Category: News
-

သထုံ-ဘားအံ ကားလမ်းပေါ်တွင် ဖြစ်ပွားခဲ့သည့် ဝမ်းနည်းဖွယ် ယာဉ်တိုက်မှု
မေလ (၁၀) ရက်နေ့က သထုံ-ဘားအံ ကားလမ်းပေါ်တွင် ဖြစ်ပွားခဲ့သည့် ဝမ်းနည်းဖွယ် ယာဉ်တိုက်မှုကြောင့် အနာဂတ်ရှိသည့် တက္ကသိုလ်ကျောင်းသူ ၃ ဦး အသက်ဆုံးရှုံးခဲ့ရသည်။ ယခုအခါ အဆိုပါဖြစ်စဉ်ကို အမှုမှန်မပေါ်စေဘဲ ငွေကြေးဖြင့် ကျေအေးရန် ဖိအားပေးမှုများ ရှိနေကြောင်း သိရှိရသဖြင့် ပြည်သူများမှ ဝိုင်းဝန်းစောင့်ကြည့်ပေးကြပါရန် တိုက်တွန်းလိုပါသည်။ ဖြစ်စဉ်အကျဉ်း – 📍 နေလင်းစိုး (EPC အငြိမ်းစားအရာရှိ၏သား) မောင်းနှင်သည့် Honda Fit ကားသည် မော်လမြိုင် တက္ကသိုလ်ကျောင်းသူ ၃ ဦးစီးလာသည့် ဆိုင်ကယ်ကို မျက်နှာချင်းဆိုင် ဝင်တိုက်ခဲ့သည်။ 📍 ကျောင်းသူ ၃ ဦးစလုံး (မအေးအေးအောင်၊ မနေခြည်ကျော်၊ မဂျူလိုင်မိုး) နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ရသည်။ 📍 ယာဉ်မောင်းသူသည် ဖြစ်စဉ်ဖြစ်ပွားချိန်တွင် မူးယစ်သောက်စားထားသည်ဟု…
-

MRTV သတင်းတင်ဆက်သူ၏ မောင်ဖြစ်သူ နေမျိုးလင်း အပါအဝင် ရွာသားလူငယ်များကို စစ်တပ်က နေ့အချိန် ပေါ်တာဆွဲဖမ်းဆီး
နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် စစ်တပ်ဝါဒဖြန့် MRTV သတင်းတင်ဆက်သူ၏ မောင်ဖြစ်သူ နေမျိုးလင်း အပါအဝင် ရွာသားလူငယ်များကို စစ်တပ်က နေ့အချိန် ပေါ်တာဆွဲဖမ်းဆီး နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် စစ်မှုထမ်းကြေး လစဉ် ပုံမှန်ကောက်ခံနေသည့်ကြားမှ စစ်တပ်ဝါဒဖြန့် MRTV သတင်းတင်ဆက်သူ ဆွေဆွေခိုင်၏ မောင်ဖြစ်သူ နေမျိုးလင်း အပါအဝင် ရွာသားလူငယ်များကို စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း ဖမ်းဆီးခံရသူများ၏ ဆွေမျိုးများက ပြောဆိုသည်။ မေလ ၁၂ ရက်နေ့ မွန်းတည့် ၁၂ နာရီကျော်အချိန် နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ အင်ပင် (မြောက်) ရွာမှ စစ်တပ်ဝါဒဖြန့် MRTV မြန်မာ့အသံ သတင်းတင်ဆက်သူ ဆွေဆွေခိုင်၏ မောင်ဖြစ်သူ ပြောင်ကြီး (ခေါ်) မောင်နေမျိုးလင်း အပါအဝင် ဒေသခံလူငယ်အချို့ကို စစ်တပ်နှင့် ပျူစောထီးများက ပေါ်တာဆွဲ…
-

မော်လမြိုင်တက္ကသိုလ်ကျောင်းသူ ၃ ဦးရဲ့ နောက်ဆုံးခရီး (ရုပ်သံ)
မော်လမြိုင်တက္ကသိုလ်ကျောင်းသူ ၃ ဦး၏ အသက်ကို သိန်း ၁၀၀ စီဖြင့် ကျေအေးပေးရန် ဖိအားပေးနေ ကားတိုက်ခံရပြီး သေဆုံးသွားသည့် မော်လမြိုင်တက္ကသိုလ်ကျောင်းသူ ၃ ဦး၏အသက်၃ချောင်းနှင့် ပျက်စီးသွားသော ဆိုင်ကယ်ကို စုစုပေါင်း ကျပ်သိန်း ၄၀၀ ဖြင့် ကျေအေးပေးရန် ကျန်ရစ်သူ မိသားစုဝင်များအား ဖိအားပေး ညှိနှိုင်းနေကြောင်း သိရသည်။ မေလ၁၀ရက်၊ ညနေ၄နာရီခွဲခန့်တွင် သထုံမြို့နယ်၊လေးတိုင်ကျေးရွာ၊သထုံ-ဘားအံကားလမ်းမ ပေါ်တွင် သထုံမြို့၊သုဝဏ္ဏဝတီမြို့သစ်ဘက်မှ ကြာပန်းကျေးရွာ၊တာယာစက်ရုံဘက်သို့ ပြန်လာ သော မော်လမြိုင်တက္ကသိုလ်ကျောင်းသူ၃ဦး စီးလာသည့်ဆိုင်ကယ်ကို ဘားအံမှသထုံဘက်သို့ လာသည့် Honda Fit ကား က မျက်နှာချင်းဆိုင် ဝင်တိုက်ခဲ့ရာ ၃ဦးစလုံး ပွဲချင်းပြီးသေဆုံးခဲ့ခြင်း ဖြစ် ကြောင်း ဒေသခံများထံက သိရသည်။ “တစ်ယောက်ကို သိန်း၁၀၀။ ဆိုင်ကယ်အတွက် သိန်း ၁၀၀၊…
-

မော်လမြိုင် တက္ကသိုလ်ကျောင်းသူ ၃ ဦးရဲ့ နောက်ဆုံးခရီး (ရုပ်သံ)
ကွယ်လွန်သူ ကျောင်းသူ(၃)ဦးအား တနေရာထဲ၌ အရိုးပြာအိုးဂူသွင်းထားရှိ ၁၀.၅.၂၀၂၆နေ့ ညနေ(၄:၀၀)နာရီခန့်က ကွယ်လွန်သွားသော သထုံမြို့နယ် ဒူးရင်းဆိပ်ကျေးရွာအုပ်စု၊ကြာပန်းကျေးရွာ ကစစ(၂၁) တာယာစက်ရုံမှ တက္ကသိုလ် ကျောင်းသူများဖြစ်ကြသည့် ၁။မအေးအေးအောင် အသက်(၁၉)နှစ် နည်းပညာတက္ကသိုလ်(မော်လမြိုင်) First Year မြို့ပြအင်ဂျင်နီယာ ၂။မနေခြည်ကျော် အသက် (၂၀)နှစ် ပထမနှစ် Bio Chemistry မော်လမြိုင်တက္ကသိုလ် ၃။မဂျူလိုင်မိုး အသက်(၂၀)နှစ် ဒုတိယနှစ် Chemistry(Second Year)မော်လမြိုင်တက္ကသိုလ် တို့၏ ဥတုဇရုပ်ကလပ်အား ယနေ့ နေ့လည်(၁၁:၀၀)နာရီတွင် ထောင်မှူးကျေးရွာအုပ်စု၊လေးတိုင်ကျေးရွာ ညောင်ဝိုင်းသုသာန်သို့ ပို့ဆောင်ခဲ့ရာ ကွယ်လွန်သူတို့၏ နောက်ဆုံးခရီးအား ရပ်နီး/ရပ်၀ေး ဆွေမျိုးများ၊ဆရာ/ဆရာမများ၊မိတ်ဆွေသူငယ်ချင်များမှ လိုက်ပါပို့ဆောင်ခဲ့ကြသည်။ သေဆုံးသူ (၃)ဦး၏ ဥတုဇရုပ်ကလပ်အား ယနေ့ နေ့လည်(၁၂:၃၀)နာရီအချိန်တွင် တပြိုင်တည်းမီးသင်္ဂြိုဟ်ခဲ့ပြီး အရိုးပြာအိုးအား တနေရာထဲ၌ ဂူသွင်းထားရှိမည်ဖြစ်ကြောင်း သိရှိရသည်။
-

လယ်တောထဲ အာပီဂျီတွေတွေ့လို့ အိမ်ယူလာပြီး ထုခွဲကြည့်တဲ့ အမျိုးသား
လယ်တောထဲ RPG ဗုံးသီးတွေကို နေအိမ်အထိ ယူဆောင်လာကာ ထုခွဲကြည့်တဲ့ အမျိုးသား သေဆုံး ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှာ စစ်ကျန်လက်နက်ခဲယမ်းတွေကို ကောက်ယူလာပြီး ထုခွဲခဲ့တဲ့ အမျိုးသား နေအိမ်မှာ ပေါက်ကွဲပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ မေလ ၁၂ ရက် မနက်ပိုင်းက ကျောက်မဲမြို့နယ်၊ နားအိုက်ခန့်ကျေးရွာအုပ်စု၊ ပန်ဟိုက်ကျေးရွာမှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးဟာ လယ်တောထဲမှာတွေ့တဲ့ စစ်ကျန် RPG ဗုံးသီးကို ကောက်ယူလာပြီး နေအိမ်မှာ ထုခွဲကြည့်ရာက ပေါက်ကွဲမှုဖြစ်ကာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ “လယ်ထဲကနေ RPG ကျည်ကိုတွေ့လို့ ကောက်ယူလာတာလို့ ပြောတယ်။ သူက တရွာလုံးကို လိုက်ပြသေးတယ်။ ရွာကလူတွေက သူ့ကို သတိပေးကြတယ်။ ရွာသားတွေက ဝေးဝေးကို လွှတ်ပစ်ဖို့ သတိပေးခဲ့တယ်လို့ ပြောတယ်။ အဲ့ဒါကို…