Category: News

  • ထမင်းစားနေတဲ့လူငယ်ကို အိမ်ပေါ်တက် လက်ထိပ်ခတ်​ပြီးစစ်မှုထမ်းဖို့ခေါ်​ဆောင် (ရုပ်သံ)

    ထမင်းစားနေတဲ့လူငယ်ကို အိမ်ပေါ်တက် လက်ထိပ်ခတ်​ပြီးစစ်မှုထမ်းဖို့ခေါ်​ဆောင် (ရုပ်သံ)

    မြောက်ဒဂုံမှာ ထမင်းစားနေတဲ့လူငယ်ကို အိမ်ပေါ်တက်လက်ထိပ်ခတ်​ပြီးစစ်မှုထမ်းဖို့ခေါ်​ဆောင် ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်က နေအိမ်မှာ ထမင်းစားနေတဲ့လူငယ်တစ်ဦးကို အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က ဝင်ဖမ်းပြီး လက်ထိပ်ခတ်ကာ စစ်မှုထမ်းဖို့ ​ခေါ်​ဆောင်သွားကြောင်း မိသားစုဝင်တွေက ပြောပါတယ်။ ရန်ကုန်မြို့ပေါ်မှာ ဖြစ်ပွားခဲ့တဲ့ နေအိမ်ပေါ်တက် ပေါ်တာဆွဲဖမ်းဆီးမှုကို ဦးသမာဓိဆိုတဲ့ Facebook အကောင့်ကနေ မေလ ၁၂ ရက်မှာ ရုပ်သံမှတ်တမ်းနဲ့တကွ တင်ခဲ့တာဖြစ်ပါတယ်။ အဆိုပါရုပ်သံမှတ်တမ်းနဲ့အတူ စစ်မှုထမ်းဥပဒေကိုအကြောင်းပြုပြီး မြန်မာနိုင်ငံအတွင်းရှိအရွယ်ရောက်သူတိုင်း ၎င်းတို့ရဲ့ မိသားစုဝင်အားလုံးစိတ် သောကရောက်နေရကြောင်း၊ ထမင်းစားနေစဥ် အပြစ်မရှိသူကို ရာဇဝတ်သားကဲ့သို့လာရောက်ဖမ်းဆီးသွားတာဖြစ်ကြောင်း ရေးသားထားပါတယ်။ အဲဒီရုပ်သံမှာ သံဃာတစ်ပါးဆီကို ပေါ်တာဆွဲခံရတဲ့သားဖြစ်သူရဲ့မိခင်က လာရောက်လျှောက်ထားကာအကူညီတောင်းခဲ့တာဖြစ်ပြီး ဘေးမှာလည်း မိသားစုဝင်လို့ယူဆရတဲ့ကလေးမိခင်တစ်ဦးကိုပါတွေ့ရပါတယ်။ ရုပ်သံမှာတွေ့ရတဲ့ ဆရာတော်ကတော့ မကွေးဆရာတော်လို့လူသိများတဲ့ မဘသဘုန်းကြီး ဦးပါမောက္ခဖြစ်ပါတယ်။ ပေါ်တာဆွဲခံရတဲ့သူရဲ့မိခင်က ပြောပြရာမှာ ပြီးခဲ့တဲ့ မေလ ၈ ရက် ည ၉…

  • ငပျူ သုတ်သင်ရှင်းလင်းရေး

    ငပျူ သုတ်သင်ရှင်းလင်းရေး

    “ငပျူ သုတ်သင်ရှင်းလင်းရေး” မေလ ၁၄ ရက်နေ့ ဒီကနေ့ မနက် အစောပိုင်းက စပြီး ငပျူ သုတ်သင်ရေး စီမံချက်နဲ့ ငပျူစခန်း တချို့ကို တော်လှန်ရေးတပ်တွေက ဝင်တိုက်နေတယ်။ (နေရာကတော့ တိုက်ပွဲ ဖြစ်နေဆဲမို့ ခဏ ချန်ထားပါမယ်) စစ်တပ်က လေယာဉ်နဲ့တော့ ဗုံးလာကြဲပေမယ့် ဟန်ပြပါပဲ။ တော်လှန်ရေးတပ်နဲ့ ညှိပြီး ဗုံးကြဲနေသလား မှတ်ရတယ်။ တိုက်ပွဲမရှိတဲ့ နေရာကို ကြဲပြီး ပြန်သွား၊ လေယာဉ် ပြန်တာနဲ့ တော်လှန်ရေးတပ်က ဆက်ကြိတ်။ ငပျူတွေ အတုံးအရုံး ဖြစ်နေပြီ။ ကြားရတဲ့ အတွင်းသတင်းအရ အကြမ်းဖက် စစ်တပ်က ငပျူတွေကို စစ်မှုထမ်း မဟုတ်တဲ့ သန္ဓေစစ်သားအဖြစ် ခွေးတပ်ထဲကို ဝင်ဖို့ စီမံချက်နဲ့ ဆွဲခေါ်နေတယ်။ ခိုးဆိုးလုယက် ဓားပြတိုက် ဆက်ကြေးကောက်ဖို့လောက်ပဲ…

  • အင်းတော်မြို့အနီးတိုက်ပွဲ စစ်တပ်အထိနာပြီး ဗုံးကြဲနေ

    အင်းတော်မြို့အနီးတိုက်ပွဲ စစ်တပ်အထိနာပြီး ဗုံးကြဲနေ

    စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကနေ မဲဇာကျေးရွာဘက် ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ အထိနာပြီး နောက် လေကြောင်းကနေ ဗုံးကြဲပြီး ပြန်လည်ဆုတ်ခွာသွားတယ်လို့ စုံစမ်းသိရပါတယ်။ စစ်တပ် တပ်စွဲထားတဲ့ ပေပင်ကျေးရွာကနေ ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို မနေ့က မေလ ၁၃ရက်ညပိုင်းမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်ခဲ့တာပါ။ ” စကစတွေက အင်းတော်ကနေ မဲဇာဘက်ကို ထိုးဖို့ ကြိုးစားနေတာ။မနေ့ညကလည်း တိုက်ပွဲပြင်းထန်ပြီး ဂျက်ဖိုက်တာသုံးစီးနဲ့ ဗုံးကြဲသွားတယ်”လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။ စစ်တပ်က ဂျက်ဖိုက်တာသုံးစီးနဲ့ ဗုံး ခြောက်လုံးကြဲသွားတာဖြစ်ပါတယ်။ ဒီနေ့ မေလ ၁၄ရက် မနက်ပိုင်းမှာလည်း စစ်ကြောင်း ပြန်ထွက်လာလို့ တိုက်ပွဲဆက်ဖြစ်နေသလို ဒေသခံတွေအနေနဲ့ လေကြောင်းအန္တရာယ်သတိပြုကြဖို့ကိုလည်း တော်လှန်ရေးတပ်တွေက သတိပေးထားပါတယ်။ အင်းတော်မြို့ကို ကချင်လွတ်လပ်ရေးတပ်မ‌တော်(KIA)၊ ကျောင်းသားတပ်မ‌တော်(ABSDF)နဲ့PDF ပူးပေါင်းတပ်တွေက ၂၀၂၅ ဧပြီ…

  • ၁၄ နှစ်အရွယ်ကောင်မလေးတယောက်အဖြစ်ဟန်ဆောင်ပြီး အလယ်တန်းကျောင်းသားတွေကိုလိင်ပိုင်းဆိုင်ရာကျူးလွန်ခဲ့သူ

    ၁၄ နှစ်အရွယ်ကောင်မလေးတယောက်အဖြစ်ဟန်ဆောင်ပြီး အလယ်တန်းကျောင်းသားတွေကိုလိင်ပိုင်းဆိုင်ရာကျူးလွန်ခဲ့သူ

    ၁၄ နှစ်အရွယ်ကောင်မလေးတယောက်အဖြစ်ဟန်ဆောင်ပြီး အလယ်တန်းကျောင်းသားတွေကိုလိင်ပိုင်းဆိုင်ရာကျူးလွန်ခဲ့တဲ့ ၂၄ နှစ်အရွယ်အမျိုးသမီး လူမှုကွန်ရက် (Social Media) ဆိုတာ ကမ္ဘာကြီးကို ဆက်သွယ်ပေးတဲ့ နေရာတစ်ခုပါ။ ဒါပေမဲ့ တစ်ခါတလေမှာ အဲ့ဒီ”ဆက်သွယ်မှု” ဟာ ကြောက်မက်ဖွယ်ကောင်းတဲ့ လှည့်စားမှုတွေနဲ့ ပြည့်နှက်နေတတ်ပါတယ်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှာ အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါ (Florida) ပြည်နယ်၊တမ်ပါ (Tampa) မြို့က သတင်းတစ်ပုဒ်ဟာ ပြည်သူတွေကို အကြီးအကျယ်တုန်လှုပ်သွားစေခဲ့ပါတယ်။ သာမန် အသက် ၂၀ကျော်အရွယ် အမျိုးသမီးတစ်ယောက်ဟာ၊ အွန်လိုင်းမှာ ၁၄ နှစ်အရွယ်ကျောင်းသူလေးအဖြစ် ဟန်ဆောင်ပြီးအပြစ်မဲ့တဲ့အလယ်တန်းကျောင်းသားလေးတွေကို လှည့်စားခဲ့တယ်ဆိုတဲ့ အဖြစ်အပျက်ပါပဲ။ သူမနာမည်က Alyssa Ann Zinger (အယ်လီဆာအန်း ဇင်ဂါ) ပါ။ အဖမ်းခံရချိန်မှာ သူမဟာ အသက် (၂၂) နှစ် (လက်ရှိ ၂၄…

  • Non-CDM ဝန်ထမ်းများ၏ ဖုန်းနှင့် ကွန်ပျူတာများကို MAC Address မှတ်ပုံတင်ခိုင်း

    Non-CDM ဝန်ထမ်းများ၏ ဖုန်းနှင့် ကွန်ပျူတာများကို MAC Address မှတ်ပုံတင်ခိုင်း

    နေပြည်တော် စစ်ရုံးနှင့် ဝန်ကြီးဌာနအချို့တွင် သတင်းပေါက်ကြားမှုကို အရေးယူရန်အတွက် Non-CDM ဝန်ထမ်းများ၏ ဖုန်းနှင့် ကွန်ပျူတာများကို MAC Address မှတ်ပုံတင်ခိုင်းပြီး စောင့်ကြည့်နေ နေပြည်တော်ရှိ စစ်ရုံးချုပ်နှင့် အချို့သော ဝန်ကြီးဌာနရုံးများတွင် အရာရှိများနှင့် ဝန်ထမ်းများ၏ ကိုယ်ပိုင်လက် ကိုင်ဖုန်းများ၊ ကွန်ပျူတာများမှတစ်ဆင့် သတင်းပေါက်ကြားမှုကို ထိန်းချုပ်ရန်အတွက် စက်ပစ္စည်းတစ်ခုချင်းစီ၏ Media Access Control- MAC Address များကို မဖြစ်မနေ မှတ်ပုံတင်ခိုင်းကာ စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောကြားသည်။ စစ်တပ်က ဝန်ကြီးဌာနအတွင်း ရုံးတွင်းလျှို့ဝှက်ချက်များနှင့် သတင်းအချက်အလက်များ အပြင်သို့ ပေါက်ကြားမှုကို ဟန့်တားရန်အတွက် နည်းပညာပိုင်းဆိုင်ရာ ထိန်းချုပ်မှုများကို တိုးမြှင့်လုပ်ဆောင်လာခြင်း ဖြစ်သည်။ Non-CDM အရာရှိနှင့် ဝန်ထမ်းတစ်ဦးချင်းစီ၏ ကွန်ပျူတာ၊ ဖုန်း စက်ပစ္စည်း (Hardware)…