Category: News

  • မန္တလေးမှာ သံဃာတွေ အစုလိုက်အပြုံလိုက် အစာAဆိ-*ပ်သင့်ကုန်လို့

    မန္တလေးမှာ သံဃာနဲ့ ကိုရင် ၇၆ ပါးခန့် အစာအဆိပ်သင့်လို့ ဆေးရုံတွေမှာ ကုသနေရ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့၊ အုန်းချောကျေးရွာရှိ ပေါက်စိမ်းသာမဏေကျော် ဘုန်းကြီးကျောင်းမှာ သံဃာတော်တွေနဲ့ ကိုရင်တွေ အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဩဂုတ်လ ၂၆ ရက် ဒီကနေ့ မနက် ၁၀ နာရီခန့်က သံဃာတော်တွေနဲ့ ကိုရင်တွေ အပါအဝင် ၇၆ ပါးခန့် အစာအဆိပ်သင့်ခဲ့တာကြောင့် အရေးပေါ် ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။ “ကျောင်းထိုင်ဆရာတော်က ဘဒ္ဒန္တ ကေသရ ပါ။ စာသင်ဆရာတော် ရဟန်း ၇ ပါး၊ ကိုရင် ၁၅၈ ပါး၊ ပေါင်း ၁၆၅ ပါး ရှိတယ်။ မနက် ၇ နာရီလောက်က အာရုံဆွမ်း ဘုန်းပေးတယ်။ လက်ဖက်ထမင်း၊…

  • တစ်သိန်းလောက်ရှိပြီဖြစ်သော ရ-ခ များ အမေနဲ့ရွာကိုလွမ်းပြီ

    တစ်သိန်းလောက်ရှိပြီဖြစ်သော ရ-ခ များ အမေနဲ့ရွာကိုလွမ်းပြီ

    ရန်ကုန် အပါအဝင် မြို့ကြီးများတွင် ရဲမေသစ်များအဖြစ် အမျိုးသမီးများကိုပါ ဦးတည် ပေါ်တာဆွဲ ဖမ်းဆီးနေ၊ ပြည့်တန်ဆာမှု၊ မူးယစ်ဆေးဝါးအမှုများဖြင့် ထောင်ချမည်ဟု ခြိမ်းခြောက်သဖြင့် ရဲထဲဝင်ခဲ့ရသောအမျိုးသမီး အများအပြားရှိ ၁ နှစ်အတွင်း ရဲအင်အား ၉,၅၉၆ ဦး ပြုန်းတီးခဲ့ပြီးနောက် နိုင်ငံတစ်ဝန်း အလုပ်ရမည်ဟု လိမ်ခေါ်ခြင်းနှင့် အမှုဆင်ဖမ်းဆီးခြင်းများဖြင့် လူငယ်များကို ရဲထဲသို့ ပေါ်တာဆွဲပို့ဆောင် ရန်ကုန် အပါအဝင် မြို့ကြီးများတွင် ရဲတပ်သားသစ်များအဖြစ် အမျိုးသမီးများကိုပါ ဦးတည် ပြီး ပေါ်တာဆွဲ ဖမ်းဆီးနေကြောင်း ပေါ်တာဆွဲဖမ်းဆီးခံရပြီး ရဲသင်တန်းကျောင်းသို့ အတင်းအကျပ် ပို့ဆောင်ခံရသော ရဲတပ်သားသစ်အမျိုးသမီးများ၏ မိဘများက ပြောဆိုသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ၂၀၂၄ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ တစ်နှစ်ကျော်ကာလအတွင်း ရဲတပ် ဖွဲ့ ဝင် ၉,၅၉၆ ဦးအထိ အင်အားပြုန်းတီးခဲ့ပြီး…

  • သင်္ဘောနှင့် စက်လှေတွေ ဒွမ်ထားမှု နောက်ဆက်တွဲတွေ လာပြီ

    သင်္ဘောနှင့် စက်လှေတွေ ဒွမ်ထားမှု နောက်ဆက်တွဲတွေ လာပြီ

    ရွှေကူနှင့် ကသာတို့တွင် ရွေးတုအစိုးရစစ်တပ် စစ်သင်္ဘောနှင့် စက်လှေများ တိုက်ခိုက်ခံရပြီး စက်လှေ ၁ စီး နစ်မြုပ်၊ ရွှေကူရှိ စစ်ကြောင်းလည်း ပိတ်ဆို့ခံထားရ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်တို့တွင် ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် ရွေးတုအစိုးရ စစ်တပ် စစ်သင်္ဘောနှင့် စက်လှေများကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းများ၊ မြေပြင်စစ်ကြောင်းများဖြင့် ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားပြီး စက်လှေ တစ် စီး မီးလောင်နစ်မြုပ်သွားကြောင်း မြေပြင်သတင်းရင်း မြစ်များနှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များထံမှ သိရသည်။ ရွှေကူမြို့နယ်၊ ဇင်ဘုံကျေးရွာ အောက်ဘက်ရှိ ဘုရားအနီးတွင် တပ်စွဲထားသော စစ်တပ်စခန်းသို့ စက်လှေ၊ ဖလပ်သင်္ဘောများဖြင့် တပ်ဖွဲ့ဝင်များ ရွှေ့ပြောင်းသယ်ယူလာစဉ် တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက FPV ဒရုန်းများ၊ အသေခံဒရုန်းများဖြင့်…

  • ကြေးရုပ်ပွားတော်ဆီက လက်လေးဖက်ဖြ/-တ်ယူတဲ့ ၁၃ နှစ်ကလေး

    ကြေးရုပ်ပွားတော်ဆီက လက်လေးဖက်ဖြ/-တ်ယူတဲ့ ၁၃ နှစ်ကလေး

    တောင်ငူ ဘိုးဘွားရိပ်သာစေတီမှာပူဇော်ထားတဲ့ ကြေးရုပ်ပွားတော်ဆီက လက်လေးဖက်ဖြတ်ခိုးတဲ့ အသက် (၁၃) နှစ်အရွယ် ကလေးတဦးဖမ်းဆီးရမိ တောင်ငူမြို့၊ ဘိုးဘွားရိပ်သာစေတီအတွင်းရှိ ကြေးဗုဒ္ဓရုပ်ပွားတော်များ၏ လက်တော် ၄ ဖက် ဖြတ်ယူခိုးယူခဲ့သည်ဟုဆိုသည့် အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ် ဇူလိုင်လအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဩဂုတ် ၂၃ ရက် နံနက်ပိုင်းတွင် တောင်ငူမြို့နယ် ဆေးရုံနောက်ကျော ကျုံးပတ်လမ်း၌ မောင်ဇင်မင်းထက်ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးပြီးနောက် စစ်ဆေးရှာဖွေရာ ၎င်းနှင့်အတူပါရှိသည့် အိတ်အမည်းတစ်လုံးအတွင်းမှ ပျောက်ဆုံးနေသည့် ကြေးဗုဒ္ဓရုပ်ပွားတော် လက်တော် ၄ ဖက်ကို ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။ မောင်ဇင်မင်းထက်ကို တောင်ငူမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၇၉ နှင့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၄ တို့ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း…

  • ရွှေကူ တက်လာတဲ့ကောင်တွေ KIA/PDF တွေ ရှယ်ဒွမ်ထားပြီ (ရုပ်သံ)

    ရွှေကူမှာ စစ်သင်္ဘောအုပ်စုလုံခြုံရေး စစ်ကြောင်း KIA တိုက်ခိုက်လို့ အထိနာပြီး ပိတ်မိနေ စစ်သားတွေ တင်လာတဲ့ စစ်လှေကို ဒရုန်းနဲ့ တိုက်ခိုက်ဖောက်ခွဲခံရသလို မြေပြင်မှာလည်း စစ်ကြောင်းလိုက် ကစင့်ကလျားထွက်ပြေး ကချင်ပြည်နယ်ဘက်ကို တက်လာတဲ့ စစ်သင်္ဘောအုပ်စုကို လုံခြုံရေးယူပေးမယ့် စစ်ကောင်စီ စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ရွှေကူမြို့နယ် သင်္ဘောအင်းရွာအနီးမှာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားတွေ တင်လာတဲ့ စက်လေထိမှန်ပေါက်ကွဲခဲ့သလို မြေပြင်မှာလည်း စစ်ကောင်စီတပ်သားတွေ ကစဉ့်ကလျား ထွက်ပြေးခဲ့ရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ စစ်တပ်ဟာ ဆုံးရှုံးနယ်မြေတွေ ပြန်ရဖို့အတွက် ကချင်ပြည်နယ်ကို စစ်အင်အားတွေ ထပ်မံ ဖြည့်တင်းလာရာ စစ်သင်္ဘောအုပ်စုဟာ ဒီကနေ့ ဩဂုတ် ၂၅ရက်မှာ စစ်ကိုင်းတိုင်းထီးချိုင့်နယ်ကနေ အထက်ဘက်ကို ဆန်တက်သွားပြီဖြစ်ပါတယ်။ အဲဒီ စစ်ကောင်စီ သင်္ဘောအုပ်စု လုပ်ခြုံရေးအတွက် စစ်သားတွေက…