Category: News

  • အမျိုးသမီးများသတိထားကြပါ။ ဖြစ်သွားပြီးမှဆို မလွယ်ဘူး

    အမျိုးသမီးများသတိထားကြပါ။ ဖြစ်သွားပြီးမှဆို မလွယ်ဘူး

    အမျိုးသမီးများသတိထားကြပါ။ ဖြစ်သွားပြီးမှဆို မလွယ်ဘူး မိန်းကလေးများ သထိထားရန်ကူးယူတင်ပြလိုက်သည်။

    အမျိုးသမီး တစ်ဦးက ဓာတ်ဆီဆိုင်မှာ ဓာတ်ဆီ ဖြည့်နေတုန်း သပ်သပ် ရပ်ရပ်၀တ်စား ထားတဲ့ ယောက်ျားတစ်ဦးက သူ့ကိုယ်သူ ကုမ္ပဏီ အရောင်း ကိုယ်စားလှယ် အဖြစ်နဲ့ သူမကို ရည်ရည်မွန်မွန် မိတ်ဆက်ရင်း ပစ္စည်းဝယ်ဖို့ လိုအပ်ရင် ဆက်သွယ်ဖို့ လိပ်စာကဒ်ကို ပေးခဲ့တယ်။

    သူမကလဲ သဘောရိုးနဲ့လို့ ထင်မှတ်ပြီး ယဉ်ကျေးမှု အနေနဲ့ လိပ်စာကဒ်ကို လက်ခံပြီး ကားပေါ်ပြန်တက်လို့ မောင်းထွက် ခဲ့တယ်။

    တချိန်တည်းမှာပဲ အဲဒီယောက်ျားဟာ တခြားလူရည်သန့်ယောက်ျား တစ်ဦးမောင်းတဲ့ ကားပေါ် တက်သွားပါတယ်။

    ဓာတ်ဆီဆိုင်ထဲကနေ ကားမောင်း ထွက်လာတဲ့ သူမဟာ သူမရဲ့ ကားနောက် ကနေ စောစောက ယောက်ျားက တချိန်တည်းမှာပဲ နောက်ယောင်ခံ ကားမောင်း လိုက်လာတာကို နောက်ကြည့်မှန်က တဆင့် မြင်လိုက်တယ်။

    အဲဒီအချိန်မှာပဲ သူမဟာ တအားခေါင်းကိုက်လာပြီး အသက်ရှူလို့ မရဖြစ်လာခဲ့တယ်။

    သူမဟာ ကားပြတင်းပေါက်ကို ဖွင့်ဖို့ ကြိုးစားရင်းနဲ့ အနံ့ဟာ သူမရဲ့ လက်ကလာတာ ဖြစ်ကြောင်း သတိထားမိ လိုက်တယ်။

    စောစောက ယောက်ျား လှမ်းပေးတဲ့ ကဒ်ကိုလက်ခံ ကိုင်မိတဲ့ လက်ဆီက လာတဲ့အနံ့ပါ။

    ရုတ်တရက် ပတ်၀န်းကျင်ကို ပြန်ငဲ့ ကြည့်မိတဲ့အခါ ကဒ်ပေးတဲ့ ယောက်ျားရဲ့ကားက သူမကားရဲ့နောက် တည့်တည့် ရောက်နေပါပြီ။

    ဒါနဲ့ လူနဲ့ကား စည်ကားရာဆီကို သွားတဲ့ ကားလမ်းကြောကို အမြန်ဆုံး ရွေးမောင်းရင်း ကားဟွန်းကို ထပ်ခါ တလဲလဲ နှိပ်နေခဲ့ ရတယ်။ သူမရဲ့ ကားကို လူတွေ သတိထားမိပြီး အကူအညီ ရလိုရငြားပေါ့။

    အဲဒီတော့မှ သူမရဲ့ ကားနောက်က လိုက်နေတဲ့ ယောက်ျားတွေရဲ့ ကားက တခြားကိုမောင်းပြေး ပါတော့တယ်။

    သူတို့ရန်က လွတ်ခဲ့ပေမယ့် သူမ ကတော့ မိနစ် တော်တော်ကြာကြာ ခေါင်းမူးခေါင်းကိုက် ဖြစ်ပြီးနောက် ကားပြူ တင်းပေါက်တွေက တိုး၀င်လာတဲ့ လေတွေကြောင့် အသက် ပြန်ရှူနိုင် ခဲ့ပါတယ်။ လိပ်စာကဒ် ပေါ်မှာ ဘာပါလဲ သိလား…။

    လူတဖက်သား ဆီက တခုခု ခိုးယူဖို့ ဒါမှမဟုတ် အဲဒီလူဆီက တစုံတခု အမြတ်ထုတ်ဖို့ ကြိုးစားရာမှာ သူတို့ ရည်ရွယ်ထားတဲ့ သားကောင် သို့မဟုတ် အနစ်နာ ခံရမယ့် သူက ဘာမှ ပြန်မတုံ့ပြန် နိုင်အောင် မသမာ သူတွေက ‘BURUNDANGA’ လို့ခေါ်တဲ့ ဆေးကို သုံးတတ်ကြတယ်။

    အဲဒီဆေး ဟာ မုဒိမ်းကောင်တွေက မိန်းကလေးတွေကို မကျူးလွန်မီ မိန်းကလေးတွေ ထွက်မပြေးနိုင်၊ မလှုပ်ရှားနိုင်အောင် ကျွေးလေ့ရှိတဲ့ ဆေးထက် လေးဆပို ပြင်းပါတယ်။

    ပိုဆိုးတာက ဒီဆေးက ပါးစပ်ထဲ ၀င်အောင် ခတ်စရာ မလိုပဲ လိပ်စာကဒ်လို ရိုးရှင်းတဲ့ စာရွက် အပိုင်းအစ တစ်ခုကနေ အနံ့အဖြစ်နဲ့ ကူးလွယ်၊ အသုံးချရ လွယ်ကူနေပါတယ်။

    ဒီလို လုပ်ရပ်မျိုးထဲမှာ ကိုယ့် အိမ်တံခါး လာခေါက်ပြီး သတင်းစာ ဝေတာ၊လက်ကမ်း ကြော်ငြာစာရွက် ဝေပေးတာ၊ လူရှင်းပြီး ချောင်ကျတဲ့ စားသောက်ဆိုင်တွေမှာ tissue box လာချတာက စလို့ ပုံစံ မျိုးစုံနဲ့ချဉ်းကပ်လာနိုင်တာတွေ အများကြီး ရှိပါတယ်။

    ကျေးဇူးပြုပြီး ဒီသတင်းကို သင် အလေးထား ဂရုစိုက်သူ တွေဆီကို လက်ဆင့် ကမ်းပေးပါ။

    မသမာသူတွေရဲ့ မာယာကျော့ကွင်းတွေကို အပြစ်မဲ့သူတွေ ရှောင်ရှားနိုင်ကြပါစေ။

    Credit – ပျိုမေတို့သိစေဖို့ မှ ပြန်လည်မျှဝေပါသည်။

  • လမိုင်းမြို့ရဲစခန်းအနီးတိုက်ခိုက်မှု ခလရ(၁၀၆)ဒုတပ်ရင်းမှူး သေဆုံး

    လမိုင်းမြို့ရဲစခန်းအနီးတိုက်ခိုက်မှု ခလရ(၁၀၆)ဒုတပ်ရင်းမှူး သေဆုံး

    မွန်ပြည်နယ်၊ရေးမြို့နယ်၊ လမိုင်းမြို့ရဲစခန်းအနီး တိုက်ခိုက်မှုအတွင်း အမှတ်(၁၀၆)ခြေလျင်တပ်ရင်းရဲ့ ဒုတပ်ရင်းမှူး သေဆုံးခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

    မနေ့က(မေလ ၁၁ ရက်) ည ၆နာရီခွဲဝန်းကျင်မှာ လမိုင်းမြို့ရဲစခန်းအနီးမှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

    “မစ်ရှင်အနေနဲ့ဝင်ဆော်တာ။ လမိုင်းမြို့ထဲမှာ သူက ဟွန်ဒါဖစ်ကားနဲ့ လိုက်ပတ်နေတဲ့အချိန်။တခါတလေ သူ့လုံခြုံရေး ၄၊ ၅ ယောက်လောက်နဲ့။ မနေ့က သူထွက်လာတဲ့အချိန်က သူ့လုံခြုံရေး သုံးယောက်ပါတယ်။ လုံခြုံရေးတွေ ပစ္စည်းဆင်းဝယ်တဲ့အချိန်သူ ကားပေါ်ကျန်ခဲ့တယ်။ အဲဒီအချိန် ကျွန်တော်တို့ ဝင်ပစ်တယ်။ သေနတ်ဒဏ်ရာငါးချက်နဲ့ သေဆုံးတယ်”လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က တိုက်ခိုက်မှုဖြစ်စဥ်ကို ရှင်းပြပါတယ်။

    ခလရ(၁၀၆)တပ်ရင်း ဒုရင်းမှူးထွန်းရာကျော်က တပ်ရင်းမှူးအဆင့်နဲ့ မကြာမီတပ်ပြောင်းရွှေ့ရတော့မှာလို့လည်း သူက အသိပေးပါတယ်။

    မေလ ၁၁ရက်ညပိုင်းမှာ လမိုင်းမြို့အနီးပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်တပ်ရဲ့ စစ်ဆေးမှုတွေအများအပြားရှိတယ်လို့ လမိုင်းမြို့ခံသတင်းရင်းမြစ်က ပြောပါတယ်။

    “သေတဲ့ရာထူးက ကြီးတယ်လို့တော့ကြားတယ်။သူနဲ့ ဆက်စပ်တဲ့ပစ္စည်းတချို့လည်းပါသွားတယ်”လို့ သူက ပြောပါတယ်။

    ရေးမြို့နယ်မှာ စစ်တပ်ရဲ့ အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၉)နဲ့ လက် အောက်ခံ တပ်ရင်းတွေဖြစ်တဲ့ ခလရ-၆၁၊ ခလရ ၁၀၆၊ခလရ -၂၉၉၊ ခမရ -၃၄၃ ၊ ခမရ -၅၈၆၊ ခမရ ၅၈၈၊ ခမရ -၂၈၇ ၊ အမြောက်တပ်ရင်း အမှတ်(၃၁၆)နဲ့ (၃၁၇)တပ်ရင်းတွေ ရှိပါတယ်။

    စစ်တပ်က ရေးမြို့နယ်အပါအဝင် ရန်ကုန်-ထားဝယ် အမှတ်(၈) ပြည်ထောင်စုလမ်းပိုင်းကို ထိန်းချုပ်ဖို့ ကြိုးစားနေတာကြောင့် ပြီးခဲ့တဲ့ နှစ်ကစပြီး ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ မကြာခဏ တိုက်ပွဲတွေ ဖြစ်နေပါတယ်။

    (ပစ်ခတ်မှုအတွင်း သေဆုံးခဲ့တဲ့ ခလရ(၁၀၆) ဒုတပ်ရင်းမှူးဆိုသူကို တွေ့ရစဥ်။ဓာတ်ပုံ – ရေးဘီလူး)

    11.5.2026

    မွန်ပြည်နယ် လမိုင်းမြို့ ခလရ(၁၀၆)တပ်ရင်းတွင် တာဝန်ထမ်းဆောင်နေသော

    အမည်-ထွန်းရာကျော်၊

    ရာထူး-ဒုရင်းမှူး

    ဒုရင်းမှူး အဆင့်ရှိသည့် ခလရ(၁၀၆)တပ်ရင်းတွင် အားကိုးရသော

    ဒုရင်းမှူးထွန်းရာကျော်ကို ကျွုန်ုပ်တို့ရေးဘီလူးတပ်ရင်းမှ ဝိဉာဉ်အသွင်ပြောင်းပေးလိုက်ပါသည်။

    တိုက်ပွဲဖစ်ပွါးသည့်နေရာ-လမိုင်းမြို့ရဲစခန်းအနီး မီတာ(၁၀၀)အကွာဝေးတွင်ဖစ်သည်။

    အချိန်-6:30PM

    ရေးဘီလူး

  • သံတမန်လောကကပါ ဝိုင်းဝန်းဂုဏ်ပြုလိုက်ရတဲ့ မြန်မာ့ဂုဏ်ဆောင် UFC ဖလိုက်ဝိတ် ဘုရင်ကြီး Joshua Van

    သံတမန်လောကကပါ ဝိုင်းဝန်းဂုဏ်ပြုလိုက်ရတဲ့ မြန်မာ့ဂုဏ်ဆောင် UFC ဖလိုက်ဝိတ် ဘုရင်ကြီး Joshua Van

    ဂျော့ရှုဝါဗန် အနိုင်ရမှု အမေရိကန်သံရုံး ဂုဏ်ပြု

    အမေရိကန်နိုင်ငံ၌ မေလ ၁၀ ရက်က ကျင်းပသော UFC 328 ပြိုင်ပွဲတွင် ဖလိုက်ဝိတ်တန်းချန်ပီယံ ဂျော့ရှုဝါဗန်သည် ဂျပန်ဖိုက်တာ Tatsuro Taira အား အနိုင်ယူကာ ချန်ပီယံခါးပတ် ဆက်လက် ထိန်းသိမ်းနိုင်ခဲ့သည့် အတွက် ဂုဏ်ယူကြောင်း ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးမှ ထုတ်ပြန်သည်။

    UFC တွင် အံ့မခန်း စွမ်းဆောင်ရည်အတွက် မြန်မာ-အမေရိကန် ဖလိုင်းဝိတ် ကြယ်ပွင့် Joshua “The Fearless” ကို အထူးဂုဏ်ပြုကြောင်း၊ ဗန်၏ကြိုးစားအားထုတ်မှုနှင့် မကြောက်မရွံ့ စိတ်ဓာတ်များသည် မြန်မာ နိုင်ငံကနေ အမေရိကန်အထိ ပရိသတ်များအား ဆက်လက် စိတ်ခွန်အားများ လှုံ့ဆော်ပေးနေကြောင်း ဆိုထားသည်။

    ဂျော့ရှုဝါဗန်သည် ယမန်နှစ် ဒီဇင်ဘာလက ဖလိုင်းဝိတ်ချန်ပီယံ Pantoja အား အနိုင်ယူကာ ပထမဆုံးသော မြန်မာနွယ်ဖွား UFC ချန်ပီယံဖြစ်လာခြင်း ဖြစ်သည်။

    🇲🇲 + 🇺🇸 သံတမန်လောကကပါ ဝိုင်းဝန်းဂုဏ်ပြုလိုက်ရတဲ့ မြန်မာ့ဂုဏ်ဆောင် UFC ဖလိုက်ဝိတ် ဘုရင်ကြီး Joshua Van

    ကျွန်တော်တို့ရဲ့ ချန်ပီယံ Joshua Van ရဲ့ အောင်မြင်မှုဟာ လှောင်အိမ် (Octagon) ထဲမှာတင် ရပ်တန့်နေတာ မဟုတ်ပါဘူး ။ အခုဆိုရင် ရန်ကုန်မြို့ရှိ အမေရိကန်သံရုံး (U.S. Embassy Rangoon) ကပါ ဗန်ရဲ့ ခါးပတ်ကာကွယ်ပွဲ အောင်မြင်မှုကို တခမ်းတနားနဲ့ ဂုဏ်ပြုစကားဆိုလာခဲ့တာပါ။

    သံရုံးရဲ့ ဂုဏ်ပြုစာလွှာမှာ “UFC မှာ အံ့မခန်း စွမ်းဆောင်ရည်တွေ ပြသခဲ့တဲ့ မြန်မာ-အမေရိကန် ဖလိုက်ဝိတ်တန်း စတားဗန် အတွက် အထူးပင် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။

    မင်းရဲ့ ကြိုးစားအားထုတ်မှုနဲ့ ‘မကြောက်မရွံ့’ တဲ့ စိတ်ဓာတ်တွေဟာ မြန်မာနိုင်ငံကနေ အမေရိကန်အထိ ပရိသတ်တွေကို အမြဲတမ်း ခွန်အားပေး စေ့ဆော်နေပါတယ်။

    ဆက်ပြီးတော့ ပျံသန်းနေပါဦး ချန်ပီယံကြီးရေ…” ဆိုပြီး ဖော်ပြထားတာ ဖြစ်ပါတယ်။

    အမေရိကန်သံရုံးဟာ ဗန် ပထမဆုံးအကြိမ် ပန်တိုဂျာကို အနိုင်ယူတုန်းကလည်း ဂုဏ်ပြုခဲ့ဖူးသလို၊ အခုတစ်ခေါက် သမိုင်းဝင် ခါးပတ်ကာကွယ်ပွဲမှာလည်း မမေ့မလျော့ဘဲ ချီးကျူးဂုဏ်ပြုခဲ့တာ ပါ။

    ဒါဟာ ဗန်ရဲ့ အောင်မြင်မှုဟာ နှစ်နိုင်ငံကြားက ပရိသတ်တွေအားလုံးကို စုစည်းပေးနိုင်ရုံတင်မကဘဲ နိုင်ငံတကာ အသိအမှတ်ပြုမှုကိုပါ အခိုင်အမာ ရရှိထားကြောင်း သက်သေပြနေပါတယ်။

    လှောင်အိမ်ထဲမှာတင်မကဘဲ ပြင်ပလောကမှာပါ အားလုံးက လေးစားချစ်ခင်ရတဲ့ ကျွန်တော်တို့ရဲ့ ဘုရင်ကြီးမောင်ဗန်ဟာ မြန်မာ့ဂုဏ်ကို ကမ္ဘာ့အလယ်မှာ အခုလို အဆင့်အတန်းရှိရှိ မြှင့်တင်ပေးနေတာ တကယ့်ကို ကြည်နူးစရာကောင်းလှပါတယ်။

    ငါတို့နိုင်ငံ စစ်ဖြစ်နေတယ်၊

    ဘယ်သူနဲ့ ဖြစ်တာလဲဆိုရင်

    `အစိုးရ´ နဲ့ `စစ်တပ်´ နဲ့ ဖြစ်တာ …

    [ဂျော့ရှူဝါဗန်]

    ဗန်ရဲ့ ဒီစကားတခွန်းနဲ့တင် သူ့ပရိသတ်ဖြစ်ဖို့ လုံလောက်သွားခဲ့တယ်။

    သူရည်ညွှန်းတဲ့ အစိုးရဆိုတာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရ အဖွဲ့ကို ဆိုလိုတာ

    စစ်တပ် ဆိုတာတော့ ခိုးသားဓားပြ အကြမ်းဖက် မင်းအောင်လှိုင်…

  • ပြည်သူများအပေါ် ဗုံးကျဲသတ်ဖြတ်နေမှုများအတွက် မြန်မာစစ်တပ်ကို ထပ်မံအရေးယူမည်

    ပြည်သူများအပေါ် ဗုံးကျဲသတ်ဖြတ်နေမှုများအတွက် မြန်မာစစ်တပ်ကို ထပ်မံအရေးယူမည်

    ပြည်သူများအပေါ် ဗုံးကျဲသတ်ဖြတ်နေမှုများအတွက် မြန်မာစစ်တပ်ကို ထပ်မံအရေးယူမည်ဖြစ်ပြီး မင်းအောင်လှိုင်နှင့် စစ်တပ်ကို အစိုးရအဖြစ် အသိအမှတ်မပြုဘဲ အာဏာသိမ်းစစ်အုပ်စုဟု အမေရိကန်အစိုးရက ဆက်လက်သုံးစွဲ

    မြန်မာပြည်သူများနှင့် ခရစ်ယာန်ဘာသာရေး အဆောက်အအုံများအပေါ် ဗုံးကျဲသတ်ဖြတ် တိုက်ခိုက်နေသည့် အကြမ်းဖက်စစ်တပ်ကို ဒဏ်ခတ်ပိတ်ဆို့မှုများ ထပ်မံအရေးယူမည်ဟု အမေရိကန်အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန လက် ထောက်နိုင်ငံ ခြားရေးဝန်ကြီး Michael George DeSombre က တရားဝင် ထုတ်ဖော်ပြောဆိုသည်။

    အမေရိကန်အခြေစိုက် Burma Research Institute က ဦးဆောင်၍ ခရစ် ယာန်ဘာသာရေးခေါင်းဆောင်များ၊ အဖွဲ့အစည်းများ စုပေါင်းပြီး မြန်မာနိုင်ငံတွင် ပြည်သူများနှင့် ခရစ်ယာန်ဘာသာဝင်များအပေါ် တိုက်ခိုက်နေမှုများနှင့် ပတ် သက်၍ အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီး Rubio ထံသို့ စာပေးပို့ခဲ့ကြရာ၊ အမေရိကန်အစိုးရက ထိုသို့ တုံ့ပြန်ပြောဆိုလာခြင်းဖြစ်သည်။

    “ကျနော်တို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဆီကို မြန်မာနိုင်ငံမှာ ပြည်သူတွေနဲ့ ခရစ်ယာန်ဘာသာရေး အဆောက်အအုံတွေကို နေ့ထူးနေ့မြတ်တွေမှာတောင် တိုက်ခိုက်နေတာတွေအတွက် စာရေးသားပေးပို့ခဲ့ပါတယ်။ အဲဒီမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကိုယ်စား လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက စာပြန်ပါတယ်။

    သူရဲ့စာထဲမှာ မင်းအောင်လှိုင်နဲ့ စစ်တပ်ကို အစိုးရလို့လည်း မသုံးထားသလို အသိအမှတ်လည်း မပြုထားဘူး။ သူက မြန်မာအာဏာသိမ်းစစ်တပ် (Military Regime) လို့ပဲ သုံးနှုန်းထားတယ်။

    မြန်မာ Military Regime ကို ထိရောက်တဲ့ အရေးယူမှုတွေ ဆက်လုပ်သွားမယ်ဆိုတာ အကြောင်းပြန်ထားတယ်” ဟု Burma Research Institute မှ ဥက္ကဋ္ဌ Zo Tum Hmung က ပြောဆိုသည်။

    အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနထံသို့ ပေးပို့သောစာတွင် ချင်းပြည်နယ်၊ ဖလမ်းမြို့ရှိ “Christ the King” ကက်သလစ်ဘုရားကျောင်းနှင့် မင်းတပ်မြို့ရှိ နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းတို့ကို

    ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်း ခရစ်ယာန်ဘာသာရေးဆိုင်ရာ နေ့ထူးနေ့မြတ်အချိန်များတွင် စစ်တပ်က ဗုံးကျဲတိုက်ခိုက် သတ်ဖြတ်မှုများအပါ အဝင် နိုင်ငံတစ်ဝန်း တိုက်ခိုက်မှုများကို အသေးစိတ်ဖော်ပြခဲ့သည်။

    ယင်းအပြင် မြန်မာအကြမ်းဖက်စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ချိုးဖောက်နေသူများကို အမေရိကန်အစိုးရက ထိထိရောက်ရောက် အရေးယူရန် အကြံပြုချက် ၁၀ ချက်ကိုလည်း ထည့်သွင်းဖော်ပြခဲ့ကြောင်း သိရှိရသည်။

    “အမေရိကန်အစိုးရအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်ကျူးလွန်မှုတွေမှာ တာဝန်ရှိသူတွေကို ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်တာနဲ့ စီးပွားရေးအရ ပိတ်ဆို့အရေးယူတာမျိုးတွေ ဆက်လုပ်သွားမှာပါ။

    လူကြီးမင်းတို့ အကြံပြုချက်တစ်ခုချင်းစီကို သေချာစိစစ်ပြီး စစ်ကောင်စီက အရပ်သားတွေကို ထိခိုက်စေတဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်လာအောင်၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ အဆင်ပြေပြေ ပေးပို့နိုင်အောင်၊ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးအောင်နဲ့ အကျပ်အတည်းတွေကို ဖြေရှင်းဖို့ သက်ဆိုင်သူအားလုံးနဲ့ အဓိပ္ပာယ်ရှိရှိ ဆွေးနွေးလာအောင် ဘယ်လိုနည်းလမ်းတွေနဲ့ ပိုပြီး ဖိအားပေးနိုင်မလဲဆိုတာကို သေချာစဉ်းစားသွားပါ့မယ်” ဟု အမေရိကန်အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဌာန၊ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Michael George DeSombre က ပြောဆိုထားသည်။

    အကြမ်းဖက် မင်းအောင်လှိုင်က အတုအယောင် ရွေးကောက်ပွဲကျင်းပပြီး သမ္မတ အဖြစ် ကိုယ့်ကိုကိုယ် ခန့်အပ်ပြီးနောက်၊ အမေရိကန်အစိုးရနှင့် ပြေ လည်စေရန် ဒေါ်လာသန်းချီသုံး၍ လော်ဘီ (Lobbyist) များ ငှားရမ်းခြင်းများ လုပ်ဆောင်နေချိန်တွင် အမေရိကန်အစိုးရက မြန်မာစစ်တပ်ကို ထပ်မံဒဏ်ခတ်ပိတ်ဆို့ အရေးယူမည်ဖြစ်ကြောင်း တရားဝင် ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်သည်။

    အခြားတစ်ဖက်တွင်လည်း မင်းအောင်လှိုင်နှင့် စစ်တပ်ကို အမေရိကန်အစိုးရက အစိုးရအဖြစ် အသိအမှတ်မပြုဘဲ အာဏာသိမ်းစစ်အုပ်စုအဖြစ် ဆက် လက်သုံးစွဲနေခြင်းလည်း ဖြစ်သည်။

  • မန္တလေးမှာ လူမှုကူညီရေး လူငယ် ၁၉ ဦးကို စစ်တပ် ပေါ်တာဆွဲဟုဆို

    မန္တလေးမှာ လူမှုကူညီရေး လူငယ် ၁၉ ဦးကို စစ်တပ် ပေါ်တာဆွဲဟုဆို

    မန္တလေးမြို့ ၊ မဟာအောင်မြေမြို့နယ်တွင် လူမှုကူညီရေးအသင်းမှ လူငယ် ၁၉ ဦးကို စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း သိရသည်။

    မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၈၆ လမ်းနှင့် ၈၇ လမ်းကြား ၊ လမ်း ၄၀ နှင့် ၄၁ လမ်းကြားရှိ တောင်ခွင်မင်းကြီးတိုက် ၊ ရှမ်းပွဲဇေတဝန်ကျောင်းအနီး ဖွင့်လှစ်ထားသော ဖေးကူလက်များ လူမှုကူညီရေးအသင်း၌ ရှိနေသည့် လူငယ် ၁၉ ဦးကို စစ်သား ၁၀ယောက်က မေလ ၈ ရက်၊ ည ၁၁ နာရီခွဲခန့်တွင် ဝင်ရောက် ပေါ်တာဆွဲသွားကြောင်း Voice Of Mandalayက သတင်းထုတ်ပြန်သည်။

    ” ၁၀ ယောက် ကား ၂ စီးနဲ့ လာဖမ်းတာပါ”ဟု Voice Of Mandalay မှ တာဝန်ရှိသူတစ်ဦးက မေ ၁၁ ရက်တွင် ပြောသည်။

    ယင်းလူငယ်များကို မည်သည့်နေရာသို့ ပို့ဆောင်လိုက်သလဲ မသိရသေးကြောင်း သိရသည်။

    မန္တလေးမြို့ခံ လူမှုကူညီရေးသမားတစ်ဦးက “လူငယ်တွေကို ကောက်သင်းကောက်လိုက်ဖမ်းရတာ ထက်စာရင် အခုလို လူငယ်တွေစုနေချိန်မှာ ဖမ်းတာကျ စစ်တပ်အတွက် ပိုအဆင်ပြေတယ်။ သတင်း ပေးတဲ့သူရှိလို့ လာဖမ်းတာလို့ ကြားရတယ်”ဟု ပြောသည်။

    မေလ ၁၀ ရက်၊ မွန်းလွဲ တစ်နာရီခွဲခန့်တွင်လည်း မဟာအောင်မြေမြို့နယ်အတွင်း Mark 2 ကားတစ် စီးဖြင့် လာသည့် စစ်သားများက ဝပ်ရှော့ဆိုင်ထဲရှိ အသက် ၃၂ နှစ်အရွယ် အမျိုးသားတစ်ဦးကို ပေါ်တာဆွဲဖမ်းဆီးခဲ့သေးကြောင်း သိရသည်။

    မန္တလေးမြို့အတွင်း၌ သူခိုး ၊ ဆေးသမားနှင့် လူမိုက်များကို စစ်တပ်က ငွေနဲ့ဆွဲဆောင်ကာ ပျူစော ထီးအဖြစ် သွတ်သွင်းနေကြောင်း ၊ တစ်ပတ်အတွင်း စစ်မှုထမ်း အင်အား ၄၀၀ မှ ၆၀၀ အတွင်းရရှိ စေရန် မြို့တွင်းရှိ လူငယ်များကို ပေါ်တာဆွဲခိုင်းနေပြီး လူငယ်တစ်ဦး ဖမ်းမိလျှင် ပျမ်းမျှ ငွေ ၂ သိန်းပေးမည်ဖြစ်ကြောင်း သိရသည်။

    ယင်းပျူစောထီးများသည် စစ်တပ်အကြိုက်လိုက်ကာ နေအိမ်များထဲထိ ဝင်ရောက်ပေါ်တာဆွဲခြင်း နှင့် လမ်းသွားလမ်းလာပြည်သူများကို ထိုးကြိတ်ဖမ်းဆီးမှုများ ပြုလုပ်နေသောကြောင့် ပြည်သူများအနေဖြင့် မလိုအပ်ဘဲ အပြင်မထွက်ရန်နှင့် ဂရုစိုက်နေထိုင်ကြရန် Voice Of Mandalay က အသိပေးထားသည်။