ရေစကြိုမြို့နယ် တောင်အိုစစ်ဆေးရေးဂိတ် တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးနှင့် အရပ်သားတစ်ဦး သေဆုံး မတော်တဆထိခိုက်မှုအတွက် ကာကွယ်ရေးတပ်ဖွဲ့များက အနူးအညွတ်တောင်းပန် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်ရှိ စစ်ကောင်စီ၏ တောင်အိုစစ်ဆေးရေးဂိတ်ကို ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်နေ့က ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း Southern YSO PDF က ယနေ့ မေလ၂ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ ထိုနှစ်ဖက် ပစ်ခတ်မှုဖြစ်စဉ်အတွင်း အရပ်သားပြည်သူတစ်ဦးလည်း ကျည်ထိမှန်သေဆုံးခဲ့ရပြီး အဆိုပါဖြစ်ရပ်အတွက် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များဘက်က မိသားစုဝင်များထံ အနူးအညွတ် တောင်းပန်ထားသည်။ ကဆုန်လပြည့်နေ့ ဧပြီ ၃၀ ရက်နေ့ နေ့လယ် ၁၁ နာရီ ၂၅ မိနစ်ခန့်တွင်…
သားဖြစ်သူတို့ တစ်မိသားစုလုံး အဆက်သွယ်မရလို့ အိမ်တံခါးဖျက်ပြီးဝင်ကြည့်မှ သူတို့ရဲ့ခွေးလေးအပါအဝင် တစ်မိသားစုလုံး အဖြစ်ဆိုးကြုံခဲ့မှန်းသိခဲ့ရ 😰💔 မိခင်ကတော့ ယခုဖြစ်ရပ်ကြောင့် သူမအနေနဲ့ ၂၀၂၅ မေလ ၁ရက်နေ့ကို ဘယ်တော့မှ မမေ့ကြောင်း အဲဒီနေ့မှာ သူမရင်ကွဲနာကျခဲ့ရတာဖြစ်ကြောင်း စိတ်မကောင်းစွာ ယခုလို ပြောခဲ့တာ ဖြစ်ပါတယ်။ “သင်္ကြန်အပြီး သမီးတို့ ညီအစ်မ လုပ်ငန်းထဲပြန်သွားကြတော့ သားကြီးနဲ့ မြေးလေးပဲ အိမ်မှာကျန်တယ်။ သားကြီးကို ဆက်သွယ်တော့ မရတဲ့အခါ သူတို့သားအဖ ဖုန်းနားမရှိကြဘူးလို့ ထင်ခဲ့ပေမယ့် ၃/၄ ရက် ကြာတဲ့အထိ ဆက်သွယ်မရခဲ့ဘူး။ သမီးဆီ ဖုန်းဆက်တော့လည်း ပြန်မဆက်တာက အလုပ်ချိန်ဖုန်းမကိုင်တာလို့ ထင်မိခဲ့တာ… အိမ်မှာကျန်တဲ့ သားအဖနှစ်ယောက်များ နေမကောင်းလို့လားဆိုပြီး မေ ၁ရက်မှာ သူတို့အိမ်ကိုလိုက်သွားခဲ့ပါတယ် တံခါးခေါက်ပြီး ခေါ်မရလို့ အိမ်ရှင်ခွင့်ပြုချက်နဲ့ တံခါးဖျက်ပြီး ပြတင်းပေါက်အရင်ဖွင့်ကြည့်မိချိန်မှာ…
ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့ပေါ်ရှိ ကောင်းထက်ဆီဆိုင် မီးလောင်ပြီး ဆီဆိုင်တစ်ခုလုံးပြာကျသွားကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ ယနေ့ မေလ ၂ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ဝါးခယ်မမြို့ တံတားအဆင်းရှိ ကောင်းထက် ဆီဆိုင်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း၊ ထို မီးလောင်မှုဖြစ်ပွားသည့် အကြောင်းအရင်းကို မသိရှိရသေးဘဲ မီးလောင်မှု အတွင်း လူထိခိုက်မှုမရှိကြောင်း သိရသည်။ “ဘယ်ကနေ စလောင်တာလဲဆိုတာတော့ မသိရသေးဘူး။ လူထိခိုက်မှုတော့မရှိဘူးလို့ သိရတယ်။ ဆီဆိုင် တစ်ဆိုင်လုံးကတော့ မီးလောင်ပြာကျသွားတယ်” ဟု ဒေသခံပြည်သူတစ်ဦးကပြောဆိုသည်။ အလားတူ ဧပြီလ ၂၀ ရက်နေ့ကလည်း ဟုမ္မလင်းမြို့ နောင်ပကျစ် ရပ်ကွက်ရှိ ဆိပ်ကမ်းတွင် ဆီတင်မော်တော်များက ကုန်ကားများပေါ်သို့ ဆီရိုက်တင်နေစဉ် အပူလွန်ကဲပြီး ပေါက်ကွဲမှုဖြစ်ပွားရာမှ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း၊ ထိုမီးလောင်မှုကြောင့် မော်တော် ၂၂…
ဘီးလင်းတွင် အာဝါဒေးပွဲပြန်လူငယ် ၂၃ ဦးကို စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးကာ တစ်ဦးလျှင် သိန်း ၃၀၀ ဖြင့် ပြန်ရွေးခိုင်းနေ၊ စစ်မှုထမ်းအကြောင်းပြ ငွေညှစ်မှုများ တိုင်ကြားသော်လည်း အရေးမယူ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း ကျင်းပပြုလုပ်သည့် အာဝါဒေးဖျော်ဖြေရေးပွဲမှ ပြန်လာသော လူငယ် ၂၃ ဦးကို အကြမ်းဖက်စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးခဲ့ပြီးနောက် တစ်ဦးလျှင် ငွေကျပ် သိန်း ၃၀၀ အထိ ပေးဆောင်ကာ ပြန်လည်ရွေးချယ်ခိုင်းနေကြောင်း ဒေသခံပြည်သူများထံမှ သိရှိရသည်။ ဧပြီလ ၂၇ ရက်နေ့ နှင့် ဧပြီလ ၂၈ ရက်နေ့ ညပိုင်းများတွင် ဘီးလင်းမြို့နယ်၊ ရွှေလှေကျေးရွာနှင့် နှင်းပုလဲကျေးရွာအကြား ပြုလုပ်နေသော အာဝါဒေးဖျော်ဖြေရေးပွဲမှ ပြန်လာသော လူငယ်များကို စစ်ကောင်စီတပ်က ပေါ်တာဆွဲဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ဖမ်းဆီးခံရသူများမှာ အသက် ၁၅…
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ချက်ချင်း လွှတ်ပေးရန် အမေရိကန်၊ ဂျပန်နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တို့က တောင်းဆို မြန်မာနိုင်ငံ၏ လူထုခေါင်းဆောင်လည်းဖြစ်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ချက်ချင်း လွှတ်ပေးရန် အမေရိကန်၊ ဂျပန်နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တို့က တောင်းဆိုလိုက်ကြသည်။ ဧပြီလ ၃၀ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ကျခံနေရသည့်နေရာကို ပြောင်းလဲလိုက်ပြီး သတ်မှတ်ထားသည့်နေအိမ်တွင် ပြစ်ဒဏ်များ ဆက်လက်ကျခံရန် အကြမ်းဖက်စစ်တပ်က ပြောင်းလဲ သတ်မှတ်ခဲ့သည်။ အမေရိကန်ပြည်ထောင်စုက ဒေါ်အောင်ဆန်းစုကြည်အား “ချက်ချင်းနှင့် ခြွင်းချက်မရှိ ပြန်လည်လွှတ်ပေးရန်” ဆက်လက်တောင်းဆိုလိုက်ပြီး သူမ၏ ကျန်းမာရေးအခြေအနေကြောင့် လုံလောက်သည့် ဆေးကုသမှု ရရှိစေရန် စစ်ကောင်စီကို တိုက်တွန်းခဲ့လိုက်သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက “ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနှင့် ခြွင်းချက်မရှိ ပြန်လည်လွှတ်ပေးရန် ဆက်လက်တောင်းဆိုပါသည်” ဟု…