Category: News
-
မင်းအောင်လှိုင် ဧရာဝတီ ရေတပ်စခန်းဌာနချုပ်တွင် ကျင်းပမည့် ၇၇ ကြိမ်မြောက် ရေတပ် နှစ်ပတ်လည် အခမ်းအနားပွဲ တက်ရောက်မည်
စစ်ရှုံးနေသော်လည်း ပွဲကြိုက်သည့် မင်းအောင်လှိုင် ဧရာဝတီ ရေတပ်စခန်းဌာနချုပ်တွင် ကျင်းပမည့် ၇၇ ကြိမ်မြောက် ရေတပ် နှစ်ပတ်လည် အခမ်းအနားပွဲ တက်ရောက်မည်ဖြစ်ပြီး လုံခြုံရေး တင်းကျပ်ထား ရန်ကုန်တိုင်း၊ ဗိုလ်တထောင် သန်လျက်စွန်းရှိ ဧရာဝတီ ရေတပ်စခန်းဌာနချုပ်တွင် ကျင်းပမည့် ရေနှစ်ပတ်လည် အခမ်းအနားပွဲသို့ အကြမ်းဖက် စစ်ရှုံး မင်းအောင်လှိုင်က တက်ရောက်မည်ဖြစ်ပြီး ရေတပ်နှစ်ပတ်လည်ပွဲနှင့်အတူ ပျော်ပွဲရွှင်ပွဲများကိုပါ မဖြစ်မနေ ထည့်သွင်းကျင်းပခိုင်းထားကြောင်း သိရှိရသည်။ ဒီဇင်ဘာလ ၂၄ ရက်နေ့ ဗိုလ်တထောင် သန်လျက်စွန်းရှိ ဧရာဝတီ ရေတပ်စခန်းဌာနချုပ်တွင် ရေတပ် နှစ်ပတ်လည်ပွဲ အခမ်းအနားနှင့်အတူ ရေတပ်စခန်းဌာနချုပ်ရှိ ဘောလုံးကွင်း၌ ဈေးရောင်းပွဲနှင့် ပျော်ပွဲရွှင်ပွဲများကိုပါ ကျင်းပမည်ဖြစ်ကာ လုံခြု့ရေးအတွက် အထူးတင်းကျပ် ပြင်ဆင်ထားကြောင်း သိရှိရသည်။ လတ်တလော အချိန်အထိ အဆိုပါ အခမ်းအနား သို့…
-

ဂွမြို့ မကြာခင်ရက်များအတွင်း သေချာပေါက်သိမ်းနိုင်တော့မည်ဟု AA အသိပေး
အတင်းအဓမ္မစုဆောင်းထားသော တပ်သားသစ်များဖြင့် ညွန့်ပေါင်းတပ်အစုကဲ့သို့ဖြစ်နေသော စစ်ရှုံးစစ်ကောင်စီတပ်မှာ တိုက်တိုင်းရှုံးပြီး ကစဉ့်ကလျားထွက်ပြေးနေရဟု AA ထုတ်ပြန် အာရက္ခတပ်တော်(AA)က တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော မြို့လေးမြို့အနက် လက်ရှိအချိန်တွင် ဂွတစ်မြို့သာ ကျန်ရှိတော့ပြီဖြစ်ကြောင်း AAက ထုတ်ပြန်ခဲ့ပြီး အဆိုပါ ဂွမြို့ကိုလည်း မကြာခင် ရက်များအတွင်း သေချာပေါက် သိမ်းနိုင်တော့မည်ဟု ဖော်ပြသည်။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) အခြေစိုက်ရာ အမ်းမြို့ကို AAက ဒီဇင်ဘာ ၂၀ရက်တွင် အပြီးသတ် သိမ်းပိုက်ပြီးနောက် ဒီဇင်ဘာ ၂၁ရက်ညပိုင်းတွင် ဂွမြို့သိမ်းတိုက်ပွဲ အခြေအနေကို အသိပေးလာခြင်းဖြစ်သည်။ ဂွမြို့သိမ်းတိုက်ပွဲတွင်လည်း စစ်ရှုံး စစ်ကောင်စီတပ်ဖွဲ့ဝင်များ နေ့စဉ်နှင့်အမျှ အကျအဆုံးများကာ စခန်းများတစ်ခုပြီးတစ်ခု လက်လွှတ်ပေးနေရပြီးဖြစ်သည်ဟု ဆိုသည်။ အာရက္ခတပ်တော်တပ်ဖွဲ့ဝင်များမှလည်း ဂွမြို့ သိမ်းတိုက်ပွဲအတွက် ထိုးစစ်များကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြသည်။ “ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းအပါအဝင် နေရာအစုံမှ…
-

ဧရာဝတီတိုင်းမှာ စစ်ကောင်စီတပ်က ခံစစ်ပြင်နေ
စစ်ကောင်စီတပ်ဟာ ရခိုင်ရိုးမအစပ် ဧရာဝတီတိုင်းဘက်က ရေကြည်၊ မြန်အောင်၊ ကြံခင်း၊ ကျုံပျော်၊ သာပေါင်းစတဲ့ မြို့တွေမှာ စစ်အင်အား ဖြည့်တင်းပြီး ခံစစ်ပြင်နေတယ်လို့ ဒေသခံတွေက ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ပြောကြားပါတယ်။ ဒေသတချို့မှာ ညမထွက်ရအမိန့်ထုတ်ပြီး အဖမ်းအဆီးတွေ လုပ်နေသလို ခုခံကာကွယ်ဖို့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေကို စစ်သင်တန်းပေးနေတယ်လို့ ဆိုပါတယ်။ ဧရာဝတီတိုင်း၊ ငသိုင်းချောင်းမြို့နဲ့ ရခိုင်ပြည်နယ်၊ ဂွမြို့ကိုသွားတဲ့ ကားလမ်းပေါ်က စစ်ရေးအရ အရေးပါတဲ့ စစ်ကောင်စီတပ်ရဲ့ ဗေဒါစစ်ဆေးရေးဂိတ်နဲ့ ဒေါင့်ချောင်း၊ ဗောဓိ စတဲ့ စစ်ဆေးရေးဂိတ်စခန်းတွေကို အာရက္ခတပ်တော် (AA) က ဒီရက်ပိုင်းမှာပဲ သိမ်းပိုက်ထားပါတယ်။ ငသိုင်းချောင်းမြို့နဲ့ မိုင်နှစ်ဆယ်ကျော်သာဝေးတဲ့ ဗေဒါစစ်ဆေးရေးဂိတ်က စစ်ကောင်စီတပ်သားတွေဟာ ရေကြည်မြို့နယ် အခြေစိုက် အမှတ် (၃၄၄) အမြောက်တပ်ကို ရွှေ့ပြီး ခံစစ်ပြင်နေတယ်လို့ လုံခြုံရေးအရ…
-

စစ်တွေက စစ်ကောင်စီမိသားစု ၉၀ စုရေကြောင်းမှထွက်ခွာ
ရခိုင်ပြည်နယ်၊စစ်တွေမြို့ရှိ စစ်ကောင်စီမိသားစုဝင် အိမ်ထောင်စု ၉၀ စုမှ လူဦးရေ ၃၀၀ ဝန်းကျင်မှာ ရွှေမင်းဂံရေတပ်ဆိပ်ကမ်းမှတဆင့် ဇက်သင်္ဘောများဖြင့် ယမန်နေ့(ဒီဇင်ဘာလ ၂၀ ရက်) ညပိုင်းက ပြောင်းရွှေ့သွားကြောင်း စစ်တွေဒေသခံထံက သိရသည်။ “စစ်သားတွေတော့မပါဘူး သူတို့တပ်မိသားစုတွေ ဇက်သင်္ဘောနဲ့ချပြီး ကျောက်ဖြူဘက်ကို သွားတယ်။ မနေ့ညက နောက်ဆုံးပြောင်းတာ။သူတို့ဆင်းသွားတာမြင်နေရတာပေါ့။ သူတို့ကတော့ တိတ်တဆိတ် ပြောင်းနေကြတာပေါ့”ဟု စစ်တွေမြို့သတင်းရင်းမြစ်ကပြောသည်။ ယခုလ ဒီဇင်ဘာလဆန်းပိုင်းကစပြီး စစ်ကောင်စီတပ်အရာရှိ၊ လက်အောက်ငယ်တပ်သားများ၏ မိသားစုဝင်များမှာ စစ်လေယာဥ်၊ဇက်သင်္ဘောများနှင့်ကျောက်ဖြူမြို့သို့ တရွေ့ရွေ့ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်း၎င်းကဆိုသည်။ စစ်တွေမြို့တွင် တပ်မိသားစုဝင် အနည်းငယ်သာကျန်ခဲ့ပြီး အများစုမှာမြို့မှ စွန့်ခွာရွှေ့ပြောင်းသွားခြင်းဖြစ်ပြီး မြို့ပေါ်သို့ စစ်အင်အားရာချီထပ်မံတိုးချဲ့ထားကြောင်း သိရသည်။ စစ်တွေမြို့တွင် နပခတိုင်းမှူး ကျော်စွာဦးမှာလည်း ပြီးခဲ့သည့် နိုဝင်ဘာလကတည်းက ထပ်မံတိမ်းရှောင်သွားခြင်းကြောင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)မှူးသာကျန်ရှိကြောင်း စစ်တွေမြို့သတင်းရင်းမြစ်က ပြောသည်။ တပ်မိသားစုဝင်များ ရွှေ့ပြောင်းသွားခြင်းကြောင့် စစ်ရိပ်သမ်းနေသည့်…
-

တနိုင်ငံလုံးမှာ အကြမ်းဖက်စစ်တပ် ထိန်းချုပ်နိုင်တဲ့ ဧရိယာ ၂၁ ရာခိုင်နှုန်းသာရှိတော့
အကြမ်းဖက်စစ်တပ် အာဏာလုယူမှုဖြစ်စဉ်ဖြစ်ပြီးနောက် က စလို့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလလည်အထိ မြန်မာနိုင်ငံရဲ့ ကျေးရွာပေါင်း ၁၄၀၀၀ ကျော်မှာ အကြမ်းဖက်စစ်တပ် ထိန်းချုပ်ထားနိုင်တဲ့ ဧရိယာဟာ ၂၁ ရာခိုင်နှုန်းပဲရှိတော့တယ်လို့ BBC သတင်းဌာနမှာ ဖော်ပြထားပါတယ်။ ၂၀၂၄ ခုနှစ် နိုဝင်ဘာ လလယ်အထိ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေ က မြန်မာနိုင်ငံရဲ့ ၄၂ ရာခိုင်နှုန်းကို ထိန်းချုပ်ထားတယ်လို့ ဆိုပါတယ်။ ကျန်ရှိတဲ့ ဒေသတွေမှာတော့ တိုက်ပွဲတွေဖြစ်ပွားနေသလို သူနိုင်ကိုယ်နိုင်အခြေအနေဖြစ်နေတယ်လို့ ဆိုပါတယ်။ အမေရိကန်အခြေစိုက် လက်နက်ကိုင်ပဋိပက္ခတည်နေရာနှင့် ဖြစ်ရပ်ဒေတာပရောဂျက် (Acled) အရ ၁၉၆၂ ခုနှစ်နောက်ပိုင်းမှာ အကြမ်းဖက်စစ်တပ်ဟာ အကြီးအကျယ်ရှုံးနိမ့်မှုနဲ့ရင်ဆိုင်နေရတာဖြစ်တယ်လို့ ဆိုပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား ပူးပေါင်းဆောင်ရွက်မှုတွေ အားကောင်းနေတာကြောင့် အကြမ်းဖက်စစ်တပ်ဟာ အကြီးအကျယ် ရှုံးနိမ့်နေတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။