Category: News


  • แ€›แ€”แ€บแ€€แ€ฏแ€”แ€บแ€แ€ฝแ€„แ€บ แ€žแ€ฏแ€ถแ€ธแ€›แ€ฑแ€แ€…แ€Šแ€บแ€€แ€ญแ€ฏ แ€„แ€ฝแ€ฑแ€€แ€ปแ€•แ€บ แ†,แ€แ€แ€ แ€•แ€ฑแ€ธแ€แ€šแ€บแ€”แ€ฑแ€›

    ရန်ကုန်မြို့ကို ရေအဓိကဖြန့်ဖြူးပေးနေတဲ့ ဂျိုးဖြူကန်က ရေအလုံအလောက်မရတဲ့အတွက် သုံးဖို့ရေကို ဈေးကြီးပေးပြီး ဝယ်ယူနေရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ သင်္ကြန်ကာလတုန်းက ရန်ကုန်က ရေကစားမဏ္ဍပ်တွေကို ဂျိုးဖြူက ရေဖြန့်ဖြူးပေးခဲ့ပြီး လူနေတိုက်ခန်းတွေကို ရေမပေးတဲ့အတွက်လည်း ၅ ရက်လောက် သုံးရေပြတ်သွားခဲ့ဖူးပါတယ်။ သင်္ကြန်ပြီးကတည်းက ဂျိုးဖြူကန်က ၂ ရက်ကို ရေတကြိမ်သာ ပေးတဲ့အတွက် သုံးရေ အခက်အခဲကြုံနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ရေလာတဲ့အခါ မီးမလာတဲ့အတွက် ရေမတင်လိုက်ရလို့ ကိုယ့်တိုက်ခန်းက ရေမရလိုက်တာတွေလည်း ရှိသလို တိုက်ခန်းအားလုံးက တပြိုင်တည်း ရေတင်ကြတာကြောင့် သုံးရေအလုံအလောက် မရရှိကြဘူးလို့ ဆိုပါတယ်။ ဒါကြောင့် အဝီစိရေတွင်းရှိတဲ့ တိုက်တွေကလွဲလို့ ရန်ကုန်မြို့ခံအများစုက ရေဝယ်သုံးနေရပါတယ်။ ဒေါပုံမြို့နယ်မှာတော့ အဝီစိတွင်းရှိတဲ့သူတွေက ပြန်လည်ရောင်းချတဲ့ရေကို ရေစည်တစည် ငွေကျပ် ၆,၀၀၀ ပေးပြီးဝယ်သုံးနေရတယ်လို့ မြို့ခံတွေက…

  • แ€•แ€ซแ€›แ€ฌแ€…แ€ฎแ€แ€™แ€ฑแ€ฌแ€”แ€พแ€„แ€ทแ€บ แ€’แ€ญแ€ฏแ€„แ€บแ€€แ€œแ€ญแ€ฏแ€–แ€”แ€บแ€ธแ€”แ€€แ€บ แ€›แ€ฑแ€ฌแ€”แ€พแ€ฑแ€ฌแ€‘แ€ฌแ€ธแ€žแ€Šแ€ทแ€บ แ€™แ€ผแ€”แ€บแ€™แ€ฌแ€ทแ€แ€ญแ€ฏแ€„แ€บแ€ธแ€›แ€„แ€บแ€ธแ€†แ€ฑแ€ธ แ† แ€™แ€ปแ€ญแ€ฏแ€ธ แ€žแ€ฏแ€ถแ€ธแ€…แ€ฝแ€ฒแ€›แ€”แ€บ แ€™แ€žแ€„แ€ทแ€บแ€€แ€ผแ€ฑแ€ฌแ€„แ€บแ€ธ แ€‘แ€ฏแ€แ€บแ€•แ€ผแ€”แ€บ

    အင်္ဂလိပ်ဆေးဝါးများဖြစ်သော ပါရာစီတမောနှင့် ဒိုင်ကလိုဖန်းနက် တို့ကို ခွင့်ပြုချက်မရှိဘဲ ရောနှော ဖော်စပ်ထားသည့် မြန်မာ့တိုင်းရင်းဆေးဝါး ခြောက် မျိုးကို သုံးစွဲရန် မသင့်လျော်ကြောင်း ရွေးတုအစိုးရ၏ ကျန်းမာရေးဝန်ကြီးဌာနက ဧပြီ ၂၉ တွင် ထုတ်ပြန်သည်။ ရန်ကုန်မြို့တွင် ထုတ်လုပ်သည့် အဆစ်အမြစ်နာ၊ ဒူးနာ၊ ခါးနာ ပျောက်ဆေးများနှင့် ဆေးမှုန့်များဖြစ်သော ၁။ ကာယသုခ ဆရာကြီးဖိုးဘစံ၊ ၂။ ငွေနတ်သား၊ ၃။ သစ္စာရှင်၊ ၄။ မေတ္တာရှင်၊ ၅။ ရွှေဆေးနှင့် ၆။ ရွှေဟင်္သာ တို့တွင် ပါရာစီတမောနှင့် ခိုင်ကလိုဖန်းနက်များရောနှောထားသည်ကိုတွေ့ရှိပြီး သုံးစွဲရန်မသင့်ကြောင်း ထုတ်ပြန်သည်။ အဆိုပါ တိုင်းရင်းဆေးဝါးအချို့သည် မှတ်ပုံတင်နှင့် ထုတ်လုပ်ခွင့်လိုင်စင် ရရှိထားသော်လည်း အမှန် တကယ် ဖော်စပ်ရာတွင် မှတ်ပုံတင်စဉ်က တင်ပြထားသည့် ဆေးဖော်စပ်နည်းအတိုင်းမဟုတ်ဘဲ အင်္ဂလိပ်ဆေးများကို…

  • แ€™แ€ผแ€ฑแ€ฌแ€„แ€บแ€ธแ€™แ€ผแ€™แ€ผแ€ญแ€ฏแ€ทแ€”แ€šแ€บแ€แ€ฝแ€„แ€บ (แแ‚) แ€”แ€พแ€…แ€บแ€กแ€›แ€ฝแ€šแ€บ แ€€แ€ปแ€ฑแ€ฌแ€„แ€บแ€ธแ€žแ€ฐแ€œแ€ฑแ€ธแ€กแ€ฌแ€ธ แ€กแ€“แ€™แ€นแ€™แ€•แ€ผแ€ฏแ€€แ€ปแ€„แ€ทแ€บแ€™แ€พแ€ฏแ€–แ€ผแ€…แ€บแ€•แ€ฝแ€ฌแ€ธ

    ကျူးလွန်သူအား ပြည်သူများမှ ဝိုင်းဝန်းဖမ်းဆီးရမိ ဧရာဝတီတိုင်း၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ လူတော်ကြီးကျေးရွာတွင် အသက် (၁၂) နှစ်အရွယ် စတုတ္ထတန်းကျောင်းသူလေးတစ်ဦးအား အမျိုးသားတစ်ဦးက အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ မသင်္ကာဖွယ်ရာ ကိစ္စရပ်အား စတင်သိရှိခဲ့သူမှာ ကျူးလွန်ခံရသူ၏ မိခင်ဖြစ်သူ ဒေါ်ဇင်ဇင်မော် ဖြစ်သည်။ သမီးဖြစ်သူမှာ ဓမ္မတာ နှစ်လခန့် ပြတ်တောက်နေသဖြင့် မိခင်ဖြစ်သူမှ မသင်္ကာဖြစ်ကာ အဒေါ်ဖြစ်သူ၏ နေအိမ်တွင် ကိုယ်ဝန်ရှိ၊ မရှိ စစ်ဆေးခဲ့ရာမှ ကိုယ်ဝန်ရှိနေကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု သိရသည်။ မိခင်ဖြစ်သူမှ သမီးအား မေးမြန်းရာတွင် တစ်ရွာတည်းနေ ဦးလေးဝမ်းကွဲတော်စပ်သူ လင်းနိုင်ဦး (၄၀နှစ်) မှ နေအိမ်တွင် လူမရှိခိုက် ခြိမ်းခြောက်၍ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း ကျူးလွန်ခံရသူ…

  • แ€…แ€€แ€ แแ‰ แ€œแ€€แ€บแ€”แ€€แ€บแ€แ€ฒแ€šแ€™แ€บแ€ธแ€แ€ญแ€ฏแ€€แ€บแ€€แ€ญแ€ฏ PDF แ€”แ€พแ€„แ€ทแ€บ แ€แ€•แ€บแ€แ€ฝแ€„แ€บแ€ธแ€–แ€›แ€ฒแ€žแ€ฎแ€ธแ€™แ€ปแ€ฌแ€ธ แ€•แ€ฐแ€ธแ€•แ€ฑแ€ซแ€„แ€บแ€ธแ แ€–แ€ฑแ€ฌแ€€แ€บแ€แ€ฝแ€ฒ แ€แ€ญแ€ฏแ€€แ€บแ€แ€ญแ€ฏแ€€แ€บ

    ရေးမြို့နယ် စကခ ၁၉ လက်နက်ခဲယမ်းတိုက်ကို PDF နှင့် တပ်တွင်းဖရဲသီးများ ပူးပေါင်း၍ ဖောက်ခွဲ တိုက်ခိုက်မှု လက်နက်မျိုးစုံ ၂၀၀ ခန့်ပျက်စီးပြီး စစ်သား ၄ ဦးသေဆုံး မွန်ပြည်နယ်၊ ရေးမြို့နယ် စကခ ၁၉ လက်နက်ခဲယမ်းတိုက်ကို PDF နှင့် တပ်တွင်းဖရဲသီးများ ပူးပေါင်း၍ ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ လက်နက်မျိုးစုံ ၂၀၀ ခန့်ပျက်စီးကာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း တနင်္သာရီတိုင်းစစ်ဌာန-ပြန်ကြားရေးက ထုတ်ပြန်ထားသည်။ ဧပြီလ ၁၉ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ အမှတ် ၁၉ စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် လက်နက်ခဲယမ်းတိုက်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်းစစ်ဌာန၊ နည်းဗျူဟာ ၃၃ ကွပ်ကဲမှုအောက်ရှိ အမှတ် (၈၀၀၁) တပ်ရင်း၊ ရေးပြောက်ကျားတပ်ဖွဲ့မှ မြို့တွင်း(…

  • แ€™แ€ผแ€„แ€บแ€ธแ€แ€ผแ€ถแŠ แ€”แ€ฝแ€ฌแ€ธแ€‘แ€ญแ€ฏแ€ธแ€€แ€ผแ€ฎแ€ธ แ€›แ€พแ€šแ€บแ€’แ€ฝแ€™แ€บ

    မြင်းခြံနှင့် နွားထိုးကြီးမြို့နယ်အတွင်းရှိ ကျေးရွာ ၁၆ ခုကို စစ်ကြောင်းထိုးမီးရှို့ပြီး ပစ္စည်းများ လိုက်လံ ခိုးယူနေသည့် စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၂၀ ကျော်သေဆုံးပြီး စစ်ဝတ်စုံများ သိမ်းဆည်းရရှိ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်နှင့် နွားထိုးကြီးမြို့နယ်အတွင်းရှိ ကျေးရွာ ၁၆ ခုကို စစ်ကြောင်းထိုးမီးရှို့ပြီး ပစ္စည်းများ လိုက်လံ ခိုးယူနေသည့် အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်ရာ စစ်သား ၂၀ ကျော်သေဆုံးပြီး စစ်ဝတ်စုံများ သိမ်းဆည်းရရှိခဲ့ကြောင်း Natogyi People Defence Force မြင်းခြံခရိုင်အမှတ်(၄-၁၀)တပ်ရင်းမှ ပြောရေးဆိုခွင့်ရှိသူ ဆရာစိုးက ပြောဆိုသည်။ ဧပြီလပိုင်းမှ စတင်ပြီး မြင်းခြံမြိုနယ်အတွင်းရှိ ပျားရွာ၊ ထိန်ပန်းရွာ၊ ရွာသစ်ရွာ၊ ကျီးပင်ကန်ရွာ၊ တူရွင်းဘိုရွာ၊ ပျိုးကန်ရွာ၊ ဆိတ်ကုန်းရွာ၊ ဒူလဘိုရွာ၊ နွားကူးအိုင်ရွာ၊ ဖက်ပင်အိုင်ရွာ၊…