Category: News
-

စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ အခြေခံစစ်သင်တန်းနှင့် မွမ်းမံသင်တန်း ပြီးစီး
မကွေးဒေသ၊ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ ရဲ့ အခြေခံစစ်သင်တန်း အပတ်စဉ်(၈)နဲ့ မွမ်းမံသင်တန်းအပတ်စဉ် (၁/၂) သင်တန်းဆင်းပွဲကို ဇွန် ၁၉ ရက်မှာ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ မင်းဘူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ နဲ့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့မှ တပ်ဖွဲ့ဝင်တွေရဲ့သင်တန်းဆင်းပွဲကို ခရိုင်နဲ့ မြို့နယ်မှ တာဝန်ခံများ တက်ရောက်ခဲ့ပြီး ထူးချွန်ဆုရရဲဘော်တွေကို ဆုချီးမြှင့်ခဲ့တဲ့အပြင် ဂုဏ်ပြုအားပေးစကား ပြောကြားခဲ့တယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေနဲ့ နောက်ထပ် အခြေခံစစ်သင်တန်းတွေ ထပ်မံပို့ချသွားနိုင်ဖို့အတွက်လည်း အစဉ်တစိုက်ကြိုးပမ်းလျက်ရှိတယ်လို့ အသိပေးထုတ်ပြန်ထားတာ တွေ့ရပါတယ်။
-

နတ်မောက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်
နတ်မောက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၅ ဦး ပွဲချင်းပြီး သေဆုံး မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် အကြောင်းမဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကလေးငယ် ၂ ဦးအပါ အဝင် တစ်မိသားစုတည်းမှ မိခင်နှင့် သားဖြစ်သူများအပါအဝင် ပြည်သူ ၅ ဦး နေရာတွင်တင် သေဆုံးသွားကြောင်း နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံမှ သိရသည်။ ယမန်နေ့ ဇွန်လ ၂၅ ရက်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်အချိန် နတ်မောက်မြို့နယ်အရှေ့ခြမ်းရှိ သမုန်းကုန်းကျေးရွာသို့ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာ (Jet Fighter) စစ်လေယာဉ် ၂…
-

နေပြည်တော်နှင့်ပြည်နယ်/တိုင်းဒေသကြီးအားလုံးတွင် တရုတ်တစ်သျှူးငှက်ပျောများ စိုက်ပျိုးကြရန်နှင့် နို့စားနွားများမွေးမြူကြရန် အကြမ်းဖက် မင်းအောင်လှိုင်က အမိန့်ပေးပြန်
နေပြည်တော်နှင့်ပြည်နယ်/တိုင်းဒေသကြီးအားလုံးတွင် တရုတ်တစ်သျှူးငှက်ပျောများ စိုက်ပျိုးကြရန်နှင့် နို့စားနွားများမွေးမြူကြရန် အကြမ်းဖက် မင်းအောင်လှိုင်က အမိန့်ပေးပြန် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မြန်မာနိုင်ငံတွင် စားရေရိက္ခာ ပေါများစေရေးအတွက်ဟုဆိုကာ နေပြည်တော်နှင့်ပြည်နယ်/တိုင်းဒေသကြီးအားလုံးတွင် တရုတ်တစ်သျှူးငှက်ပျောများ စိုက်ပျိုးရန်နှင့် နို့စားနွားများမွေးမြူကြရန် အမိန့်တစ်ရပ် ထုတ် ပြန်သည်။ မြန်မာနိုင်ငံအတွင်း တရုတ်တစ်သျှူးငှက်ပျောမျိုးများ ရယူပြီး နေပြည်တော်၊ ပြည်နယ်/တိုင်းအားလုံးတွင် သက်ဆိုင်ရာ တိုင်း/ပြည်နယ်အစိုးရများ၏ အစီ အစဉ်ဖြင့် တစ်သျှူးငှက်ပျောစိုက်ခင်းများ မဖြစ်မနေ ထူထောင်ကြရန်အတွက် အမိန့် ထုတ်ပြန်လာခြင်းဖြစ်သည်။ ယင်းအပြင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက တိုင်းနှင့်ပြည်နယ်အားလုံးတွင် နို့စားနွားမျိုးများနှင့် မွေးမြူရေးဇုန်များ ထားရှိ၍ နို့စားနွားများ တိုင်း/ပြည် နယ်အစိုးရများ၏ အစီအစဉ်နှင့် မွေးမြူကြရန်လည်း ညွှန်ကြားထားသည်။ နေပြည်တော်ကောင်စီ၊တိုင်း/ပြည်နယ်အစိုးရများက စိုက်ပျိုးရရှိထားသော တစ်သျှူးငှက်ပျောများ၊ နွားနို့များကို အခြေခံပညာမူလတန်းကျောင်းများ၊ အလယ် တန်းကျောင်းများသို့ ပေးပို့ကာ ကျောင်းသားများကို…
-

သထုံနှင့်ပုလော နေသူ ၂ ဦး ပဲခူးတွင် ဓားထောက်ပြီး အိုးဝေလုယက်မှုဖြင့်ဖမ်းဆီးခံရ
ပဲခူးမြို့နယ်၊ ကျွန်းသာယာရပ်ကွက်နေ အိုးဝေယာဉ်မောင်း မျိုးဝေအောင်သည် ဇွန်လ ၂၃ ရက် ညနေ ၁၈:၄၅ နာရီအချိန်ခန့်က ပဲခူးဘူတာကြီးတွင် ခရီးသည်စောင့်ဆိုင်းနေစဉ် ရထားဆိုက်ရောက်လာပြီး အမည်မသိ အမျိုးသား (၂) ဦးမှ ကလိကားဝင်းသို့ (၁၅,၀၀၀) ကျပ်ဖြင့် ငှားရမ်းခဲ့သဖြင့် လိုက်ပို့ခဲ့ပါသည်။ ကလိကားဝင်းသို့ ရောက်ရှိသော်လည်း ထိုလူ (၂) ဦးမှ ရှေ့သို့ ဆက်မောင်းရန် ပြောသဖြင့် ဆက်လက်မောင်းနှင်ပေးခဲ့ရာ ပြည်တော်အေးကျေးရွာအလွန် မြေဩဇာဂိုဒေါင်ရှေ့အရောက်တွင် အပေါ့သွားမည်ဟုဆိုကာ အိုးဝေအား ရပ်ခိုင်းခဲ့သည်။ ထို့နောက် အမျိုးသား (၁) ဦးမှ အောက်သို့ဆင်းကာ ကျန် (၁) ဦးက အိုးဝေနောက်ခန်းမှနေ၍ မျိုးဝေအောင်၏ လည်ပင်းအား ဓားဦးချွန်ဖြင့် ထောက်ကာ “မအော်နဲ့ သတ်ပစ်မယ်” ဟု ခြိမ်းခြောက်ပြီး ခြေထောက်နှစ်ဖက်အား နိုင်လွန်ကြိုးဖြင့်တုပ်ကာ…
-

MDY PDF စစ်ဦးစီးအဖွဲ့ဝင် ကိုမုန်တိုင်း ပြည်သူထံထွက်ဆိုထားသည့် ရုပ်သံဖိုင်
မန္တလေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MDY PDF) ၏ စစ်ဦးစီးအဖွဲ့ဝင်လည်းဖြစ်၊ စစ်ဆင်ရေးနှင့် စုဖွဲ့မှုတာဝန်ခံလည်းဖြစ်သူ ကိုမုန်တိုင်း၏ ပြည်သူလူထုထံ ထွက်ဆိုရှင်းလင်းထားသည့် ရုပ်သံဗီဒီယိုဖိုင်တစ်ခုကို ဇွန် ၂၄ ရက် တွင် ပြည်သူ့ထံသို့ ထုတ်ပြန်ချပြခဲ့သည်။ အဆိုပါ ရုပ်သံဖိုင်ကို MDY PDF စစ်ဦးစီးအဖွဲ့ဝင်၊ လေ့ကျင့်ရေးဌာနကြီးမှူးဖြစ်သူ ကိုဖြိုးဝေက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဗီဒီယိုဖိုင်သည် လွန်ခဲ့သည့် ၂ လခန့်က တော်လှန်ရေးရဲဘော်တစ်ဦးက နယ်မြေဒေသအသီးသီးကို ဖြတ်ကျော်ကာ လူကိုယ်တိုင် လာရောက်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။