ရန်ကုန်မြို့အတွင်း ယနေ့ ဧပြီ ၃၀ ရက် နေ့လယ်ပိုင်းတွင် မိုးရွာသွန်းကာ လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်အချို့ရှိ လမ်းမကြီးများပေါ်၌ သစ်ပင်နှင့် သစ်ကိုင်းအများအပြား လဲကျမှုများ ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် မြို့ခံများထံမှ သိရသည်။ ယနေ့ နေ့လယ်ပိုင်း လေပြင်းတိုက်ခတ်မှုကြောင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ (၉၀) ရပ်ကွက်၊ ပုဏ္ဏမီလမ်းမပေါ်တွင် သစ်ပင်လဲကျခဲ့သလို၊ ရန်ကင်းမြို့နယ် (၁၆) ရပ်ကွက်၊ ပြည်သာယာလမ်းနှင့် အလုံမြို့နယ်၊ စောရန်ပိုင်အနောက်ရပ်ကွက်၊ ကျောက်လမ်းတို့တွင်လည်း သစ်ပင်များ ပြိုလဲကျခဲ့ ကြောင်း သိရသည်။ ထို့ပြင် ပြည်လမ်းမပေါ်ရှိ တော်ဝင်စင်တာရှေ့နှင့် ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်း၊ ထီးတန်း အိမ်ရာရှေ့တို့တွင်လည်း သစ်ကိုင်းများ ကျိုးကျမှုများ ရှိခဲ့သည်။ “ရန်ကုန်မှာ မိုးရွာပြီ။ လေပြင်းတွေတိုက်ပြီးတော့ မိုးအများကြီးတော့ မရွာဘူး။ အပူနည်းနည်း သက်သာသွားတယ်”…
မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်မှာ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ရပ်ကွက်နဲ့ ကျေးရွာအုပ်စုအချို့က နေအိမ်တွေနဲ့ စာသင်ကျောင်းအချို့ ပျက်စီးခဲ့ပါတယ်။ ပျော်ဘွယ်မြို့နယ်မှာ ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက် ညနေ ၃ နာရီ ၅၀ မိနစ်ကနေ ၄ နာရီ ၂၀ မိနစ်ခန့်အထိ နာရီဝက်ကြာ မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့ရာ ပျော်ဘွယ်မြို့ပေါ်ရှိ မြို့မ၊ မြင်းဘက်၊ ရွှေပြည်ရန်နိုင်ရပ်ကွက်တွေနဲ့ ရွှေညောင်ဖူး၊ မင်းလမ်း၊ ရွာထင်၊ ထရံကာ၊ ဂွေးဇီး၊ မြောက်ကန်ကြီးနဲ့ ဘတ္တကျေးရွာအုပ်စုတွေမှာ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ကြောင်း ပျော်ဘွယ်မီးသတ်က အသိပေးပါတယ်။ အဲဒီ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၁၆လုံး၊ စာသင်ကျောင်း (၁)ဆောင် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ပျော်ဘွယ်မီးသတ်က ထပ်မံအသိပေးပါတယ်။ “အမိုးလန်တဲ့အိမ်တွေလည်း ရှိတယ်။ အဲဒီအိမ်တွေဆိုရင် ငလျင်တုန်းက အိမ်တွေယိုင်ထားတာ ခုထိမပြင်နိုင်သေးတာ”လို့…
လူစိတ်မရှိ ဇနီးသည်ကို ရက်ရက်စက်စက်သတ်ပစ်သူ ဧရာဝတီတိုင်း အိမ်မဲမြို့နယ် ရွာသစ်ကျေးရွာနေ (အဘ)ဦးစိုးမြင့်၏သား မြတ်သူရစိုးသည် ပုံတွင်ပါရှိသော ခင်မောင်ထွေး နဲ့ ဒေါ်ခင်မြကြည်တို့၏သမီး မချစ်စု(ခေါ)မဖြိုးအုံမာ ကို သူမရဲ့ယောက်ျား မြတ်သူရစိုးက ရက်ရက်စက်စက် သားနှစ်ယောက်ရဲ့ရှေ့မှာ သတ်ဖြတ်အလောင်းဖျောက်ခဲ့ပါသည်။ ယခုသူသည်ထွက်ပြေးတိမ်းရှောင်နေပါသည်။ မိဘပြည်သူများအနေဖြင့် မြတ်သူရစိုးကိုတွေ့ရှိပါက နီးစပ်ရာရဲစခန်းများသို့ အမြန်ဆုံး အကြောင်းကြားပေးကြဖို့ မေတ္တာရပ်ခံသည်။ အနာဂတ် အမျိုးသမီးထု၏ ဘဝ လုံခြုံဖို့ ဒီအမှုကို ဝိုင်းဝန်း ဖော်ထုတ်ပေးကြပါ။
စစ်ကိုင်းတံတား နှာပေါက်အဝင်မှာ တစ်ရက်တည်း လူငယ် ၄၀ ဝန်းကျင် ပေါ်တာဆွဲခံရ မန္တလေးတိုင်း၊ စစ်ကိုင်းတံတား နှာပေါက်အဝင်မှာ တစ်ရက်တည်း လူငယ် ၄၀ ဝန်းကျင် ပေါ်တာဆွခံရတယ်လို့ မျက်မြင်တွေ့ခဲ့ရသူတွေက ပြောပါတယ်။ ဧပြီ ၂၈ရက်မှာ စစ်ကိုင်းမြို့ဘက်ကလာတဲ့ ကားပေါ်ကလူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးခဲ့တာလို့သိရပါတယ်။ “ ကားပေါ်က လူငယ်တွေကို ကားပေါ်ကဆွဲချပြီး ဖမ်းတာ လူငယ် ၄၀ ဝန်းကျင်လောက်ရှိလေမယ်။ ဖမ်းဆီးခံထားရတဲ့လူငယ်တွေကို light truck နှစ်စီးနဲ့ ခေါ်သွားတာ” လို့ မျက်မြင်တွေ့ခဲ့ရတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ ဒီနေ့ ဧပြီ ၃၀ ရက်မှာလည်း စစ်ကိုင်းမြို့တစ်မြို့လုံးပတ်ပြီး ပေါ်တာဆွဲမှာဖြစ်လို့ ပျူစောထီးတွေက သူတို့နဲ့သိတဲ့လူရင်းတွေကို အပြင်မထွက်ဖို့ သတိပေးနေတယ်လို့လည်း စစ်ကိုင်းမြို့ခံတစ်ဦးဆီက သိရပါတယ်။
ရေးမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ပူးပေါင်းနေသည့် DKBA ခေါင်းဆောင် ထွန်းရီအား ရေးဘီလူးတပ်ရင်းက ဝင်ရောက်ပစ်ခတ် မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း၌ အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးရာတွင် ပူးပေါင်းပါဝင်နေသည့် DKBA ခေါင်းဆောင် ထွန်းရီအား ရေးဘီလူးတပ်ရင်းက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာတွင် ထွန်းရီမှာ ဒဏ်ရာအပြင်း အထန် ရရှိသွားသော်လည်း ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း ရေးဘီလူး တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ အဆိုပါ ပစ်ခတ်မှုအတွင်း ထွန်းရီကိုင်ဆောင်သော သေနတ်တစ်လက်နှင့် ခဲယမ်းမီးကျောက်အချို့ကို သိမ်းဆည်းရမိခဲ့သည်။ ပြီးခဲ့သည့် မတ်လအတွင်းက ရေးမြို့နယ်၊ အာယုတောင်ကျေးရွာရှိ ခမရ ၃၄၃ တပ်ရင်းရှေ့ရှိ ထွန်းရီ၏ နေအိမ်အား ရေးဘီလူးတပ်ရင်းမှ ရဲဘော်များက ဝင်ရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ဝင်ရောက်ရှင်းလင်းချိန်တွင် ထွန်းရီမှာ ၎င်း၏ဇနီးဖြစ်သူနှင့်အတူ နေအိမ်၌ လက်ဖက်ရည်သောက်နေစဉ် ဖြစ်ပြီး ရေးဘီလူးတပ်ရင်းက ကျားပါးစပ်အတွင်း…