အရေးပေါ် အထူးသတိရှိကြပါ သွားကိုက်နေလို့ ကိုယ်တိုင် အပ်နဲ့ ထိုးကုသလိုက်တာကြောင့် မေးခိုင်ပိုး ဝင်သွားပြီး ပိုးက တစ်ကိုယ်လုံးထိ ပြန့်သွားခဲ့တယ်လို့ သိရပါတယ်။ ဒီလိုအန္တရာယ်များတဲ့ အခြေအနေမျိုးတွေ မဖြစ်ရအောင် အထူးသတိထားကြပါ။ ဖြစ်နိုင်ရင် ဆေးခန်း၊ ဆရာဝန်တွေထံမှာပဲ သွားရောက်ကုသကြပါ။ ကိုယ်တိုင် မလုပ်သင့်တဲ့အရာတွေကို မလုပ်ကြပါနဲ့။ အဲ့လို မတော်တဆဖြစ်စဉ်မျိုးတွေ မဖြစ်ရအောင် အားလုံး သတိထားကြဖို့ လိုပါတယ်။ ဒီဖြစ်ရပ်ကတော့ ထိုင်းနိုင်ငံမှာ ဖြစ်တာမဟုတ်ဘဲ မြန်မာအမျိုးသမီးတစ်ဦးနဲ့ ဆိုင်တဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။
မြဝတီမြို့ပေါ်မှာ ကရင်လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ မလိုအပ်ဘဲ လက်နက် မကိုင်ဖို့နဲ့ လက်နက်တွေကို သက်ဆိုင်ရာတပ်ရင်း/ဌာန၊ စည်းကမ်းထိန်းသိမ်းရေးရုံးတွေကို အပ်နှံထားဖို့ စစ်တပ်က အမိန့်ထုတ်လိုက်ပါတယ်။ နောက်ပြီး မြို့တွင်း စားသောက်ဆိုင်တွေ/ KTV တွေမှာ ယူနီဖောင်းဝတ်ပြီး လက်နက်ကိုင်ဆောင်တာတွေ မလုပ်ဖို့ကိုလည်း စစ်တပ်က အမိန့်ထုတ်ပါတယ်။ မြဝတီမြို့စောင့်တပ်လို့ လူသိများတဲ့ အမှတ် ၂၇၅ ခြေလျင်တပ်ရင်း(ခလရ ၂၇၅)နဲ့ ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေ အစည်းအဝေးလုပ်ပြီး ဧပြီ ၂၃ ရက်မှာ အချက် ၈ ချက် ပါတဲ့ အမိန့်စာကို ထုတ်ခဲ့တာပါ။ ငြိမ်းချမ်းရေးလမ်းစဉ်အတွက် အနှောင့်အယှက်မဖြစ်စေဖို့ ရည်ရွယ်တယ်လို့ဆိုပြီး စာထဲမှာရေးသားထားပါတယ်။ ဒါနဲ့ပတ်သက်လို့ DKBA နဲ့ နီးစပ်သူက “တိုင်းမှူးရော၊ တပ်မမှူးရော အသစ်ဆိုတော့ … ဒီအမိန့်တွေ ထုတ်တာက ကရင်လက်နက်ကိုင်တွေကို သူထိန်းချုပ်နိုင်ပါတယ်ဆိုတဲ့ သဘောမျိုးပြတာ”…
ဖြူးမြို့ပေါ်တွင် ပေါ်တာဆွဲ ဖမ်းဆီးမှုကြောင့် ထွက်ပြေးသွားသော လူငယ် ၂ ဦးကို စစ်တပ်က လိုက်လံ ပစ်ခတ်ဖမ်းဆီးစဉ် အသက် ၇ နှစ်အရွယ် သမီးငယ် ကျည်ထိမှန် သေဆုံး မိသားစုက လူသတ်မှုဖြင့် အမှုဖွင့်သော်လည်း ဖြူးရဲစခန်းက လက်မခံ ပဲခူးတိုင်း၊ ဖြူးမြို့ပေါ်တွင် ပေါ်တာဆွဲ ဖမ်းဆီးမှုကြောင့် ထွက်ပြေးသွားသော လူငယ် ၂ ဦးကို စစ်တပ်က လိုက်လံ ပစ်ခတ်ဖမ်းဆီးစဉ် အသက် ၇ နှစ်အရွယ် သမီးငယ်မှာ ရင်ဘတ်ကို ကျည်ထိမှန် သေဆုံးသွားကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ ယမန်နေ့ ဧပြီလ ၂၈ ရက်နေ့ စစ်တပ်က ဖြူးမြို့ပေါ် ၊ ဝဲဒေါင့်အလယ်ရွာတွင် လူငယ် ၂ ဦးကို စစ်မှုထမ်းခိုင်းရန် အတွက် ဖမ်းဆီးစဉ်…
ညောင်တုန်းမြို့နယ်တွင် ၅ နှစ်အရွယ် မိန်းကလေးငယ်အား အိမ်နီးချင်း ကျောင်းသားမှ သက်ငယ်မုဒိမ်းကျူးလွန် တရားခံမိသားစုမှ ငွေကြေးဖြင့် လာဘ်ထိုးဖိအားပေးမှုများရှိနေ ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ကျုံတမာကျေးရွာအုပ်စု၊ အေးရွာကျေးရွာတွင် အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား အသက် ၁၅ နှစ်အရွယ် ကျောင်းသားတစ်ဦးမှ အဓမ္မပြုကျင့်သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်တွင် အလက (ပဲရုံဆိပ်) မှ Grade 8 ကျောင်းသားဖြစ်သူ ပိုင်ဇင်အောင် (၁၅ နှစ်၊ ၃ လ၊ ၂၂ ရက်) သည် ဒီဇင်ဘာလဆုံး စစ်ဆေးခြင်းဖြေဆိုပြီး အိမ်သို့ပြန်လာစဉ် ဘေးချင်းကပ်ခြံဝန်းရှိ…
နိုင်ငံတကာအသိုက်အဝန်းဟာ မြန်မာပြည်သူတွေကို ကျောခိုင်းထားခဲ့တာများပြီး မြန်မာနိုင်ငံရဲ့ အခြေအနေကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ဆီကို လွှဲပြောင်းပေးဖို့ လုံခြုံရေးကောင်စီရဲ့ ပျက်ကွက်မှုဟာ တာဝန်ယူမှုကို စွန့်လွှတ်လိုက်တာဖြစ်တယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးအစီရင်ခံစာတင်ပြသူ တွမ်အန်ဒရူးစ် က ပြောပါတယ်။ ဧပြီ ၂၈ ရက်က ‘အပြစ်ပေးခွင့်ရနေတာကနေ တရားမျှတမှုဆီသို့’ ဆိုတဲ့ သူ့ရဲ့ နောက်ဆုံး အစီရင်ခံစာကို ထုတ်ပြန်တုန်းမှာ ပြောတာလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ထုတ်ပြန် ပါတယ်။ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်တာနဲ့ပတ်သက်တဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ စီရင်ချက်အတွက် နိုင်ငံတွေအနေနဲ့ ကြိုတင်ပြင်ဆင်ထားကြဖို့လည်း သူက တိုက်တွန်း ခဲ့ပါတယ်။ တွမ်အန်ဒရူးစ်က “မြန်မာပြည်သူတွေအတွက်တော့ တရားမျှတမှု နှောင့်နှေးနေတာဟာ တရားမျှတမှုကို ငြင်းပယ်ခံရတာနဲ့ အတူတူပါပဲ။ မြန်မာ့လူထုအခြေပြု…