက် ရဲဝင်းဦးလက်ထက်တွင် စစ်တပ်၏ ရဟတ်ယာဉ်ကို ပထဆုံးအကြိမ် တိုက်ခိုက်ဖျက်ဆီးနိုင်ခြင်းလည်းဖြစ်သည်။ ဇွန်လ ၂၃…

  • ပခုက္ကူနှင့် မြိုင်တွင် ရွေးတုအစိုးရစစ်တပ် အထိနာ

    ပခုက္ကူနှင့် မြိုင်တွင် ရွေးတုအစိုးရစစ်တပ် အထိနာ

    Mi-17 ရဟတ်ယာဉ်တစ်စီး အပါအဝင် စစ်ကောင်စီဘက်မှ ၅၀ ထက်မနည်း သေဆုံး မကွေးတိုင်း၊ ပခုက္ကူအခြေစိုက် တပ်မ (၁၀၁) မှ ထွက်လာသည့် အင်အား ၄၀၀ ကျော်ပါ ရွေးတုအစိုးရစစ်တပ် စစ်ကြောင်းကို ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက လိုက်လံတိုက်ခိုက်ခဲ့ရာ စစ် တပ်ဘက်မှ တပ်မှူးအချို့အပါအဝင် ၅၀ ထက်မနည်း သေဆုံးပြီး Mi-17 ရဟတ်ယာဉ်တစ်စီးကိုပါ ပစ်ချဖျက်ဆီးနိုင်ခဲ့ကြောင်း မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် (Magway – PDF) က ယနေ့ ဇွန်လ ၂၄ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ အဆိုပါ ရွေးတုအစိုးရစစ်တပ် စစ်ကြောင်းကို ပခုက္ကူမြို့နယ်မှသည် မြိုင်မြို့နယ်အတွင်းအထိ ကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့များက လိုက်လံချေမှုန်းခဲ့ခြင်းဖြစ်ပြီး မြိုင်မြို့နယ် ကိုင်းတောမကျေးရွာအရောက်တွင် စစ်ကောင်စီတပ်များ အထိနာကာ တွင်းမပျူစခန်းသို့ ပြန်လည်ဆုတ်ခွာသွားခဲ့ရကြောင်း သိရသည်။…

  • ဘူဒါပက်စ်တွင် လူအလောင်းများကို သိမ်းဆည်းထားပြီး စားသောက်သည့် ဆေးရုံဝန်ထမ်းကို ဖမ်းဆီး

    ဘူဒါပက်စ်တွင် လူအလောင်းများကို သိမ်းဆည်းထားပြီး စားသောက်သည့် ဆေးရုံဝန်ထမ်းကို ဖမ်းဆီး

    ဘူဒါပက်စ်တွင် လူအလောင်းများကို သိမ်းဆည်းထားပြီး စားသောက်သည့် ဆေးရုံဝန်ထမ်းကို ဖမ်းဆီး ဟန်ဂေရီနိုင်ငံ၊ ဘူဒါပက်စ်မြို့ရှိဆေးရုံတစ်ရုံတွင် အလောင်းသယ်သည့် အလုပ်လုပ်ပေးသော အသက် ၃၀ အရွယ် အမျိုးသားကို ဇွန် ၁၇ ရက်က မသင်္ကာသဖြင့် ဟန်ဂေရီ အမျိုးသားစုံစမ်းစစ်ဆေးရေးဗျူရိုက နေအိမ်အား စီးနင်း ဖမ်းဆီးခဲ့ရာ လူသေအလောင်း အပိုင်းအစများကို သိမ်းဆည်းထားသလို အစာအဖြစ်လည်း ပုပ်နေသည့်လူသားများကိုပင် စားသောက်သည်ကို သိရှိခဲ့ရသည်။ နေအိမ်သို့ ဝင်ရောက်စစ်ဆေးခဲ့ရာတွင် ဦးခေါင်းခွံများ၊ ခြေထောက်တစ်ချောင်း၊ လက်တစ်ဖက်၊ ထိန်းသိမ်းထားသော လူမျက်နှာအရေပြားဖြင့် ပြန်လည်ပြင်ဆင်ထားသည့် မျက်နှာတစ်ခု၊ ခရားတစ်ခုအတွင်း သိမ်းထားသည့် နှလုံးတစ်ခုတို့ကို တွေ့ရှိခဲ့ရသည်။ ဇွန် ၂၃ ရက်တွင် ရဲတပ်ဖွဲ့က သိမ်းဆည်းရမိသည့် လူသားအကြွင်းအကျန်များမှာ လူသားစစ် ဟုတ်မဟုတ်၊ တိရစ္ဆာန် ဟုတ်မဟုတ် မှုခင်းစစ်ဆေးရေး လုပ်ငန်းစဉ်အတွက်…

  • သားအရင်းကိုပင် ပွဲစားလုပ်၍ ရောင်းစားခဲ့

    သားအရင်းကိုပင် ပွဲစားလုပ်၍ ရောင်းစားခဲ့

    မိခင်အရင်းကိုယ်တိုင် ပွဲစားလုပ်ပြီး‌ သားဖြစ်သူကို ရောင်းစားတဲ့ အဓမ္မစစ်မှုထမ်းသတင်း “မိခင်” ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်က ဘာလဲ…? ကိုယ့်သားသမီးကို ကာကွယ်စောင့်ရှောက်ဖို့လား၊ ဒါမှမဟုတ် အကျိုးအမြတ်အတွက် ရောင်းစားဖို့လား…? ဒီဗီဒီယိုထဲမှာတော့ စစ်မှုထမ်းရန်အတွက် အခြားလူငယ်များကို အဓမ္မစုဆောင်းရောင်းစားရုံသာမက၊ မိမိ၏ သားအရင်းကိုပင် ပွဲစားလုပ်၍ ရောင်းစားခဲ့သည့် ဖြစ်ရပ်တစ်ခုကို ကြားသိရမည်ဖြစ်သည်။ သေသေချာချာ နားထောင်ပါ။ နားထောင်ပြီး ဆင်ခြင်ပါ။ မိမိနှင့် မိမိပတ်ဝန်းကျင်မှ လူငယ်များ မထိခိုက်စေရန် မျှဝေပေးကြပါ။ 🎥 ဗီဒီယိုအဆုံးထိ ကြည့်ရှုပြီး အမှန်တရားကို သိရှိနိုင်ရန် ကူညီမျှဝေပေးကြပါ။ UNYI-MP Video -လူမှုကွန်ရက်