အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ထုတ်ပြန်ကြေညာသည့် လွတ်ငြိမ်းသက်သာအမိန့်အရ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ထောင်ဒဏ်၂၂ နှစ် ၆ လ ကျခံရန် ကျန်ရှိနေရာမှ ၃ နှစ်ကျော် ထပ်မံ လျော့နည်းခဲ့သဖြင့် လက်ကျန် ထောင်ဒဏ်မှာ ၁၈ နှစ် ၉ လသာ ကျန်ရှိတော့ကြောင်း သိရသည်။ ယနေ့ ကျရောက်သည့် ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အနေဖြင့် ဧပြီ ၃၀ ရက် မတိုင်မီ ကျူးလွန်ခဲ့သည့်ပြစ်မှု တရပ်ရပ်နှင့် စပ်လျဉ်းပြီး ပြစ်ဒဏ်ချခံရကာ အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသူများ၏ ကျန်ရှိသော ပြစ်ဒဏ်များထဲမှ ခြောက်ပုံ တပုံအား လွတ်ငြိမ်း သက်သာခွင့်ပြုကြောင်း ကြေညာခဲ့ခြင်း ဖြစ်သည်။ မည်သည့် ခြွင်းချက်မှ မပါရှိသည့် ထိုလွတ်ငြိမ်းသက်သာမိန့်အရ လက်ကျန်ထောင်ဒဏ် ၂၂…
မန္တလေး ဘုရားကြီးဖက်က ငတက်ပြား မျောက်အဖွဲ့ကိုတော့ ဘယ်သူမှ မနိုင်တော့တဲ့ အခြေအနေ ဖြစ်နေပါပြီ။ အရေအတွက် ၆ ကောင်ကနေ ၁၀ ကောင်အထိ ရှိနိုင်တဲ့ ငတက်ပြား မျောက်အဖွဲ့ဟာ တိုက်အမြင့်တွေပေါ်ကို တက်ပြီး ဖုန်းနဲ့ အဖိုးတန် ပစ္စည်းတွေ ယူဆောင်နေကြတယ်လို့ မန္တလေးနေ ပြည်သူတွေက ပြောပါတယ်။ ”အစာငတ်လို့ ပြောင်းလာတဲ့ မျောက်တွေဆို ထမင်းအိုး ဟင်းအိုးနဲ့ စားစရာတွေပဲ ယူစားမှာပေါ့။ အခုဟာက ဖုန်းနဲ့ ပိုက်ဆံအိတ်တွေ ယူတာ မျက်မြင်ပဲ။ အဲဒီတော့ တစုံတယောက်က မျောက်တွေကို ခိုင်းနေတာ ဖြစ်လောက်တယ်။ အခုက ဘယ်နေ့ ဘယ်လို ရောက်လာမလဲ လန့်နေရတယ်” လို့ မန္တလေးသား တဦးက ပြောပါတယ်။ ယခုလို တောရိုင်းတိရစ္ဆာန် စာရင်းဝင်တဲ့ မျောက်တွေ…
စစ်တပ်က ပြည်ပ ထွက်ခွာခွင့်များ တင်းကျပ်လာသည်နှင့်အမျှ ရန်ကုန်လေဆိပ်တွင် VIP Pass ဖြင့် ထွက်ခွာရန် လူ ၁ ဦးလျှင် သိန်း ၁၀၀ အထိ စျေးပေါက်bနေပြီး စရဖ၊ စသုံးလုံး၊ လ၀က နှင့် လေဆိပ်ရဲများ နေ့စဉ် ဝင်ငွေ ထောင်ချီ တရားမဝင် ရရှိနေ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြည်ပသို့ ထွက်ခွာမည့် ခရီးသည်များထံမှ “VIP Pass” အမည်ခံ၍ လမ်းကြောင်းရှင်းခအဖြစ် တစ်ဦးလျှင် ကျပ်သိန်း ၁၀၀ အထိ အဆမတန် တောင်းခံကာ ဌာနဆိုင်ရာပေါင်းစုံမှ စနစ်တကျ အဂတိလိုက်စားမှုများ ပြုလုပ်နေကြောင်း ပြည်ပသို့ ထွက်ခွာခွင့်ရရန် ကြိုးစားလုပ်ဆောင်ခဲ့သူများနှင့် လေဆိပ်သတင်းရင်းမြစ်များထံမှ သတင်းရရှိသည်။ ရန်ကုန်လေဆိပ်ရှိ လေဆိပ်ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေး (လ၀က)၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စသုံးလုံး)…
တားမြစ်ထားသည့် အီးစီးကရက်အပြင် “ Happy Pod” ဟုခေါ်သော မူးယစ်ဆေးပစ္စည်းများလည်း ရောင်းဝယ်သုံးစွဲမှုယခင်ကထက်ပိုများရှိလာကြောင်း စုံစမ်းသိရသည်။ မြန်မာနိုင်ငံတွင် အီးစီးကရက် နှင့် ဆက်စပ်ပစ္စည်းများကို တားမြစ်ကုန်စည်အဖြစ် သတ်မှတ်ထားပြီး၊ ရောင်းဝယ်သုံးစွဲလျှင် အရေးယူခံမည် ဖြစ်ကြောင်းကို စစ်ကော်မရှင် လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ၂၀၂၆ ခုနစ်ဖေဖော်ဝါရီ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။ သို့သော် အဆိုပါထုတ်ပြန်ချက် ထွက်ပေါ်လာပြီးနောက် သျှမ်းပြည်အတွင်း အီးစီးကရက်သုံးစွဲမှု လျော့နည်း သွားခြင်းမရှိသည့်အပြင် “Happy Water” နှင့်ဆင်တူ စိတ်ကြွဆေးပစ္စည်းတမျိုးဖြစ်သည့် “Happy Pod”များသည် လူငယ်များကြား တွင်ကျယ်စွာ အသုံးပြုလာကြောင်း အသက် ၂၀ ဝန်းကျင် အရွယ်ရှိ Happy Pod သုံးစွဲဖူးသည့် လူငယ်တစ်ဦးက ပြောသည်။ “Happy pod က ရိုးရိုးသောက်နေကြ…
ဖုံးထားတဲ့ အကြွေးကိစ္စတွေပေါ်လာတဲ့ မန္တလေး လွှတ်တော်ကိုယ်စားလှယ် မန္တလေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၄ မှ ကိုယ်စားလှယ်လောင်း ဦးဝင်းဖေမောင် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ – USDP) သည် ကြွေးမြီမကင်းရှင်းဘဲ တရားရုံးတွင် အမှုရင်ဆိုင်နေရသဖြင့် အရည်အချင်း ပျက်ယွင်းကြောင်း ခိုင်လုံသည့် သက်သေခံအထောက်အထားများဖြင့် ကန့်ကွက်ခဲ့သော်လည်း နေပြည်တော်အစိုးရ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က အဆိုပါကန့်ကွက်မှုကို ပယ်ချလိုက်ကြောင်း သိရသည်။ ကြံ့ခိုင်ရေးပါတီ (USDP) မှ ကိုယ်စားလှယ်လောင်း ဦးဝင်းဖေမောင်သည် ဧရာဝတီဘဏ်နှင့် CB Bank တို့တွင် မော်တော်ယာဉ်ဝယ်ယူမှုနှင့် ပတ်သက်၍ ကျန်ရှိနေသော ချေးငွေအရင်းနှင့် အတိုးပေါင်း သိန်းထောင်ချီကို ပေးဆပ်ရန် ပျက်ကွက်ခဲ့သဖြင့် မဟာအောင်မြေခရိုင်တရားရုံးတွင် တရားမမှုအမှတ် ၁၁၃၃ (၂၀၂၂ ခုနှစ်) နှင့် အမှတ်…