Category: News
-

ပြည့်ဝကုန်စုံဆိုင်ပိုင်ရှင် လင်မယား ရက်ရက်စက်စက် အသတ်ခံရ
ဒလမြို့နယ် ရာဇသင်္ကြန်ရပ်ကွက်တွင် ညပိုင်း ပျူစောထီးများ ကင်းလှည့်နေချိန် ပြည့်ဝကုန်စုံဆိုင်ပိုင်ရှင် လင်မယား ရက်ရက်စက်စက် အသတ်ခံရ ရန်ကုန်တိုင်း၊ ဒလမြို့နယ်၊ ရာဇသင်္ကြန်ရပ်ကွက်ရှိ ပြည့်ဝကုန်စုံဆိုင်ပိုင်ရှင် လင်မယားနှစ်ဦးသည် နေအိမ်အတွင်း ဓားဒဏ်ရာများဖြင့် ရက်ရက်စက်စက် သတ်ဖြတ်ခံထားရကြောင်း ဒေသခံများထံမှ သိရသည်။ ဇွန်လ ၂၅ ရက် ညပိုင်းတွင် နေအိမ်ဧည့်ခန်းရှေ့၌ သေဆုံးသူ ဆိုင်ပိုင်ရှင် နှစ်ဦး၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး နှစ်ဦးစလုံးတွင် ဓားဒဏ်ရာများစွာဖြင့် သေဆုံးနေခြင်းဖြစ်သည်။ လက်ရှိအချိန်အထိ ကျူးလွန်သူကို ဖော်ထုတ်နိုင်ခြင်းမရှိသေးဘဲ သက်ဆိုင်ရာက စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။ ဒေသခံတစ်ဦးက “ဒလမြို့နယ်၊ ရာဇသင်္ကြန်ရပ်ကွက်မှာ ပြည့်ဝကုန်စုံဆိုင်က အန်တီနဲ့ ဦးလေး အသတ်ခံရပါတယ်။ အန်တီက စကားပြောရင် အမြဲပြုံးပြုံးချိုချိုနဲ့ ဆက်ဆံတတ်တယ်။ ဒီမနက် အသတ်ခံရတာလို့ သိရတယ်။ ကုန်စုံဆိုင်ဖွင့်ထားပေမယ့်…
-

ကြမ်းမှကြိုက်တယ်ဆိုတဲ့ လူမိုက်တွေအတွက်
ကြမ်းမှကြိုက်တယ်ဆိုတဲ့ လူမိုက်တွေအတွက် ကိုယ်တိုင် ဝင်မွှေပြထားတဲ့ ချောင်းဦး ဒုတိယအကြိမ်မြောက် တိုက်ပွဲ သေနတ်ပြောင်းဝက ထွက်တဲ့မီးက လွဲရင် ဘာကိုမှ မျက်ကွင်းမရှိဘူး ခွေးတိုးဝက်တိုး တိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ကစဉ့်ကလျားဖြစ်အောင် ဆော်ထည့်လိုက်တာ လျှပ်စီးတပ်ခွဲရဲ့ ဒုတိယအကြိမ်တိုက်ပွဲဆိုတော့ ပိုပြီး အနုစိပ်တယ် ပိုပြီးလည်း လက်ချက်ပြောင်တယ် ချောင်းဦးနယ်မြေမှာ ဘယ်သူက တကယ့်သခင်လဲဆိုတာ မြေလှန်ပြီး သက်သေပြခဲ့တဲ့ တိုက်ပွဲ ရဲဘော်တို့ရဲ့ သတ္တိနဲ့ ဇွဲကတော့ ထိပ်ဆုံးကပဲ။ လျှပ်စီးတပ်ခွဲ ရဲဘော် moe gyoe
-

တောင်ဥက္ကလာတွင် အိမ်ရှင်ကိုမြင်ပြီး လေးထပ်တိုက်ပေါ်က ခုန်ချသည့် သူခိုး သေဆုံး
ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ် ၁၃ ရပ်ကွက်၊ ဝရုဏာ ၄ လမ်းမှာ ဇွန် ၂၅ ရက် နေ့လယ် ၁ နာရီလောက်မှာ အိမ်ရှင်ကိုမြင်ပြီး လေးလွှာကနေ ခုန်ချထွက်ပြေးတဲ့ သူခိုးတယောက် သေဆုံးသွားတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။ ဝရုဏာ ၄ လမ်းမှာရှိတဲ့ ခြောက်ထပ်တိုက် ၄ လွှာအခန်းကို မနေ့ နေ့လယ် ၁ နာရီလောက်မှာ အမျိုးသားတယောက်က ဖောက်ထွင်းဝင်ရောက်ဖို့ ကြိုးစားစဥ် အိမ်ရှင်ကမြင်ပြီး ဘေးပတ်ဝန်းကျင်ကို အကူအညီတောင်းရာမှ ကြောက်လန့်ပြီး ခုန်ချထွက်ပြေးခဲ့တာလို့ ရပ်ကွက်နေသူတယောက်က DVB ကို ပြောပါတယ်။ “အိမ်ရှင်မရှိဘူးထင်ပြီး တိုက်ခန်းကို ဖောက်မလို့လုပ်နေတာ။ အိမ်ရှင်ရော၊ ဘေးအခန်းတွေရော အော်ပြီး ပတ်ဝန်းကျင်ကို အကူအညီတောင်းတဲ့အချိန် သူခိုးက ကြောက်လန့်ပြီး တိုက်ခန်းအနောက်ဘက်ကနေ ခုန်ချထွက်ပြေးတာ၊…
-

ဇာတ်ရှိန် ပိုမြင့်လာတဲ့ ဟုမ်းသာစန်းနဲ့ လှနုထွန်း
အကြိမ်ကြိမ်ထိုးနှပ်ပြီးအကြိမ်ကြိမ်သတ်နေတော့တာပါဘဲ၊ ဒီကြားထဲ ပျက်ပြီးရည်းစားအရင်စထားခဲ့တာအမပါ dec မှာ တစ်ယောက်နောက် new year မှာ ကျွန်တော်လာမအိပ်နိုင်လို့နောက်တစ်ယောက်ထားတယ် ခုလဲကျွန်တော်လာမအိပ်နိုင်လို့ PA ဆိုတာကိုခေါ်အိပ်တယ် အမလို ကျွန်တော်ကမယုတ်မာချင်လို့ လိုင်းပေါ် မတင်တဲ့အတွက် လိုင်းပေါ်တတ်မလာတိုင်း ပန်းနုသွေးလို့ရမယ်မထင်ပါနဲ့၊ အမဘေးမှာ အမတွဲနေတဲ့လူရှိနေတုံးက ကျွန်တော်ပြန်လာဖို့အကြိမ်ကြိမ်တောင်းပန်ခဲ့ပေမယ့် သူအားကိုးနဲ့ လက်မခံခဲ့ဘူး ဒါတောင်ကျွန်တော့်ကိုအခန်းဖော်ပါဆိုပြီးညာခဲ့သေးတာနော် အဲ့ကောင်ကလဲ ကျွန်တော်ရှေ့မှာဆိုအခန်းဖော်အတိုင်းအနေအထိုင်ပိရိအောင်နေတယ် သူတို့ချင်းဘယ်လိုညှိထားလဲမသိ နောက်ကွယ်မှာခိုးစားကြတာ ကျွန်တော်သူ့ဖုန်းကိုယူကြည့်တော့အကုန်ပေါ်တာပါဘဲ မောင်နဲ့သဲတဲ့ခေါ်နေကြတာ သူ့မတိုင်ခင်မှာ ကျွန်တော်သိသလောက် ၂ ယောက်ရှိပါသေးတယ် ပြီးတော့ သူကတရားစခန်းဝင်လိုက်သေးတယ် မသိရင်သူတော်ကောင်းကြီးလိုလိုနဲ့ ပြန်ထွက်လာလို့တရားရမယ်မကြံနဲ့ ဘုရားဆင်းတုကိုတောင်ပြစ်ပေါက်သေးတာဘုရားဆိုတာတကယ်မရှိဘူးဆိုပြီး ဟုတ်မှာပါ ခုလဲကျွန်တော်ကြီးဘဲခံနေရတယ် ဝဠ်လည်တယ်ဆိုတာလဲမရှိဘူး သူ့ကောင်လေးလဲသင်္ဘောတက်သွားရော ကျွန်တော်ကိုပြန်ခေါ်ပါလေရော အဲ့ကြားထဲကျွန်တော်တို့အတူတူနေတုန်းကသူ့အသံဖိုင်ဖမ်းထားပြီးအမှတ်တရဆိုပြီးပြောသေးတာ နောက်တော့သူအကောင် ထုဖို့အတွက်ဖြစ်နေတယ် အဲ့တာကြောင့် အမ သွင်းထားတဲ့ ကျွန်တော်အသံဖိုင်ကို ကျွန်တော် ပြန်တောင်းတာ ဘာမှားလည်း…
-

စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ အခြေခံစစ်သင်တန်းနှင့် မွမ်းမံသင်တန်း ပြီးစီး
မကွေးဒေသ၊ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ ရဲ့ အခြေခံစစ်သင်တန်း အပတ်စဉ်(၈)နဲ့ မွမ်းမံသင်တန်းအပတ်စဉ် (၁/၂) သင်တန်းဆင်းပွဲကို ဇွန် ၁၉ ရက်မှာ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ မင်းဘူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ နဲ့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့မှ တပ်ဖွဲ့ဝင်တွေရဲ့သင်တန်းဆင်းပွဲကို ခရိုင်နဲ့ မြို့နယ်မှ တာဝန်ခံများ တက်ရောက်ခဲ့ပြီး ထူးချွန်ဆုရရဲဘော်တွေကို ဆုချီးမြှင့်ခဲ့တဲ့အပြင် ဂုဏ်ပြုအားပေးစကား ပြောကြားခဲ့တယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေနဲ့ နောက်ထပ် အခြေခံစစ်သင်တန်းတွေ ထပ်မံပို့ချသွားနိုင်ဖို့အတွက်လည်း အစဉ်တစိုက်ကြိုးပမ်းလျက်ရှိတယ်လို့ အသိပေးထုတ်ပြန်ထားတာ တွေ့ရပါတယ်။