Category: News
-

RLG နံပါတ်သုံး လုပ်စားနေတဲ့သူတွေနဲ့ အလှူခံအဖွဲ့တွေကို စ,ဒွမ်ပါပြီ
သံဃာမပါဘဲ RLG ယာဉ်စီးနင်းသူများ၊ စည်းကမ်းမဲ့ ယာဉ်မောင်းနှင်သည့် သံဃာနှင့် သီလရှင်များအပြင် တရားမဝင် အလှူခံများကို ဓမ္မစက်၊ အာဏာစက်ဖြင့် စတင် အရေးယူမည် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၌ သံဃာနှင့် သီလရှင်များ ကား၊ ဆိုင်ကယ် ကိုယ်တိုင် မောင်းနှင်နေမှုများ၊ သာသနာ့ယာဉ်များကို အလွဲသုံးစားပြုခြင်းများနှင့် စည်းကမ်းမဲ့ အလှူခံနေမှုများကို သာသနာထိန်းသိမ်းရေးအဖွဲ့နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ မြေပြင်တွင် လက်တွေ့ စစ်ဆေး အရေးယူနေပါပြီ။ ပြီးခဲ့သည့် ဩဂုတ်လ ၃၁ ရက်နေ့မှစ၍ အမှတ် (၉၄) ပြင်ဦးလွင် ယာဉ်ထိန်းရဲတပ်ဖွဲ့က ရဟန်း၊ သာမဏေနှင့် သီလရှင် ဆရာလေးများ ကား၊ ဆိုင်ကယ် မောင်းနှင်မှုများကို မောင်းနှင်ခွင့် မပြုကြောင်း ပညာပေး မှတ်တမ်းယူထားပြီး နောက်တစ်ကြိမ် လွန်ကျူးပါက ထိရောက်စွာ အရေးယူသွားမည်ဟု…
-

ပွဲဖြစ်နေတဲ့ နိုင်ငံကျော် မင်းသားရဲ့ မိတ်ကပ်ဆရာ
“နိုင်ငံကျော် မင်းသားရဲ့ မိတ်ကပ်ဆရာကို ဒီလို တည်းခိုခန်း အဆင့်လောက်မှာ ထားလို့ရမလား” ဆိုပြီး ပွဲစီစဉ်သူတွေကို ဒေါသထွက်နေတဲ့ မိတ်ကပ် စည်သူထွဋ် မင်းသား အောင်ဇမ္ဗူ မအောင်မြင်ခင် အချိန်ကတည်းက ဒီနေ့လို နိုင်ငံကျော် ထိပ်တန်းမင်းသား ဖြစ်လာသည်အထိ မိတ်ကပ် အမြဲ လိမ်းပေးခဲ့ရတာကို ဂုဏ်ယူဝင့်ကြွားစွာ ပြောလေ့ရှိတဲ့ မိတ်ကပ်ဆရာ စည်သူထွဋ်တစ်ယောက် ပဲခူးမြို့မှာ အလုပ်ကိစ္စနဲ့ ရောက်ရှိနေစဉ် ပွဲစီစဉ်သူတွေ စီစဉ်ပေးခဲ့တဲ့ ဟိုတယ်နဲ့ ပတ်သက်ပြီး စိတ်အခန့်မသင့်ကာ စီမံသူတွေကို ပွင့်ပွင့်လင်းလင်း ဝေဖန်လိုက်ပါတယ်။ အလုပ်ကိစ္စအတွက် ပဲခူးမြို့မှာ တည်းခိုဖို့ ဟိုတယ်ကို ပွဲစီစဉ်သူတွေဘက်က အခမဲ့ စီစဉ်ပေးခဲ့ပေမဲ့လည်း အခန်းတွင်း ပိတ်စများ ပရမ်းပတာ ဖြစ်နေတာ၊ အစွန်းအထင်းတွေနဲ့ အဆင်မပြေတာတွေကို ပုံနှင့်တကွ တင်ပြပြီး “နိုင်ငံကျော်မင်းသားရဲ့ မိတ်ကပ်ဆရာဆိုတဲ့…
-
YMBA အတွင်းရေးမှူး မယားငယ်ထား၍ ဓာတ်တိုင်တွင် ကြိုးတုပ်ရိုက်နှက်ခံရ
တစ်လင်တစ်မယားစနစ်ပြဋ္ဌာန်းခိုင်းသည့် မဘသ အဖွဲ့အစည်း YMBA အတွင်းရေးမှူး မယားငယ်ထား၍ ဓာတ်တိုင်တွင် ကြိုးတုပ်ရိုက်နှက်ခံရ YMBA ဗဟိုအတွင်းရေးမှူး ဦးမောင်မောင်ညွန့်အား စရဖ အယောင်ဆောင် အမျိုးသား ၄ ဦးက ရုံးဝင်းအတွင်း ဝင်ရောက်၍ သေနတ်ပြ ခြိမ်းခြောက် ရိုက်နှက်မှု ဖြစ်ပွားခဲ့။ ဩဂုတ် ၂၀ ရက်က ဖြစ်ပွားခဲ့သည့် အဆိုပါ ရိုက်နှက်မှုတွင် ပါဝင်သူ ၄ ဦးကို အကြမ်းဖက်စစ်တပ်၏ ရဲတပ်ဖွဲ့က CCTV မှတ်တမ်းများမှတစ်ဆင့် ဖမ်းဆီးရမိထားပြီး ပုဂ္ဂိုလ်ရေးအရ ငှားရမ်းရိုက်နှက်ခိုင်းသူကို ဆက်လက် ရှာဖွေနေ။ ရန်ကုန်မြို့၊ ဒဂုံမြို့နယ်ရှိ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ဗဟိုရုံးဝင်းအတွင်း၌ ဩဂုတ်လ ၂၀ ရက် မွန်းလွဲပိုင်းက အသင်းဗဟိုအတွင်းရေးမှူး ဦးမောင်မောင်ညွန့်အား စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) မှဖြစ်သည်ဟု…
-

ယနေ့ မနက်ပဲ လမ်းဘေးမှာ စွန့်ပစ်ခံလိုက်ရတဲ့ ၅ ရက်သမီးလေးရဲ့ ရင်နင့်ဖွယ်
ချင်းမိုင်တွင် မွေးပြီး ၅ ရက်သာရှိသေးသည့် ကလေးငယ် လမ်းဘေးစွန့်ပစ်ခံရ၊ ရဲတပ်ဖွဲ့ က မိခင်ဖြစ်သူကို ရှာဖွေနေ ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ဒွိုင်ဆကက်မြို့နယ်တွင် မွေးပြီး ၅ ရက်ခန့်သာရှိသေးသည့် မိန်းကလေးငယ်တစ်ဦးကို လမ်းဘေးမြက်ခင်းအတွင်း စွန့်ပစ်ထားသည်ကို ယနေ့ စက်တင်ဘာ ၁ ရက် နံနက်အစောပိုင်းတွင် အများပြည်သူတစ်ဦးက တွေ့ရှိခဲ့ပြီး ရဲတပ်ဖွဲ့က ဆေးရုံသို့ ပို့ဆောင်ကာ ကယ်တင်ခဲ့သည်။ ကလေးငယ်ကို ချင်းမိုင်ခရိုင် ဒွိုင်ဆကက်မြို့နယ် ချင်းဒွိုင်ခရိုင်ခွဲ ဘန်ဖိုထောင်းကျာရိန်ကျေးရွာအနီး လမ်းဘေးမြက်ခင်းအတွင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။ နံနက်ပိုင်း လေ့ကျင့်ခန်းပြုလုပ်ရန် ထွက်လာသူတစ်ဦးက ကလေးငိုသံကို ကြားရှိပြီးနောက် ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိစစ်ဆေးရာတွင် ကလေးငယ်ကို အညိုရောင်လက်သုတ်ပဝါဖြင့် ပတ်ထားပြီး မြေပြင်မြက်ခင်းပေါ်တွင် ငိုယိုနေသည်ကို တွေ့ရှိခဲ့သည်။ ထို့နောက် ဒွိုင်ဆကက်ဆေးရုံသို့ အမြန်ဆုံး…
-
ငမိုးရိပ်ဆည် ရေပြည့်မှတ်ထက် တစ်ပေခွဲနီးပါးကျော်နေပြီ
ငမိုးရိပ်ဆည် ရေပြည့်မှတ်ထက် တစ်ပေခွဲနီးပါးကျော်၊ ရေပိုလွှဲမှ ရေများကျော်လွန်စီးဆင်းနေ ရန်ကုန်တိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် လှည်းကူးမြို့နယ်ရှိ ငမိုးရိပ်ရေလှောင်တမံ၏ ရေမှတ်သည် သတ်မှတ်ရေပြည့်မှတ်ထက် ကျော်လွန်လာပြီး ဆည်အောက်ပိုင်းဒေသများတွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်လာမည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။ စက်တင်ဘာ ၁ ရက် နံနက် ၆ နာရီ တိုင်းတာချက်အရ ငမိုးရိပ်ရေလှောင်တမံတွင် ရေမှတ် ၁၀၈ ဒသမ ၄ ပေသို့ ရောက်ရှိနေပြီး သတ်မှတ်ရေပြည့်မှတ် ၁၀၇ ပေထက် ၁ ဒသမ ၄ ပေခန့် ကျော်လွန်နေကြောင်း သိရသည်။ လက်ရှိတွင် ငမိုးရိပ်တမံ၏ ရေပိုလွှဲမှ ရေထုစီးဆင်းနှုန်းမှာ တစ်စက္ကန့်လျှင် ၉၃၀ ကုဗပေခန့်ရှိနေပြီး မိုးဆက်လက်ရွာသွန်းပါက ဆည်အောက်ပိုင်းရှိ ချောင်းများနှင့် မြေနိမ့်ပိုင်းဒေသများတွင် ရေတက်လာနိုင်ခြေရှိနေသည်။ အထူးသဖြင့် ငမိုးရိပ်ချောင်းတစ်လျှောက်ရှိ…